25/03/2020
* ပြန်လည်ဆုံတွေ့ကြပါစို့ *
* Workout At Home *
* Stay At Home *
လက်တလောအခြေအနေအရလူစုလူဝေး ရှောင်ရှားတဲ့အနေနဲ့ကော လူအများစု အသုံးပြုတဲ့နေရာမလို့ ဒီကနေ့ကစပြီး ကျွန်တော်တို့ Smart Idol Fitness Center (1) လခန့်ပိတ်ပါမယ် April တစ်လလုံးပေါ့ ။ မပိတ်ချင်ပေမယ့်လဲ ကိုယ့်လုပ်ငန်းကြောင့် တဦးတစ်ယောက်မှထိခိုက်လိုစိတ်မရှိတာကြောင့်ပါ။ တစ်လလောက်တော့အလုပ်လက်မဲ့နေရမှာပေါ့လေ.
ကျန်ရှိနေတဲ့ Member များကိုလဲ May (၁) ရက်နေ့မှာပြန်ဖွင့်မှာမို့အစားထိုးပြန်လည်ကစားခွင့်ပေးသွားမှာမို့ အိမ်မှာနေရင်းဒီကြားထဲ Workout at Home , Stay At Home ပါနော်ကျန်းမာမှ ကိုယ်လုပ်ချင်တာလုပ်လို့ရမှာမို့ Gym အများစုကိုလဲ တစ်လလောက်တော့ နားစေချင်ပါတယ်.
အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ ။ တားဆီး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ပဲ ကိုယ့်ကိုကိုယ် ဂရုစိုက်နေရပါတယ် 🙏🙏🙏
16/01/2020
အမိုက်စား Body နဲ့အပြတ်လန်းနိုင်ဖို့ 💪🏻💪🏻
=======================
❤️မိတ်ဟောင်းမိတ်သစ်များအားလုံး မင်္ဂလာပါ🖤
🏋 Smart Idol Fitness Center (Phaw Kan) ကျန်းမာရေးအတွက် Planချဆော့မယ့် Gym&Fitnessသမားများကို Membership Packageများနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🏋
One Month= (25000) Kyats
3 Months =(65000) Kyats
6 Months =(120000) Kyats ကျသင့်ပါတယ်
•••••••••••••••••••••••••••••••••••••••••😍
** Groups Discounts
မန်ဘာ ၅ ယောက် အတူတူ အပ်ရင်လည်း (၁)ယောက် Free ကစားခွင့်ရမှာပါ ။ (၄) ယောက်စာ တသိန်းသာပေးသွင်းရမှာဖြစ်လို့ တဦး လျှင် ၂၀၀၀၀ ကျပ်သာကျသင့်မှာဖြစ်ပါတယ် 😳😳😳
** Monthly Discount
တစ်လ လုံး ပျက်ရက် မရှိ ကစားခဲ့ရင် နောက်လ အတွက် ၁၀% discount ရပါမယ်။
** 6 Months Discount
6 လ မပျက်ဘဲ မန်ဘာဝင်ခဲ့ရင် နောက်တစ်လစာ Discount ရပါမယ်။
•••••••••••••••••••••••••••••••••••••••••😍
💪 အဆီပိုတွေစုပြီး အဝလွန် ဝိတ်များလွန်းနေရင် ဖြစ်ဖြစ်…
💪 ပိန်ပြားချပ်ပြီး သေးကွေးလွန်းနေရင် ဖြစ်ဖြစ်…
💪 ကျန်းမာရေးအနေနဲ့ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်လိုတာဖြစ်ဖြစ်…
💪 မိမိကိုယ်ကိုယ် ယုံကြည့်မှုအပြည့်ရှိပြီး တောင့်တင်းကျစ်လစ်လှပတဲ့ Body Shape ပိုင်ဆိုင်လိုရင် ဖြစ်ဖြစ်…
Smart Idol Fitness မှ အကောင်းဆုံးဝန်ဆောင်မှုများနဲ့ နွေးထွေးစွာ ကြိုဆိုလျက်ပါ.......❤
ဆိုင်ဖွင့်ချိန်
မနက် ၇: ၀၀ နာရီမှ 👉 ည ၉:၀၀ နာရီထိ။
Monday Closed
လိပ်စာ
အမှတ် (ဏ/၃၄ ) ၊ ဒုတိယထပ်၊သုခလမ်း ၊ ဖော့ကန်ရပ်ကွက်၊အင်းစိန်မြို့နယ် ။
ဖော့ကန်စျေးမှတ်တိုင်အနီး ။
ဖုန်း - 095121490 - 09965121490
03/01/2020
2020 မှာ သင်တို့ရဲ့ အိမ်မက်တချို့ကိုအကောင်ထည်ဖော်ရင်း သင့်ရဲ့ body ကိုအမိုက်အဖြစ်ပြောင်းလဲလိုရင်တော့ Smart Idol မှ အကောင်းဆုံး Weight gain , Weight Loss Plan တွေနဲ့အတူ နည်းစနစ်ကျစွာ လေ့ကျင့်သင်ကြားပေးနေတာမို့ အခုပဲ စာရင်းသွင်းလိုက်ရအောင်လားခင်ဗျာ 💪💪
ဆိုင်ဖွင့်ချိန်
မနက် ၇: ၀၀ နာရီမှ 👉 ည ၉:၀၀ နာရီထိ။
Monday Closed
လိပ်စာ
အမှတ် (ဏ/၃၄ ) ၊ ဒုတိယထပ်၊သုခလမ်း ၊ ဖော့ကန်ရပ်ကွက်၊အင်းစိန်မြို့နယ် ။
ဖော့ကန်စျေးမှတ်တိုင်အနီး ။
ဖုန်း - 095121490 - 09965121490
25/12/2019
Body Transformation လုပ်ဖို့စဥ်းစားနေပြီလား?
