05/01/2022
အားလုံးပဲ မင်္ဂလာပါခင်ဗျ...🙏🙏🙏
နှစ်သစ်လည်း ရောက်ပြီဆိုတော့...
နှစ်ဟောင်းရဲ့ အဆီတွေကို...
နှစ်သစ်ကို မယူလာချင်တဲ့ အမျိုးသမီး👩👩👩တို့အတွက်...
ကျွန်တော်တို့ Twantay family Gym🏡🏡🏡မှ...
2022အထူး အစီအစဉ် တစ်ခု ရှိပါတယ်..။
အဲ့ဒါကတော့...မိမိမှာ ပိုလျှံနေတဲ့ အဆီပိုတွေကို...
ဖယ်ထုတ်ပစ်ရုံသာမက...
ကျစ်ကျစ်လျစ်လျစ် နဲ့ ကျန်းမာ ကြံ့ခိုင် တဲ့
ဘဝတွေကို ပိုင်ဆိုင်နိုင်ဖို့...
လူနည်းနည်းနဲ့ အတွေ့အကြုံရင့်
Trainer တွေရဲ့ အနီးကပ် လေ့ကျင့်ကစားနိုင်မယ့်...
Twantay မြို့ရဲ့ ပထမဦးဆုံး Fat loss special classကို
Join ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ...
💎💎ဘယ်လို လူမျိုးတွေ လာရောက်သင့်ပါသလဲ..???
🌸🌸မိမိရဲ့ body မှာ ရှိတဲ့
အဆီပိုတွေကို ဖယ်ပစ်ချင်သူတွေ..
🌸🌸ဘယ်လိုလေ့ကျင့်ခန်း တွေ ရွေးချယ်ရမှန်းမသိသူတွေ..
🌸🌸ကိုယ်လက်ပေါ့ပါး သွယ်လျချင်သူတွေ...
🌸🌸Diet နဲ့ ပတ်သတ်ပြီး အယူအဆ မှားယွင်းနေသူတွေ...
😎😎ဘယ်သူတွေ လေ့ကျင့်ပေးမှာလဲ...???
ဟုတ်ပါတယ် ...
တွံတေးမြို့ရဲ့ ပထမဦးဆုံး Personal trainer ဖြစ်တဲ့
ကိုရဲမြတ်အောင်🦁နဲ့
Twantay Family Gym ရဲ့ Coach ဖြစ်တဲ့
ကိုချမ်း🐯 တို့က ပူးပေါင်းလေ့ကျင့်ပေးမှာဖြစ်ပါတယ်...
💎💎ဘယ်နှယောက်လက်ခံမှာပါလဲ...???
ကျွန်တော်တို့ဟာ...Quantity ထက် Quality ကို
ဦးစားပေးမှာ ဖြစ်တဲ့ အတွက်...
Client (5)ဦးသာ လက်ခံမှာပါ ခင်ဗျာ...။
(ဦးရာလူ စနစ်ပါခင်ဗျ)
⌛⌛⌛သင်တန်းစမယ့်ရက်...(10-1-22)
🕟🕠သင်တန်းချိန်...(ညနေ ၄ခွဲ-၅ခွဲ)
💸💸💸သင်တန်းကြေး...(40000 MMK)
🏰🏰🏰သင်တန်းနေရာ...
ကျွန်းတော(၄)လမ်း/ကျွန်းတော ရပ်ကွက်/တွံတေးမြို့။
အသေးစိတ် သိရှိလိုပါက..
📲📲📲 09444940090 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ🙏🙏🙏
01/10/2021
မိတ်ဆွေများ အားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ကျွန်တော် တို့ TT family ပြန်လည် ဖွင့်လှစ်ပါပြီ ...
ကျန်းမာရေး အတွက်ပဲ ဖြစ်ဖြစ်...
အဆီ(body weight ကို မဆိုလို) ချဖို့ပဲ ဖြစ်ဖြစ်...
Muscle သီးသန့် ဖွံဖြိုးချင်လို့ပဲ ဖြစ်ဖြစ်...
လာရောက် လေ့ကျင့်နိုင်ပါပြီ ခင်ဗျ...
ကျွန်တော်တို့ အများစု မှားကြတဲ့...
#အဆီချဖို့_အစားမစားဘဲနေခြင်း...
#အသီးအနှံ_ချည်း_အမြဲစားသုံးခြင်း...
#အဆီချဖို့_cadio_သီးသန့်ကစားခြင်း....
#ဗိုက်အဆီချဖို့...Belly အကြိမ်ပေါင်းများစွာ ကစားခြင်း
အမျိုးသမီးများ👧👩👱 အလေးများဖြင့် လေ့ကျင့်ပါက အမျိုးသားများကဲ့သို့
Muscle အချိန်တို အတွင်း
ထွက်လာမည်ဟု ယုံကြည်ခြင်း😂😂😂
ညီကိုများအနေဖြင့် Gym တစ်ပတ် လောက် ကစားပါက...
မောင်အိုလံပီယာ အာနိုးလောက် ဖြစ်လာမည်ကို ကြောက်ရွံ့ခြင်း😂😂😂
စတဲ့ အယူအဆ အမှားတွေကို ပယ်ဖျက်ကြဖို့ အချိန်ကျရောက် လာပါပြီ ခင်ဗျာ...
Gym ကစားသက် ၅နှစ်ကျော်...
