NICE Learning House

NICE Learning House NICE Learning House Training Centre

27/08/2026

🥚🥕🍐🍅သက်တန့်ရောင်ထမင်းဝိုင်းလေးမှာ သားသားမီးမီးတို့ကိုယ်တိုင် လုပ်ကိုင်ခွင့်လေးပေးခဲ့ပါတယ်။

👍🤷ကျွန်ုပ်ငယ်သော်လည်း အလုပ်လုပ်တတ်တယ်ပါတယ် ဆိုတာ ဖေဖေမေမေတို့ကို သက်သေပြကြတာပါ။

🥰🥰‌မေမေတို့ ကအလုပ်ရှုပ်တယ် သွားအနားမလာနဲ့လို့ ပြောလိုက်တာဟာ အခွင့်ရေးမရတဲ့အတွက် အများကြီးထိခိုက်သွားနိုင်ပါတယ်။

🤷🤷🤷ဘာတွေလည်း သိလားမေမေ ????
သည်နေ့ သီးနှံများရဲ့ အခေါ်ဝေါ်တွေသိခဲ့ရတယ် ပျော့တာမာတာ၊အရောင်မျိုးစုံ၊ လက်ချောင်းတွေလည်းသုံးခဲ့တယ်။ သူငယ်ချင်းတွေနဲ့လည်းတူတူလုပ်ခဲ့တယ်။ ရေတွက်ခဲ့တယ်။ ဝေမျှခဲ့တယ်။ အားရှိအောင်လည်း စားခဲ့ရတယ်။ သားသားတို့ မီးမီးတို့ပျော်ခဲ့တယ်။ အိမ်မှာပြန်ချက်ကျွေးမယ် လို့ ပြောကြပါတယ်။

သည်လိုအခွင့်ရေးတွေအပြည့်GNPSကပေးနေပါတယ်ရှင့်။

17/08/2026

👉👉👉ပါတ်ဝန်းကျင်လေ့လာ သင်ယူမှုလေးတစ်ခုပါ။
💕💕💕ပျော်ရွှင်စွာသင်ယူနေကြသော သားသားမီးမီးလေးများ
🗣️🗣️🗣️သည်လို အခွင့်ရေးမျိုးကို GNPS Preschool and LEARNING HOUSE ကအပြည့်ဝ လုပ်ဆောင်ပေးပါတယ်။
💕💕💕 GNPS သည်ကလေးပျော်၍ သင်ယူရန်အဆင်သင့်ဖြစ်အောင် ပြုစုပျိုးထောင်ပေးသော ဥယျာဉ်လေးတစ်ခု အဖြစ်ရပ်တည်ဆဲပါ။

🤝🤝🤝ဆရာ၊မိဘ ပူးပေါင်းလုပ်ဆောင်မှု ကောင်းမှ ကလေးပညာကောင်းမှာဖြစ်၍ ခုလိုယုံကြည်မှုနဲ့ ပူးပေါင်းပေးတဲ့ ဖေဖေမေမေတစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် ။

🤝🤝🤝ရှေ့ဆက်လက်တ‌ွဲဖို့ ကလေးအတွက်တွေးပေးနိုင်မဲ့ ဖေဖေမေမေတို့ကိုလည်း ကြိုဆိုပါတယ်ရှင့်။

🏫🪷🪷🪷GNPS မိသားစုရဲ့ဝါဆိုသင်္ကန်းအလှူလေးကပါရှင့်။
25/07/2026

🏫🪷🪷🪷GNPS မိသားစုရဲ့ဝါဆိုသင်္ကန်းအလှူလေးကပါရှင့်။

🥰🥰🥰GNPS မှသားသားမီးမီးများရဲ့ ကစားခြင်းမှသင်ယူခြင်း 🎓🎓🎓အနာဂါတ်မှာ ပျော်ရွှင်စွာသင်ယူနိုင်ဖို့ အခြေခံ အုတ်မြစ်ခိုင်မာစွာ ...
21/07/2026

🥰🥰🥰GNPS မှသားသားမီးမီးများရဲ့ ကစားခြင်းမှသင်ယူခြင်း
🎓🎓🎓အနာဂါတ်မှာ ပျော်ရွှင်စွာသင်ယူနိုင်ဖို့ အခြေခံ အုတ်မြစ်ခိုင်မာစွာ ချပေးဖို့ GNPS ကိုလှမ်းစို့
🤝🤝🤝မိဘ၊ဆရာ ပူးပေါင်းမှ ကလေးပညာကောင်းဆိုတာ အတန်းကြီးမှမဟုတ်ပါဘူး။

၃နှစ်မှ ၅နှစ်အရွယ်ကလေး အတွက် ယုံကြည်မှုအပြည့်ဖြင့် ကိုယ့်စိတ်ကြိုက် ကျောင်းလေးကိုရွေးချယ်ပြီးပြီဆိုရင် စိတ်ရှည် သီးခံပြီး ကလေးအတွက် စဉ်းစားတိုင်ပင်ရတော့မယ်။