Smart Idol Gymကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ🏋️♀️🏋
After 2week body transformation ပါ
လိပ်စာ
အမှတ် (ဏ/၃၄ ) ၊ ဒုတိယထပ်၊သုခလမ်း ၊ ဖော့ကန်ရပ်ကွက်၊အင်းစိန်မြို့နယ် ။
ဖော့ကန်စျေးမှတ်တိုင်အနီး ။
ဖုန်း - 095121490 - 09965121490
14/12/2019
ခြေသလုံးတွေ သေးနေတယ်ဆိုရင် အတက်နှေးဆုံးသော ခန္ဓာကိုယ် အစိတ်အပိုင်းကို စစ်တမ်း
ကောက်ယူကြည့်ရာတွင် ရာနှင့်ချီသော ကစားသမားများ၏ အဖြေက အံ့သြသင့်စေခဲ့ ပါသည်။၄င်းတို့ တစ်ဦး
ချင်းစီအတွက် အတက်အနှေးဆုံးသော ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ခြေသလုံး ဖြစ်နေသည်ကို တွေ့ခဲ့ရ
ပါသည်။ တစ်ဦးချင်းစီ၏ အတက်အနှေးဆုံးသော အစိတ်အပိုင်းများမှာ စစ်တမ်းအရ အောက်ပါအတိုင်း
အစဉ်အလိုက် အဖြေထွက်ခဲ့ပါသည်။
-ခြေသလုံး
-ရင်အုပ်
-၀မ်းဗိုက်
-ပေါင်
-ကျောပြင် တို့့ဖြစ်ပါသည်။ ကျွန်တော်တို့စစ်တမ်းကောက်တိုင်း စိတ်ပါလက်ပါ ကူညီဖြေဆိုပေးခဲ့ကြသူ ဝါသနာရှင် ကစားသမား များကို အထူးကျေးဇူး တင်ရှိပါသည်။ မိတ်ဆွေတို့၏
ဖြေဆိုမှုကြောင့် မြန်မာ ဖစ်တနက်စ် ကွန်မြူနတီ၏ လိုအပ်ချက်များကို ကျွန်တော်တို့အလွယ်တကူ သိနိုင်ခြင်း
ဖြစ်ပါသည်။ သို့မှသာ ကျွန်တော်တို့ကူညီပေးနိုင်မည် ဖြစ်ပါသည်။ ယခုဆောင်းပါးတွင် ခြေသလုံး လေ့ကျင့်
ခြင်းနှင့် ပါတ်သက်သော အချက်အချို ့ကိုမျှဝေပေးပါမည်။
ခြေသလုးံ (အတက်အနှေးဆုံးသော ကြွက်သားအုပ်စု) ဟူသော ပြသနာမှာ၊ ပထမဦးစွာ
ခန္ဓာဗေဒ ကြွက်သားတည်ဆောက်ပုံကို လေ့လာထားမှု အားနည်းခြင်းပင် ဖြစ်သည်။ လူ့ခန္ဓာကိုယ်ရှိ
အရိုးများဖြင့်တွယ်ချိတ်ထားပြီး လှုပ်ရှားလေ့ကျင့် ကြီးထွားနိုင်သော Skeletal muscle များကိုအဓိကအားဖြင့် ကြွက်သားမျှင်အုပ်စု သုံးမျိုးဖြင့် တည်ဆောက်ထားပြီး ခြေသလုံး၏ တည်ဆောက်ပုံသည် မော်တာယူနစ်
အနည်းဆုံး ဖြစ်သော အနီရောင် ရှိသော တဖြည်းဖြည်းချင်းသာ တုံ့ပြန်တတ်သည့် ကြွက်သားမျှင်များဖြင့်
တည်ဆောက်ထား သည့်အပြင် ၄င်း၏ဖွဲ့စည်းပုံတွင် ကြွက်သားမျှင်များစွာ ပါ၀င်လေသည်။ထ ို့ကြောင့်
ခြေသလုံးကို သမားရိုးကျ လေ့ကျင့်ရုံဖြင့် ကြီးထွားနိုင်မည် မဟုတ်ပါ။ ဒါဆိုလျင် မည်ကဲ့သို့လေ့ကျင့်ကြ
မည်နည်း။ တင်ပြပါမည်။
-ခြေသလုံး ကြွက်သားများကို အလေးများများ ဖြင့်လေ့ကျင့်သည်ထက် အလေးအသင့်အတင့် တစ်ကြိမ်တည်းသာ မလျင် အနိုင်ဆုံး ဖြစ်မည့်အလေးပမာဏ၏ ၅၀% မှ ၆၅% ခန့်သော အလေး၀န်
ဖြင့် လေ့ကျင့်ရပါမည်။
-လေ့ကျင့်ခန်း တစ်ကျော့လျင် အလေးများများ အကြိမ်နည်းနည်း လေ့ကျင့်သည့် စနစ်ကို စွန့်ပစ်လိုက်ပါ။
အထက်ပါ လမ်းညွှန်ထားသည့် အလေးပမာဏဖြင့် တစ်ကျော့လျင် ၂၀ကြိမ်မှ ၂၅ကြိမ် အထိလေ့ကျင့်သင့်
ပါသည်။တစ်ကျော့၏ လေ့ကျင့်ချိန် ကြာချိန်သည် ယေဘူယျ တစ်မိနစ်မှ နှစ်မိနစ် အတွင်းဖြစ်သင့်ပါသည်။
-အကျော့များရန် မလိုပါ။ သုံးလေးကျော့ဆိုလျင် လုံလောက်ပါသည်။
-အတတ်ကြူးဘီလူးဖြစ် ဟူသော စကားကို သုံးချင်ပါသည်။ အချို့သူများသည် ခြေသလုံးကို အပြင်သား
အတွင်းသား နှင့် သမားရိုးကျ ခြေဖျားဒဲ့ထားပြီး လေ့ကျင့်ခန်း သုံးမျိုး တစ်မျိုးကို လေးကျော့ ကစားခြင်း
သည် ခြေသလုံး ကြီးထွားလိုသူများ အတွက် အကျိုးမဲ့သောလုပ်ရပ် ဖြစ်သည်။
-ခြေသလုံး ကစားလျင် အဓိက လိုအပ်ချက်မှာ ခြေဖျားနှင့် ခြေဖနှောင့် ဒဲ့ထားရန် သာလိုအပ်ပြီး
ဘေးကားရန် မလိုအပ်သလို ခြေဖျားစုရန်လည်းမလိုအပ်ပါ။
-Range of motion အစအဆုံး အပြည့်အ၀ ကစားရန် အထူးအရေးကြီး ပါသည်။ ခြေသလုံး မကြီးထွားသော
