Rock Gym

Rock Gym

Share

Fitness Center

17/08/2021

Rock Gym Memberတို့ရေ
ဝမ်းနည်းစွာနဲ့ပဲ အားလုံးကို😔😔😔 နှုတ်ဆက် စကားလေးပြောပါရစေနော်။
အခြေနေအကြောင်းကြောင်းကြာင့် Rock Gymကို (31.8.21)်​နေ့မှာပိတ်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။

သာကေတမှာဖွင့်ခဲ့တဲ့ တစ်နှစ်ကျော်ကာလလေးမှာ အရမ်းချစ်ဖို့ကောင်းတဲ့ Memberတွေနဲ့ဆုံတွေ့ခွင့်ရတဲ့ ဒီအချိန် ဒီအခိုက်အတန့်တွေဟာ Admin တွေအတွက် မေ့မရတဲ့ Memoryတွေအဖြစ် အမြဲအမှတ်ရနေတော့မှာပါ။အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ ဖိနပ်လေးတွေလဲ လာယူကြဖို့မေတ္တာရပ်ခံပါတယ်နော်။ 😔😔😔

08/08/2021

🔴Rock Gym Memberတို့ရေ အားလုံးနေကောင်းကျတယ်နော် Adminလဲပျောက် Memberတွေလဲပျောက် ​ပျောက်တာတွေတိုင်ပင်ညီပြီးသွားပြီဆိုတော့ မနက်ဖြန် 9.8.21(Monday) ပြန်ဖွင့်ပြီဆိုတဲ့အကြောင်းလေးလာပြောတာပါ။

🔴 စည်းကမ်းချက်တွေကတော့ ပုံမှန်အပူချိန်တိုင်းမယ် လက်သန့်ဆေးရည်သုံးရမယ် ချွေးသုတ်သဘက်လေးတွေယူလာရမယ်နော်။ အခုမှနေပြန်ကောင်းခါစ သူလေးတွေကတော့ ခနနားပါဦး ကျန်းမာပြီးထောင်ထောင်မည်ပါတယ်ဆိုတဲ့ Memberတွေကတော့လာခဲ့ကြပါ Gymရောက်ရင် ဆရာတွေပိန်သွားတယ်လို့ မနှုတ်ဆက်ရ 😁😁😁😁😁


01/07/2021

ကြွက်သားတက်ချင်လား ။

ဒါဆို ဒီတစ်ခေါက် လေ့ကျင့်ခန်းလုပ်ရင် ဒီစနစ်လေးကို ထည့်သုံးကြည့်။

အလေးလွတ်ဆိုရင် ဒိုက်ထိုးတာ၊ အလေးနဲ့ဆိုရင် ရင်ဘတ်တွန်းတာပေါ့။

ကိုယ့် Target 1 က ၁၀-၁၅ ကြိမ်ကြားရအောင်လုပ်ဖို့။
ကိုယ့် Target 2 က တစ်ကြိမ်မှာ အနည်းဆုံး ၄-၅ စက္ကန့်ကြာဖို့။

ဥပမာ ဆယ်ကြိမ် ရင်ဘတ်တွန်းမယ်ဆို
၎-၅ စက္ကန့် x ဆယ်ကြိမ် = ၄၀-၅၀ စက္ကန့်။

ဖြေး ဖြေး ဖြေးလေး။ Super slow နဲ့ လုပ်မယ်။

ဒီလိုလုပ်ဖို့အတွက် လုပ်နေကျအလေးပမာဏကို လျှော့ဖို့လိုမယ်။ 20 kg ရနေကျသူဟာ 7.5 kg ၊ 10 kg လောက်နဲ့ပဲ လုပ်နိုင်လိမ့်မယ်။ ကိစ္စမရှိ၊ အလေးကြီးဆော့မယ်ဆိုတဲ့ မာနတွေ လျှော့ပြီးလုပ်။

ဒီစနစ်ကို ဘယ် လေ့ကျင့်ခန်းပုံစံတော်တော်များများမှာမဆို ထည့်ကစ်လို့ရပါတယ်။

-လက်မောင်း
-ရင်ဘတ်
-နောက်ကျော
-ဗိုက်သား
-အောက်ပိုင်း

ဖြေးဖြေးလေးနဲ့ ညှစ်ပြီးလုပ်။ ကြွက်သားကို ရှယ်ထိစေသလို၊ ကြွက်သားတက်ဖို့လဲ ကူညီပေးပါမယ်။

