02/04/2026
TRANSFER:
Rashford ၏ ယူရို သန်း ၃၀ အပြီးဝယ်ခွင့် ကုန်သွားပြီဆိုသော သတင်းမှာ မှန်ကန်ခြင်းမရှိပဲ Barcelona အနေဖြင့် ဇွန်လ ၁၅ ရက်နေ့ထိ အသုံးပြုခွင့်ရှိသေးသည်။ တကယ်၍ ခေါ်ယူဖြစ်ပါက ၃ နှစ် အရစ်ကျ ပေးချေနိုင်မည်ဖြစ်ပြီး ဇူလိုင် ၂၀၂၆ တွင် ၁၀ သန်း၊ ဇူလိုင် ၂၀၂၇ တွင် ၁၀ သန်း၊ ဇူလိုင် ၂၀၂၈ တွင် ၁၀ သန်း ဟူ၍ ဖြစ်သည်။ Rashford ၏ အေးဂျင့်များသည်လည်း Barcelona အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
02/04/2026
"ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲချိန် မိနစ် ၉၀ အတွင်း ဂိုးပေါက်တည့်မှု (shots on target) အများဆုံး ကစားသမားများ
🥇 ဘန်ဂျမင် ဆက်စကို — ၁.၈၉ ကြိမ်
🥈 အာလင်း ဟာလန်း — ၁.၈၂ ကြိမ်
🥉 မားသီးယပ်စ် ကွန်ညာ — ၁.၂၆ ကြိမ်
ယူနိုက်တက်ရဲ့ အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကတော့ သူတို့နဲ့ ထိုက်တန်ကြောင်း သက်သေပြနေကြပါပြီ။"
25/01/2026
HT: Arsenal 1 - 1 Manchester United
ပွဲစပြီးချင်း ၁၀မိနစ်ကျော်အထိတော့ အိမ်ရှင်အသင်းဘက်ကပဲ တောက်လျှောက်ဖိအားပေးတိုက်စစ် ကစားနေပါတယ်။ ကော်နာ ၂ ကြိမ်ပေးထားရပါပြီ။ မိုက်ကယ်ကားရစ် ရဲ့ပလန်ကတော့ ခံစစ် လုံအောင်ထိန်းပြီး Quick transaction ကိုပဲ စောင့်နေပုံပါပဲ။ ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ ကွင်းလယ် အင်အားကလည်း ဘရူနို ၊ mainoo တို့ရဲ့ ကစားအားနဲ့ ယူနိုက်တက် ကစားကွက် ပြန်တည်မရအောင် ခါးလယ်ကနေ တားဆီးထားပါတယ်။ ဒိုကူ ၊ မာတီနက်စ် တို့ရဲ့ ဘယ်ဘက်ခြမ်းက ဘောလုံးပြန်သယ်သွားတာနဲ့ တခါတည်း မထွက်နိုင်အောင် တန်းဖျက်ထားပါတယ်။
ပွဲကစားချိန် ၁၄ မိနစ်မှာ အာဆင်နယ်အသင်း ရဲ့ ကွင်းလယ်ကနေ ရိုက်စ် ဆွဲပြေးလွတ်ထွက်သွားတဲ့ ဘောလုံးကတဆင့် ဧရိယာထဲမှာ ရိုက်စ် ရဲ့ နောက်တစ်ဆင့်ကန်ချက်ကို မာတီနက်စ် အကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။
၁၇ မိနစ်မှာ ရရှိတဲ့ ပြစ်ဒါဏ်ဘောကနေ ရိုက်စ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဇူဘီမန်ဒီ ရဲ့ အပိုင် ခေါင်းတိုက်ချက်ကို ဂိုးသမား Lemmens အကောင်းဆုံးကာကွယ်သွားပါတယ်။ မိနစ် ၂၀ ကျော်တဲ့ချိန်ထိ အာဆင်နယ်အသင်းအသင်း ရဲ့ ဖိအားပေးတိုက်စစ်ဆင်ကစားမှုတွေကို ယူနိုက်ကွင်းလယ်နဲ့ နောက်တန်းကစားသမားတွေ အကောင်းဆုံး ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ ဆာကာ ရဲ့ ညာတောင်ပံကနေ အိုဒီဂတ်ဆီပေးပို့မှုကတဆင့် အိုဒီဂတ် ကန်ချက် မာတီနက်စ် ဟန့်တားရင်း OG သွင်းမိသလိုဖြစ်ခဲ့ကာ အာဆင်နယ် အသင်း ဦးဆောင်ခွင့်ရသွားပါတယ်။ သိပ်မကြာခင်မှာပဲ ပွဲချိန် ၃၃ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် တစ်ယောက် အာဆင်နယ် နောက်တန်းကစားသမားတွေရဲ့ နားလည်မှုအမှားကနေ ကန်ခွင့်ရလိုက်ပေမယ့် ချေပဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပွဲကစားချိန် ၃၆ မိနစ်မှာတော့ အာဆင်နယ် အသင်းရဲ့ လူပေးအမှားကနေ တဆင့် အမ်ဘူမိုက ယူနိုက်တက် အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ကျန်တဲ့ပွဲကစားချိန်တွေမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ဖို့ကြိုးစားရင်း ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။
04/10/2025
အိမ်ကွင်းမှာနိုင်ပွဲပြန်လည်ရရှိခဲ့တဲ့ မန်ယူအသင်း
Premier League
Full Time :
Man Utd 2-0 Sunderland
ဒုတိယပိုင်းမှာတော့ ဘယ်အသင်းမှာ ဂိုးထပ်မံမသွင်းယူနိုင်ခဲ့ကြပါဘူး ။ မန်ယူအသင်းကတော့ အခုနိုင်ပွဲကြောင့် အဆင့် ၈ နေရာကို ရောက်ရှိလာခဲ့ပါတယ် ။
21/09/2025
နည်းပြကြောင့် ရှုံးနိမ့်ရတဲ့ ချဲလ်ဆီး
ပွဲအစ(၅)မိနစ်မှာတင် ရောဘတ်ဆန်းချက်ဇ်ထုတ်ပယ်ခံရပြီး တစ်ယောက်လျော့သွားတဲ့ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ သြချရလောက်တဲ့ နည်းဗျူဟာအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။
တောင်ပံကစားသမားတစ်ယောက်ဖြစ်သူ အက်စတီဗောင်ကိုထုတ်ပယ်ပြီး အရံဂိုးသမားဂျော်ဂျန်ဆန်ကိုလူစားဝင်စေတာ ဖြစ်သင့်ပေမယ့် ပက်ဒရိုနက်တိုလို လက်ကျန် winger အစား ဗဟိုခံစစ်မှူးတိုဆင်ကို ထည့်သွင်းလိုက်တာကြီးက အလွန်ဆိုးရွားတဲ့ဆုံးဖြတ်ချက်ပါ။
ဆန်းချက်ဇ်ထုတ်ပယ်ခံရမှုက ချဲလ်ဆီးသမိုင်းတစ်လျှောက် အမြန်ဆုံးအနီကတ်ဆိုရင် ဒီပွဲမှာမာရက်စ်ကာရဲ့အတွေးအခေါ်ကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ အညံ့ဖျင်းဆုံးမဟာဗျူဟာလို့ပြောရပါမယ်။ သူ့ကြောင့်မို့ ချဲလ်ဆီးဟာ တန်ပြန်တိုက်စစ်ကစားလို့မရတော့ဘူး။
ခင်ဗျားဟာ ၅-၃-၁ ပြောင်းပြီး လျင်မြန်တဲ့ winger တွေကို အသုံးမပြုတော့ဘူးဆိုရင် ကိုယ့်လည်ပင်းကိုယ် ကြို:ကွ-င်းစွ-ပ်လိုက်သလိုပါပဲ။ မာရက်စ်ကာရဲ့လုပ်ရပ်ကြောင့် တိုက်စစ်မှာ ယာအိုပက်ဒရိုတစ်ယောက်တည်း အထီးကျန်နေတော့တယ်။
သူ့ဘေးနားမှာ ပြေးလွှားနေသူတွေက နောက်ပြန်ပေးဖို့သာအားသန်သူ မာ့ခ်ကူကူရယ်လာနဲ့ နှေးကွေးတဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ဖြစ်နေတယ်။ တဖန် တောင်ပံကစားသမား ပြန်လည်ထည့်သွင်းပြီး တိုက်စစ်မြှင့်တော့လည်း ဂါနာချို၊ ဂစ်တန်စ်တို့မဟုတ်ဘဲ သူတို့လောက်အရည်အသွေးမရှိတဲ့ တိုင်းရစ်ဂျော့ဖြစ်နေတယ်။
ချဲလ်ဆီးရဲ့ဒီရှုံးပွဲမှာ စောစောစီးစီးတစ်ယောက်လျော့သွားခြင်းအပြင် နည်းပြရဲ့အမှားအယွင်းတွေက အဓိကကျခဲ့ပါတယ်။
14/09/2025
ဥရောပဝင်ခွင့်မရလည်း ပြဿနာမရှိတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ကြားရက်တွေမှာ ခြေစမ်းပွဲတွေကစားဖို့ ဆွေးနွေးမှုများပြုလုပ်နေတယ်။