အတွေ့အကြုံ ရှိတဲ့ trainer များရဲ့အကူအညီယူပြီး ကိုယ့်ရဲ့ body ကို ပြောင်းလဲဖို့ အမြန်ဆုံး လာခဲ့ကြပါ ခင်ဗျာ💪💪💪
ကျွန်တော် တို့ gym ရဲ့ နာမည် အတိုင်း
မိသားစုဝင်များ ကဲ့ သို့ရင်းနှီးဖော်ရွေစွာ ဖိတ်ခေါ်လိုက်ရပါတယ်🙏🙏🙏
#အထူးအစီအစဉ်
(သီးသန့် တစ်ယောက်ချင်း ကစားလိုတဲ့ သူများအနေနဲ့
Personal Trainer ငှားရမ်း ကစားနိုင်ပါပြီ)
_family_Gym_(mini)
21/09/2021
Twantay Family Gym
မကြာခင် ပြန်ဖွင့်ပါမယ် ခင်ဗျာ
အားလုံးပဲ ပြန်ဆုံကြတာပေါ့
🏋🏋🏋
15/08/2021
လူသစ်များ၏အမှား (၁၀)ချက်
ယနေ့ ကျွန်တော်တို့ရဲ့ ကာယဗလ လေ့ကျင့်မှုမှာ တိုးတက်မှုကို နှောင့်ယှက်နေတာ ဘယ်သူလို့ထင်လဲ။ တခြားလူ မဟုတ်ပါဘူး ကျွန်တော်တို့ ကိုယ်တိုင်က ကျွန်တော် တို့ရဲ့ တိုးတက်မှုကို တားဆီးနေတာ၊ နှောင့်ယှက်နေတာပါ။ ကျွန်တော် တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒ ၊ လိုချင်တဲ့လောဘ ၊လိုတာထက် ပိုနေတဲ့ စိတ်အား ထက်သန်မှု ဒါတွေဟာ ကျွှန်တော်တို့ရဲ့ တိုးတက်မှုမှာ ရှေ့မဆက်နိုင်အောင် တားဆီးနေတဲ့ ခလုတ် ကန်သင်းတွေ ဆိုတာ ကျွန်တော်တို့ သိထားသင့်ပါတယ်။
ကာယဗလ သမား တစ်ဦးဟာ ပြင်းပြင်း ထန်ထန် လေ့ကျင့်ဖို့နဲ့ အားသွန်ခွန်စိုက်ေ လ့ကျင့်ဖို့ မလိုအပ်ဘူး လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လိုအပ်ပါတယ် ဒါပေမယ့် ဆင်ခြင်တုံ တရားကင်းမဲ့တဲ့ စိတ်အား ထက်သန်မှုမျိုး မဖြစ်သင့်ပါဘူး။ ဥပမာ။ ။ ၂ ကျော့ ကစားလို့ ကောင်းတဲ့ လေ့ကျင့်ခန်းမျိုးကို ၄ ကျော့ပို ကစားလိုက်ရင် ပိုကောင်းမယ်၊ ပိုပြီး အကျိုးရှိမယ် ထင်တဲ့ လွဲမှားတဲ့ အယူအဆမျိုးတွေ ကို တတ်နိုင်သရွှေ့ ရှောင်ကြဉ် သင့်ပါတယ်။
ကစားတဲ့ အကျော့တွေများ သွားရင် နောက်တစ်ခါ ကစားချိန်အတွက် ပြန်ပြီးတော့ အနားယူချိန်ပိုယူ ရမယ်။ အားပြန်ပြည့်ဖို့ပိုပြီး ခက်သွားမယ်။ အနားမရရင် ကြွက်သား ကြီးထွားဖို့ မလွယ်ဘူး။ ဒီအချက်ဟာ ကျွန်တော်တို့ စပြီး ကစားတုန်းကလည်း ဖြစ်ခဲ့တဲ့ အမှားပါ။ ယနေ့ လူသစ်တွေလည်း ဖြစ်နေဆဲ အမှားပါပဲ။ များများမရင် များများ ကြီးမယ် ဆိုတဲ့အတွေးမျိုးပါ။
ယနေ့ ဂျင်မ် အများစုမှာ လေ့ကျင့်နေကြတဲ့ လူငယ်အများစုမှာ တစ်ချို့သော လူငယ်အများစုဟာ အခု ရေတွင်းတူး အခုရေကြည်သောက်ချင်နေကြတဲ့ ဆန္ဒမျိုးနဲ့ပဲ ကစားနေကြတဲ့ သူတွေက များပါတယ်။ များသောအားဖြင့် ကိုယ့်အရှေ့က ကာယဗလ လေ့ကျင့်ပြီး ကိုယ်ကာယ အချိုးအစား ပြေပြစ်သူများကို ကြည့်၍ မိမိလည်း သူတို့လိုမျိုး အချိုးအစား လှပချင်၍ ဖြတ်လမ်းက လိုက်၍ များများမ များများကြီးမယ် ထင်ကာ(၂) လ (၃)လ လောက်နဲ့ ကစားပြီး မိမိထင်သလို ဖြစ်မလာသောအခါ ကာယဗလ အားကစားကို မကောင်း ပြော သူတွေ လူငယ်တွေ အကြားမှာ ဒု နဲ့ဒေး ပါ။
ကာယဗလ လေ့ကျင့်မှုဟာ နေ့ချင်း ညချင်း တိုးတက်မှု ကို လိုချင်လို့မရပါဘူး။ ဒါကြောင့် ကာယဗလသမား အများစုမှာ တွေ့ရတဲ့ အဓိကအမှား (၁၀)ချက်ကို ရေးသား တင်ပြပေးလိုက်ပါတယ်။
1️⃣ကာယဗလ စတင်လေ့ကျင့်မယ့် လူတစ်ယောက်ဟာ အခြေခံ ကာယဗလ လေ့ကျင့်ရေသဘောတရားကို မလေ့လာဘဲ ရမ်းသမ်းပြီးေ လ့ကျင့်နေကြခြင်း။
2️⃣။ ကိုယ်တိုင်လေ့ကျင့်ရေး ပရိုဂရမ် မဆွဲနိုင်တဲ့ နည်းပြ တစ်ယောက်ရဲ့ လက်အောက်မှာလေ့ကျင့်ပြီး တစ်လလာလည်း ဒီကစားနည်း ၊နောက်တစ်လ လည်း ဒီကစားနည်း ဆိုတဲ့ ပုံသေကစားနည်းဖြင့်သာ သံသရာလည်နေခြင်း၊ တစ်နည်းအားဖြင့် မိမိနှင့်သင့်တော်သော ပရိုဂရမ်ကိုရေးဆွဲပြီး မလေ့ကျင့်ခြင်း။
3️⃣။လေ့ကျင့်ခန်းတစ်ခုသည် ဘယ်ကြွက်သားကို ထိရောက်မှုပေးသည်၊ ဘယ်ကြွက်သားကို ထိရောက်မှုမရှိစေဘူး ၊ ဘယ်လိုပြောင်းကစားလျင် ပိုပြီးထိရောက်မှု ရှိစေသည် စသည့်ထိရောက်မှု အာနိသင် အချက်အလက်များ ကို ဘေးကနေ ညွှန်ကြားပေးနိုင်သည့် နည်းပြမျိုးမရှိကြခြင်းနှင့် ကိုယ်တိုင်လည်း နားလည်အောင် မလေ့လာထားကြခြင်း။
