TU Hmawbi Football club

TU Hmawbi Football club

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TU Hmawbi Football club, Amateur Sports Team, ShweDaGon PAGODA, Yangon.

24/03/2020
Photos 24/03/2020

#သတိရှိစွာနဲ့ဂရုစိုက်ကြပါ
#အားလုံးပဲဘေးကင်းကြပါစေ 🙏

24/12/2019

နည်းပညာတက္ကသိုလ်(မှော်ဘီ) ၂၀၁၉-၂၀၂၀ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်.......
(၁) ပါဝင်ယှဥ်ပြိုင်မည့် အသင်းများအတည်ပြုခြင်း
(၂) အုပ်စုခွဲခြင်း
(၃) ပွဲစဥ်ဇယား အတည်ပြုခြင်း
(၄) လိုအပ်သော စည်းမျဥ်းစည်းကမ်းသတ်မှတ်ခြင်း
စသည်တို့ကို ညှိနိုင်း ဆောင်ရွက်ရန်အတွက်
major အလိုက် အသင်းခေါင်းဆောင် နှင့်အသင်းသားတစ်ဦး တို့သည် (၂၇-၁၂-၁၉) သောကြာနေ့ နေ့လည် ၁၂:၃၀ အချိန်တွင်
အခန်း (3/213(B)) Hydraulic and Pneumatic lab room တွင် အစည်းအဝေး မဖြစ်မနေ တက်ရောက်ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
Credit - Dr. Htun Lin Aung

10/08/2019

FT : TU Hmawbi 0-2 WYU
😥😥😥😥

So sorry for TU Hmawbi

10/08/2019

နည်းပညာတက္ကသိုလ်​(​မှော်​ဘီ) ​ဘောလုံးအသင်းသားများ​ကောင်းမှု 🙏

09/08/2019

TU-Hmawbi Vs WYU ( Men , Final Match)
ပွဲစဉ်​အား လိုက်​ပါ အား​ပေးကြမည့်​ ပရိတ်​သတ်​များ
သွားလာ​ရေး အဆင်​​ပြေ​စေရန်​ အတွက်​ ဖန်​များသီး
သန့်​ကားတစ်​စီး စီစဉ်​​ပေးထားလျက်​ရှိပါတယ်​...ခင်​ဗျာ
စုရပ်​ - သုံးထပ်​​ကျောင်း​ဆောင်​ကြီး အ​ရှေ့
အချိန်​- 9:30AM ( မနက်​ ၉နာရီခွဲ တိတိ)
ရက်​စွဲ- 10-8-2019 ( Saturday)

09/08/2019

Men Final 💥💥💥

TU Hmawbi vs WYU

10.8.2019
Saturday @1:00PM
Htone Stadium

TU Hmawbiကျောင်းအတွက် ဒီနှစ်ဟာ ဂုဏ်ယူစရာကောင်းတဲ့နှစ်တစ်နှစ်ပါ။ ဘာလို့လဲဆို အမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်လို့ပါပဲ။

မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးဗိုလ်လုပွဲစဉ်မှာတော့ TU Hmawbiအမျိုးသမီးအသင်းဟာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။ သို့ပေမဲ့ အိမ်ရှင်WYUအသင်းကို ယှဉ်ကစားနိုင်ခဲ့ပြီး သွင်းဂိုးနှစ်ဂိုးပြန်လည်ရယူခဲ့ပေမဲ့ တစ်ဦးချင်းစွမ်းရည်ပိုသာတဲ့ WYUအသင်းကပဲ ဖလားကိုဆက်လက်သိမ်းပိုက်သွားခဲ့ပါတယ်။

အမျိုးသားဗိုလ်လုပွဲစဉ်မှာလည်း TU Hmawbiအသင်းနဲ့ WYUအသင်းတို့ပဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နှစ်သင်းလုံးဟာ ဖလားသိမ်းပိုက်ဖို့ အခွင့်အရေးကိုယ်စီရှိနေကြတာဖြစ်ပါတယ်။

TU Hmawbiအသင်းရဲ့ ဗိုလ်လုပွဲလာရာလမ်းကြောင်းကို ကြည့်မယ်ဆိုရင် အုပ်စုပွဲတွေဖြစ်တဲ့ YTUနဲ့ UCSYအသင်းတွေကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ WYTUအသင်းကို Penalty အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာတွေ့ဆုံမယ့် WYUအသင်းကတော့ WYTUကို အုပ်စုတွင်းမှာအနိုင်ယူခဲ့ပြီး ဆီမီးအဆင့်တွင် UCSYကို ထပ်မံအနိုင်ယူကာ ဗိုလ်လုပွဲတက်လာတာဖြစ်ပါတယ်။

အမျိုးသားဖိုင်နယ်ပွဲကို ယခင်က အနောက်ပိုင်းတက္ကသိုလ်ကွင်းတွင် ကျင်းပဖို့စီစဉ်ထားရာမှ ရာသီဥတုဆိုးရွားမှုနဲ့ ကွင်းအခြေအနေကြောင့် သထုံကွင်း(စိုက်ပျိုးရေးမှတ်တိုင်)တွင် ပြောင်းလဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကျောင်းရဲ့ နောက်ဆုံးဖိုင်နယ်ပွဲကြီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးကြပါ။ ကျောင်းပိတ်ရက်လည်းဖြစ် ကွင်းကလည်း လမ်းသင့်တဲ့လှည်းတန်းအနားမှာပဲဖြစ်လို့ ကျောင်းသားကျောင်းသူများ လာရောက်ဖို့ အခက်တွေ့လိမ့်မယ်မထင်ပါဘူး။