ကစားသမား တစ်ရာလျင် ကိုးဆယ့်ငါးယောက်သည် တ၀က်တပျက် လေ့ကျင့်ခြင်းများကြောင့် ဖြစ်သည်။
ခြေဖျားများ ထောက်နိုင်သမျှ ထောက်ကြွပြီး ၊ပြန်ချချိန်တွင်လည်း ခြေဖနှောင့်များ ကြမ်းပြင်နှင့်ထိသည် အထိ
ဖြည်းညှင်းစွာ ဖြည်ချရန် အထူးအရေး ကြီးပါသည်။
-ခြေသလုံး လေ့ကျင့်ချိန်တွင် ဖြည်းညှင်းစွာ ညှစ်ကစားရန် လိုအပ်ပါသည်။ အရှိန်လုံး၀မသုံးသင့်ပါ။
-ထိုင်လျက် ခြေဖျားထောက်ကြွ လေ့ကျင့်နိုင်သည့် Seated calf raise စက်လေးရှိလျင် ထည့်သွင်းလေ့ကျင့်
သင့်ပါသည်။
-အထက်ပါ လမ်းညွန်ချက်များသည် ခြေသလုံး အတက်နှေးသူများ လက်ကိုင်ထားရမည့် နည်းစနစ်များ ဖြစ်ပါ
သည်။ အာဟာရကို ဂရုပြုပါ။ ခြေသလုံးမတက်ပါ၊ ဘာမတက်ပါ ညာမတက်ပါ မအော်ခင် တစ်ကိုယ်လုံး
ကိုယ်အလေးချိန် တက်လား အရင်ဆန်းစစ်ပါ။ ဘော်ဒီဝိတ် မတက်ဘဲ ခြေသလုံးမတက်ပါဟု ဆိုလာလျင်
မိတ်ဆွေ သင် ခေါင်းစားသလို ဖြစ်နေပါပြီ။ ဘော်ဒီဝိတ် တင်၇န် မှန်ကန်သော အာဟာရ၊ အနားယူမှု
မဖြစ်မနေ လိုအပ်ပါသည်။ အထက်ပါ လမ်းညွှန်ချက်များသည် အအိပ် အစားမှန်ပြီး ခန္ဓာကိုယ်ပေါ်ရှိ
အခြားသော အစိတ်အပိုင်းများ တက်ပြီး ခြေသလုံး တစ်မျိုးတည်းသာ အတက်နှေးသူများ အတွက် ဖြစ်ပါ
သည်။ ဘော်ဒီဝိတ် မတက်ဘဲ ခြေသလုံး တစ်မျိုးတည်း၊ သို ့မဟုတ် ရင်အုပ်တစ်မျိုးတည်း တက်လိုသည်
ဟုဆိုလျင် မာဆယ်ပရော်ဖက်ဆာ တော့ မစွမ်းသာပါ။ သိကြားမင်းသာ စွမ်းပါလိမ့်မည်။
လေးစားလျက်-
#နိုင်ဦး_၁၁၉
Credit
GYM Workout. Fitness knowledge. Motivation နှင့် ကျန်းမာရေး ဗဟုသုတ များ အမြဲတင်ဆက် မှာမို့ page ကို like လုပ်ထားနော်
သဘောကြရင် share ပြီး သိမ်းထားလိုက်ပါနော်
05/12/2019
ကြွက်သားကြီးချင်တယ်၊ Abs ပေါ်ချင်တယ်၊ အဆီမရှိတဲ့ Body လိုချင်တယ်၊..... GYM လာတဲ့လူတိုင်း အဲဒီလို ပြောကြတယ်။ သို့သော် ၁လ..၂လ လောက်နေရင် လစ်သွားကြရော။ ဘာကြောင့်လဲလို့ မေးလိုက်ရင် အများစုက
၁။ ပစ္စည်းမစုံလို့
၂။ နည်းပြမကောင်းလို့
၃။ ဆော့လည်း တက်လာတဲ့အရိပ်အယောင် မတွေ့လို့
၄။ ပင်ပန်းလို့
ဆိုပြီး ဆင်ခြေပေးတတ်ကြတယ်။ ဟုတ်ပြီ။ Body Building & Fitness လောကမှာ Level လေးဆင့်ရှိတယ်။
၁။ Beginner Level
၂။ Pre-intermediate Level
၃။ Intermediate Level
၄။ Professional Level
ကိုယ်က ဘယ် Level ကလဲဆိုတာ အရင်ဆုံးသုံးသပ်သင့်တယ်။
ပစ္စည်းမစုံလို့
==========
" Beginner သမားတွေက P-I Level တန်း Workouts တွေကို ဆော့လို့မရဘူး၊ ထို့အတူ P-I Level ကလည်း I Level Workouts တွေကို ဆော့လို့မရပါ။ "
အထက်ပါသဘောတရားကို သိထားသင့်တယ်။ ကပ်သီးကပ်ဖဲ့သမားတွေက မေးလိမ့်မယ်၊ ဘာလို့ ဆော့လို့မရတာလဲ။ မယုံရင် ဆော့ကြည့်လိုက်ပါ။ Post Injuries နဲ့ညားလိမ့်မယ်၊ အခန့်မသင့်ရင် တသက်လုံး ဒုက္ခိတဘဝ ရောက်သွားလိမ့်မယ်။
သို့သော် Pro သမားတွေဆော့တဲ့ Workouts Video တွေကြည့်၊ Motivation Video တွေကြည့်ပြီး GYM ကိုရောက်လာ၊ ရောက်လာတော့ " ဟင်! ဟို Video ထဲကလို စက်ပစ္စည်းတွေလဲ မရှိပါလား၊ ဘာလားပဲ။ " ဆိုပြီး စိတ်ထဲကွက်ခနဲ ဖြစ်သွားကြတယ်။
Training လုပ်ဖို့ရောက်လာတာလား၊ စက်ကြည့်ဖို့ ရောက်လာတာလား။
နည်းပြမကောင်းလို့
==============
နည်းပြမကောင်းတာလား၊ ကိုယ်က lacking ဖြစ်နေတာလား။
နည်းပြ နဲ့ လေ့ကျင့်သူအကြား Communication နဲ့ နားလည်မှု ရှိဖို့ လိုအပ်တယ်ဆိုတာ အရင်သိထားရမယ်။