4️⃣။လေ့ကျင့်ခန်းများကို တိကျမှန်ကန်သော ပုံစံဖြင့် မကစားခြင်း။တစ်နည်းအားဖြင့် တစ်ကျော့ မြန်မြန် ပြီးလျင် မြန်မြန်ပြီးသည်ဆိုသည့် သဘောနှင့် ပုံစံမကျ ယိမ်းနွဲ့ပြီး ညာဝါးကစားနေကြခြင်း။
5️⃣။လေ့ကျင့်ခန်းပြုလုပ်ရာတွင် ကြွက်သားကို အဆု့းထိ အပြည့်အ၀ ဆန့်ထုတ်မကစားခြင်း။
6️⃣။သွေးပူနှင့်သွေးအေးလေ့ကျင့်ခန်းများ မပြုလုပ်ဘဲ ကစားနေကြခြင်း။ (ကြွက်သားများ ထိခိုက်ဒဏ်ရာရမှု ကင်းရေးအတွက်)
7️⃣။မိမိ အစွမ်းကုန်နိုင်သော အလေးကို ကိုင်ပြီး စွမ်းအားကုန် ခွန်အား စိုက်ထုတ်မှု သုံးပြီးမလေ့ကျင့်ခြင်း။
8️⃣။အာဟာရဗေဒ ဗဟုသုတ နည်းပါးပြီး အာဟာရကို တန်ဖိုး သိစွာနှင့် တွက်ချက်ပြီး စနစ်တကျ အတိုင်းအတာဖြင့် မစားသုံးတတ်ခြင်း။
9️⃣။နည်းပြဆရာ ကောင်းကောင်းရှိသော်လည်း ကိုယ်တိုင်က စနစ်တကျလိုက်နာ မကျင့်သုံးဘဲ မိမိသဘော နှင့်မိမိ နောက်ကွယ်တွင် ထင်ရာစိုင်းလေ့ကျင့်ခြင်း။ ကိုယ်မှန်သည် ထင်သည့် ပုံစံနှင့် ကိုယ်စိတ်ကြိုက်ကစားခြင်း။
🔟။ကာယဗလ လေ့ကျင့်မှုနှင့် တိုးတက်မှု မှတ်တမ်းများမထားရှိဘဲ မိမိစိတ်ရှိသလို ထင်တိုင်းကြဲ လေ့ကျင့်ခြင်း။အစရှိတဲ့ ဖော်ပြပါအချက် (၁၀)ချက်ဟာ ယနေ့လူသစ်တွေမှာ အများဆုံး ဖြစ်တတ်ကြတဲ့ အချက်တွေပါ။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်ခဲ့တာပါ ။ယနေ့ လူငယ်တွေလည်း ဖြစ်ဆဲပါပဲ ဒါကြောင့် ကျွန်တော်တို့ ပေခ်ျ့ကိုဝင်ရောက်လေ့လာတဲ့ လူသစ်လေးတွေ ကို ကျွန်တော်တို့တုန်းကလို အချိန်ကုန် လူပင်ပန်း မဖြစ်စေဖို့ ၊ တစ်လ တစ်လ ဂျင်မ်တွေမှာ သင်တန်းကြေး အဆမတန်ပေးပြီး ဘာမှမထူး မဖြစ်စေဖို့အတွက် ကျွန်တော် သိသလောက် ကျွန်တော် ရေးသား တင်ဆက်ပေးလိုက်ပါတယ်။
တကယ် တော့ ကာယဗလ ပညာရပ်ဟာ လေ့လာ ဆည်းပူးလို့ မကုန်နိုင်ပါတဲ့ ပညာရပ်တစ်ခုပါ။ ပညာဆည်းပူးဖို့ လိုသလို လေ့ လာသုံးသပ်ဖို့လည်း လိုပါတယ်။ စမ်းသပ်အဖြေရှာဖို့လည်း လိုပါတယ်။ အတတ်ကြူး ဘီလူးဖြစ်ဆိုသလို အဆင့်ကျော်ပြီး မလေ့ကျင့်ကြပါနဲ့လို့ ထပ်လောင်း သတိပေးလိုက်ပါတယ်။
#အောင်အောင်_လှိုင်
31/07/2021
❤️ Covid ကာလ အိမ်မှာလေ့ကျင့်ဖို့free
Workout များ ❤️
💪အိမ်မှာလေ့ကျင်ဖို့workout လက်ဆောင်-1
(လေ့ကျင့်ခန်းတွေကို video demonstration Link ထည့်ပေးထားပါတယ်)
Covid third wave ခေါင်းထောင်လာချိန်မှာ
အိမ်မှာပဲလေ့ကျင့်ခန်း 🏋️♂️ လုပ်မဲ့မိတ်ဆွေ
တွေအတွက် အိမ်မှာလေ့ကျင့်လို့ရမဲ့ home workout လေးတခုမျှဝေပေးလိုက်ပါတယ်။
အခုတင်ပြပေးမှာကတော့ အိမ်မှာလေ့ကျင့်လို့
ရတဲ့ ကိရိယာလွတ် workout လေးဖြစ်ပါတယ်။
Circuit workout ပါ။ လေ့ကျင့်ရမဲ့ပုံစံက ပေးထားတဲ့ လေ့ကျင့်ခန်းခြောက်ခုကို တစ်ခုပီး တစ်ခုဆက်တိုက်ကစားရမှာပါ။ (အကယ်၍ဆက်တိုက်မကစားနိုင်ပါက လေ့ကျင့်ခန်း တခုနှင့် တခုကြား စက္ကန့်၂၀ နားနိုင်ပါသည်။)လေ့ကျင့်ခန်းခြောက်ခုလုံးပီးလျင်တကျော့ပီးပါပီ။ ထိုအချိန်တွင်၃-မိနစ်နားပါ။ ပီးလျင် နောက်တကျော့ ကစားပါ။ ကစားချိန်တချိန်မှာ စုစုပေါင်း circuit ၄ ကျော့ကစားပါ။
Warm up exercises- https://youtu.be/qQ96oXp5RTU
✅ Step up 15 reps each leg 👇
https://youtu.be/l4AA5d5mInQ
✅ Glute bridge 20 reps 👇
https://youtu.be/OUgsJ8-Vi0E
✅ push up 12 reps 👇
(မိမိခံနိုင်ရည်အပေါ်မူတည်ပီး video ထဲမှ
Level တခုကိုရွေးချယ်လေ့ကျင့်နိုင်ပါသည်။)
https://youtu.be/FaIpD_zfrJI
✅ mountain climber 20 reps 👇
https://youtu.be/nmwgirgXLYM
✅ Sprint 30 seconds 👇
https://youtu.be/_b-wm1x5pU4
✅ Standing torso rotation 12 reps 👇
https://youtu.be/EnJTqLyH9ZI
🌸 အကယ်၍ တတ်နိုင်သေးပါက circuit
လေးကျော့ပီးချိန်တွင်၊ လမ်းလျောက်ခြင်းကို
မိနစ် ၂၀ လောက်ထည့်ကစားနိုင်ပါသည်။
💪 လေ့ကျင့်ခန်းမလုပ်မှီသွေးပူပြုလုပ်ခြင်း
အကြောလျော့ခြင်းတို့ပြုလုပ်ပါ။ လေ့ကျင့်ခန်းပီးပါက လည်း အကြောလျော့ပါ။