သူတို့ဟာပြီးခဲ့တဲ့ရာသီမှာ အဆင့်(၁၅)နဲ့ရာသီသိမ်းခဲ့တာကြောင့် ဥရောပပြိုင်ပွဲနဲ့လွဲချော်ခဲ့ရာ ဝင်ငွေပိုင်းနစ်နာမှုကို ပြန်လည်ဖာထေးဖို့ မက်မောဖွယ်ငွေကြေးများရရှိနိုင်တဲ့ နိုင်ငံတွေမှာသွားရောက်ကစားဖို့ စီစဉ်နေတာပါ။ အဲနိုင်ငံတွေကတော့ ခြေစမ်းပွဲကြည့်ဖို့အတွက် ပရိသတ်တွေကငွေပေးချေဖို့အသင့်ရှိနေတဲ့ UAE, US တို့လို နိုင်ငံတွေပါ။
ယူနိုက်တက်ဟာအခုရာသီမှာ လိဂ်ဖလားကနေလည်း ထွက်ခွာထားရတာကြောင့် ခရစ္စမတ်မတိုင်မီ ကြားရက်(၁၁)ပတ်ကြာ ပွဲစဉ်တွေမရှိဘဲလစ်လပ်နေတယ်။ သူတို့ဟာ နွေရာသီတုန်းက အာရှမြေသွားရောက်ပြီး ပေါင်(၇.၈)သန်းပိုက်မိခဲ့တာကြောင့် အခုလိုအကြံမျိုး ထွက်ပေါ်လာတာပါ။
မှန်းဆချက်များအရ ယူနိုက်တက်သာ midweek ခြေစမ်းပွဲများသွားကန်ဖြစ်ရင် လက်မှတ်၊ စပွန်ဆာ၊ ဆုကြေးတွေကနေ တစ်ပတ်ကိုအသားတင် ပေါင်(၅)သန်းကနေ (၁၀)သန်းအထိ ရရှိနိုင်ပါတယ်။ တစ်ဘက်မှာ ကစားသမားအင်အားနဲ့ ခရီးအကွာအဝေးအရ အပတ်စဉ်ကျင်းပနိုင်မှာမဟုတ်ပါဘူး။
အဆိုပါ (၁၁)ပတ်မှာ (၃)ပတ်ကနေ (၅)ပတ်ကျင်းပနိုင်တယ်ပဲထား။ ယူနိုက်တက်ဟာ ပေါင်(၁၅)သန်းကနေ သန်း(၅၀)ထိ အပိုဝင်ငွေရနိုင်ပါတယ်။ ဒါကဥရောပပွဲစဉ်မကန်ရလို့ ပေါင်သန်း(၁၀၀)လက်လွှတ်ဆုံးရှုံးရမှုကို (၁၅)ရာခိုင်နှုန်းမှ (၅၀)ရာခိုင်နှုန်းထိ ကာမိသွားမှာပါ။
ဆာဂျင်ရတ်ကလစ်ဖ်တို့ရဲ့ INEOS ဟာ အကြံကြီးတဲ့စီးပွားရေးသမားတွေပီပီ ပွပေါက်တစ်ခုရှာတွေ့ထားကြတာပါ။
12/09/2025
🔴| မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားကြီး Wayne Rooneyရဲ့ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် Kai Rooney ဟာ ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်ရဲ့ ယူ ၁၆ အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့သူဖြစ်တာကြောင့် လက်ရှိဘောလုံးရာသီမှာ JJ Gabriel နဲ့အတူ ယူ ၁၈ အသင်းမှာ ကစားဖို့ ရွေးချယ်ခံထားရပါတယ်။
လက်ရှိအချိန်မှာတော့ Kai Rooney ဟာ ယူ ၁၈ အသင်းနဲ့ (၂ ) ပွဲ လူစားဝင်ကစားခွင့်ရရှိထားပြီး သွင်းဂိုး(၁) ဂိုးသွင်းယူပေးထားပါတယ်။ အသက် ၁၅ နှစ်သာရှိသေးတယ်ဆိုပေမယ့် Kai Rooney ဟာ ဘယ်ခြေ ညာခြေနှစ်ဖက်စလုံး ကောင်းကောင်း ကစားနိုင်တဲ့ လူငယ်ကစားသမားဖြစ်ပြီး သူ့ရဲ့ အေဖ Wayne Rooney ကစားတဲ့ နေရာမှာ ပုံစံတိုင်း ကစားလေ့ရှိပါတယ်။
အသက် ၁၅ နှစ်အရွယ်နဲ့ ယူ ၁၈ လိုအသင်းမှာ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ပရိတ်သတ်တွေဟာ Kai Rooney ရဲ့အပေါ်မှာ အတော်လေးမျော်လင့်ပြီး ၊ စောင့်ကြည့်နေကြပါတယ်။
တနည်းအားဖြင့် လာမယ့် (၁)နှစ်(၂)နှစ်အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းကြီးမှာ မြင်တွေ့ရနိုင်မလားဆိုတဲ့ အတွေးပေါ့၊ Kai Rooney ဟာနောင်တစ်ချိန်မှာ အဖေဖြစ်သူ Wayne Rooney လို ယူနိုက်တက် မှာအောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်မလားဆိုတာကို ကျွန်တေယ်တို့ အားလုံး စောင့်ကြည်ကြရအောင်ဗျိူး.......
