01/04/2026
⚠️Breaking News⚠️
အသင်း၏ ဂန္တဝင်ဂိုးသမားများ ထွက်ခွာသွား၍ လစ်လပ်လျက်ရှိသော အသင်းဂိုးပေါက်အား ကာကွယ်ရန် Manchester United အသင်းမှ လက်လွှတ်ရန် သေချာနေသော ဂိုးသမားဟောင်း Andre Onana နှင့် ယနေ့ ဧပြီ ၁ရက် ၂၀၂၆ ခုနှစ်တွင် Team CCO မှ ၁ နှစ် အငှားစာချုပ်ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်၊ ဂိုးသမား အိုနာနာမှာ ယမန်နေ့က ရန်ကုန်မြို့သို့ရောက်ရှိပြီး အသင်း၏ ကျန်းမာရေးစစ်ဆေးမှု အောင်မြင်ပြီး ယနေ့နေ့လည်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
အကုန်သိ သတင်းဌာန
#2026
20/02/2026
Best post-match hangout: Tea Shop or VIP
27/09/2025
အကြိတ်ခံမယ့် ၂ သင်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေမဲ့အတူ ပြိုင်ပွဲကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ပြီးဆုံးသွားခဲ့ပါပြီ
အသင်းနာမည်တွေစီးပီးအကြိတ်ခံလိုက်ကြတာ ပိုအကြိတ်ခံရတဲ့ EMI San အသင်းက ရှုံးနိမ့်သွားခဲ့ရပီဖြစ်ပါတယ်။
နောက်ထပ်လည်း ဘယ်တော့ မကြေပွဲတွေ ထပ်တည်မလဲ စောင့်စား အားပေးကြပါဦးစို့ခင်ဗျာ...
26/09/2025
နဂါး နဲ့ ငါးမန်း တို့ရဲ့ စိန်ခေါ်ပွဲအပြီး ငြင်းခုံမှုများနောက်မှာ အသစ်တဖန် မွေးဖွားလာတဲ့ Team Mia နဲ့ Team Emi တို့ရဲ့ ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ရင်ဆိုင်ကြမယ့် ပွဲကြီးကို မနက်ဖန် 27စက်တင်ဘာမှာ A&T ကွင်းမှာ အပြိုင်နွှဲတော့မှာ ဖြစ်ပါတယ်။
စကားမစပ် Team နာမည် အသစ်တွေ စိတ်ဝင်စားသွားကြပြီဟုတ်? ရင်ဘတ်ခြင်းတူသူတွေကတော့ အသင်းနာမည်မြင်တာနဲ့ သိကြပြီးသားဖြစ်မှာပါ....
ကဲ ကဲ မနက်ဖန်မှာ ဘယ်အသင်းက ဘယ်အသင်းကို ဘယ်လို ကြိတ်မလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျော် အားပေးကြပါစို့ဗျာ...
ဘောပွဲ ပြီးလည်း အနည်းဆုံးတစ်ပါတ်လောက် ထပ်ကြာမယ့် လေတိုက်ပွဲတွေလည်း နောက်ဆက်တွဲရှိသေးတာမို့ အားလုံးပဲ .... C H E E E R !!!!!!!!!