🗣️မိမိကလေးရဲ့ အခြေနေဘယ်လိုရှိပါသလဲ။
🗣️ဘာတွေလိုအပ်နေပါသလဲ
🗣️ဘယ်လိုလုပ်ပေးရမလဲ
🗣️ဘာ့ကြောင့်သည်လို မျိုးလိုအပ်တာလဲ
🗣️ဘယ်လိုပံ့ပိုးပေးရမလဲ
ဆိုတာတွေ ပူးပေါင်းလုပ်ဆောင်ဖို့လိုပါတယ်။

🚀🚀🚀သည်လိုမဟုတ်ပဲနဲ့
ကျောင်းထားတာကြာပြီ ခုထိ ဝ မသိ က မသိ ဘာမှမတတ်သေးဘူး နောက်နှစ်ဆိုကျောင်းထားရတော့မယ် ။ဘယ်လိုလုပ်မလဲ။ အပြင်မှာ ညနေစာရေးဖို့ ကျူရှင်ထားရတယ်။ ကျူရှင်ဆရာမကပြောတယ် ကလေးကဘာမှမရဘူးတဲ့ စာလည်းမလုပ်ချင်ဘူးတဲ့။
အချိန်တွေကုန်လိုက်တာ ပဲရှိတယ် လို့ ပစ်တင်ပြောဆိုကြတယ်။
သည်ကြားထဲ အသက်က လိုသေး ပြင်ပြီးထားချင်၊ကြာတော့ကလေးကစိတ်ပျက် မလုပ်ရကောင်းလားရိုက်၊ ဇာတ်လမ်းက စပြီ .....

ကလေးနေရာကနေဝင်ကြည့်ပေးကြပါ။သူတိုဘဝအတွက် သည်အရွယ်မှာ တောင်းဆိုရင်း တစ်သက်လုံး ပျော်ရွှင်စွာသင်ယူနိုင်ဖို့ ဖြည့်ဆည်းပေးကြပါ။

"ဖေဖေနဲ့မေမေရယ် သား/သမီးတို့အသက်ကငယ်
ဘယ်မှာလဲဘယ်မှာလဲ ကစားဖို့ကစားကွင်းရယ်
အချိန်တွေလည်းဘယ်မှာလဲ စဉ်းစားပေးကြပါ
ဆာရင်လည်းဘယ်မှာလဲ အားရှိတဲ့အစားစာ
အိမ်မှာလား၊ဆိုင်မှာလားကျွေးသမျှစားရမှာ
ကစားဖို့နေရာ၊ အားရှိအစားစာ စီစဉ်ပေးကြပါ
စိတ်လည်းချမ်းသာ ကိုယ်လည်းကျန်းမာ စဉ်းစားပေးကြပါ။"

👍GNPS Preschool and LEARNING HOUSE လေးရှိပါတယ်။

🏫၁၄/၈/၇၂၂ ပုဂံလမ်း၊ ရွှေပေါက္ကံမြို့သစ်
📱၀၉၄၄၈၀၃၄၄၉၈,၀၉၇၈၄၉၄၁၄၅၄

18/06/2026

#နှစ်နှစ်အောက်ကလေးကို ခဏလေးဆိုပြီး
Screen time ပေးနေကြတဲ့ မိဘတွေရှိနေရင် ရပ်လိုက်ကြဖို့ မေတ္တာနဲ့ အကြံပြုချင်ပါတယ်။

💯နှစ်နှစ်အောက်ကလေးတွေကို Screen time မပေးသင့်တဲ့အကြောင်းနဲ့ ပေးကြည့်ရင်ကော ဘာဆိုးကျိုးတွေ ဖြစ်နိုင်မလဲဆိုတာ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်ကလေးကို မျှဝေပေးချင်ပါတယ်။

💯မွေးကင်းစကနေ သုံးနှစ်အရွယ်မှာ ကလေးရဲ့ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်နူန်းတွေ အရမ်းမြင့်မားဆုံးအချိန်ပါ အဲလိုအချိန်မှာ Screen time ပေးထားတဲ့အခါ ဖွံ့ဖြိုးမှုတွေကို နှောင့်ယှက်ဖျက်ဆီးလိုက်သလိုဖြစ်သွားနိုင်လို့ပါ။

💫ကလေးရဲ့ ဦးနှောက်ကို MRI လုပ်ထားပြီး မိဘကစာဖတ်ပြတဲ့ကလေးရဲ့ ဦးနှောက်နဲ့ Screen time ပေးထားတဲ့ ကလေးရဲ့ဦးနှောက်ကို ယှဉ်ပြထားပါတယ်။

