01/09/2025
2026 AFC U-23 Asian Cup Qualifiers
Group (B)
………………………………
2️⃣ Days to Go ⚽⚽⚽
Let’s stand together and roar for our Myanmar U23.🇲🇲
2026 AFC U-23 Asian Cup Qualifiers Group (B)
3 September 2025
4:00 PM - 🇲🇲Myanmar Vs 🇰🇼Kuwait
7:00 PM - 🇯🇵Japan Vs 🇦🇫Afghanistan
6 September 2025
4:00 PM - 🇲🇲Myanmar Vs 🇯🇵Japan
7:00 PM - 🇦🇫Afghanistan Vs 🇰🇼Kuwait
9 September 2025
4:00 PM - 🇲🇲Myanmar Vs 🇦🇫Afghanistan
7:00 PM -🇯🇵Japan Vs 🇰🇼Kuwait
31/08/2025
All roads lead to Thuwunna! 🛣️
3️⃣ Days to Go.
Let’s stand together and roar for our Myanmar U23.🇲🇲
2026 AFC U-23 Asian Cup Qualifiers Group (B)
3 September 2025
4:00 PM - 🇲🇲Myanmar Vs 🇰🇼Kuwait
7:00 PM - 🇯🇵Japan Vs 🇦🇫Afghanistan
6 September 2025
4:00 PM - 🇲🇲Myanmar Vs 🇯🇵Japan
7:00 PM - 🇦🇫Afghanistan Vs 🇰🇼Kuwait
9 September 2025
4:00 PM - 🇲🇲Myanmar Vs 🇦🇫Afghanistan
7:00 PM -🇯🇵Japan Vs 🇰🇼Kuwait
19/08/2025
အာဆီယံ အမျိုးသမီး ယူ-၁၆ ပြိုင်ပွဲဝင်ရန် မြန်မာအသင်း ထွက်ခွာ
မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးအသင်းသည် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၅ အာဆီယံ အမျိုးသမီး ယူ-၁၆ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ညနေပိုင်းက ရန်ကုန်-ဘန်ကောက်-အင်ဒိုနီးရှား လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်းကို အသင်းအုပ်ချုပ်သူအဖြစ် Mr. Mita Michiteru, နည်းပြချုပ်အဖြစ် Ms. Kumiko Tashiro, လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုး၊ နန်းသန်းဝင်း၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
၂၀၂၅ အာဆီယံ အမျိုးသမီး ယူ-၁၆ ပြိုင်ပွဲကို ဩဂုတ် ၂၀ မှ ၂၉ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာကာတာမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်းသည် အုပ်စု (ခ)တွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စု သုံးခုခွဲထားပြီး အုပ်စုပထမ သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယတစ်သင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်သည်။
မြန်မာအသင်းသည် ဩဂုတ် ၂၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့်လည်းကောင်း၊ ဩဂုတ် ၂၅ ရက် မြန်မာစံတော်ချိန် ည ၇း၀၀ နာရီတွင် ဗီယက်နမ် အသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။
03/07/2025
ဘင်္ဂလားဒေ့ရ်အမျိုးသမီးလက်ရွေးစင်အသင်းမှာ ပါဝင်လာတဲ့ ကစားသမားအချို့ မြန်မာနဲ့ဘာကြောင့်ရုပ်ချင်းဆင်နေတာလဲ?
