ဘောလုံးစတားတို့သမိုင်း

ဘောလုံးစတားတို့သမိုင်း

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဘောလုံးစတားတို့သမိုင်း, Sports, Yangon.

Photos from ဘောလုံးစတားတို့သမိုင်း's post 02/12/2022

- ဂိုးသမားနေရာမှာ မစ်ဂနိုလက် နဲ့ ကော်တိုရစ် လို ထိပ်တန်းကစားသမားနှစ်ဦးရှိခဲ့တဲ့အချိန်
- နောက်တန်းမှာ ကွန်ပနီ ၊ ဗာမေလန် ၊ အန်ဒါဝယ်ယာ ၊ ဗန်ဘိုင်တန် နဲ့ ဗာတွန်ဂန်တို့ ရှိခဲ့တဲ့အချိန်
- ကွင်းလယ်မှာ ဒီဘရိုင်း ၊ ဖယ်လိုင်နီ ၊ ဝစ်စတယ် ၊ နိုင်ဂိုလန် ၊ ဒမ်ဘီလီ ၊ ဒီဖော ၊ မီရဲလက်စ် တို့နဲ့ ကျစ်လစ်ခဲ့တဲ့အချိန် ၊
- ထိပ်တန်းကစားသမား အီဒီဟာဇက် ပြီးတော့ ဂျာနူဇက်
- တိုက်စစ်မြှားဦးအတွက် လူကာကူအပြင် ဘန်တီကီလို အိုရီဂီလို ကစားသမားတွေနဲ့ ရွေးချယ်စရာ အရမ်းများခဲ့တဲ့အချိန် .....ဒီအချိန်တွေ ဘယ်လ်ဂျီယံအသင်း ပြန်မရတော့ဘူးလား? ??
- ကမ္ဘာ့အဆင့် တစ် နေရာကို အချိန်ကာလတော်တော်ကြာ ရယူထားခဲ့တဲ့ ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်တစ်ခုဟာ ကစားသမားအများစု အနားယူသွားခြင်းနဲ့ ဟာဇက် ၊ လူကာကူတို့လို ကစားသမားတွေ ကျဆင်းသွားခြင်းတွေအောက်မှာ ပျောက်ဆုံးသွားခဲ့ရပါပြီ 😢
- ဒီလိုပါပဲလေ ထိပ်တန်းကစားသမားမျိုးဆက်တွေ အဆက်မပြတ် ထွက်ပေါ်ပါတယ်ဆိုတဲ့ စပိန်အသင်းတောင် ဟိုးတစ်ချိန်က တောရတ်စ် ၊ ဗီလာ ၊ ဇာဗီ ၊ အင်နီယေစတာတို့ ခေတ်လို ပြန်တောက်ပဖို့ အားယူနေရတုန်းပါ။
ဘရာဇီးလ် လို အသင်းမျိုးတောင် ဆရာကြီးတွေ အနားယူသွားပြီး နေမာတို့တစ်သိုက် ပေါ်ထွက်မလာခင်စပ်ကြား 2010 ပတ်ဝန်းကျင်မှာ ဖရက် တို့ ဟော့ တို့ ဂျိုတို့လို ကစားသမားတွေကို အကောင်းထားဆော့ခဲ့ရပြီး ကာကာတစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့ကာလတစ်ခု ရှိခဲ့ဖူးတာပဲလေ(ထိုကာလတွေမှာ ဖေဘီယာနို ၊ အက်ဒရီယာနို နဲ့ ပါတိုတို့က ဒဏ်ရာပြဿနာတွေနဲ့သာ အချိန်ကုန်နေရပါတယ်)
- ဒါကြောင့် ဘယ်လ်ဂျီယံအသင်းဟာလဲ မျိုးဆက်တစ်ခု ပြတ်တောက်သွားတဲ့ အချိန်ကာလတစ်ခုနဲ့ကြုံနေရပြီမို့ နောက်ထပ် ဟာဇက်တွေ နောက်ထပ် ဒီဘရိုင်းတွေ နောက်ထပ် ကွန်ပနီတွေ ထပ်မံပေါ်ထွက်လာဖို့ပဲ ဆုတောင်းပေးရတော့မှာပါ