GYM လာရင် ဘယ်သူမှ ငါ့လောက်မတော်ဘူးဆိုသည့် ပုံစံမျိုးနဲ့လာ၊ နည်းပြက သေချာလမ်းညွှန်ပြတုန်း သေချာမကြည့်၊ ပြီးမှ သောက်တလွဲလုပ်၊ နည်းမကျတော့ ဘာဖြစ်သလဲ၊
- ကိုယ်ပဲ ပင်ပန်းတယ်၊
- ဥပမာ ကိုယ်က Biceps Workouts ဆော့သော်လည်း နည်းမကျတော့ Biceps အစား Forearms မှာပဲ သွားထိတယ်၊
- ကြာတော့ Injuries တွေဖြစ်လာမယ်၊
1. နှုတ်ဆက်ပါ။
နှုတ်ဆက်ဖို့ မပျင်းပါနဲ့၊ မရှက်ပါနဲ့၊ အပိုအလုပ်လို့မထင်ပါနဲ့။
- ကျောင်းမှာ စာသင်ခန်းထဲ ဆရာဝင်ရင် ဆရာ့ကို နှုတ်ဆက်ရမယ်၊ မဟုတ်လား။ အဲဒီလိုပဲ GYM မှာလည်း စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဆရာရေ...ကျနော်တို့ရောက်ပြီ၊ ဆရာရေ....ကျနော်တို့ပြန်ပြီ ဆိုပြီး အသိပေးရတယ်။ သူငယ်ချင်းလာလည်ရင်တောင်မှ " ငိုးမ၊ ဒေါင်းစား၊ အေရိုး.... ဖအေကြွပြီ " ဆိုပြီး အပြန်နှုတ်ဆက်ကြတယ်လေ။
2. လေးစားမှုထားပါ
- နည်းပြက နည်းလမ်းပြသနေပြီဆိုရင် စိတ်ဝင်တစားနဲ့ Respect ထားပြီး သေချာကြည့်၊ နားမလည်ရင် ဆရာ ဒီဟာက ဘယ်လိုလုပ်ရသလဲ၊ Respect ထားပြီးမေးရမယ်။ သို့သော် ကိုယ်က သူပြနေတုန်း သေချာမကြည့်၊ စကားပြောရင်လည်း Respect မထားတော့ ဘယ်နည်းပြမှ ကိုယ့်ကို ကောင်းကောင်းဂရုစိုက်မှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲ .... ဥပမာ ခင်ဗျားတို့ ၁၃နှစ်အရွယ် ကလေးတစ်ယောက်ကို စာမေးကြည့်၊ ကိုယ်ကသေချာမေးသော်လည်း သူက ဖြေချင်သလို၊ မဖြေချင်သလို၊ သူ့အကြည့်မှာလည်း ကိုယ့်အပေါ်လေးစားမှုရှိတဲ့ အရိပ်အယောင်မတွေ့ဘူးဆိုရင် ခင်ဗျားတို့စိတ်ထဲ ဘယ်လိုဖြစ်မလဲ။ သောက်ခွက်ကြီးပဲ ဖြတ်ရိုက်ပစ်ချင်စိတ်ပေါ်တယ်မလား။ အဲဒီလိုပဲ....
နေရာတကာမှာ Respect ထားတတ်တဲ့စိတ်ရှိရင် လူတိုင်းက သင့်ကို Respect ပြန်ထားမှာပဲ။
3. Communication တည်ဆောက်ပါ
- နည်းပြနဲ့ စကားပြောဆိုပေးရမယ်။ ပြောတဲ့အခါကျရင် #ကိုယ်သာသိ၊ #ကိုယ်သာတတ် ဆိုတဲ့ ပုံစံမျိုးမပြောရဘူး။ ဆရာ နှင့် တပည့်၊ အစ်ကို နှင့် ညီ တစ်ယောက်လို Conversation တည်ဆောက်ရမယ်။ ပြောတဲ့အခါကျရင် ဆရာပြောတဲ့စကားပြီးမှ ကိုယ်ကပြောရမယ်၊ ငါ့စကားနွားရ ဆိုပြီး ရေတံခွန်က ရေဒလဟောကျသလို မပြောရဘူး၊ ကြားဖြတ်မပြောရဘူး။
4. နားလည်မှုရှိပါ။
- GYM က နည်းပြတွေဟာ မနက်စောစော ကနေ ညမိုးချုပ်သည်အထိ လာသမျှ လူပေါင်းစုံ၊ အကျင့်စရိုက်ပေါင်းစုံကို Train ပေးရတယ်။ အဲဒီအတွက် တခါတလေကျရင် သူတို့ပင်ပန်းနေတတ်တယ်၊ အဲဒီအခါမှာ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရတော့မယ်။ ရှင်းရှင်းပြောရရင် နည်းပြလည်း လူပဲ။ လူတစ်ယောက်ချင်းစီကို ဘေးနားက ထိုင်ပြီး သေချာလိုက်ပြပေးဖို့မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့၊ ကျနော်တို့တောင် အမေက ဟိုခိုင်း၊ ဒီခိုင်း လုပ်ရင် သောက်ပျင်းတောင်ကြီးသေးတာ မဟုတ်လား။ သို့သော် တချို့တွေကျတော့ ပြောသေးတယ်၊ " ငါတို့က အလကားလာလုပ်တာ မဟုတ်ဘူး၊ ပိုက်ဆံပေးပြီး လာလုပ်တာ " .... မှန်တယ်၊...ပိုက်ဆံပေးပြီး လာကျင့်တယ်ဆိုတာ သူတို့ တစ်ယောက်တည်းမှ မဟုတ်ဘူး၊ လူပေါင်းမြောက်များစွာ လာနေကြတာ။ တစ်ယောက်တည်း သီးသန့်ကျင့်ချင်ရင် Personal Trainer ဌားလိုက်လို့ပဲ ပြောချင်တယ်။
{ ဒီနေရာမှာ ဒီအတိုင်း တခြားသူတွေနဲ့ ကျင့်တာ နှင့် တစ်ယောက်တည်း သီးသန့်ကျင့်တာ ဘယ်ဟာ ပိုကောင်းသလဲလို့ မေးလာရင် အခြားသူတွေနဲ့အတူ ကျင့်တာ အကောင်းဆုံးပဲလို့ပြောချင်ပါတယ်။
