04/01/2024
Grade-8
Subject-သိပ္ပံဘာသာရပ်
အခန်း(၉)၊ သင်ခန်းစာ (၉.၂)
အလင်းခေါင်းစဥ်မှ
အဖြူရောင်အလင်းတန်းတစ်ခုတွင်ပါဝင်သောရောင်စဥ်(၇)မျိုး (အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊အပြာ၊မဲနယ်၊ခရမ်း) အား သုံးမြှောင်ဖန်တုံးကိုအသုံးပြု၍
ကျောင်းသား/သူများ လက်တွေ့စမ်းသပ်ပြသခြင်း
03/01/2024
လွတ်လပ်ရေးနေ့ကျောင်းပိတ်ပါသည်။
31/12/2023
နှစ်သစ်မှာ ဆရာဆရာမများ,ကျောင်းသားမိဘများနှင့်ကျောင်းသားကျောင်းသူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Wisdom Eye
ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု
16/07/2023
အာဇာနည်နေ့အထိမ်းအမှတ်မူလယ်ထက်ကျောင်းသားကျောင်းသူများယှဉ်ပြိုင်ကြမည့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲ❤️❤️❤️
10/04/2022
အားမှ မကစားခိုင်းစေလိုပါ
----------------------------------------
"လူကြီးတွေဂေါက်ရိုက်တာကိုအားကစားလုပ်တာတဲ့"
"ကလေးတွေအားကစားလုပ်တော့ ဆော့တာတဲ့"
အားသည်ဖြစ်စေ၊မအားသည့်ဖြစ်စေ ဘောလုံးအားကစားတိုးတက်ဖို့ဆိုရင်
"ဘောလုံးပုံမှန်ကစားခိုင်းပါ"
ကလေးတွေကို ဘောလုံးသင်ပေးတာကို ရေးကြီးခွင်ကျယ် လုပ်နေတယ်လို့ ဝေဖန်ခံရတော့ အံ့ဩမိသည်။
တစ်ကယ်တော့ Grassroots Level ကိုသင်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ သင်ပေးဖူးတဲ့ ဆရာတိုင်းကို မေးကြည့်စေလိုသည် ။
🔰ငယ်ရွယ်တဲ့ ကလေးတွေကို စတင်ပျိုးထောင်လေ့ကျင့်ပေးတဲ့နေရာမှာ သင်ပေးတဲ့ ဆရာရဲ့ စိတ်ရှည်မှု ၊ စေတနာအပြည့်နဲ့ စိတ်အားထက်သန်စွာ သင်ကြားပေးနိုင်မှု ၊ ကိုယ်သင်ကြားပေးတဲ့ ကလေးတွေရဲ့ အသက်အရွယ်နဲ့ ခံနိုင်ရည် ပေါ်မှုတည်ပြီး သင့်တော်တဲ့ နည်းစနစ်နဲ့ လေ့ကျင့်ခန်းတွေကို လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲ ညှိုနှိုင်း သင်ကြားပေးဖို့က အရေးကြီးသည် ။
🔰ကလေးတစ်ယောက်ချင်းစီရဲ့ ကိုယ်ခန္တာ ဖွဲ့စည်းပုံ ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုအခြေအနေ ၊ပင်ကိုယ်အရည်အချင်းတွေအပြင် မတူညီတဲ့ လူမှုအသိုင်းအဝိုင်း က လာတဲ့ ကလေးတွေရဲ့ တစ်ဦးချင်း စိတ်ခံစားမှု အခြေအနေတွေကို နည်းပြဆရာက တစ်လေးတစ်စားနဲ့ နားလည်လက်ခံပြီး စနစ်တကျလေ့ကျင့်သင်ကြားပေးဖို့ အရေးကြီးပါသည်။
ဒါတွေကို စနစ်တကျ နားလည်တတ်ကျွမ်းဖို့ဆိုတာက ဌက်ပျောသီးကို အခွံခွါ စားသလောက်တော့ မလွယ်။ ဝေဖန်ရေး နှင့်လေကန်ရေးကတော့ လူတိုင်း လုပ်တတ်ကြတဲ့ အလွယ်ကူဆုံး ကိစ္စမဟုတ်ပါလား။
🔰ကမ္ဘာကျော် အလီဘာဘာ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး ဂျက်မားကတော့ လူသားမျိုးနွယ်အတွက် အနာဂတ် ပညာရေး(တစ်နည်း ) စက်ရုပ်တွေ၊ သင်လို့မရ၊ လူတွေပဲ သင်ယူခံစားလို့ရသည့် ပညာရေးဟာ “အားကစား၊ ဂီတ၊ ပန်းချီ” ဘဲရှိတယ်လို့ ပြောခဲ့ဖူးပါသည်။
👨👨👧👦လူတွေရဲ့ “အနာဂတ်ပညာရေး”ဟာ အားကစားလို့ ဂျက်မားက အဓိပ္ပာယ်ဖွင့်ဖူးသည်။
✅အနာဂတ်ကမ္ဘာမှာ အားကစားသည် ပညာရေး
✅အားကစားသည် စား၀တ်နေရေး
✅အားကစားသည် လူသားအနာဂတ်
ဖြစ်လာလိမ့်မယ်လို့ ဂျက်မားက ညွှန်းဆို နိမိတ်ဖတ်ခဲ့သည် ။
🔰ဤ မျှ အရေးကြီးသည့် အားကစားကို ကလေးတွေကစားနေကြတာဘဲ အားမှ ကစားခိုင်းမယ်ဟု ပေါ့ပေါ့တန်တန် သဘောထားလျှင်တော့ နေရာတကာ မှာ နောက်ကျကျန်နေရစ်ခဲ့မှာ အသေအချာပင်ဖြစ်သည်။
HKKZ