𝐊𝐘𝐂 - ကရင်လူငယ်များစုစည်းရာ

𝐊𝐘𝐂 - ကရင်လူငယ်များစုစည်းရာ

Share

Educational and Teaching page

Photos from 𝐊𝐘𝐂 - ကရင်လူငယ်များစုစည်းရာ's post 21/02/2026

ကလေးတွေအတွက် Emotion နဲ့ပတ်သက်တဲ့ English Myanmar Karen သုံးဘာသာစာအုပ်လေးအတွက် ဇာတ်ကောင်လေးတွေ ဖန်တီးနေတာ

ကြိုးတော့ကြိုးစားနေတာပဲ အရာမထင်တာလေးတစ်ခုပဲ။

15/09/2025

ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ အတွေးခေါ်ရှိနေသမျှတော့......စည်းလုံးခြင်းနှင့် ငြိမ်းချမ်းခြင်းက ဝေးကွာနေဦးမှာပဲ။

ဘာသာရေးက အငြင်းပွားစရာမဟုတ်လို့ အပြိုင်ငြင်းနေဖို့ ဆန္ဒမရှိပါဘူး။ ဘယ်ဘာသာတရားကိုမှ မှားတယ် မှန်တယ် မဝေဘန်ပါဘူး၊ ဘာသာတရားတိုင်းက ကောင်းရာကိုညွှန်ပြတာမလို့ လိုက်လျှောက်ကျင့်ကြံနိုင်ရင် အကောင်းဆုံးပါ။

လူအမျိုးမျိုး စိတ်ထွေထွေပါ အရှေ့က ပို့မှာ ကျွန်တော်ရဲ့အမြင်ကို ရေထားတာဟာ ဘယ်သူ့ကိုမှ ထိခိုက်ပြီး ရေးထားတာလဲ မပါ ပါဘူးခင်ဗျာ။

နှစ်ခြင်းခရစ်ယာန် တစ်ယောက်အနေနဲ့ ဧဝံဂေလိ သတင်းစကားဟာ လူကောင်းတွေရှိတဲ့နေရာမှာပဲ ဟောပြောရမယ်ဆိုပြီး သတ်မှတ်ချက်မရှိတာမလို့ ကိုယ့်အမြင်ကို ဖော်ပြယုံသာဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ပို့အောက်မှာ လာပြောကြတဲ့ လူအများက ရိုမန်ကသလစ်ဘာသာဝင် တစ်ချို့ရယ်၊ ဗုဒ္ဓဘာသာဝင်အချို့ရယ်ပါ။

ရိုမန်ကသလစ်ဘာသာဝင်အကြောင်းတော့ ထဲထဲဝင်ဝင်မသိလို့၊ သူလက်ခံယုံကြည်ထားတဲ့အတိုင်း သူပြောတာမလို့၊ ထွေထွေထူးထူး ဆွေးနွေးစရာ မရှိပါဘူး။

ဗုဒ္ဓဘာသာအကြောင်းကတော့ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ ၄ နှစ်လောက်နေပြီး ပထမငယ် အဆင့်လေ့လာခဲ့လို့ ဗုဒ္ဓဘာသာဝင်အကြောင်း သိသင့်သလောက်သိပါတယ်။

ဗုဒ္ဓဘာသာ ကွယ်ပျောက်မယ်ဆိုတဲ့ အ‌ဆိုကြောင့် ဘာသာဝင် တစ်ချို့ပူပန်မှုရှိပါတယ်။ ဒါကြောင့် နည်းနည်းလေးမှ အမှား မခံနိုင်ကြတာပါ။ ထားပါလေ ကိုယ့်အကြောင်းမဟုတ်လို့ မဝေဘန်လိုပါ

ခောတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ Music တွေအမျိုးမျိုး ဖန်တီးလာကြရင်း ယနေ့ခောတ် လူငယ်အများစုဟာ DJ Music ကို လက်ခံလာကြပါတယ်။

ကျွန်တော်တို့ရဲ့ ချီးမွမ်းသီချင်း၊ ဧဝံဂေလိသီချင်းများစွာလဲ DJ Music တွေနဲ့ တီးခက်လာတာလဲ မြင်တွေ့ရပါတယ်။

YouTube မှာ ရှာကြည့်ရင် သိပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ DJ ဆိုရင် အပျော်အပျက် Music လိုထင်ကြတယ်။

ကျွန်တော်တို့ ခရစ်ယာန် ဓမ္မသီချင်းတွေဟာ အပိုင်း ၄ ပိုင်းလောက်ကွဲထွက်ပါတယ်။

၁။ ဘုရားဂုဏ်တော် ချီးမွမ်းသီချင်း။

၂။ နှုတ်ကပတ်တော်အားဖြင့် ကိုယ့်ကိုကိုယ် ခွန်အားပေးသီချင်း။

၃။ သူတစ်ပါးကို နှုတ်ကပတ်တော်အားဖြင့် ခွန်အားပေးသီချင်း။

၄။ ဧဝံဂေလိဆိုတဲ့ ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြော သက်သေခံတဲ့သီချင်းတွေပဲဖြစ်ပါတယ်။