4X Mr. Olympia Jay Cutler ရဲ့ 10 Rules Of Never End Growing မှာ
" ကျနော် GYM မှာ သွားကျင့်ပြီဆိုရင် လူတချို့က တစ်ယောက်တည်းပဲ လာတယ်၊ ကျင့်တယ်၊ ပြန်တယ်။ ထို့အပြင် သူတို့ကို စကားသွားပြောရင်လည်း မကြိုက်ကြဘူးဗျ။ အာရုံစူးစိုက်မှု ပျက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ပြောလွှတ်ကြတယ်။ သို့သော် ကျနော်ကတော့ GYM ရောက်ရင် ကျနော့် playmate တွေနဲ့အတူကျင့်တယ်၊ နားတုန်းမှာ ဟာသတွေပြောတယ်၊ မိန်းကလေးအကြောင်းတွေပြောတယ်ပေါ့ဗျာ။ ထို့အပြင် ဘယ်သူက ဘယ်လောက်ကြီးတယ် ဆိုပြီး အပြိုင်အဆိုင်လေးလည်းရှိတော့ GYM လာဆော့ရမှာ မပျင်းတော့ဘူးဗျ။ တဖြည်းဖြည်း ပျော်လာတယ်ပေါ့ဗျာ။ " }
5. အသိတရားရှိပါ။
တချို့တွေက နိုင်ငံခြားက Workouts Video တွေကိုကြည့်၊ ပြီးရင် သူတို့လုပ်သည့်အတိုင်း အလေးတွေကိုပစ်ချတယ်။ ဟိုက အလေးပစ်ချတယ်ဆိုတာ..... Weighs ပေါင်းများစွာထည့်ထားလို့ သေချာပြန်ချသည့်အခါ Injuries ဖြစ်မှာစိုးသည့်အတွက် ပစ်ချတာပဲဖြစ်ပါတယ်။ သို့သော် ဒီကဟာတွေက ၂၀-၃၀ လောက်နဲ့ ပစ်ချနေကြတယ်။ အလေး ပစ်ချချင်ရင် အိမ်မှာပဲ ဆော့ပါ။ လူအများဆော့တဲ့ GYM လာမဆော့ပါနဲ့။ ရှင်းရှင်းပြောရင် ကျနော်ဟာ ဘယ်သောအခါမှ အလေးတုံးတွေကို မပစ်ချဘူး၊ ပစ်ချတာလည်း လုံးဝမကြိုက်ဘူး၊ အလေးတပ်ဆင်ရင်တောင်မှ အလေးပြားက ချွင်၊ ချွမ်ဆိုတဲ့အသံထွက်တာ လုံးဝမကြိုက်ပါဘူး။ အလေးပြားတွေကို ပစ်စလခတ်ထားတာတွေ၊ ကိုယ်ဆော့ပြီးရင် ပြန်မထားတာတွေ .... ငါ့ပစ္စည်းမှ မဟုတ်တာ၊ လုပ်ချင်ရာ လုပ်မယ်၊ ဘာဖြစ်လဲဆိုတဲ့စိတ်ဓာတ်မျိုးတွေ၊
အဲဒီလိုအပြုအမူမျိုးတွေက ရှင်းရှင်းပြောရင် ရိုင်းတယ်၊ စည်းကမ်းမဲ့ တစ်ကိုယ်ကောင်းဆန်တယ် လို့ပဲ သတ်မှတ်ရလိမ့်မယ်။
လူမှန်ရင် စည်းကမ်းရှိရမယ်၊ လေးစားရမယ်၊ အသိတရားရှိရမယ်။
ကိုယ်ကိုယ်တိုင်က စည်းမရှိ၊ ကမ်းမရှိ ဖြစ်ရင် ဘယ်သူမှ ကိုယ့်ကိုမလေးစားတော့သလို၊ ဘယ်သူမှ ကိုယ့်ကို သောက်ထင်ကြီးမှာမဟုတ်ဘူး။
သူများကို အရင်အပြစ်ဖို့မယ့်အစား မိမိအမှားကို အရင်ဆုံးဆန်းစစ်ပါ။
ဆော့လည်း တက်လာတဲ့အရိပ်အယောင်မတွေ့လို့၊ ပင်ပန်းလို့
=========================================
အရာရာတိုင်းကို နည်းပြကိုယ်တိုင်ပြမှ၊ နည်းပြပြောမှ လုပ်မယ်ဆိုတဲ့သူတွေ.....စိတ်ချ.... ခင်ဗျားတို့ ဘယ်သောအခါမှ ခင်ဗျားတို့ လိုချင်တဲ့ Body ရမှာမဟုတ်ဘူး။
နည်းပြဆိုတာ #လမ်းညွှန်ဆိုင်းဘုတ် နဲ့တူတယ်။ ဒီလမ်းကို ညွှန်ပေးတယ်၊ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်၊ ဘာစားရင် ဘယ်လောက်တက်မယ်... ဆိုပြီး ပြောမယ်။ သို့သော် သူတို့လည်း စာရေးသလောက် အတိအကျမပြောနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့အတွေးနဲ့ သူတို့ရှိလို့ပဲ။
အဲဒီအတွက် နည်းပြက ပြောတာ၊ သင်ကြားပြသတာတွေကို မှတ်သားထား၊ ပြီးရင် Internet က Body Building, Fitness ပိုင်းဆိုင်ရာ ဆောင်းပါးတွေဖတ်၊ လေ့လာ၊ နည်းပြပြောတာနဲ့ ချိန်ထိုးပြီး လိုနေတဲ့ ကွက်လပ်ကို ဖြည့်၊ ပြီးရင် ဆန်းစစ်၊ လုပ်ဆောင်ရမယ်။
တစ်နေ့လာလည်း GYM လာ...စက်ရုပ်လို ဒါလုပ်..No Disucssion...No Question....ပြီးပြန်.... အဲဒီလိုသာဆိုရင်တော့ ခင်ဗျားတို့ မတက်တာလည်း မပြောနဲ့။
လှချင်လို့သာ ဆော့ရတယ်၊ စိတ်ကမပါ၊ စိတ်မဝင်စားရင်တော့... လုပ်လည်း ဘာမှမထူးဘူး။ အပေါက်ပါတဲ့ ရေဘူးထဲ ရေထည့်နေသလိုပဲ။
26/11/2019