အာရှဖလားခြေစစ်ပွဲ မှာ မြန်မာ နဲ့ အုပ်စုတစ်ခုတည်း ကျရောက်နေတဲ့ ဘင်္ဂလားဒေ့ရ်အမျိုးသမီးအသင်းဟာ သူတို့ရဲ့လူစားရင်းကိုထုတ်ပြန်လို့အပြီးမှာ အသင်းမှာပါဝင်နေတဲ့ အချို့ကစားသမားတွေဟာ မြန်မာ ရုပ်ရည်တွေဖြစ်နေပြီး
တချို့ပရိတ်သတ်တွေကြား အမေးများနေတာကြောင့် သူတို့ဟာ မြန်မာနဲ့ဘယ်လိုပတ်သက်မှုရှိလဲဆိုတာ ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ပါတယ်။
အခြားဘာအကြောင်းအရာမျိုးမှမဟုတ်ဘဲ ဗဟုသုတအနေနဲ့သာတင်ပြပေးခြင်းဖြစ်တာကြောင့်သိနေတဲ့သူများကတော့ ဒီပို့စ်ကိုကျော်သွားလို့ရပါတယ်ခင်မျ။
ပထမဦးစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓိကနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုနှစ်စုဖြစ်တဲ့ ချတ်မာ (Chakma) နဲ့ မာရမာ (Marma) လူမျိုးတွေ အကြောင်းကို အချက်အလက်ပြည့်ပြည့်စုံစုံ ရှင်းပြပေးချင်ပါတယ်။
ဒီလူမျိုးစုနှစ်ခုဟာ မြန်မာနိုင်ငံနဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအရ ဆက်နွယ်မှုတွေရှိပြီး ရုပ်ရည်သွင်ပြင်ချင်းလည်း ဆင်တူကြပါတယ်။
ပုံမှာပြထားတဲ့ ကစားသမားလေးတွေဟာ ချတ်မာ (Chakma) လူမျိုးတွေဖြစ်ပါတယ်။
ချတ်မာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်းတောင်တန်းဒေသမှာ အကြီးဆုံးတိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အပြင် အိန္ဒိယနိုင်ငံ (မီဇိုရမ်၊ တြိပူရာ၊ အာရူနာချယ်ပရာဒေ့ရှ် ပြည်နယ်များ) နဲ့ မြန်မာနိုင်ငံ (ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်) တို့မှာလည်း နေထိုင်ကြပါတယ်။
သူတို့မှာ ကိုယ်ပိုင်ဘာသာစကား "ချတ်မာ" ရှိပြီး ဒါဟာ အင်ဒို-အာရိယန် ဘာသာစကားအုပ်စု (ဘင်္ဂါလီနဲ့ အာသံဘာသာစကားနဲ့ ဆင်တူပါတယ်) ထဲက ဖြစ်ပါတယ်။ သူတို့မှာ ကိုယ်ပိုင်အက္ခရာလည်း ရှိပါတယ်။
အများစုက ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး၊ နတ်ကိုးကွယ်မှုအချို့လည်း ရောနှောပါဝင်ပါတယ်။ ဗုဒ္ဓဘာသာပွဲတော်တွေကိုလဲ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။
ရုပ်ရည်သွင်ပြင်က အာရှနွယ်ဖွားပုံစံရှိပြီး မြန်မာလူမျိုးတွေနဲ့ ရုပ်ရည်ချင်း ဆင်တူပါတယ်။
ချတ်မာလူမျိုးအချို့ဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေထိုင်ကြပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား (၁၃၅) မျိုးစာရင်းမှာလည်း ဒိုင်းနက် (Daingnet) လို့ ပါဝင်ပါတယ်။
"ဒိုင်းနက်" ဆိုတာကလည်း ရခိုင်ဘုရင်တွေရဲ့ စစ်မှုထမ်းဟောင်း (ဒိုင်းကိုင်စစ်သည်တော်) တွေကို ရည်ညွှန်းရာကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ချတ်မာတွေဟာ မြန်မာနိုင်ငံနဲ့ သမိုင်းကြောင်းအရရော၊ လူမျိုးရေးအရပါ နီးစပ်တာကြောင့် ချတ်မာလူမျိုးတွေဟာ မြန်မာနဲ့ရုပ်ချင်းတူကြတာပါ။