ထပ်အကြံပေးချင်တာက ဥပမာအနေနဲ့ -
ရင်ဘတ်ကို တစ်ပတ်၂ ရက်ဆော့မယ်ဆို တစ်ရက်ကို ပုံမှန်ဆော့၊ တစ်ရက်ကို ဒီနည်းသုံးပြီးဆော့ပါ။

ရင်ဘတ်ကို တစ်ပတ် တစ်ရက်ပဲဆော့တယ်ဆို တစ်ပတ်ကို ပုံမှန်၊ တစ်ပတ်ကို ဒီနည်းသုံးပေါ့။

(ရင်ဘတ်ဆိုတာ ဥပမာပါ၊ မည်သည့်ကြွက်သားမဆို ကဟားနိုင်ပါတယ်)

__________

25/06/2021

ကဲ မိန်းမယူမယ့် အမျိုးသားမည်သူမဆို ကစားသင့်သော အားကစားနည်းလမ်းများပဲဖစ်ပါတယ်ခင်ဗျာ😁😁😁

Photos from Rock Gym's post 21/06/2021

Bodyလေး အရမ်းကြွေမိလို့တင်ပါရစေ
Admin ဒီပုံတွေတင်ပြီးလိပ်ပြာမလုံတော့ဘူး 😁😁😁

Photos from Rock Gym's post 17/06/2021

🔴 We are Gym Brothers. ✊🏻✊🏻✊🏻

🔴 ကျွန်တော်တို့ Rock Gymရဲ့ အမာခံ Memberတွေထဲက အချောကြီးသုံးယောက်ပေါ့ဗျာ 😁😁😁

🔴 အခုချိန်မှာ စိတ်ညစ်တာတွေကို ထွက်ပေါက်ရှာချင်နေရင်တော့ Rock Gymမှာလာရောက်ပေါက်ကွဲဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဗျာ

▪▪▪▪▪▪▪▪▪▪

Photos from Rock Gym's post 17/06/2021

ငါးမိနစ်က မြန်တယ်ထင်လျှင် မနားပဲ ပြေးကြည့်ပါ။

တစ်မိနစ်က မြန်တယ်ထင်လျှင် မနားပဲ ကြိုးခုန်ကြည့်ပါ။

တစ်စက္ကန့်က မြန်တယ်ထင်လျှင် Plank လုပ်ကြည့်ပါ။

ဟုတ်မဟုတ် လုပ်ဖူးရင် သိတယ်။ မလုပ်ဖူးရင် လုပ်ပြီး လာပြောကြည့် လေ👌

__________________

11/06/2021

ဒ့ါကြောင့် ကိုးး ပေါင်မုန့်တွေစားရင်းတင်လိုက်သည်😁😁😁

09/06/2021

Weight loss သမားများအတွက် Diet နဲ့ပက်သက်ပြီး knowledge sharingပါ

🏋 လက်ရှိပေါင်ချိန်ကို
11. နဲ့မြောက်ပြီး 400 ပေါင်း
ပါဗျ ။
😊 အဲ့တာကိုယ်ရဲ့လိုအပ်တဲ့
ကယ်လိုရီပါ။

😋 အဲ့ထက်ကို
ကယ်လိုရီ 500 (သို့မဟုတ် ) 1000
လောက်ကိုလျော့စားပေးပါဗျ။
👇
- ပေါင်မုန့် ၂ ချပ်
- - ကြက်ဥ တစ်လုံး
- ပန်းသီး တစ်လုံး
- ကယ်လိုရီ - ၃၃၀ ကယ်လိုရီ
👇
- မုန့်ဟင်းခါး အလွတ်
- - ကြက်ဥ တစ်လုံး
ကယ်လိုရီ - ၃၇၅ ကယ်လိုရီ

👇
- ခေါက်ဆွဲ သုတ် တစ်ပွဲ (ဆီလျှော့၊ ပဲမှုန့် လျှော့)
- - Coffee တစ်ခွက်
ကယ်လိုရီ - ၃၈၀ ကယ်လိုရီ