Cool down exercises- https://youtu.be/u5Hr3rNUZ24
💪အိမ်မှာလေ့ကျင့်ဖို့့workout လက်ဆောင်-2
(လေ့ကျင့်ခန်းတွေကို video demonstration Link ထည့်ပေးထားပါတယ်)
အခုတင်ပြပေးမှာကတော့ အိမ်မှာလေ့ကျင့်လို့
ရတဲ့ ကိရိယာလွတ် workout လေးဖြစ်ပါတယ်။
Circuit workout ပါ။ လေ့ကျင့်ရမဲ့ပုံစံက ပေးထားတဲ့ လေ့ကျင့်ခန်းကိုးခုကို တစ်ခုပီး တစ်ခုဆက်တိုက်ကစားရမှာပါ။ (အကယ်၍ဆက်တိုက်မကစားနိုင်ပါက လေ့ကျင့်ခန်း တခုနှင့် တခုကြား စက္ကန့်၂၀ နားနိုင်ပါသည်။)လေ့ကျင့်ခန်းကေိုးခုလုံးပီးလျင်တကျော့ပီးပါပီ။ ထိုအချိန်တွင်၃-မိနစ်နားပါ။ ပီးလျင် နောက်တကျော့ ကစားပါ။ ကစားချိန်တချိန်မှာ စုစုပေါင်း circuit ၃-၄
ကျော့ကစားပါ။ Warm up exercises- https://youtu.be/qQ96oXp5RTU
✅ Burpee 10 reps 👇
https://youtu.be/auBLPXO8Fww
✅ Push up 10 reps 👇
https://youtu.be/FaIpD_zfrJI
✅ lunges 20 reps 👇
https://youtu.be/L8fvypPrzzs
✅ Kneeling squat 20 reps 👇
https://youtu.be/lh-m_KhCmkk
✅ high knee 30 reps 👇
https://youtu.be/oDdkytliOqE
✅lateral hoop 10 reps each side 👇
https://youtu.be/HuQ7bkZQVcY
✅ V ups 20 reps 👇
https://youtu.be/iP2fjvG0g3w
✅ hip dips 20 reps 👇
https://youtu.be/em4gADvYvMA
✅ Shoulder Taps 15 reps 👇
https://youtu.be/wcKyqAMqueQ
🌸 အကယ်၍ တတ်နိုင်သေးပါက circuit
ကစားပီးချိန်တွင်၊ လမ်းလျောက်ခြင်းကို
မိနစ် ၂၀ လောက်ထည့်ကစားနိုင်ပါသည်။
💪 လေ့ကျင့်ခန်းမလုပ်မှီသွေးပူပြုလုပ်ခြင်း
အကြောလျော့ခြင်းတို့ပြုလုပ်ပါ။ လေ့ကျင့်ခန်းပီးပါက လည်း အကြောလျော့ပါ။
Cool down exercises- https://youtu.be/u5Hr3rNUZ24
💪အိမ်မှာလေ့ကျင့်ဖို့့workout လက်ဆောင်-3
(လေ့ကျင့်ခန်းတွေကို video demonstration Link ထည့်ပေးထားပါတယ်)
အခုတင်ပြပေးမှာကတော့ အိမ်မှာလေ့ကျင့်လို့
ရတဲ့ ကိရိယာလွတ် workout လေးဖြစ်ပါတယ်။
Circuit workout ပါ။ လေ့ကျင့်ရမဲ့ပုံစံက ပေးထားတဲ့ လေ့ကျင့်ခန်းရှစ်ခုကို တစ်ခုပီး တစ်ခုဆက်တိုက်ကစားရမှာပါ။ (အကယ်၍ဆက်တိုက်မကစားနိုင်ပါက လေ့ကျင့်ခန်း တခုနှင့် တခုကြား ၁၅ စက္ကန့်နားနိုင်ပါသည်။)လေ့ကျင့်ခန်းရှေစ်ခုလုံးပီးလျင်တကျော့ပီးပါပီ။ ထိုအချိန်တွင်၃-မိနစ်နားပါ။ ပီးလျင် နောက်တကျော့ ကစားပါ။ ကစားချိန်တချိန်မှာ စုစုပေါင်း circuit ၃-၄ကျော့ကစားပါ။ Warm up exercises- https://youtu.be/qQ96oXp5RTU
✅ Gorilla 🦍 squat 15 reps 👇
https://youtu.be/ekJGP0U1duc
✅ Wall Glute bridge. 15 reps 👇
https://youtu.be/eOk9ERPwZE8
✅ Reverse Lunge with lateral flexion 10
Reps each side 👇
https://youtu.be/YNkFtVRP0aU
✅ Push up 12 reps 👇
https://youtu.be/FaIpD_zfrJI
✅ Plank 45 -60 seconds 👇
https://youtu.be/pSHjTRCQxIw
✅ Bear 🐻 hold shoulder tap 45 seconds 👇
https://youtu.be/ltwq3T9qvJI
✅ Good morning 15 reps👇
https://youtu.be/YA-h3n9L4YU
✅ V ups 20 reps 👇
https://youtu.be/iP2fjvG0g3w
🌸 အကယ်၍ တတ်နိုင်သေးပါက circuit
ကစားပီးချိန်တွင်၊ လမ်းလျောက်ခြင်းကို
မိနစ် ၂၀ လောက်ထည့်ကစားနိုင်ပါသည်။
💪 လေ့ကျင့်ခန်းမလုပ်မှီသွေးပူပြုလုပ်ခြင်း
အကြောလျော့ခြင်းတို့ပြုလုပ်ပါ။ လေ့ကျင့်ခန်းပီးပါက လည်း အကြောလျော့ပါ။
Cool down exercises- https://youtu.be/u5Hr3rNUZ24
💪အိမ်မှာလေ့ကျင့်ဖို့့workout လက်ဆောင်-4
(လေ့ကျင့်ခန်းတွေကို video demonstration Link ထည့်ပေးထားပါတယ်)
အခုတင်ပြပေးမှာကတော့ အိမ်မှာလေ့ကျင့်လို့
ရတဲ့ ကိရိယာလွတ် workout လေးဖြစ်ပါတယ်။
