22/05/2023
group ကိုပြန်အသက်၀င်စေချင်ပါပြိ ခင်ဗျာ အါးလုံးပဲ ပါဝင်အါးဖြည့်ကြပါဦး ဗျာ 🥰🥰🥰
Sanchaung township
22/05/2023
group ကိုပြန်အသက်၀င်စေချင်ပါပြိ ခင်ဗျာ အါးလုံးပဲ ပါဝင်အါးဖြည့်ကြပါဦး ဗျာ 🥰🥰🥰
16/05/2022
ခုလိုချိန်ခါ ကာလကြီးမှာ ခရီးသွားပိုစ့်လေးတင်ရလို့ အားနာမိပါတယ်ဗျ 😔😔
အဆင်မပြေရင်ကျော်သွားပေးပါ။ 😳 😔
ကျွန်တော်တို့ sanchaung lpj biker group
အနေနဲ့ ခရီးတွေမထွက်ဖြစ်တာလဲကြာမြင့်လှပြီး
ခရီးရှည် ထွက်ဖို့စီစဥ်တိုင်းလဲ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားရဖန်များနေတဲ့ကြားထဲမှ ပထမဦးဆုံး Group အနေဖြင့်ခရီးရှည်လေးတခု အမှတ်တရထွက်ဖြစ်ခဲ့ပါပြီဗျ 🥰🥰
ပထမဦးဆုံး ခရီးရှည်လဲထွက်ဖြစ် ကုသိုလ်ရေးလဲပါသော ကဆုန်လပြည့်နေ့ တွင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ရှိရာသို့ ၂ ညအိပ် ၃ရက်ခရီး အမှတ်တရ ဖူးမျှော်ပြီးသကာလ လမ်းဘုရားစုံ ဖူးပြီး အောင်မြင်စွာဖြင့်ပြန်လည်ရောက်ရှိလာကြောင်း မှတ်တမ်းတင်အပ်ပါတယ်🥰😘
လိုက်ပါ စီးနင်းပေးကြသော sanchaung lpj biker group မှညီကိုများနှင့် အဖက်ဖက်မှကူညီပေးကြသော ညီကိုမောင်နှမများအားလုံးကိုလဲ အထူးကျေးဇူးတင်ရှိကြောင်းသတင်းစကားပါးလိုက်ပါရစေ။
နောက်များမှာလဲ ခရီးရှည်များဆက်ထွက်ဖို့အစီအစဥ်များရှိကြောင်းကို group messenger မှာတင်ပေးသွားမည်ဖြစ်သောကြောင့် အဖွဲ့ဝင်မောင်နှမများအားလုံး ဆက်လက်စောင့်မျှော်ကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျ 🙏🙏🙏
ပုံတွေကတော့သည်းခံကြည့်ပေးကြပါလို့
🤪🙃😙
တျောက်မှလဲ ကိုယ့်လောက်မချောကြဘူးလေ
😂😉😂
27/12/2021
အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေ။🙏🏻🙏🏻🙏🏻
Sanchaung LPJ Biker group
အနေဖြင့်စတင်ဖွဲ့စီးပြီးတည်ထောင်ခဲ့တာ တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။အမှတ်တရအစီအစဥ်များလုပ်ရန် စိတ်ကူးထားသော်လဲ ယခုလိုကာလအခြေအနေအရကြောင့် တိတ်ဆိတ်စွာပဲ အချိန်ကုန်ဆုံးသွားခဲ့ရပါတယ်။
စတင်တည်ထောင်သောနေ့မှစပြီးယနေ့အချိန်ထိ လိုက်ပါစီးနင်းကြသောအဖွဲ့သားများတဦး၊တယောက်ချင်းဆီကိုလဲအထူးပဲကျေးဇူးတင်ရှိပါတယ်။
😇😇😇
မလိုက်ပါနိုင်တော့သောညီအကိုမောင်နှမများအားလုံးကိုလဲသတိတရနဲ့ရှိနေပါကြောင်း သတင်းစကားပါးလိုက်ပါရစေ။🥺🥺🥺
