08/11/2022
ဒီနေ့ည ကစားမယ့် လူစာရင်းလေးဗျာ၊
လိုအပ်နေတဲ့သွင်းဂိုးတွေရရှိသွားမယ်ထင်ပါတယ်ဗျာ။
Myanmar Fans
ဘိုင်ယန်မြူးနစ်အသင်း အကြောင်းနှင့် ဘောလုံးအားကစားသတင်းများ ကြည့်ရှုနိုင်ပါသည်။
08/11/2022
ဒီနေ့ည ကစားမယ့် လူစာရင်းလေးဗျာ၊
လိုအပ်နေတဲ့သွင်းဂိုးတွေရရှိသွားမယ်ထင်ပါတယ်ဗျာ။
Myanmar Fans
08/11/2022
ညီအစ်ကိုတို့ရေ ကျနော်တို့ရဲ့ ဘိုင်ယန်ကတော့ ဒီနေ့ညတော့ အိမ်ကွင်းမှာ ဝါဒါ ဘရင်မင် အသင်းကို အနိင်ကစားပြီး အမှတ်ပေးဇယားထိပ်ဆက်လက် ဦးဆောင်နေအုံးမယ် ထင်တယ်ဗျာ။
ညီကိုတို့ရဲ့ အမြင်လေးတွေ ရေးပေးခဲကြပါအုံးဗျ။
Myanmar Fans
07/11/2022
ကဲ ညီအစ်ကိုတို့ရေ
တစ်ချို့တွေ လှောင်ပြောင် ပြောဆိုနေကြတဲ့ လယ်သမားလိဂ် ထိပ်သီး အသင်း ၂ သင်းတော့ ချန်ပီယံလိဂ် မှာ တွေကြပြီဗျာ။
ဘယ်အသင်း အသာစီး ရရှိသွားမယ်ထင်မိကြလဲဗျ။
ပီအက်ဂျီကလည်း Goat Level Player တွေ ဖြစ်ကြတဲ့ မက်ဆီ၊ နေမာ တို့ အပြင် တိုးအား ကောင်းတဲ့ လူငယ်တိုက်စစ်မှုး အမ်ဘာပေ တို့လို ကစားသမားမျိုးတွေက ရှိနေပြန်သေးတယ်။
ဘိုင်ယန် ကတော့ အသင်းလိုက်စုဖွဲ့မှု့ တော်တော်လေးကောင်းမွန်တယ် ဗျ၊
တိုက်စစ်မှုး လီဝန်ဒေါစကီး မရှိတော့ပေမယ့်လည်း အသင်းရဲ့ နဂို ကစားသမားတွေ အရင်ကထက် ပိုပြီး ခြေစွမ်းထက်လာကြတယ်ဗျ။
ဝါရင့်ကစားသမား သောမတ်မူလာ အပြင် လူငယ်ခြေတက်လေးတွေ ဖြစ်ကြတဲ့ ဆာနေး ၊ မူစီဟာလာ၊ ကေမစ် တို့အပြင် ဂနာဘရီကပါ ခြေစွမ်းပြနေတယ်ဗျ။
လီဝန်ရဲ့ နေရာမှာ အစားထိုး မာနေး အဆင်မပြေသေးပေမယ့် ချုပိုမိုတင် ရဲ့ ကစားအားကလည်း မဆိုးလှဘူးဗျ။ နောက်တန်းမှာလည်း ဒီလစ်တို့လို အဖွန်ဆိုဒေးဗစ်တို့လို ကစားသမားမျိုးတွေရှိတာက တော်တော်လေးလုံခြုံတယ်ဗျ။
ဒါပြင် ယခုလက်ရှိဂိုးသမားတွေအထဲ ထိပ်တန်းအဆင့်မှာ ရှိနေတဲ့ နူအာ လို ဂိုးသမားမျိုးလည်း ရှိနေတော့ တော်တော်လေးတော့ အင်အားတောင့်တင်းတယ်ဗျ။
ရာသီအစ သိပ်အားမရဘူးဆိုပေမယ့် အခုတော့ တော်တော်လေးအဆင်ပြေလာတယ်ဗျ၊ ဒဏ်ရာရကစားသမားတွေ ရှိလို့ လူမစုံတာတောင် တစ်ချို့သော အသင်းတွေ သူတို့အိမ်ကွင်းမှာတောင် ဂိုးမသွင်းနိုင်ကြဘူးဗျ။
ကျွန်တော်တော့ တော်တော်လေးတော့ အားရတယ်ဗျ။ ညီအစ်ကိုတို့ ဒီစာလေးဖတ်မိရင် ဘိုင်ယန်မြုးနစ်ရဲ့ ပရိတ်သတ်ဖြစ်ဖြစ် ၊ တခြားသော အသင်း ပရိတ်သတ်ပဲ ဖြစ်ဖြစ် တစ်ခုခု ဝေဖန်အကြံပြုခန့်မှန်းပေးကြပါအုံးခင်ဗျ။
Myanmar Fans
ကျွန်တော်ရဲ့ ဒီ Page လေးဟာဆိုရင် ဖြင့် ဘိုင်ယန်မြုးနစ်အသင်းရဲ့ ပရိတ်သတ်များအတွက် အကျိုးပြုစေမယ့် Page လေး တစ်ခု ဖြစ်အောင် ကြိုးစားသွားမှာပါဗျ။ ဘိုင်ယန်မြူးနစ်အသင်းကို အားပေးကြတဲ့ ပရိတ်သတ်တွေ ရှိကောင်းရှိမယ်ဗျ၊ ဒါပေမယ့် PAGE ကတော့ ရှားတယ်ဗျ။ ဒီ Page လေးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနှင့် ပတ်သတ်သော သတင်းများ ဗီဒီယို များ တင်ဆက်ပေးသွားမှာဖြစ်တဲ့ အတွက်ကြောင့် အားကစားဝါသနာတူ ညီအစ်ကိုများ ဝင်ရောက် အာပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ဗျ။
Myanmar Fans