မူရင်းတင်သူ ဘောလုံးစတားတို့သမိုင်း

Photos from ဘောလုံးစတားတို့သမိုင်း's post 05/11/2022

ဘောလုံးလောကကို နှုတ်ဆက်ပြီ
--------------------------------
`ပီကေး´
၂၀၀၄ ခုနှစ်က မန်ယူနည်းပြကြီးဖာဂူဆန်ဟာ ဘာစီလိုနာလူငယ်အသင်းက ဗဟိုခံစစ်မှူးလေးတစ်ယောက်ကို ခေါ်ယူခဲ့ပြီး မန်ချက်စတာယူနိုက်တက် စီနီယာအသင်းရဲ့ လူစာရင်းထဲ ရဲရဲဝင့်ဝင့် ထည့်သွင်းခဲ့ပါတယ်။ ဒီကစားသမားလေးကတော့ အားလုံးသိကြတဲ့ ဘာစီလိုနာအသင်းရဲ့ ဝါရင့်သဘာရင့်နောက်ခံလူ ဂျရတ်ပီကေးပဲ ဖြစ်ပါတယ်။မန်ယူမှာရှိခဲ့တဲ့ ၄ရာသီမှာ(ဇာရာဂိုဇာအသင်းထံ ၁ရာသီအငှားထွက်ကစားခဲ့) ဖာဒီနန် ၊ ဗီဒစ်ချ် တို့ကိုမကျော်လွန်နိုင်ခဲ့သလို အရေးကြုံရင် ဗဟိုခံစစ်မှူးတွေအဖြစ် အသုံးတော်ခံတတ်တဲ့ ဂျွန်အိုရှေး နဲ့ စီဗက်စတွာ တို့ရှိနေတာကြောင့် ထင်သလောက်မထင်ပေါ်ခဲ့ရပေမယ့် ကစားခွင့်ရခဲ့တဲ့အချိန်တိုင်းမှာ အသင်းအတွက်ပေးဆပ်ကစားပေးခဲ့သူပါ။ မန်ယူအသင်း ၂၀၀၈ ချံပီယံလိဂ်ဖလားရယူခဲ့ရာမှာ ဗိုလ်လုပွဲမှာပါဝင်ကစားခွင့်မရခဲ့ပေမယ့် ဗိုလ်လုပွဲသွားရာလမ်းကြောင်းတစ်လျှောက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီ့နောက် မန်ယူအသင်းထံ ဂျွန်နီအီဗန့်ရောက်ရှိလာပြီးနောက်မှာ ဘာစီလိုနာအသင်းဆီသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ဒါကပဲ သူ့ဘဝအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ မရဖူးတဲ့ ဆုဖလားမရှိတဲ့ထိ အောင်မြင်ခဲ့ပြီး အဲဒီ့အောင်မြင်မှုတွေမှာလဲ သူဟာ ဘာစီလိုနာအသင်းရဲ့ အဓိကအခန်းကဏ္ဍကနေ နည်းနည်းလေးမှလျှော့ကျသွားခြင်း မရှိခဲ့ပါဘူး။ ဖာဂူဆန်ဟာ သူ့ရဲ့ကိုယ်ရေးအထုပ္ပတ္တိ မှာ နည်းပြဘဝ နောင်တအရဆုံး အရာက ပီကေးကို ဘာစီလိုနာအသင်းထံပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ပါတယ်။
ပီကေးဟာ ကစားသမားဘဝတစ်လျှောက် စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၀ကမ္ဘာ့ဖလား နဲ့ ယူရို၂၀၁၂ ဖလားတို့ကို ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချံပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်အမှတ်ပေးဖလား နဲ့ ကားလင်းဖလား(ယခု ခါရာဘောင်ဖလား)တို့ကို ၁ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အတူ ချံပီယံလိဂ်ဖလား ၃ကြိမ် ၊ လာလီဂါဖလား ၈ကြိမ် ၊ စပိန်ဘုရင်ဖလား ၇ကြိမ် ၊ ကလပ်ကမ္ဘာ့ဖလား ၃ကြိမ် နဲ့ ဥရောပစူပါဖလား ၃ကြိမ် ရရှိခဲ့ပြီး ကစားဘဝတစ်လျှောက် အဓိက ဆုဖလား ၂၉ ခုရရှိခဲ့သူပါ။ ဒါ့အပြင် မန်ယူအသင်းနဲ့အတူ ကွန်မြူနတီဒိုင်း ၁ကြိမ်နဲ့ ဘာကာအသင်းနဲ့အတူ စပိန်စူပါဖလား ၆ကြိမ်လဲ ရယူနိုင်ခဲ့ပါသေးတယ်။ဒီလို အောင်မြင်မှုပေါင်းများစွာရယူနိုင်ခဲ့တဲ့ ဆုဖလား ၃၅လံုး အောင်နိုင်ခဲ့သူ ဘာစီလိုနာ ဝါရင့်ခံစစ်မှူးကြီးဟာ ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ တရားဝင်ကြေ ငြာခဲ့ပါပြီ။
လွမ်းနေရဦးမယ် ပီကေးရေ။ ။

ရေးသားသူ - ထိုက်ဦးဝေ
မူရင်းတင်သူ - ဘောလုံးစတားတို့သမိုင်း

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address


Yangon