Circuit workout ပါ။ လေ့ကျင့်ရမဲ့ပုံစံက ပေးထားတဲ့ လေ့ကျင့်ခန်းရှစ်ခုကို တစ်ခုပီး တစ်ခုဆက်တိုက်ကစားရမှာပါ။ (အကယ်၍ဆက်တိုက်မကစားနိုင်ပါက လေ့ကျင့်ခန်း တခုနှင့် တခုကြား ၁၅ စက္ကန့်နားနိုင်ပါသည်။)လေ့ကျင့်ခန်းရှေစ်ခုလုံးပီးလျင်တကျော့ပီးပါပီ။ ထိုအချိန်တွင်၃-မိနစ်နားပါ။ ပီးလျင် နောက်တကျော့ ကစားပါ။ ကစားချိန်တချိန်မှာ စုစုပေါင်း circuit ၃-၄ကျော့ကစားပါ။
Warm up exercises- https://youtu.be/qQ96oXp5RTU
✅ Push up jack 15 reps 👇
https://youtu.be/8uqIred6RkQ
✅ reverse lunges + step up 15 reps👇
https://youtu.be/F72adrSjfiU
✅ Crab kick 25 reps 👇
https://youtu.be/d_57140plEE
✅High Knee running in place 1 min 👇
https://youtu.be/twGnMnUapAs
✅ Plank jump 45 -60 seconds 👇
https://youtu.be/oIwdTQElJNg
✅ side plank with rotation 30seconds👇
https://youtu.be/DXQ9YKHtcsk
✅ Lying Toracic rotations 30 seconds👇
https://youtu.be/twGnMnUapAs
✅ V ups 20 reps 👇
https://youtu.be/iP2fjvG0g3w
🌸 အကယ်၍ တတ်နိုင်သေးပါက circuit
ကစားပီးချိန်တွင်၊ လမ်းလျောက်ခြင်းကို
မိနစ် ၂၀ လောက်ထည့်ကစားနိုင်ပါသည်။
💪 လေ့ကျင့်ခန်းမလုပ်မှီသွေးပူပြုလုပ်ခြင်း
အကြောလျော့ခြင်းတို့ပြုလုပ်ပါ။ လေ့ကျင့်ခန်းပီးပါက လည်း အကြောလျော့ပါ။
Cool down exercises- https://youtu.be/u5Hr3rNUZ24
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ
01/07/2021
မပြောဘဲသိရမဲ့Gym ထဲကယဉ်ကျေးမှုများ
နေရာတိုင်းမှာယဉ်ကျေးမှု၊ စည်းကမ်းတွေရှိ
သလို၊ Gym ခန်းထဲမှာလည်း ယဉ်ကျေးမှု
စည်းကမ်းတွေရှိပါတယ်။
🎯 အလေးတွေကိုအသုံးပြုပီးတာနဲ့သူ့နေရာ
သူပြန်ထားပါ။ အလေးပြားတွေကိုအစဉ်လိုက်
ပြန်ထားဖို့လိုသလို၊ ဒမ်ဘယ်တွေကိုလည်းသူ့
နေရာသူပြန်ထားပါ။ 20 kg ဒမ်ဘယ်ကို 30 kg
ဒမ်ဘယ်နေရာမှာမထားမိပါစေနဲ့။
🎯 ရှေ့နောက်ကြည့်ပါ။ သူများဆော့နေတဲ့
အရှေ့ကနေ ဂဏာန်းလို ကားယား ကားယား
ဇောင်းငန်းငန်းနဲ့ ဟန်ရေးပြဖြတ်မလျောက်ပါနဲ့။
🎯 စက်သို့မဟုတ် အလေးကို မောင်ပိုင်မစီးပါနဲ့။အလှည့်ကျကစားပါ။
🎯 သင်ကစားထားတဲ့ခုံမှာပေနေတဲ့ ချွေးတွေ
ကိုနောက်လူအနှောက်အယှက်မဖြစ်အောင်
ပြန်သုတ်ပါ။
🎯 တကျော့နဲ့တကျော့ကြားဖုန်း 📱သုံးချင်
ရင်တပါးသူကစားလို့ရမဲ့ခုံတွေပေါ်ထိုင်ပီး
မသုံးပါနဲ့။
🎯 သန့်ရှင်းရေးဂရုပြုပါ။ချွေးနံ့စွရမ်းပြင်း
တဲ့သူတွေစွပ်ကျယ်နဲကစားပီ့း ပါတ်ဝန်းကျင်ကို
ဒုက္ခမပေးပါနဲ့။
🎯 ဆဲလ်ဖီဆွဲချင်ရင် လွတ်လွတ်ကျွတ်ကျွတ်
နေရာရှာပါ။
🎯 အမျိုးသမီး၊ အမျိုးသားရောဆော့ရတဲ့
Gym တွေမှာ၊ တချို့သောအမျိုးသမီးတွေ
လေ့ကျင့်ခန်းလုပ်ရတာအခက်ဖြစ်ရလောက်
အောင် ဇွတ်တွေပြူးပြဲမကြည့်ပါနဲ့🤣
🎯 အချို့သောကစားသမားတွေ အလေး
မနိုင်တော့တဲ့အခါ အမြင်မတော်လို့လိုက်ပေး
တာက ကောင်းပေမဲ့
🎯 Trainer နဲ့ဆော့နေသူတယောက်ကို
Form ကဘာဖြစ်တယ်/ညာဖြစ်တယ်ဝင်ပီး
ဆရာလုပ်ရလောက်အောင် ဘောင်မကျော်
မိပါစေနဲ့။ သည်းမခံတတ်သူနဲ့တွေ့ရင် ဆေးရုံ
ရောက်ပါလိမ့်မယ်။
🎯 အိမ်သာအသုံးပြုရင် ရေ 🚰သုံးပါ။
ဘိုထိုင်အိမ်သာမှာ ကော့ပန်းထားတာတွေနဲ့
ရေမဆွဲထားတာတွေက အရမ်းကို စိတ်ပျက်
စရာပါ။
ကဲကျွန်တော်မြင်တာပြောပီးပီ။ခင်ဗျားတို့ရော
ဘာတွေအဆင်မပြေဖြစ်လည်း မန့်ပေးကြပါဦး။
လေးစားလျက်-
Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့
Instagram acc လေးကို follow လုပ်ပေးပါ
ဦးခင်ဗျ 👇
https://instagram.com/gurunaing119?igshid=f4ja51x9ssop
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉
www.instagram.com
4,133 Followers, 164 Following, 458 Posts - See Instagram photos and videos from Guru Naing ()
17/06/2021
Gym ကစားသူလူငယ်တို ့အတွက်အကြံပြုချက်များ 🧠
Gym ရုံထဲ ကိုစတင်ခြေချပီဆိုတဲ့ ညီငယ်/ ညီမ
ငယ်များ အားလုံးကို Iron Jungle ကြီးမှ ကြိုဆို
လိုက်ပါတယ်။ Iron Jungle ဆိုတဲ့အတိုင်း ရှည်
လျားတဲ့ခရီး 🛣️၊ အကွေ့အကောက် အတက်အကျ
