Gold Brother Football Club

Gold Brother Football Club

Share

United by passion, driven by victory ⚽

14/05/2026

Rdy Amateur cup 2026💪

" မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီနှင့် Fire Dragon Energy Drink တို့ ပူးပေါင်းကျင်းပမည့် Fire Dragon Futsal Amateur Cup 2026 ပြိုင်ပွဲကြီးကို ဇွန်လ (၈) ရက်နေ့တွင် ကျင်းပမည် "

Fire Dragon Futsal Amateur Cup 2026 ပြိုင်ပွဲကြီးကို MFF Futsal Stadium နှင့် YCDC Marga Futsal Stadium တို့တွင် ပြိုင်ပွဲဝင်အသင်း ၈၀ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေးအဖြစ် သုံးသိန်းကျပ်၊ အာမခံကြေးအဖြစ် နှစ်သိန်းကျပ် သတ်မှတ်ထားပါသည်။

ပြိုင်ပွဲဆုကြေးများမှာ
🏆ပထမဆု🏆
သိန်း (၇၀)၊
🏆ဒုတိယဆု🏆
သိန်း (၅၀)၊
🏆တတိယဆု🏆
သိန်း (၃၀) ပေးအပ်ချီးမြှင့်ပါမည်။

ထို့အပြင် Fair Play Award၊ Most Valuable Player Award နှင့် Best Goalkeeper Award တို့ကိုပါ ပေးအပ်ချီးမြှင့်သွားပါမည်။

ပြိုင်ပွဲသတ်မှတ်ချက်များအနေဖြင့်

၁။ ပြိုင်ပွဲဝင်အသင်းတစ်သင်းတွင် ဂိုးသမား (၂) ဦးအပါအဝင် ကစားသမား အနည်းဆုံး (၁၄)ဦး (သို့) အများဆုံး (၁၆)ဦး ၊ နည်းပြအုပ်ချုပ်အဖွဲ့ဝင် အနည်းဆုံး (၃) ဦး (သို့) အများဆုံး (၅) ဦး ပါဝင်ရမည်ဖြစ်ပြီး ပြည်တွင်းကစားသမားများသာဖြစ်ရပါမည်။
( ကစားသမားမှတ်ပုံတင်ရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဖူဆယ်နှင့်သဲသောင်‌ပြင်ဘောလုံးကော်မတီနှင့်ကလပ်အသင်းများမှ ကန့်သတ်ထားသော ကစားသမားများ၊မြန်မာ့လက်‌‌ရွေးစင် ဖူဆယ်နှင့်‌ဘောလုံး ပဏာမနှင့်လက်ရွေးစင်နောက်ဆုံးအဆင့်ပါဝင်ခဲ့ဖူးသော ကစားသမားများ၊ သက်တမ်းလိုက်လက်ရွေးစင် ဖြစ်ခဲ့ဖူးသူများ (ဖူဆယ်/ ဘောလုံး)၊ Futsal League 1&2၊ MNL League 1&2၊ MFF U16/U19 Youth Futsal League 2026 တို့တွင်ပါဝင်ကစားထားသူများ ယှဉ်ပြိုင်ခွင့်မရှိပါ)

သတ်မှတ်ချက်နှင့် မကိုက်ညီသော ကစားသမားများကို ထည့်သွင်းကစားကြောင်း စစ်ဆေးတွေ့ရှိပါက အသင်းအား ရောက်ရှိသည့်အဆင့်မှ ထုတ်ပယ်ကာ အသင်းနှင့် ကစားသမားများအား ထိရောက်သည့် ပွဲပယ်ပစ်ဒဏ်နှင့် ဒဏ်ကြေးများ ချမှတ်သွားပါမည်။

၂။ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများကို ၁၉.၅.၂၀၂၆ (အင်္ဂါ) နေ့မှစတင်ပြီး နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း MFF Futsal Stadium တွင် ပြိုင်ပွဲဝင်ကြေးနှင့် အာမခံကြေးသွင်းကာ ထုတ်ယူနိုင်ပါသည်။
ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းခြင်းကို မေလ ၂၃.၅.၂၀၂၆ (စနေ)နေ့ နံနက် (၉) နာရီမှ ညနေ (၄)နာရီအတွင်း နောက်ဆုံးထားပြီးတင်သွင်းရပါမည်။

၃။ ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယ ရရှိသည့်အသင်းများအနေဖြင့် MFF Futsal League(2)မှ တန်းဆင်း အသင်း (၂) သင်းဖြင့် ယှဉ်ပြိုင်ပြီး ပထမနှင့်ဒုတိယရရှိခဲ့ပါက MFF Futsal League (2) တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

၄။ ပြိုင်ပွဲတွင် အဆင့် ၁ မှ ၄ အတွင်း ရရှိသည့်အသင်းများ Fire Dragon Futsal Championship 2026 ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။

၅။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်ရပါမည်။







18/04/2026

GOLDBROTHER FC နှင့်အတူ အခက်ခဲများကို အတူကျော်ဖြတ်ကြမယ်...☪✝☸🕉

Photos from Gold Brother Football Club's post 09/03/2026

Sunday match / Highlight..

27/01/2026

Happy birthday ပါ ငါ့ညီရေ....🎂🎂
ကြိုးစားထားသမျှ အရာရာအောင်မြင်ပြီး
ဝါသနာပါတဲ့ အရာမှာလဲ နေရာကောင်းတခုရပါစေကွာ...
ချစ်ရတဲ့မိသားစု ညီကို သငယ်ချင်း ချစ်သူ‌ အားလုံးနဲ့လဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေကွာ...
အသင်းမှာလဲ အကောင်းဆုံး ပါဝင်ကြိုးစားထားတာမို့ နောက်ပွဲတွေမှာ မတူတဲ့ပုံစံ‌မျိုးနဲ့ အကောင်းဆုံး ပြန်ဆုံကြမယ်....✌️

08/12/2025

Full time...
Victory ✅
Goldbrother fc - 7
Royal phoenix - 6
Next match coming soon....

06/12/2025

Match day ⚽
GOLD BROTHER FC VS ROYAL PHOENIX FC
Goldenstar futsal stadium
Sunday / 7.12.2025

23/11/2025

MATCH TO DAY...
Y.C.D.C MARGA SPORT
10/12 PM..

25/10/2025

26.10.2025
Time 2.4
Sprit Fustal

18/10/2025

Match day ...
19.10.2025 ( SUNDAY )
9/11 AM
Nga moe yeik futsal court
Jersay - Black..⬛
MGTN FC vs Gold Brother Football Club

11/10/2025

Match day ...
12.10.2024 ( SUNDAY )
2/4 PM
Ma Wa Ta Futsal court
Jersay - Black..⬛

29/09/2025

HAPPY BIRTHDAY 🎉
KHANT SI LWIN ခေါ် အလူးသီးရေ...
အသင်းရဲ့အမြဲအားကိုးရတဲ့ ( GK ) လေးဖြစ်ပါတယ်..
မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီလေးရေ...🎊

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mya Wa Ti
Yangon