ဘယ်ဓမ္မသီချင်းတွေပဲ နားထောင် နားထောင် ကြားလိုက်ရင် ဘုရားရဲ့ ကောင်းမြတ်‌ခြင်းတွေ ရေတွက်မိပါတယ်။

ဒါကြောင့်မလို့ ဘယ်နေရာ ဘယ်ဒေသမှာပဲ ဓမ္မသီချင်းတွေကို ဖွင့်ဖွင့် ကန့်ကွက်စရာမရှိကြောင်း အမြင်ဖြစ် ကွဲလွဲစွာ မြင်မိတာလေး ဖော်ပြယုံပါ။

သူတစ်ပါးကိုကျိန်ဆဲတာတွေကို ငယ်စဉ်က‌တည်းက အကျင့်မရှိလို့ ရှောင်ပါတယ်။

Peace ❤️

13/09/2025

ဘုရားသီချင်းကို DJ လုပ်ကလို့တဲ့ အရေးယူခံရတာကြားတော့။
ဘာသာရေးကို မဝေဖန်လိုပါဘူး၊ အပြစ်လဲမပြောလိုပါဘူး။

ကျွန်တော်က ခရစ်ယာန်တစ်ယောက်ပါ။

ခရစ်ယာန်တစ်ယောက်အနေနဲ့ အမြင်လေးကွဲလွှဲစွာမြင်မိတယ် ကျွန်တော်တို့ ဘာသာရဲ့ ဓမ္မသီချင်းတွေ စင်တင်တို့ နိုပ်ကလပ်တို့မှာ ဖွင့်ကြရင် သိပ်ကောင်းမှာပဲလို့ပေါ့။

ဒါမှ လူငယ်တစ်ချို့ အမြင်မှန်ရပြီး လမ်းမှားကနေ ပြန်လှည့်လာကြမလားပေါ့။

အခုအချိန်ဟာ သမ္မာကျမ်းစာအရ ကမ္ဘာကြီးရဲ့ နောက်ဆုံးသော အချိန်ကာလာဖြစ်ပါတယ်။

လူတွေမေ့နေကြလို့ပါ။

လောကမှာ မျက်စိနှင့် မြင်တွေ့ရတဲ့အရာမှန်သမျှဟာ ဖြစ်ပြီးရင် ပျက်ကြရမည့် သင်္ခါရ သဘောတရားတွေနဲ့ ရှင်သန်နေကြရတာဖြစ်ပါတယ်။

ကမ္ဘာကြီးဟာလည်း သက်တမ်းကုန်လာတော့မည့်အချိန် နီးကပ်နေပါပြီး။

လူတွေဟာ တိုးတက်လာသည့်အထင်နဲ့ ဘုရားနဲ့ပိုဝေးကွာလာကြပါတယ်။

ဒါကြောင့် ခရစ်ယာန် တော်တော်များများက ဈေးလိုနေရာ၊ လမ်းဆုံလမ်းဂွတွေမှာ ဓမ္မသီချင်းတွေသီဆိုခြင်းအားဖြင့် ဘုရားနဲ့ နီးကပ်စေလိုတဲ့ ဆန္ဒနဲ့ လူတွေကို သတိပေးနေကြခြင်းဖြစ်ပါတယ်။

ကျွန်တော် ဆန္ဒ တစ်ခုပါ ဓမ္မသီချင်းတွေကို စင်တင်တို့ နိုပ်ကလပ်တို့၊ ဒေးကလပ်တို့မှာပါမက အခြားနေရာအသီးသီးမှာ ဖွင့်ကြရင် သိပ်ကောင်းမှာပဲ။

16/06/2025

#ကြေငြာ ဘားအံ ဧက၂၀၀ စက်မှုမြေအငှား

ဘားအံစက်မှုမြေ ဧက ၂၀၀ (ဧကနှစ်ရာ) ငှားရန်ရှိပါတယ်။
ဘီလပ်မြေစက်ရုံ ဆောက်ရန်သင့်တော်ပြီး၊ အခြားသောထုတ်ကုန်များ ရင်းနှီးမြုတ်နှံရန်သင့်တော်တဲ့နေရာ။

လုပ်ငန်းကြီး ရင်းနှီးလိုတဲ့ လုပ်ငန်းရှင်ကြီးများ ဆက်သွယ်နိုင်ပါတယ်။

အချက်အချာကျတဲ့နေရာမှာတည်ရှိပြီး၊ ကျယ်‌ဝန်းတဲ့မြေနေရာ သင့်တော်တဲ့ငှားရမ်းခနှင့်အတူ၊ ကျယ်ဝန်းတဲ့ စက်မှုမြေ ရှားပါးနေတဲ့အချိန်မှာ လူကြီးမင်းအတွက် အထူးအခွင့်အရေးပါ။