💫နေ့စဉ်စာဖတ်ပြတဲ့ ကလေးရဲ့ဦးနှောက်အသိဉာဏ်ခေါ်မလား ဆဲလ်အမျှင် (what matter) အနီရောင်က သပ်သပ်ရပ်ရပ် စီစီရီရီဖြစ်နေပြီး လေ့လာသင်ယူဖို့ အသင့်ဖြစ်နေတဲ့အနေထားမှာ တွေ့ရပါတယ်။
Screen time ပေးထားတဲ့ကလေးရဲ့ ဦးနှောက်က မိုးပြာရောင် ဖြစ်တဲ့ ပြန့်ကျဲရှုပ်ထွေးနေတာတွေ့ရပါတယ်။ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု ရသင့်သလောက်မရဘူးလို့ ဆိုထားပါတယ်။

💫ကလေးရဲ့ဦးနှောက်ကို MRI မလုပ်ပဲ သာမာန်မြင်သာထင်ရှားစေတဲ့ လက္ခဏာကိုလည်း ဆက်ပြီး ပြောပြထားတာက👇👇

🤖စကားပြောနောက်ကျပါတယ် တစ်ခွန်းစီပဲပြောတာမျိုး ပြောတတ်သင့်တဲ့အရွယ်မပြောတာမျိုးပါ။

🤖အများနဲ့နေထိုင်ဖို့ လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိလာပြီး လူတွေနဲ့ မနေတတ် လူဝင်မဆန့်တော့တာမျိုးဖြစ်လာပါတယ်။

🤖ကိုယ်အမူရာတွေကြမ်းတမ်းလာတယ် စရိုက်ကြမ်းလာတယ် မိဘတွေကိုဆန့်ကျင်လာတယ် ဖုန်းပေးမကြည့်ရင် ဂနာမငြိမ်တော့ပဲ အာရုံစူးစိုက်မှု အားနည်းလာပါတယ် ဒေါသကြီးတယ် စိတ်ဆတ်လာတယ် ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးမှုအားနည်းပြီး အိပ်‌မပျော်တော့ပါဘူး။

💫ကိုယ့်ကလေး အဲလို လက္ခာဖြစ်နေရင် ဖုန်းကြည့်တာ အချိန်ကြာမြင့်စွာ တီဗီဖွင့်ပြတာမျိုး ရပ်တန်းက ရပ်သင့်ပါတယ်။

💫နှစ်နှစ်မပြည့်သေးရင် Screen time လုံးဝမပေးသင့်သလို ၃နှစ်မပြည့်သေးတဲ့အထိ ၁၅မိနစ်ထက် ပေးမကြည့်သင့်ပါဘူး။

💫မိဘတွေ ကလေးကို အချိန်ရရင် ရသလို ကလေးပုံပြင်တွေကိုသာ ဝယ်ထား နေ့စဉ်ဖတ်ပြဖို့ လိုအပ်ပါတယ်။

💫ကလေးရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အိပ်ချိန်စားချိန်မှန်ဖို့ ငယ်လွန်းတဲ့ကလေးတွေကို screen time နည်းနိုင်သလောက်နည်းကြဖို့ မေတ္တာရှေ့ထားပြီး မိဘတွေကို တိုက်တွန်းလိုက်ပါတယ်။

ဲ့ဆိုးကျိုးတွေ
#နှစ်နှစ်အောက်ကလေးကိုဖုန်းပေးမကြည့်ပါနဲ့
#နှစ်နှစ်အောက်ကလေးဖုန်းပေးကြည့်တဲ့ဆိုးကျိုး

✍️💖 Mommy of 3

Photo by Doctor MM Family
ဆရာဝန်ရဲ့ သုံးသပ်ချက်လေးပါရှင့်
https://www.facebook.com/100229178545349/posts/495118449056418/

18/06/2026

Happy warm up Time

18/06/2026

😘😘😘GNPS Teachers and Children's morning Warm up Time,

👍👍👍ကစားရင်းနဲ့ ရေတွက်နေကြသောသားသားမီးမီးများ
26/05/2026

👍👍👍ကစားရင်းနဲ့ ရေတွက်နေကြသောသားသားမီးမီးများ

၊🥰🥰🥰ကစားရင်းနဲ့ သင်ယူနေကြသော သားသားမီးမီးများ။အရောင်များမေးခြင်း၊ ကဏန်းများမေးခြင်းတို့ကိုအလှည့်ကြလုပ်ဆောင်နေခြင်း
13/05/2026

၊🥰🥰🥰ကစားရင်းနဲ့ သင်ယူနေကြသော သားသားမီးမီးများ။
အရောင်များမေးခြင်း၊ ကဏန်းများမေးခြင်းတို့ကိုအလှည့်ကြလုပ်ဆောင်နေခြင်း

30/04/2026

ကဆုန်ညောင်ရေသွန်းပွဲလေးအကြောင်းလေး ကိုဆွေးနွေးခြင်း

Address

Kanaung Street
Yangon

Telephone

+959448034498

Website

Alerts

Be the first to know and let us send you an email when NICE Learning House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NICE Learning House:

Shortcuts

Share