08/09/2025
မန်ယူနိုက်တက်အသင်းနဲ့ ဂိုးသမား အိုနားနားရဲ့ မှတ်တမ်း 🇨🇲
• 102 matches played 🥅
• 24 clean sheets
• 150 goals conceded ⚽️
• 18 unforced errors resulting in a goal 😵
03/09/2025
နွေရာသီစျေးကွက်တုန်းက တိုက်စစ်ပိုင်း လိုအပ်ချက်ကြောင့် ၃၄နှစ်အရွယ်ရှိတဲ့ တိုက်စစ်မှူးဟောင်း ၀ဲလ်ဘတ်ကို မန်ယူနိုက်တက် ကြိုးပမ်းခဲ့
01/09/2025
BREAKING:
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း Erik ten Hag ကို Bayer Leverkusen အသင်းမှ ထုတ်လိုက်ပါပြီ
31/08/2025
အမိုရင့် အသက်ရှူချောင်ခဲ့တဲ့ နိုင်ပွဲ
ဘန်လေကို နောက်ဆုံးမိနစ်ထိ ခဲရာခဲဆစ်ကစားပြီးမှ မန်ချက်စတာယူနိုက်တက်ဟာ ၃-၂နဲ့နိုင်သွားပါတယ်။
ယူနိုက်တက်ဟာ ဘန်လေနဲ့ အပြန်အလှန်ဂိုးတွေသွင်းခဲ့ရပြီး (၉၇)မိနစ်အရောက် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့်သာ အသက်ရှူချောင်ခဲ့ရတယ်။ ကစားသမားတွေရဲ့ အောင်ပွဲခံပုံကိုကြည့်လိုက်ရင် သူတို့ရဲ့စိတ်ထဲ ဖိအားတွေဘယ်လောက်များနေသလဲ သိသာပါတယ်။
တကယ်လို့ ဒီပွဲမှာသာ ခြေချော်လက်ချော်ထပ်ဖြစ်ခဲ့ရင် အမိုရင်ရဲ့အနာဂတ်ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။ အခုလည်း နိုင်သာနိုင်သွားတယ်၊ ကစားကွက်ကတော့ ထုံးစံအတိုင်း လိုအပ်ချက်တစ်ပုံတစ်ပင်နဲ့ ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေသေးတယ်။
ပထမပိုင်းမှာယူနိုက်တက်က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်။ သူတို့ကိုဘန်လေက low block နဲ့ရင်ဆိုင်ခဲ့တာကြောင့် အမိုရင်ရဲ့အသင်းဟာ ကစားကွက်စီးထားပြီး ဘောလုံးပိုင်ဆိုင်မှုများပြားခဲ့တယ်။ ဒုတိယပိုင်းကတော့ ပြီးခဲ့တဲ့ဖူလ်ဟမ်နဲ့ ပွဲစဉ်အတိုင်းပဲ။
ဘန်လေဟာဖူလ်ဟမ်လိုမျိုး high press နဲ့ရင်ဆိုင်ခဲ့တဲ့နောက် ယူနိုက်တက်ကစားသမားတွေ ပျာယာခတ်ကုန်ပြီး ဘောလုံးဆုံးရှုံးမှုများလာတယ်။ အမိုရင့်ဆီမှာ high press ကိုကိုင်တွယ်ဖြေရှင်းနည်း မရှိသေး၊ မသိသေးပါဘူး။ သူဟာ 3 back ကို အားသန်လွန်းတယ်။
ကွင်းလယ်(၃)ယောက်သာကစားရင် ဒီပြဿနာက အထိုက်လျောက်ပြေလည်သွားမှာပါ။ ခက်တာက သူအားကိုးနေတဲ့ကတ်စမဲရိုး အသက်အရွယ်နဲ့ကြံ့ခိုင်မှုအရ အဆင်မပြေတော့သလို အူဂါတေးကလည်း ပစ်ရမယ့်ကစားသမား။ မိန်းနူးကိုကျတော့ personally အရ သဘောကျနေပုံမရဘူး။
ဒီနိုင်ပွဲကြောင့် အမိုရင်အသက်ရှူချောင်သွားတာမှန်ပေမယ့် နောက်လာမယ့်ပွဲစဉ်တွေမှာ ကစားကွက်ပြောင်းလဲသင့်တယ်၊ deadline အမီ ကွင်းလယ်လူကောင်းကောင်းခေါ်ယူသင့်တယ်ဆိုတာကို သဘောပေါက်ထားရပါမယ်။