တွေနဲ ့ချီတက်ကြရတော့မှာပါ။ ဒါပေမဲ့ ဒီခရီးစဉ်
ရဲ ့အားသာချက်က နေ ့ရက်တိုင်းက ကျန်းမာခြင်း
နုပျိုခြင်းတွေ ကိုယ့်ဆီဆိုက်ဆိုက် မြိုက်မြိုက်
ရောက်လာနေတာ အားလုံးအသိပါ။
📝 ဟုတ်ပီ! ဒီတော့ ညီငယ်/ ညီမငယ်တွေ
အတွက် အကြံပြုချက် အချို ့ကိုမျှဝေပေးပါ့မယ်။
💪 Gym စကစားသူတွေကြားနေကျ စကားတစ်
ခွန်းက၊ ခန္ဓာကိုယ် ကြီးထွားဖို ့ဆိုရင် အလေးတန်း
ရှည် Barbell တွေနဲ ့ပဲ ကစားရမယ်ဆိုတာက
ယုတ္တိမတန်ပါဘူး။ လူတိုင်းအတွက် Barbell
Training က အဆင်မပြေပါဘူး။ ကြွက်သား💪
တွေက သူတို ့အပေါ်သက်ရောက်လာတဲ့
Resistance ကိုသာ အဓိက တုံ ့ပြန်တာပါ။
သူတို ့မှာ မျက်စိ 👀မရှိလို ့ Barbell တွေ
Dumbbell တွေ Cables တွေ Bodyweight
တွေမသိပါဘူး။ Think 🤔 clearly 😉
🥘 ပေါ်ပြူလာ အရမ်းဖြစ်တဲ့ စကားတစ်ခွန်းက
Diet က အသက်ပဲတဲ့။ 💯 % မှန်ကန်တဲ့ ✅
အယူအဆပါ။ ဒါပေမဲ့လွဲနေတာလေးတစ်ခုက
ခန္ဓာကိုယ်ထဲမှာ Skeletal Muscle တစ်ခုထဲရှိ
နေသလိုမျိုး protein + carb+ fat ဒါတွေပဲစား
ဒါတွေပဲ အဓိကဆိုတာမျိုးက လွဲနေပါတယ်။
💭 လေ့ကျင့်ချိန်မှာ အာရုံလွင့်နေပီး နာရီပေါင်း
များစွာ ကစားတာထက် စိတ်အာရုံစူးစိုက်ပီး
အကြိမ်တိုင်း အကျော့တိုင်းကို ညှစ်ကစားတာက
ပိုမိုထိရောက်ပါတယ်။
💰 ငွေကြေးအခြေအနေအရ အများကြီးထိထိ
မိမိ မစားနိုင်လို ့ စိတ်မညစ်ပါနဲ ့။ ကိုယ်စားနိုင်
သလောက်ပဲ ကစားပါ။ Body စွရမ်းလှဖို ့ထက်
ကျန်းမာဖို ့က အဓိကပါ။
✅ ဗိုက်အဆီ၊ လက်ပြင်အဆီ ၊ ပေါင်အဆီရယ်
လို ့သီးသန် ့ကွက်ချ၍မရပါ။ လုံးဝ ၊လုံးဝမရပါ။
🔑 စိတ်သာရှင်စော၊ ဘုရားဟောပါပဲ။
ကိုယ့်ကိုကိုယ် အတွေး 💭တွေ နဲ ့ ကန် ့သတ်ထိန်း
ချုပ်မထားပါနဲ ့။ သင်က ဟားးး ငါတော့ အဆီ
မကျနိုင်တော့ဘူးထင်တယ်၊ ဘယ်လောက်
လျော့စားလျော့စား 🍽️ ထပ်ထပ်ဝလာတယ်။
ငါတော့ body မကြီးနိုင်တော့လောက်ဘူး ဆိုတဲ့
အတွေးတွေ နဲ ့ ပိတ်လှောင်မထားပါနဲ ့။သင်တွေး
တဲ့အတိုင်း သင်ဖြစ်လာမှာပါ။
💲 ငွေကြေးမတတ်နိုင်လို ့ ၊ ဖြည့်စွက်ဆေး
တွေ မသောက်နိုင်လို ့ဝမ်းမနည်းပါနဲ ့။ သင့်ရဲ ့
Results တွေက သင့်ရဲ ့အားထုတ်မှုနဲ ့သာ
တိုက်ရိုက်အချိုးကျပါတယ်။ အဓိကနဲ ့သာမည
ခွဲသိပါ။ တကဲ့အာဟာရကို အားပြုပါ။ ဖြည့်စွက်
ဆေးတွေက ဒုတိယပါ။
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉
09/06/2021
အဆီချလိုသူတွေဂရုပြုရမဲ့တလွဲအယူအဆများ
အဆီချဖို့ကြိုးစားတေသူအများစုဟာ လွဲမှားတဲ့
အယူအဆ False Hope တွေကြောင့် လက်လျော့
ရပ်တံ့ခဲ့ရသူတွေ တပုံကြီးပါ။ ဒီတော့ ဂရုပြု
ဆင်ခြင်နိုင်အောင် အယူအဆအလွဲ အချို့ကို
တင်ပြပေးပါ့မယ်။
-ဗယ်လီများများရိုက် ဗိုက်များများ ကစားလို့
ဗိုက်အဆီမကျပါဘူး။
-အဆီကျစေတဲ့ လေ့ကျင့်ခန်းရယ်လို့လည်း
တိုက်ရိုက်မရှိပါ။
-ပြေးခြင်း၊ လမ်းလျောက်ခြင်း ကဲ့သို့သော
ကာဒီရိုလေ့ကျင့်ခန်း 🏃♀️တွေကိူတိုးတိုးလုပ်
တိုင်း အဆီကျနှုန်း မြန်တာမဟုတ်ပါ။
-ရုတ်တရက် အစားတွေ အများကြီး လျော့စား
ခြင်းက ကြွက်သားမျှင်တွေကိုပါ လောင်ကျွမ်း
ပျက်စီးစေပါတယ်။
-ကိုယ်တွင်းမှာ အဆီပမာဏ နည်းလာလေလေ
အဆီထပ်ကျဖို့ခက်လာလေလေပါပဲ။
-အဆီချရာမှာ စွဲမြဲလေလေ ရလာဒ်ကောင်းလေ
လေပါပဲ။
-အဆီချတဲ့ဖြစ်စဉ် ကအချိန်ယူရပါတယ်။
-လောကကြီးမှာ ပီးပြည့်စုံတဲ့ Training + Diet
Plan ဆိုတာမရှိပါ။ကိုယ့်လိုအပ်ချက်၊ လုပ်နိုင်စွမ်း
နဲ့Adjust လုပ်ပီး စွဲစွဲမြဲမြဲ လိုက်လုပ်နိုင်တဲ့ program
သာအကောင်းဆုံးပါ။
✅Resistance Training + ကယ်လိုရီ လျော့
ချခြင်းက အဆီချဖို့ အကောင်းဆုံးနည်းလမ်းပါ။
🚨 ကာဒီရို + ကယ်လိုရီ လျော့ချခြင်းက ကြွက်
သားတွေပါ လောင်ကျွမ်းသွာမဲ့နည်းလမ်းဆိုတာ
ဂရုပြုပါ။🚨
🔑 Resistance Training + Cardio+ Calorie
Reduction သုံးမျိုးပေါင်းစပ်ခြင်းကတော့
အစားပိုစားပီး အဆီကျရန် အကောင်းဆုံးသော
နည်းလမိး ဖြစ်တယ်ဆိုတာပါပဲ။🔑
ကဲ !သင်ဘယ်နည်းလမ်းကို အသုံးပြုနေသလဲ???