ခရီးစဥ်တိုင်း အလဲလဲအကွဲကွဲနဲ့လိုက်ပါသော (အကိုပုပုလေး )တယောက်ကိုလဲ ထပ်မံမှောက်နိုင်ပါစေကြောင်းအထူး ဆုမွန်တောင်းပေးလိုက်ပါတယ်။
🤣😂😅
မနင်းနိုင်တော့ပေမယ့် ဇွဲမလျော့ကြပဲ တွဲခေါ်ခဲ့ကြတာတွေ
ကြိုးနဲ့ဆွဲပြီးအတူရအောင်နင်းခဲ့ကြတာတွေ
ဒူးနာနေပေမယ့်ရအောင်တွဲခေါ်ပေးခဲ့ကြတာတွေ စက်ဘီးတွေပျက်မပျက် နင်းရတာအဆင်ပြေမပြေ တလမ်းလုံးလိုက်ပါမေးမြန်းပြီး
ပြင်ပေးခဲ့ကြတာတွေ
စုပေါင်းအလှုလေးတွေလုပ်ခဲ့ကြတာတွေ
စသည် စသည် တွေကိုအားလုံးရင်ထဲမှာအမှတ်ရနေကြမှာတော့ဧကန်မလွဲပဲမဟုတ်ပါလားခင်ဗျာ။😔😔😔
တချိန်ချိန်မှာတော့ ညီကိုမောင်နှမတွေစုပြီးပြန်လည်ဆုံစည်းကြဖို့နေ့ရက်တွေကို လက်ချိုးရေတွက်နေရင်း အားလုံးပဲကျန်းမာ၊ချမ်းသာကာ မင်္ဂလာရှိသောနေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ကြပါစေကြောင်းကျွန်တော်တို့
Sanchaung lpj bikers group ရဲ့ကိုယ်စားဆုမွန်တောင်းပေးလိုက်ပါတယ်ခင်ဗျ။🙏🏻🙏🏻🙏🏻
ညီကိုမောင်နှမတွေအမှတ်တရနဲ့တချိုတွေမပါသေးပေမယ့်ဆုံစည်းခဲ့ကြတဲ့ပုံလေးကိုပဲတနှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
😍😍😍😍
SANCHAUNG LPJ BIKERS GROUP
20/12/2021
အားလုံးပဲမင်္ဂလာပါခင်ဗျ။
အခုလိုကာလမှာ ယခုပို့စ်ကြောင့်စိတ်အနှောက်အယှက်များဖြစ်သွားကြမယ်ဆို ကြိုတင်တောင်းပန်အပ်ပါတယ်။
🙏🏻🙏🏻🙏🏻
အဖွဲ့လိုက်ခရီးတို နင်းချင်ကြသောညီကိုမောင်နှမများအနေဖြင့်လိုက်ပါနိုင်ပါကြောင်း။😘😘😘
အစီအစဉ် လေးကတော့
ယခုလာမည့် 26.Dec.2021 ရက်နေ့ sunday မနက်ပိုင်းခရီးစဥ်လေးတခုကြေငြာခွင့်ပြုပါခင်ဗျ။
နာမည်ကြီး အပန်းဖြေစခန်းတခုဖြစ်သော Cele village သို့အဖွဲ့လိုက်ခရီးတိုနင်းပြီး မနက်တပိုင်းအပန်းဖြေကြရန် အစီအစဥ်လေးဖြစ်ပါတယ်။😍😍
ကြိုတင်ဘိုကင်တင်ထားရန်လိုအပ်ပါသောကြောင့်သောကြာနေ့ညနေ နောက်ဆုံးထားပြီးစာရင်းပိတ်ပါမည်။
တဦးလျှင် ဝင်ကြေး ၅၀၀၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး ကျန်သည့်တဦးချင်းကစားနည်းများနှင့်အစားအသောက်အတွက်ကတော့ American system ကိုယ်စားကိုယ်ရှင်း စနစ်ပါခင်ဗျ။မည်သည့်စက်ဘီးအမျိုးစားမဆိုလိုက်ပါနိုင်ပြီး စက်ဘီးစီးဦးထုပ်လေးတော့အနဲဆုံးဝတ်ဆင်လာပေးကြပါ။
for your safety
စမ်းချောင်ဗားဂရာလမ်း စုရပ်မှနေပြီး မနက်5:45 စထွက်ပါမည်။လိုက်ပါလိုသောလူစာရင်းအတိုင်းဘိုကင်တင်ရန်လိုအပ်ပါသောကြောင့် အမည်နှင့်ဖုန်းနံပါတ်များကိုcbသို့ပို့ပေးကြပါခင်ဗျ။