ဘဝမှာ အသက် ၁၅ ကနေ ၁၈ လောက်က ( အများစုအတွက်) ကိုးယို့ကားယား ရုပ်အထွက်ဆုံးကာလ။ စပ်ကူးမတ်ကူး ကလေးမကျ လူကြီးမကျ ရုပ်။ ပြန်ကြည့်ရင် ငါ့မျက်ခွက်က ကြွက်စုတ်လိုပဲ ဆိုတာမျိုး။
Body fat percent ဆိုလည်း ၁၅ ကနေ ၁၈ လောက်က ကို့ယို့ကားယား ကာလ။ အင်္ကျီနဲ့ဆို လူကောင်းက သေးပြီး အင်္ကျီချွတ်ရင် ဗိုက်မှာ အဆီတွေနဲ့။ body fat ၂၀% လောက်ဆို အင်္ကျီလက်ရှည်တွေနဲ့ ဗလတွေ ညှစ်ပြလိမ့်မယ်။ ၁၂ လောက်ဆို အပေါ်ချွတ်နဲ့ six pack ညှစ်ပြလိမ့်မယ်။ ၁၅-၁၈ သမားကတော့ ဓာတ်ပုံထဲမပါအောင် ပတ်ပြေးပေတော့။
သည်အချက်က အရေးကြီးတယ်။ ဘာလို့လည်းဆိုတော့ တစ်ချို့တွေက bulk လုပ်ရင်း six pack ပျောက်သွားရင် ဆက်မတင်ချင်တော့ဘူး။ သည် ၁၅-၁၈ ကြားထဲ ဝင်လာတော့ သိပ်ကြည့်ရဆိုးတဲ့အချိန်။ အဆီကိတ်တွေကလည်း ၁၈ အောက် ဆင်းလာရင် ဗလတွေသေးလာလို့ ဆက်မချချင်တော့ဘူး။ ကြွက်သားတွေ ပါကုန်ပြီ အော်နေကြတယ်။ အမှန်က သူ့ထုကြီးက အဆီထုကြီးမို့ ကျကုန်တာ။ ဘာကြွက်သားမှ မဟုတ်ဘူး။ ဘယ်သူမှ စောင်းမပြောဘူး။ အဲသည့် အဆီထုဆရာတွေမှာ ကိုယ်လည်းပါလို့ တည့်ပြောနေတာ။ အရင်က ကိတ်တဲ့ပုံထွက်တဲ့အင်္ကျီတွေ ဝတ်ရင် ပြားကပ်ကပ်နဲ့။ အင်္ကျီလှန်လိုက်ပြန်တော့ ဗိုက်ခေါက်က အသက်ရှူ အောင့်ထားရတယ်။
လူတော်တော်များများက ကိုယ့်အဆီပမာဏကို လျှော့တွက်တတ်ကြတယ်။ ပိန်သူပဲ ဖြစ်ဖြစ် ဝသူပဲ ဖြစ်ဖြစ်။ ဒါကြောင့် လူတွေက ၁၂-၁၅% က ကြည့်ရဆိုးတဲ့ ကာလ လို့ ထင်ကြတာ။ တကယ်က ၁၅% သမားက ကိုယ့်ကိုယ်ကို ၁၂%၊ ၁၂% သမားက ၈% အဲလို ထင်ကြတတ်တယ်။ ကျွန်တော်ဆို ကိုယ့်ကိုယ်ကို ၁၅-၁၈ လောက်ထင်ခဲ့တာ တကယ်တမ်းတော့ ၁၈-၂၀% လောက် ရှိတယ်။
သည်လိုပြောလို့ ကိန်းကဏန်းတွေက အရေးကြီးလားဆိုရင် အရေးမကြီးပါဘူး။ မသိသေးတဲ့သူ သိချင်ရင် တိုင်းတဲ့စက်တွေ ကိရိယာတွေ အလွယ်တကူရနေပြီပဲ။ အဓိက က အမြင်မှာ ကြည့်ကောင်းဖို့ပဲ။ lean mass ရှိရင် ၁၅% လောက်မှာ လူတွေက ကျစ်နေတာပဲ ထင်ကြမှာ။ ဘာကြွက်သားမှ မရှိရင် ၁၂% လောက်မှာ skinny fat နဲ့ မလှမပ ဖြစ်နေဦးမှာပါ။ ဒါကြောင့် ကျွန်တော်ကတော့ မှန်သာလျှင် အမိ မှနိသာလျှင် အဖ လို့ သဘောထားပါတယ်။ ( ဒါတောင် မှန်မှာ ကြည့်ကောင်းရင်တောင် ဓာတ်ပုံ ရိုက်လိုက်ရင် ပုံပျက်ချက်က မြင်မကောင်းဘူး)။ ကိန်းကဏန်းတွေက အရေးမကြီးပေမဲ့ physique အနေအထားအသစ်ရောက်တိုင်း skinfold caliper, bioelectrical impedance analysis နဲ့ body circumference measurement တွေ သုံးပြီး အနီးဆုံး မှန်းဆပါတယ်။ ဒါမှ နောက်ဆို သည်နေရာရောက်လာတိုင်း ငါ ဘယ်လောက်ဖြစ်နေပြီလည်း သိအောင်ပါ။ TDEE တွက်ဖို့လည်း body fat percent အသုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ မသိဘဲတွက်တဲ့ မှန်းချေနဲ့ fat percent အတိအကျတွက်တာနဲ့ အရမ်းကွာခြားဖို့ဆိုတာ အရမ်းအဝလွန် အပိန်လွန် နေမှပါ။
ဒါကြောင့် bulk လုပ်သူများလည်း သည် ၁၅-၁၈ ကို သည်းခံပြီး ချီတက်ကြစေ။ ဝိတ်ချသူများကလည်း ၁၅-၁၈ ကို ဖြတ်ပြီး ဆက်ဆင်းကြစေ။ ကြည့်မကောင်းတော့လို့ ရပ်လိုက်ရင် ပိုလှတဲ့နေရာကို ရောက်လာတော့မှာ မဟုတ်ဘူး လို့။
ဘဝမှာ အသက် ၁၅ ကနေ ၁၈ လောက်က ( အများစုအတွက်) ကိုးယို့ကားယား ရုပ်အထွက်ဆုံးကာလ။ စပ်ကူးမတ်ကူး ကလေးမကျ လူကြီးမကျ ရုပ်။ ပြန်ကြည့်ရင် ငါ့မျက်ခွက်က ကြွက်စုတ်လိုပဲ ဆိုတာမျိုး။
Body fat percent ဆိုလည်း ၁၅ ကနေ ၁၈ လောက်က ကို့ယို့ကားယား ကာလ။ အင်္ကျီနဲ့ဆို လူကောင်းက သေးပြီး အင်္ကျီချွတ်ရင် ဗိုက်မှာ အဆီတွေနဲ့။ body fat ၂၀% လောက်ဆို အင်္ကျီလက်ရှည်တွေနဲ့ ဗလတွေ ညှစ်ပြလိမ့်မယ်။ ၁၂ လောက်ဆို အပေါ်ချွတ်နဲ့ six pack ညှစ်ပြလိမ့်မယ်။ ၁၅-၁၈ သမားကတော့ ဓာတ်ပုံထဲမပါအောင် ပတ်ပြေးပေတော့။