******
နောက်တစ်ခုက မာရမာ (Marma) လူမျိုးပါ။ မာရမလူမျိုးကစားသမားဖြစ်တဲ့ Mitul Marma(GK) ကို ဘင်္ဂလားဒေ့ရ် အမျိုးသားအသင်းမှာ တွေ့နိုင်ပါတယ်။
မာရမာလူမျိုးတွေဟာ ချတ်မာတွေပြီးရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ မှာ ဒုတိယအကြီးဆုံး တိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ်။ မာရမာလို့ ခေါ်ပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံက ရခိုင်လူမျိုးတွေနဲ့ အလွန်နီးစပ်ပြီး "မာရမာ" ဆိုတဲ့ စကားလုံးဟာ "မြန်မာ" ကနေ ဆင်းသက်လာတယ်လို့ ယုံကြည်ကြပါတယ်။
၁၈ ရာစုနှောင်းပိုင်းမှာ မြန်မာဘုရင်တွေ ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရွှေ့ပြောင်းလာခဲ့သူတွေ အများအပြား ပါဝင်တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
မာရမာဘာသာစကားဟာ တိဗက်-မြန်မာ ဘာသာစကားအုပ်စု၊ လိုလို-မြန်မာ အခွဲထဲကဖြစ်ပြီး ရခိုင်စကားနဲ့ ဆင်တူတဲ့ ဒေသိယစကားကို ပြောဆိုကြပါတယ်။ သူတို့ရဲ့ စာပေရေးသားရာမှာလည်း မြန်မာအက္ခရာကို အသုံးပြုကြပါတယ်။
* ဘာသာရေးမှာကေတာ့ ချတ်မာလူမျိုးတွေလိုပဲ ထေရဝါဒဗုဒ္ဓဘာသာကို အဓိကထား ကိုးကွယ်ကြပြီး နတ်ကိုးကွယ်မှုအချို့လည်း ရောနှောပါဝင်ပါတယ်။
ဒါကြောင့် ရုပ်ရည်သွင်ပြင်က မြန်မာလူမျိုးတွေ၊ အထူးသဖြင့် ရခိုင်လူမျိုးတွေနဲ့ ရုပ်ရည်သွင်ပြင် အလွန်တူညီပါတယ်။
* ယဉ်ကျေးမှုအနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့တွေနဲ့ ဆင်တူတာတွေ အများအပြားရှိပါတယ်။ အမျိုးသားတွေက လုံချည်ဝတ်ပြီး၊ အမျိုးသမီးတွေက ထဘီဝတ်ဆင်ကြပါတယ်။
မာရမာလူမျိုးတွေဟာ ရခိုင်လူမျိုးတွေရဲ့ ဆင်းသက်လာသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ သူတို့ရဲ့ ဘာသာစကား၊ စာပေ၊ ဝတ်စားဆင်ယင်မှု၊ ပွဲတော်တွေနဲ့ ရုပ်ရည်သွင်ပြင်တွေဟာ မြန်မာလူမျိုးတွေ၊ အထူးသဖြင့် ရခိုင်လူမျိုးတွေနဲ့ အလွန်တူညီနေပါတယ်။
"မာရမာ" ဆိုတဲ့ နာမည်ကိုယ်တိုင်က "မြန်မာ" ကနေ ဆင်းသက်လာတယ်လို့ ယုံကြည်ရတာကြောင့် မြန်မာနဲ့ ခိုင်မာတဲ့ လူမျိုးရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုတွေ ရှိပါတယ်။
ဒီလောက်ဆိုရင်တော့ ဘာကြောင့်မြန်မာနဲ့ရုပ်တူနေတာလဲဆိုတာကို သိကြပြီထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
03/05/2025
အာရှယူ၂၃ ခြေစစ်ပွဲ မဲအိုးများ မြန်မာအသင်းကတော့ မဲအိုး (၃) မှာ ကျနေပါတယ်။
အိမ်ရှင်နိုင်ငံတွေနဲ့တူတူ မကျတော့တဲ့အတွက်
မဲအိုး (၁)မှ
ထိုင်း၊ ဗီယက်နမ်၊ တာကျကစ္စတန်၊ UAE ဂျောဒန် ကာတာ
မဲအိုး (၂)မှ
အင်ဒို တရုတ်
တို့နဲ့တူတူမကျနိင်တော့ပါဘူး။ ဒါပေမယ့် မဲအိုး၁က အသင်းကြီးတွေဖြစ်တဲ့ ဂျပန် ဥပက္ကစတန် အီရနိ တောင်ကိုရီးယား နှင့် သြစတျေယျတို့ ထဲက ၁သင်းနဲ့ တွေ့ဆုံရမှာပါ