အသေးစိတ်သိရှိလိုပါက Page CB ကိုကြွခဲ့ပေးပါခင်ဗျာ။

Photos from 𝐊𝐘𝐂 - ကရင်လူငယ်များစုစည်းရာ's post 13/06/2025

ဖားစည်မြေ ငါမင်းကိုလွမ်းနေတာ အခုတော့ပြန်ဆုံကြပြီနော်။

05/06/2025

ဒူးရင်းသီးတော့ ဒူးရင်းသီးပဲ ဒါပေမဲ့ ဒူးရင်းသီး🤌

13/05/2025

အပေါ်မှာတော့ ဖက်လဲတကင်းနဲ့ စားလို့သောက်လို့
ငါတို့ကတော့ ငါတို့လူမျိုးအတွက် အသက်တွေဘဝတွေစွန်ထားလိုက်ရတာ။

နိုင်ငံရေးကို အယုံအကြည်မရှိတော့လို့ ဘေးရှောင်နေတာကြားပြီး ဒီတခါပြောတာ ပထမဦးဆုံးနဲ့နောက်ဆုံးပဲ။

ငါပြောရင်လည်း ဆဲကြဆိုကြမယ်။
နေသာတဲ့နေရာတွေ နေသာမယ် တစ်ချို့နေရာတွေ နေပူနေကြဦးမှာပဲ။

ပြောချင်တာတွေပြောကြပါစေ
တစ်ခုပဲပြောချင်တာက နေသာတဲ့နေရာမှာသာ နေထိုင်ကြပါ အမျိုးတို့ရေ။

17/03/2025

ကိုယ်က စခဲ့ပြီး ကိုယ်က နောက်ကျ ကျန်နေခဲ့ခြင်းသည် ကိုယ့်ရဲ့ကျိုးစားမှုအားနည်းလို့သာဖြစ်သည်။
မကြာခင်ပြန်ဆုံနိုင်ဖို့မျှော်လင့်ပါတယ်

Photos from 𝐊𝐘𝐂 - ကရင်လူငယ်များစုစည်းရာ's post 30/09/2024

Family

Page လေး ပစ်ထားခဲ့တာကြာပြီး ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

Photos from 𝐊𝐘𝐂 - ကရင်လူငယ်များစုစည်းရာ's post 21/07/2024

မိဘဝေး ကလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာ

ကူးယူဖော်ပြခွင့် လုံးဝ(လုံးဝ)မပြုပါ။

02/07/2024

ကိုယ် ကိုယ်တိုင်က လူမျိုးရေး လုပ်နေတယ် ဆိုပေမဲ့ ကိုယ့်လူမျိုးတွေကြား လူမျိုးရေးစကား သိပ်မပြောရဲ။

ဟုတ်တယ်လေ

ဆုံးဖြတ်ချက်မြန်၊ ဒေါသထွက်မြန်၊ ဘာကိုမှ မကြောက်တက်ပြန်။
ရှင်းပြချိန်မရ ☺️ ဒါဆိုဒါမှ ကရင်လူမျိုး‌တွေက။

ဒါကြောင့်မလို့လဲ ကရင်လူမျိုးဆိုတဲ့ ခေါင်းစဉ်အောက်မှ အကွဲကွဲအပြားပြားဖြစ်နေကြရတာ။

သွေးကွဲစရာအကြောင်းအရာတွေအများကြီးရှိတဲ့အထဲမှာ အဓိကအချက် (၃)ချက်က

#ဘာသာရေးအကြောင်းနဲ့သွေးခွဲမလား
#လူမျိုးရေးအကြောင်းနဲ့သွေးခွဲမလား
#နိုင်ငံရေးအကြောင်းနဲ့သွေးခွဲမလား

စာပေအကြောင်း ဘာအကြောင်းညာအကြောင်းတွေများသား

တစ်ခုခုဆို အားနည်းချက်က ဒေါသထွက်လွယ်တာပဲ၊ နောက်တစ်ခုက ခေါင်မာတက်တာပဲ၊ တစ်ခုခုကိုစိတ်ထဲ ခံယူထားပြီးရင် အခြား ပုံစံတူတစ်ခုနဲ့အစားထိုးမရဘူး။

အားသာချက်က

သနားတက်တာ၊ စကားကို ပျက်ပျက်သားသားပြောတက်တာ၊ စိတ်ယုတ်မာမမွေးဘူး၊ မျိုးချစ်စိတ်ဓာတ်ပြင်းထန်တာ၊ (အခြားသောအရာတွေရှိရင်ဖြည့်ခဲ့ပေးဦး)

ကိုယ့်အထဲက လူတွေက အထက်လူကြီးတွေပြောချင်ရင် ကိုယ့်ကနေ တဆင့်လာပြောခိုင်းကြတယ်😂 ကိုယ်တိုင်ကလဲ ပြောကိုမပြောချင်တာမျိုးပဲ ကျားမြှီးပဲ ပြေးဆွဲချင်တော့တယ် ရှင်းပြရတဲ့အလုပ်တွေ သိပ်မလုပ်ချင်တော့ပြီး☺️

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Dagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00