25/09/2025
နဂါး နဲ့ ငမန်းတို့ရဲ့ ပွဲ ဆက်အဖြစ် လူတွေပြန်ရွေးပြီး အသစ်တဖန် ပြန်လာပါတော့မယ်
02/08/2025
တော်ဝင်ငါးမန်းစာဖြစ်ခဲ့ရတဲ့တီကောင်
ပထမပိုင်းမှာ Fire Dragon က ခေါ်ယူထားတဲ့ ကိုနေမျိူကျော်က Fire Dragon အသင်းမှာ ကစားခဲ့ရပေမယ့် ဒုတိယပိုင်းနဲ့တတိယပိုင်းမှာ Royal Shark အသင်းက အတင်အဓမ္မခေါ်ယူကစားခဲ့ပြီး နှစ်ပွဲဆက်နိုင်ထားတဲ့ Fire Dragon တို့ အခုပတ်တော့ တီကောင်ဖြစ်ခဲ့ရပါတယ်။
01/08/2025
Line Up Announcement
=================
2-August-2025, 10:00 AM, A&T Medium Size Soccer Field ယှဉ်ပြိုင်ကစားမယ့် Team CCO ရဲ့ အသင်းခွဲများဖြစ်တဲ့ Royal Shark FC နဲ့ Fire Dragon FC တို့ရဲ့ ပဏာမလူစာရင်းထွက်လာပြီဖြစ်ပါတယ်။
Fire Dragon FC ကို အပြေးသန်တဲ့ ကို Ko Zaw Lin Htwe က အသင်းခေါင်းဆောင်အနေနဲ့တာဝန်ယူမှာဖြစ်ပြီး Royal Shark FC ကိုတော့ အငြင်းသန်တဲ့ Ko Mg Mg Htay က အသင်းခေါင်းဆောင်အနေနဲ့တာဝန်ယူပြီး ဆော့ကစားကြမှာဖြစ်ပါတယ်။
Fire Dragon FC အသင်းခေါင်းဆောင် Ko Zaw Lin Htwe ကတော့ သူ့ရဲ့ ပြေးအား၊ရုန်းအား၊အဆုံးသတ်သေချာမှုတွေကို အသုံးချဖို့ ရှေ့တန်းတောင်ပံတိုက်စစ်နေရာမှာ နေမှာဖြစ်ပြီး Royal Shark အသင်းခေါင်းဆောင် Ko Mg Mg Htay ကိုတော့ သူ့ရဲ့အသင်းသားတွေက သူနေထိုင်ရာ မြေနီကုန်းမှာပဲ ဆက်နေဖို့ အပြင်းအထန်တိုက်တွန်းနေတယ်လို့လည်း သတင်းရရှိထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကြိမ်တွေ့ဆုံမှုမှာတော့ ပထမတစ်ကြိမ်မှာတော့ Royal Shark FC က ကစားသမားတွေ ဖိနပ်မကောင်းလို့ ရှုံးနိမ့်ခဲ့ရပြီး ဒုတိယတစ်ကြိမ်မှာလည်း ကွင်းမကောင်းလို့ အပြတ်အသတ်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။
ယခုတတိယမြောက်ပွဲစဥ်မှာလည်း Fire Dragon FC က သူတို့ရဲ့ တတိယမြောက်အနိုင်တစ်ခုကို သေချာစေဖို့ MPT COO Team လက်ရွေးစင်၊ National League 2 မှာဆော့ကစားနေတဲ့ Ko Nay Myo Kyaw ကိုလည်းခေါ်ယူ ကစားမှာဖြစ်ပါတယ်။
Royal Shark FC ရဲ့ ကစားသမားတွေကပဲ Prime Time Barcelona Tiki Taka ကစားကွက်နဲ့ အနိုင်ယူပြီး မီးနဂါးကို တီကောင်ပြောင်းပေးနိုင်မလား၊ Fire Dragon FC ကပဲ ရွာကျောင်းထိုင်ဘုန်းကြီးကြိုက်အကွက် ကန်တင်ပြေးနဲ့ ဆက်လက်အနိုင်ပိုင်းပြီး တော်ဝင်မန်းကို မြောင်းငါးဘဝမှာပဲ ဆက်လက်ထားရှိသွားမလားဆိုတာကိုတော့ မနက်ဖြန် နေ့လည် ၁၂ နာရီထိုးဆို သိရမှာမို့ ရင်ခုန်စွာနဲ့ စောင့်မျှောနေပေးပါဦး ပရိတ်သတ်ကြီးတို့ရေ....
31/07/2025
Team CCO အသင်းသားတွေရဲ့ ချစ်ကြည်ရေး ၂သင်းခွဲပီး ကန်ကြမယ့် တတိယအကြိမ်မြောက် လေတိုက်ကြေး ပြိုင်ပွဲမှာ ....
ပထမ နှစ်ကြိမ်တိုင်တိုင် ဂိုးပြတ်နိုင်ထားတဲ့ မီးနဂါး အသင်းကပဲ အစဉ်အလာထိမ်းသွားနိုင်မလား
ရှိသမျှလူသစ်အကုန်အငှားခေါ်ထားတဲ့ တော်ဝင်ငါးမန်း (မြောင်းမြောင်း) တို့က လက်စားပြန်ချေနိုင်မလား ဆိုတာကို
လာမယ့်စနေနေ့မှာ ရင်ခုန်စွာ နားစွင့်နိုင်ပါရန် တင်ပြအပ်ပါသည်ခင်ဗျာ
05/07/2025
Team CCO-2 မှလည်း CTO-2 ကို ၁-၀ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်
05/07/2025
COO-2 အသင်းအား 0-7 နဲ့အနိုင်ယူပြီး CCO-1 အသင်း final သို့တက်ရောက်သွားပါပြီ