သည်အချက်က အရေးကြီးတယ်။ ဘာလို့လည်းဆိုတော့ တစ်ချို့တွေက bulk လုပ်ရင်း six pack ပျောက်သွားရင် ဆက်မတင်ချင်တော့ဘူး။ သည် ၁၅-၁၈ ကြားထဲ ဝင်လာတော့ သိပ်ကြည့်ရဆိုးတဲ့အချိန်။ အဆီကိတ်တွေကလည်း ၁၈ အောက် ဆင်းလာရင် ဗလတွေသေးလာလို့ ဆက်မချချင်တော့ဘူး။ ကြွက်သားတွေ ပါကုန်ပြီ အော်နေကြတယ်။ အမှန်က သူ့ထုကြီးက အဆီထုကြီးမို့ ကျကုန်တာ။ ဘာကြွက်သားမှ မဟုတ်ဘူး။ ဘယ်သူမှ စောင်းမပြောဘူး။ အဲသည့် အဆီထုဆရာတွေမှာ ကိုယ်လည်းပါလို့ တည့်ပြောနေတာ။ အရင်က ကိတ်တဲ့ပုံထွက်တဲ့အင်္ကျီတွေ ဝတ်ရင် ပြားကပ်ကပ်နဲ့။ အင်္ကျီလှန်လိုက်ပြန်တော့ ဗိုက်ခေါက်က အသက်ရှူ အောင့်ထားရတယ်။
လူတော်တော်များများက ကိုယ့်အဆီပမာဏကို လျှော့တွက်တတ်ကြတယ်။ ပိန်သူပဲ ဖြစ်ဖြစ် ဝသူပဲ ဖြစ်ဖြစ်။ ဒါကြောင့် လူတွေက ၁၂-၁၅% က ကြည့်ရဆိုးတဲ့ ကာလ လို့ ထင်ကြတာ။ တကယ်က ၁၅% သမားက ကိုယ့်ကိုယ်ကို ၁၂%၊ ၁၂% သမားက ၈% အဲလို ထင်ကြတတ်တယ်။ ကျွန်တော်ဆို ကိုယ့်ကိုယ်ကို ၁၅-၁၈ လောက်ထင်ခဲ့တာ တကယ်တမ်းတော့ ၁၈-၂၀% လောက် ရှိတယ်။
သည်လိုပြောလို့ ကိန်းကဏန်းတွေက အရေးကြီးလားဆိုရင် အရေးမကြီးပါဘူး။ မသိသေးတဲ့သူ သိချင်ရင် တိုင်းတဲ့စက်တွေ ကိရိယာတွေ အလွယ်တကူရနေပြီပဲ။ အဓိက က အမြင်မှာ ကြည့်ကောင်းဖို့ပဲ။ lean mass ရှိရင် ၁၅% လောက်မှာ လူတွေက ကျစ်နေတာပဲ ထင်ကြမှာ။ ဘာကြွက်သားမှ မရှိရင် ၁၂% လောက်မှာ skinny fat နဲ့ မလှမပ ဖြစ်နေဦးမှာပါ။ ဒါကြောင့် ကျွန်တော်ကတော့ မှန်သာလျှင် အမိ မှနိသာလျှင် အဖ လို့ သဘောထားပါတယ်။ ( ဒါတောင် မှန်မှာ ကြည့်ကောင်းရင်တောင် ဓာတ်ပုံ ရိုက်လိုက်ရင် ပုံပျက်ချက်က မြင်မကောင်းဘူး)။ ကိန်းကဏန်းတွေက အရေးမကြီးပေမဲ့ physique အနေအထားအသစ်ရောက်တိုင်း skinfold caliper, bioelectrical impedance analysis နဲ့ body circumference measurement တွေ သုံးပြီး အနီးဆုံး မှန်းဆပါတယ်။ ဒါမှ နောက်ဆို သည်နေရာရောက်လာတိုင်း ငါ ဘယ်လောက်ဖြစ်နေပြီလည်း သိအောင်ပါ။ TDEE တွက်ဖို့လည်း body fat percent အသုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ မသိဘဲတွက်တဲ့ မှန်းချေနဲ့ fat percent အတိအကျတွက်တာနဲ့ အရမ်းကွာခြားဖို့ဆိုတာ အရမ်းအဝလွန် အပိန်လွန် နေမှပါ။
ဒါကြောင့် bulk လုပ်သူများလည်း သည် ၁၅-၁၈ ကို သည်းခံပြီး ချီတက်ကြစေ။ ဝိတ်ချသူများကလည်း ၁၅-၁၈ ကို ဖြတ်ပြီး ဆက်ဆင်းကြစေ။ ကြည့်မကောင်းတော့လို့ ရပ်လိုက်ရင် ပိုလှတဲ့နေရာကို ရောက်လာတော့မှာ မဟုတ်ဘူး လို့။
21/11/2019
ကာယဗလသမားများရေနေ.စဉ် ဘယ်လောက်သောက်သင်.သလဲ
လူတိုင်းဟာရေကိုနေ.စဉ် သောက်သင်. သောက်ထိုက်တဲ.အတိုင်းအတာ နှင်.အညီလုံလောက်အောင်
သောက်ရပါမယ်။ ယနေ. လူအများစုဟာရေကိုအရေးပါတဲ. အာဟာရတစ်ခုအဖြစ် အသိအမှတ် မပြုတတ်ကြပါဘူး။ ဒါပေမဲ. အသက်ရှင်ဖို.အတွက် အောက်ဆီဂျင်ပြီးရင် ရေဟာဒုတိယအရေးကြီးဆုံးပါပဲ။
ရက်ပေါင်းများစွာအစာမစားဘဲနေနိုင်ပေမယ် ရေကိုရက် အနည်းငယ် မသောက်ပဲမနေနိုင်ပါဘူး။ ဒါကြောင်.လည်းရှေးလူကြီးတွေကထမင်းအသက် (၇) ရက် ရေအသက် တစ်မနက် လို. တင်စားခဲ.ကြတာ ဖြစ်တယ်။ ကိုယ်ခန္ဒာ အလေးချိန်ရဲ.(၄) ပုံ (၃) ပုံဟာရေတွေ ဖြစ်ပါတယ်။