ရှောင်ရန်👈
- ပလာတာ၊ အီကြာကွေး၊ စမူဆာ
- - ပူရီ
- ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်
- - အကြော်စုံ
- ကောက်ညှင်းပေါင်း
👇
- ထမင်း - ထမင်းစားဇွန်း 6 ဇွန်း
- - အသား (အရေခွံမပါ၊ အသားချည်း) ၃ တုံး
- အရွက်ကြော် တရုတ်ထမင်း ပန်ကန်လုံး တစ်လုံး (ဆီလျှော့ပါ)
- ကယ်လိုရီ - ၄၀၀ ကယ်လိုရီ
👇
- ခေါက်ဆွဲ တရုတ်ပန်းကန်လုံးတစ်လုံး
- - အသား ၃ တုံး
- အရွက် တရုတ်ပန်းကန်လုံး ၂ လုံး
- - ပြုတ်စားပါ
ကယ်လိုရီ - 425

ရှောင်ရန် 👈
- ဆီပြန်ဟင်း အနှစ်
- - အရေခွံ၊ ဆီဗူး၊ တောင်ပံ၊ ခြေထောက်
- ဝက်ခေါက်၊ သုံးထပ်သား
- - အချိုရည်
- အကြော်စုံ
👇
- ပေါင်မုန့် တစ်ချပ်
- - အဆီထုတ်ထားသော နွားနို့ ၂၄၀ ml
ကယ်လိုရီ - ၁၈၀ ကယ်လိုရီ

👇
- မုန့်ဖတ်သုတ် တစ်ပွဲ
- ကယ်လိုရီ - ၂၀၀ ကယ်လိုရီ
👇
- ကြာဇံချက် တစ်ပွဲ
- ကယ်လိုရီ - ၂၅၀ ကယ်လိုရီ
👇
- မုန့်ပြားသလပ် ၁ ချပ်
- - ကော်ဖီ တစ်ခွက်
ကယ်လိုရီ - ၁၈၀ ကယ်လိုရီ

ရှောင်ရန် 👈
- လက်ဖက်သုတ်
- - ဂျင်းသုတ်
- အကြော်စုံ
- - ဆိုင်ဖျော် လက်ဘက်ရည်

👇
- အသား (အရေခွံမပါ၊ အသားချည်း) ၄ တုံး
- - အရွက်ကြော် တရုတ်ထမင်း ပန်ကန်လုံး နှစ်လုံး (ဆီလျှော့ပါ)
ကယ်လိုရီ - ၃၃၀ ကယ်လိုရီ

👇
- အရွက်သုတ် တရုတ်ပန်းကန်လုံးနှစ်လုံး (ဆီလျှော့၊ မြေပဲ ရှောင်)
- - အသား ၂ တုံး
- ကြက်ဥ အကာ နှစ်လုံး
- - ပန်းသီး တစ်လုံး
ကယ်လိုရီ - ၃၅၀ ကယ်လိုရီ

ရှောင်ရန် 👈
- ဆီပြန်ဟင်း
- - ဆီကြော် အစားအစာ များ........

😋 ကျန်းမားရေးနဲ့အညီ ကယ်လိုရီ ကို တွက်ချက်စားသောက်နိုင်ကြပါစေလို့ အကြံ ပြုရင်း..........
Crd....

08/06/2021

အိမ်ထောင်သက် နှစ်ဆယ့်ငါးနှစ်အတွင်းမှာ မိန်းမကို လေသံမာမာနဲ့တောင်မပြောဖူးပါဘူးတဲ့ တော်တော်ချစ်တတ်တဲ့ယောက်ျားပဲဗျာ 😁😁😁😁

04/06/2021

အော်သဲလေးရယ် 😁😁😁😁

31/05/2021

ဒီလိုအချိန်မှာ ရည်းစားထားတဲ့သူတွေလိပ်ပြာလုံပါစေ
Admin ကတော့ပုံထဲကအတိုင်းပဲ 😭😭😭

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 405/B2, 1st Floor, Corner Of Nawarat Pat St & Nawarat Street 2 (lower) , 8 Ward , Tharkayta Township
Yangon
11231