ဒီဆောင်းပါးက သင့်အတွက် တခုခုရမယ်လို့
မျှော်လင့်ပါတယ်🤝
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉
08/06/2021
Crd💪
တင်ပါး ကြီးထွားရန်
အမျိုးသမီးအတော်များများက အသွင်အပြင်ကိုမြင့်တင်ရန် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန် ကောင်းမွန်သော တင်းပါး အလှကောက်ကြောင်းကိုလိုချင်ကြတယ်။အချို့အမျိုးသမီးတွေက သူတို့ရဲ့အိမ်မက်ကိုလျင်မြင်စွာရရှိအောင် စျေးကြီးတဲ့အလှကုန်ခွဲစိတ်မှုတွေ အလှအပဆိုင်ရာ လိမ်းဆေးတွေကိုသုံးကြတာများတယ်။
ဤနည်းစနစ်သည် အန္တာရယ်ရှိနိုင်ချေများသလို ကျန်းမာရေးအခြေနေကို အဆိုးဆုံးဖြစ်နိုင်သည်။လှပသော တင်ပါးက အမျိုးသမီးများအတွက် သဘာဝကျသော ဖန်ရှင်ကျသောပုံစံတစ်ခုဖြစ်သည်။အမျိုးသမီးတစ်ယောက်ဟာ ပိန်သွယ်လှပသော ခါးသေးပြီး တင်းပါးဝိုင်းပြည့်နေမှ ခန္ဓာကိုယ်ဟာ လှပတင့်တယ်နေခြင်းဖြစ်သည်။ဒါကြောင့် အန္တာရယ်ကြီးမားသော ခွဲစိတ်စရာမလိုပဲ တင်းပါးကို ကြီးထွားဆအာင်လုပ်နိုင်သည်။တင်ပါးကြီးထွားရန် အချိန်ဘယ်လောက်ယူရမလဲဆိုရင် မိမိတို့ စားသော အစားသောက်တွေပေါ်မူတည်တယ် လေ့ကျင့်ခန်းတွေပေါ်မူတည်တယ် သုံးလလောက် အချိန်ယူပြီးလုပ်ဆောင်ပါ။တကယ်လို့ မိတ်ဆွေဟာ ခန္ဓာကိုယ်မှာ အဆီများနေမယ်ဆိုရင် အဆီကိုဦးစားပေးအရင်ချပါ ပြီးလိုချင်တဲ့ body shape ကိုပုံသွင်းပါ အဆီများနေလျှင် body ဟာ ရုပ်ပုံလို့ရမှာမဟုတ်ပါ။Compound Glutes workout တွေကိုဦးစားပေးလေ့ကျင့်ပါ။အလေးနဲ့လေ့ကျင့်ချိန်တွင် အလေးကိုမကြောက်ပါနဲ့ အလေးဝန်ကိုတိုးပြီးလေ့ကျင့်ပါ ကြွက်သားကြီးထွားခြင်ရင် အလေးများများအကြိမ်နဲနဲဖြင့် လေ့ကျင့်ပါ။အစားသောက် diet ကို သေချာရွေးချယ်စားသောက်ပါ။
Workouts
Regular squats
https://youtu.be/jjVpDI6x_ec
sumo squats
https://youtu.be/sqDGkIBYPAk
Bulgarian split squats
https://youtu.be/QD4P9Di7L20
Deadlifts
https://youtu.be/LTsoiLj9Bto
sumo deadlifts
https://youtu.be/O1L2EYsVZa0
Hip thrusts
https://youtu.be/Zp26q4BY5HE
Step-ups
https://youtu.be/dG75KOf4EtY
Lunges
https://youtu.be/L8fvypPrzzs
Glute bridges
https://youtu.be/OUgsJ8-Vi0E
Donkey kickbacks
https://youtu.be/SJ1Xuz9D-ZQ
အားလုံးပဲ တင်ပါးကောက်ကြောင်းလှပါစေ
workout program တွေရောင်းချပေးပါသည်။
Online ပေါ် မှ Training program တွေ diet plan တွေရောင်းချပေးနေပါပြီ။
ပြင်ပတွင်လည်းအနီးကပ် personal trainer ဝန်ဆောင်မှုပေးပါသည်။
, M F T A,
personal fitness trainer (men physique ,trainer Jack Logan)
Rehab Trainer
Internatiinal Sport Sciences Association ,Nutritionist,Bodybuilding Coach,Certified Personal Trainer.ISSA
Elite Trainer.
PH-09754357005
Squats | Shilpa Shetty Kundra | Fitness | The Art Of Strengthening
Squats helps in toning legs. This a simple exercise, just like sitting on an imaginary chair. Here is the link for all the fitness freaks out there - http://...
06/06/2021
Body Transformation လျို့ဝှက်ချက်များ💪
❤️ လေ့ကျင့်ခန်း 🏋️♂️ ပုံမှန်ပြုလုပ်ခြင်းက စိတ်
ရောကိုယ်ပါ ငယ်ရွယ်နုပျိုခြင်းရဲ့အုတ်မြစ်ပါပဲ။ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းဖို့ထက်
ပိုပီး နောက်တဆင့်တက်လှမ်းတော့မယ်ဆိုရင်
ခန္ဓာကိုယ်အချိုးအစား ကောက်ကြောင်းတွေလှပဖို့ပါပဲ။ ဒီတော့လက်ရှိခန္ဓာကိုယ်ကနေ နောက်
တဆင့်ပြောင်းဖို့ကြိုးစားရင် အချိန်ကုန်လူပမ်း
ကြတဲ့သူတွေအများကြီးပါ။Personal Training
Service ပေးနေတဲ့ Team ကိုတည်ထောင်ထား
သူတယောက်အနေနဲ့ Clients ပေါင်းများစွာရဲ့
Body transformation ဖြစ်ဖို့အဟန့်အတား
ဖြစ်နေတဲ့ လိုအပ်ချက်အချို့ကို မျှဝေပေးလိုက်
ပါတယ်။
💪စွဲမြဲမှု Consistency ကအဓိကသော့ချက်ပါ။ ခန္ဓာကိုယ်က ညတွင်းချင်း တည်ဆောက်
လို့ရတာမျိုးမဟုတ်တဲ့အတွက် အချိန်ယူရပါ
မယ်။
🏋️♀️ Strength Training က မပါမဖြစ်ဆရာကြီး
ပါ။ကြွက်သားတွေ ထွားကျိုင်း တင်းရင်း လှပ
ဖို့တခုထဲသောနည်းလမ်းက အလေးတွေနဲ့လေ့
ကျင့်ခြင်းပါပဲ။
📝 စနစ်တကျရေးဆွဲထားတဲ့ လေ့ကျင့်ရေး
ပရိုဂရမ်တစ်ခုကို ၆-ပါတ်လောက်တော့ သေချာဆော့ကြည့်ပီး adjust လုပ်ရမှာပါ။