လူကြီးတစ်ယောက်ရဲ. ကိုယ်ခန္ဒာမှာ ပျှမ်းမျ ရေ (၁၀) ဂါလံလောက် ပါ၀င်ပါတယ်။ ရေရဲ. အစွမ်းသတ္တိဟာကျေချက် ထားသမျှ အာဟာရများ၊ ဗီတာမင်များ၊ သတ္တုဓာတ်များတို.ကိုအရည်ဖျော်ပြီးသွေးကြောများအတွင်း ၀င်နိုင်ရေးအတွက် လုပ်ဆောင် ပေးပါတယ်။
ရေဓာတ်ဟာကိုယ်ခန္ဒာ ရဲ. အပူချိန် ကိုလည်းထိန်းချုပ်ပေးပါတယ်။ ကိုယ်အတွင်းမှာရေဓာတ်နည်းလွန်းရင် ၊ကြွက်သားများအားယုတ်ပြီး ကြွက်တက်ခြင်းနှင်. မောပန်းလွယ်ခြင်းတို. ဖြစ်နိုင်သလို ကြွက်သားကလပ် စည်းများအတွင်းရေဓာတ်မရှိ တဲ.အခါမှာ ကြွက်သားမျှင်များတည်ဆောက်မှုနှင်. ကြွက်သားများခွန်အားပြည်. အလုပ်လုပ် ဆောင်မှု ကိုထိခိုက်စေပါတယ်။
ရေမရှိရင် အဆိပ်အတောက်ဖြစ်စေတဲ.ဓာတ်များကိုယ်တွင်းသွေးကြောကြီးများထဲမှာ စုဝေးနိုင်စေပါတယ်။ အဲဒီအခါမှာသွေးပမာဏလျှော.ကျပြီးအောက်ဆီဂျင် နှင်. အာဟာရများကိုယ်တွင်းပို.ဆောင်ပေးနိုင်စွမ်းကိုထိခိုက်စေပါတယ်။ ၀မ်းချုပ်မှု ကိုကာကွယ်ပေးပြီး ၀မ်းတွင်းမှ အညစ်အကြေးများကို ပြင်ပသို. ရောက်အောင်လည်းဆောင်ရွက်ပေးပါတယ်။
အမေရီကန် ပြည်ထောင်စုဘေလာဆေးကောလိပ်မှ ဆေးပညာရှင် ဆီးပါမောက္ခ ဒေါက်တာဒေါ်နယ်ဂရစ်ဖစ် ရဲ. အဆိုအမိန်.အရရေကိုအလုံအလောက် မသောက်ရင် ဆီးသွားနဲနိုင်ပါတယ်၊ ဆီးသွားနည်းခြင်းဟာကျောက်ကပ်မှာကျောက်တည်စေနိုင်တဲ. အန္တရာယ်ကိုအားပေးမှု ဖြစ်စေနိုင်တယ်လို. ဆိုထားပါတယ်။
ရေသောက်နည်းခြင်းဟာ ၀မ်းဗိုက်အတွင်း အစာချေဖျက်မှု ပြသာနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။ နှလုံး နှင်. သွေးကြောအဖွဲ. အလုပ် လုပ်ဆောင်မှု ကိုလည်းထိခိုက်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်အမြစ်နှင်. ကြွက်သားများနာကျင်ကိုက်ခဲ ခြင်းတို.ကို ဖြစ်စေနိုင်တယ်လို. ဆိုပါတယ်။
ကျန်းမာရေးပါရဂူများရဲ. အဆိုအရကိုယ်အလေးချိန် (၁၅၄) ပေါင်ရှိတဲ. ပျမ်းမျှ အမျိုးသားတစ်ဦးဟာနေ.စဉ် ရေဖန်ခွက် (၁၂)ခွက် ခန်.သောက်ဖို. လိုအပ်ပါတယ်။ ကိုယ်အလေးချိန် (၁၂၀) ရှိတဲ.ပျမ်းမျှ အမျိုးသမီးတစ်ဦးဟာနေ.စဉ် ရေ (၈) ခွက် ခန်. သောက်နိုင်ပါတယ်။
အလွယ် တွက်မယ်ဆိုရင်တော. ကိုယ်အလေးချိန်၁၅ ပေါင် ကိုရေတစ်ဖန်ခွက် သောက်သင်. တယ် လို. ဆိုပါတယ်။ နောက်တစ်ခု က ရေဆိုတိုင်းကဖိန်းဓာတ်ပါတဲ. ကော်ဖီနှင်. အရက် တို.လိုအရည်မျိုးသောက်တာနှင်. မတူကြောင်းအဲဒီဖျော်ရည်နှင်. ယမကာများကိုသောက်သုံးခြင်းဖြင်. ရေသောက်စရာမလိုဘူး၊ ရေကိုလျှော. သောက်၇မယ်လို. ထင်နေခြင်းဟာမှားယွင်းကြောင်းဆိုထားပါတယ်။
ယင်းသို. အရက်ပါတဲ. ဖျော်ရည် ယမကာများနှင်. ကဖိန်းဓာတ် ပါ အရည်များကိုသောက်သုံးခြင်းဟာကိုယ်ခန္ဓာ အတွင်းမှ ရေအားဆုံးရှုံးမှု ကို ပါ လှုံ.ဆော် ပေးတယ်လို. ဆိုထားပါတယ်။
နောက်ဆုံးအနေနဲ. အကြံပေးလိုသည်မှာကာယဗလသမားများဟာတစ်နေ. ကိုရေ (၈) ခွက် မှ (၁၂) ခွက် ခန်. ပုံမှန် သောက်သုံးသင်.ပါတယ်။ ပြင်းပြင်းထန်ထန် လေ.ကျင်. လို. ချွေးထွက် များတဲ. နေ.ဆိုရင် ပို ပြီးသောက်သင်.ပါတယ်။ ပြိုင်ပွဲ ၀င် ကာယဗလသမားများအနေနဲ. ပြိုင်ပွဲ ၀င်ခါနီး တစ်ရက်နှစ်ရက် အလိုမှသာရေကိုအနည်းငယ် လျှော. သောက်ကြရပါတယ်။ ကြွက်သားများစိုပြေ မှု လျှော.မှာစိုးပြီးလျှော. မသောက်သူများလည်းရှိပါတယ်ဆိုတာတင်ပြရင်းရေဟာလူတစ်ယောက်အတွက် ဘယ်လောက် အရေးကြီးတဲ. အာဟာ ရ တစ်ခု ဖြစ်တယ် ဆိုတာ ေ၇းသား လိုက်ပါတယ်။
အောင်အောင်( လှိုင် )
13/11/2019
ဒါတောင်
" တလအတွင်း အာမခံလား''
လာလိုက်သေးတယ် အထာကြီးနဲ့ 😁
13/11/2019
"ဆရာ ၃လလောက်ဆို ဖြစ်ပြီးလား ဆရာ''
အာ့လို မေးခွန်းဒေနဲ့ မသတ်ပါနဲ့ 😁😁