ပြိုင်ပွဲတစ်လျှောက်လုံး လာမကြည့်ဖြစ်ခဲ့ရင်တောင် ကျတော်တို့အသင်းသားတွေက ဖိုင်နယ်ပွဲလာကြည့်ဖို့ အခွင့်အရေးကို ဖန်တီးပေးထားပါတယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ပါ။ ကျတော်တို့ကစားသမားများကလည်း အနောက်ပိုင်းဇုန်ရဲ့ချန်ပီယံဟာ TU Hmawbi ပါလို့ လက်မထောင်ပြီးပြောနိုင်အောင် ကစားပြပါ့မယ်။

ဗိုလ်လုပွဲပြီးနောက် ဆုပေးပွဲကို တစ်ခါတည်း ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။

Fighting TU Hmawbi💥💥💥

08/08/2019

Women Cup Final

FT: TU Hmawbi 2-12 WYU

ကြိုးစားကစား​ပေးသွားခဲ့တဲ့ ကစားသမားများအားလုံးနဲ့
လာ​ရောက်​အား​ပေးကြပါ​သော ပရိတ်​သတ်​များအားလုံးကို အထူးပဲ ​ကျေးဇူးတင်​ရှိပါတယ်​ ..ခင်​ဗျာ 👏

07/08/2019

Postponed Match💥💥💥

Women Final

TU Hmawbi vs WYU

8.8.2019
Thursday @11:00AM
@သထုံကွင်း

ပွဲချိန်ရွှေ့ဆိုင်းထားသော အမျိုးသမီးဗိုလ်လုပွဲစဉ်ကို မနက်ဖြန်နေ့လည်၁၁နာရီတွင် သထုံကွင်း(စိုက်ပျိုးရေးမှတ်တိုင်)၌ ပြောင်းရွှေ့ယှဉ်ပြိုင်ကစားမည်ဖြစ်ပါသည်။

ကျောင်းမှFerryကားများ မနက်၈နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ပါသည်။

07/08/2019

Breaking☔☔☔

ရာသီဥတုအခြေအနေကြောင့် ယနေ့အမျိုးသမီးဗိုလ်လုပွဲစဉ်အား မနက်ဖြန်နေ့လည်၁၁နာရီ သထုံကွင်းသို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

06/08/2019

Women Final💥💥💥💥

TU Hmawbi vs WYU

7.8.2019
Wednesday @3:00PM
Stadium

အနောက်ပိုင်းဇုန်တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အမျိုးသမီးပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲကြီးကိုတော့ မနက်ဖြန်ညနေ၃နာရီမှာ ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ TU Hmawbiအမျိုးသမီးအသင်းနဲ့ WYU အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နှစ်သင်းလုံးဟာ မနှစ်ကလည်း ဗိုလ်လုပွဲကိုတက်ရောက်ထားတဲ့ အသင်းတွေဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ယခုနှစ်အုပ်စုတွင်းမှာလည်း တွေ့ဆုံခဲ့ဖူးပြီး အဲ့ပွဲမှာတော့ TU Hmawbiအသင်းဟာ ၂ဂိုးပြတ်နဲ့အရေးနိမ့်ထားပါတယ်။ နှစ်သင်းလုံးဟာ ဗိုလ်လုပွဲဆီသို့ ထိုက်ထိုက်တန်တန်တက်ရောက်လာခဲ့တာဖြစ်ပြီး TU Hmawbiအမျိုးသမီးအသင်းကတော့ ယခင်နှစ်ဗိုလ်လုပွဲကအရှုံးကို ပြန်ပေးဆပ်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။

TU Hmawbiအမျိုးသမီးအသင်းကို နည်းပြအဖြစ် ကိုမျိုးကျော်ဦးမှ သင်ပြထားပြီး ဒီနှစ်မှာတော့ ကျောင်းအတွက် ဂုဏ်ဆောင်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားထားကြောင်း၊ မိမိကျောင်းအတွက် ပရိသတ်များကိုလည်း တာဝန်ကျေပေးစေလိုကြောင်း ပြောပြထားပါတယ်။

ဒါကြောင့်မို့ မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများအားလုံး မနက်ဖြန်ညနေ၃နာရီအရောက် WYUကွင်းကြီးထဲကြွရောက်အားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ပရိသတ်များအတွက် Ferryကားပြာကြီးတစ်စီး သုံးထပ်ဆောင်ရှေ့ ရပ်ထားပေးမှာဖြစ်ပြီး ၁၂နာရီအချိန်မှာ ကစားသမားများကားနှင့်အတူထွက်ခွာမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

TU Hmawbiအမျိုးသားအသင်းမှလည်း ဗိုလ်လုပွဲသို့ လိုက်ပါအားပေးမှာဖြစ်ပြီး ကျောင်းသားကျောင်းသူများကိုလည်း အတူလိုက်ပါခဲ့ဖို့ တောင်းဆိုအပ်ပါတယ်။

မှတ်ချက်။ ။ ယခုရက်ပိုင်းအတွင်း ရာသီဥတုဆိုးရွားနေမှုများကြောင့် ကစားသမားများရော ကျောင်းသားကျောင်းသူများပါ နွေးနွေးထွေးထွေး လိုက်ပါအားပေးကြဖို့ သတိပေးအပ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


ShweDaGon PAGODA
Yangon