ဗဟိုလမ်းအတိုင်းနင်းပြီး ဘုရင့်နောင်လမ်း ရွှေပြည်သာတံတားကနေသွားမှာဖြစ်ပါသောကြောင့်လမ်းမှလိုက်ပါလိုသောညီကိုများအနေဖြင့်နာမည်နှင့်ဖုန်းနံပါတ်များကိုသောကြာနေ့ညနောက်ဆုံးထားပြီးပို့ပေးကြပါရန် ကြိုတင်ကြေငြာအပ်ပါသည်ခင်ဗျ။သိရှိလိုသည်များကိုလဲ page cb (or)comments ကနေမေးမြန်းလို့ရပါကြောင်းအသိပေးကြေငြာရင်း အားလုံးပဲကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်တောင်းကာ နိဂုံးချုပ်လိုက်ပါတယ်။🙏🏻🙏🏻🙏🏻
location ကြည့်လိုသူများအတွက်အောက်ပါလင့်ကိုနှိပ်ပါ👇🏻👇🏻
https://www.facebook.com/104157571686731/posts/277566131012540/
19/11/2021
ပီတီတခု😍 အမှတ်တရ😍
18 Nov 2021😘
ချက်ချင်းလိုက်ပါ ဆောင်ရွက်ပေးကြတဲ့အဖွဲ့ဝင်အားလုံး တဦးတရောက်ချင်းဆီကို ကျေးဇူးအထူးတင်လျက်ပါ။
14/11/2021
photo credit to owner
ဟိုဂရု ဒီဂရုတွေထဲ lady bikerတွေ ကီလို ၂၀ တလလောက်ပဲ နင်းရသေး ဗိုက်ကျတယ် ဖင်ကျတယ်နဲ.😘
ငါတို့ LPJ ကနှစ်ပေါက်နေပြီ
ခုထိရေထဲ ဘောကွင်းမလိုပဲ ဗိုက်တလုံးနဲ့တင် ဇိမ်ခံနေလို့ရတယ်ဆိုတာ ယူတို့တွေသိဖို့😉😉
ဆက်လက်ကြိုးစားပါဦးမည်။😅😅
19/08/2021
လပ်ကီးနဲ့လပ်တီး ပေးတဲ့ဒုက္ခတွေကြားမှာ biker တွေလမ်းတွေပျောက်ကုန်ကြပြီ😔😔
group ကြီးလဲညိမ်လို့
ပျော်စရာမရှိ
လူတိုင်းသောကတွေဝေနေရတာ 😔
ဒီဒုက္ခ သောက တွေအမြန်ချုပ်ငြိမ်းရပါစေ🙏🏻🙏🏻🙏🏻
တို့တတွေအတူတူ
ဘဝရဲ့အမှတ်တရများ
ပျော်စရာများ
ပြန်ရချင်ပါသေးတယ်။
13/06/2021
13ရက်6လ2021
တွံတေး ဒလ ခရီးစဥ်အမှတ်တရ။
🚴♀️🚴♀️🚴🚴
Caption လေးတွေပဲထည့်ရေးထားတော့တယ် အဆုံးထိဖတ်ကြည့်😅😅
23/02/2021
ရှိတဲ့လူနဲ့ဆက်လက်ချီတက်မည်။
မလျှော့သောဇွဲလုံ့လတို့ဖြင့်နေ့တိုင်းချီတက်ကြသောညီကိုမောင်နှမများအားလုံးလေးစားလျက်ပါ။
🚲🚲🚲🚲🚲🚲🚲🚲🚲
22/02/2021
မင်္ဂလာပါခင်ဗျာ
ယနေ့၂၂.၂.၂၀၂၁ရက်နေ့တွင်အောင်မြင်စွာပြီးဆုံးခဲ့သောပရဟိတအဖွဲ့ပေါင်းစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ၊ချီတက်ဆန္ဒပြစစ်ကြောင်းရှေ့ပြေးလမ်းကြောင်းတွင်ပါဝင်လိုက်ပါအားဖြည့်ပေးခဲ့သောစက်ဘီးစီးညီကိုမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။
ဤအဖွဲ့အစည်းသည်အပါတ်စဥ်တနင်္လါနေ့တိုင်း
ချီတက်ဆန္ဒပြကြမည်ဖြစ်ပါသဖြင့်နောက်အပါတ်တွေများမှာလဲလိုက်ပါဝန်းရံပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်။
အသေးစိတ်ကိုထပ်မံတင်ပြပေးပါမယ်နော်။