တနေ့တခါ workout အပြောင်းအလဲလုပ်နေ
တဲ့ Trainer တွေရင် မိုင် ၁၀၀ အဝေးမှာနေပါ။
💪 Progressive overload ကိုအသုံးပြုပီး၊
သန်စွမ်းမှုကိုတိုးတက်အောင်ကြိုးစားပါ။
🛌 လေ့ကျင့်ခန်း 🏋️♂️တွေက ခန္ဓာကိုယ်ကို
Stress ပေးတာပါ။ ဒါကြောင့်ခန္ဓာကိုယ်ကို
လုံလောက်တဲ့အနားယူမှုပေးရပါမယ်။
ပရိုဂရမ်ဘယ်လောက်ကောင်းကောင်း လုံ
လောက်တဲ့နားချိန်မရှိရင် အလကားပါပဲ။
💦 ချွေးထွက်များခြင်း၊ ကြွက်သားတွေနာ
ကျင်ကိုက်ခဲခြင်းက workout effective
ဖြစ်/မဖြစ် တိုင်းတာတဲ့ပေတံ 📏မဟုတ်ဘူး
ဆိုတာ သတိပြုပါ။ ဒါကြောင့် Feeling
အပေါ်မှာ focus မလုပ်ပါနဲ့။ခင်ဗျားအတွက်
အကျိုးမရှိပါဘူး။
🚶♂️Gym ထဲမှာ လုပ်တဲ့ အလေးမ၊ ကာဒီရို စတဲ့
လေ့ကျင့်ခန်းတွေက သင်ထင်သလောက် ကယ်
လိုရီအများကြီးကို လောင်ကျွမ်းပစ်တာမဟုတ်
ပါဘူး။Daily activity တွေကပိုလောင်ကျွမ်း
စေတာပါ။ မယုံရင် ဒီစာကို ထိုင်မဖတ်ဘဲ လမ်း
လျောက်ရင်းဖတ်ကြည့်ပါလား။
🔥 အဆီကျတဲ့လေ့ကျင့်ခန်း၊ ဗိုက်ကျတဲ့လေ့ကျင့်ခန်၊ ပေါင်ကျတဲ့လေ့ကျင့်ခန်း ဆိုပီးအမေး
များလို့ပြောပါရစေ။ အဆီကျစေတဲ့ လေ့ကျင့်
ခန်းရယ်လို့မရှိသလို၊ ခန္ဓာကိုယ်အစိတ်အပိုင်း
တစ်ခုထဲကို ကွက်ပီးအဆီချတဲ့လေ့ကျင့်ခန်း
လည်းမရှိပါ။
🎯 ကိုယ့်ရဲ့ Goal အပေါ်တားဂတ်ထားပါ။
အဲ့ဒီ Goal ရောက်စေမဲ့လုပ်ဆောင်ချက်မှန်သ
မျှကို အားစိုက်လုပ်ပါ။ တခြားသူတွေရဲ့လုပ်
ဆောင်ချက်တွေ ရလာဒ်တွေက ခင်ဗျားနဲ့မ
ဆိုင်ဘူးဆိုတာ သဘောပေါက်ထားရင်ရပါပီ။
👆အပေါ်မှာတင်ပြထားတာလေးတွေက
ရိုးရှင်းသော်လည်း လိုက်မလုပ်မိတဲ့အချက်
လေးတွေပါ။ ကျန်းမာပီး လှပနိုင်ကြပါစေ။
Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့
Instagram acc လေးကို follow လုပ်ပေးပါ
ဦးခင်ဗျ 👇
https://instagram.com/gurunaing119?igshid=f4ja51x9ssop
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉
03/06/2021
လူတိုင်းက အာနိုးမဖြစ်နိုင်ပါ
ဒီခေါင်းစဉ်က အပြုသဘောဆောင်တဲ့
ခေါငိးစဉ်လေးပါ။ ကျွန်တော်တို့ခပ်ငယ်ငယိ
ကာလ Gym တွေ စဆော့ချိန်မှာတော့ Bodybuilding ဆိုတဲ့ ဝေါဟာရရဲ့စွမ်းပကား
ကြောင့် လူငယ်အားလုံးလိုလို ကာယဗလ
ကြီးထွားရေးကို သဲသဲမဲမဲ အာရုံပြုရူးသွပ်
ခဲ့ကြတာပေါ့ဗျာ။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ Fitness ဆိုတဲ့
ဝေါဟာရကတွင်ကျယ်လွှမ်းမိုးလာပီးလူငယ်
အများစုကလည်း educated တွေဖြစ်လာကြ
တော့ ကာယဗလကြီးထွားရေးထက် ကျန်းမာ
ကြံ့ခိုင်တဲ့၊အရည်သွေးပြည့်ဝတဲ့ဘဝတဲ့
Quality of life ကိုပဲအာရုံပြုလာကြပါတယ်။
တကယ်တော့ ကာယဗလမောင်တစ်ယောက်
ရဲ့ဘဝက အရမ်းပင်ပမ်းပါတယ်။ ဒါကြောင့်
လည်း လေးထပ်ကွမ်း မောင်အိုလံပီယာ
ချန်ပီယံဟောင်း ဂျေးကတ်လာက လူတိုင်း
ကာယဗလချန်ပီယံ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်
ကာယဗလဟာ သင့်ဘဝရဲ့အစိတ်အပိုင်းတခု
ပဲဖြစ်သင့်တယ်။ ဘဝတခုလုံးမဖြစ်သင့်ဘူးလို့
လူငယ်တွေကို အကြံပေးခဲ့တာပါ။
ဒါကြောင့် ကာယဗလမောင်တွေရဲ့
❌ တနေ့ ၂-ချိန်ကစားခြင်း သို့မဟုတ်
Workout တစ်ချိန်ကို နာရီတွေနဲ့ချီအောင်
လေ့ကျင့်တာတွေ
❌ Meal Box တွေ၊ အသား 🥩 တွေ၊
အပြုတ်တွေ၊ ဖြည့်စွက်ဆေးတွေ၊ PED တွေ
❌ Fasted stage cardio တွေ၊ Heavy weight တွေနဲ့
❌ Lifestyle တွေက ပြိုင်ပွဲဝင်ဖို့မရည်ရွယ်
တဲ့သင့်လို သာမန်ကစားသမားတစ်ယောက်
အတွက် မဟုတ်ဘူးဆိုတာသတိပြုပါ။
✅ သင်ဟာ ကျန်းမာရေးအတွက်ကစားမယ်
✅ social life ရှိမယ် ဒါကြောင့် ဒိုင်းယက်ဟာ
၁၀၀% ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး
✅ လေ့ကျင့်ခန်းအတွက်လည်း တပါတ်ကို
၄-၆ နာရီလောက်ပဲပေးနိုင်မယ် တခါတလေ
အအိပ်ပျက်မယ်၊ လေ့ကျင့်ခန်းပျက်မယ်
အဲ့လို lifestyle ရှိသူတယောက်အနေနဲ့
Professional lifestyle ကို ဖဝါးခြေထပ်
လိုက်ရင်သင်မှားပီ။
ကျန်းမာရေး လိုက်စားသူတစ်ယောက်အတွက်
ဘယ်လို Training & Diet တွေက သင့်တော့မလဲတွေးရင်း ဝါဒီများလာတဲ့အခါ ရှင်းလင်းတိ
ကျစွာသိဖို့ ဒီသင်တန်းတက်ပါ👇
https://www.facebook.com/885104638183061/posts/4765091956850957/
Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့
Instagram acc လေးကို follow လုပ်ပေးပါ
ဦးခင်ဗျ 👇
https://instagram.com/gurunaing119?igshid=f4ja51x9ssop
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