17/04/2025
မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင်ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်မောင်မောင်လွင်ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)က ရွေးချယ်ခဲ့ပါတယ်။
လာမယ့် မေလ ၂၈ ရက်မှာ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အာဆီယံ ညွန့်ပေါင်း ASEAN-All Stars တို့ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။
ဒီခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်ကို အာဆီယံညွန့်ပေါင်းအသင်းမှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF ကမြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင် ဆက်သွယ် ခဲ့တာဖြစ်ပါတယ်။
မောင်မောင်လွင်ဟာ လက်ရှိအချိန် ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warriors FC တွင် ခြေစွမ်းပြ ကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်း အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF ကထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံ ညွန့်ပေါင်းအသင်းနည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါတယ်။
14/04/2025
ပရီးမီးယားလိဂ် - ယူနိုက်တက်ကို ဂိုးပြတ်နိုင်ပြီး အဆင့် ၄ ကို ပြန်တက်လာတဲ့ ငှက်ကျားတွေ
နယူးကာဆယ် ၄-၁ မန်ယူ (Full-time)
တိုနာလီ ၂၄' ⚽ ဂါနာချို ၃၇'
ဟာဗီ ဘားန်စ် ၄၉'၊ ၆၄'
ဂီမာရက်စ် ၇၇'
နေမကောင်းဖြစ်နေတဲ့ မန်နေဂျာ အက်ဒီဟောင် မရှိပေမဲ့ နယူးကာဆယ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ မန်ချက်စတာယူနိုက်တက်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ဒါပေမဲ့ သူ့ကစားသမားတွေဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ တုံ့ပြန်ခဲ့ပြီး ၁၉၃၀-၃၁ ရာသီနောက်ပိုင်း ပြိုင်ဘက် မန်ယူကို ပထမဆုံးအကြိမ် လိဂ်နှစ်ကျော့စလုံး အနိုင်ရရှိခဲ့ပါတယ်။
မန်ယူနည်းပြ ရူဘင် အမိုရင်မ်က လိုင်ယွန်နဲ့ ယူရိုပါလိဂ်ပွဲမှာ အမှားနှစ်ကြိမ်ကျူးလွန်ခဲ့တဲ့ ဂိုးသမား အန်ဒရေ အိုနာနာကို ချန်လှပ်ခဲ့ပေမဲ့ အစားထိုးဝင်ဖမ်းလာတဲ့ အယ်လ်တေ ဘေယင်ဒီယာရဲ့ ဆိုးရွားတဲ့ အမှားကြောင့် အိမ်ရှင်အသင်း အလွယ်တကူ အနိုင်ရရှိသွားခဲ့တာလဲဖြစ်ပါတယ်။
(Photos: EPA/Newcastle)
16/03/2025
လန်ဒန်ဒါဘီမှာ ချယ်လ်ဆီး ကို အနိုင်ရခဲ့သည့် အာဆင်နယ်
Arsenal 1-0 Chelsea (FT)
⚽ Merino 20'
Credit Photo
16/03/2025
■ ပရီးမီးယားလိဂ် ပထမပိုင်းရလဒ်
အာဆင်နယ် ၁-၀ ချယ်လ်ဆီး
မယ်ရီနို(၂၀ မိနစ်)
ဖူလ်ဟမ် ဝ-၀ စပါး
Photo: Arsenal
16/03/2025
လာလီဂါမှာ သွင်းဂိုး ၂၀အထိရှိလာတဲ့ အမ်ဘတ်ပေ တစ်ယောက် လီ၀န်ဒေါစကီးကို ကျော်ပြီး ပီချီချီဆုကို ရယူနိုင်မလား?
အမ်ဘတ်ပေ - ၂၀ဂိုး
လီ၀န်ဒေါစကီး - ၂၁ဂိုး
Credit - Photo
16/03/2025
အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲ ဘယ်အသင်းအနိုင်ရသွားမလဲ?
Credit - Photo
16/03/2025
EFL Cup ဖိုင်နယ်မှာ ချန်ပီယံဖြစ်မယ့်အသင်းက ဘယ်အသင်းလဲ?
Credit - Photo
12/03/2025
လေဗာကူဆင်နဲ့ပွဲတွင် တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးခဲ့တဲ့ ဟာရီကိန်း တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းတဲ့ကစားသမားဖြစ်လာ
~~~~~~~~~~~~~~~~~~~~~~~~~~~
ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ လေဗာကူဆင်နဲ့ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီးနောက် ယခုနှစ်ရာသီ ချန်ပီယံလိဂ် ၁၁ ပွဲမှာ ၁၀ ဂိုးသွင်းကာ တစ်ရာသီဂိုးအများဆုံး အင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့တယ်။
ဒါ့အပြင် ဟာရီကိန်းအနေနဲ့ ဘွန်ဒစ်လီဂါပွဲစဉ် ၂၅ ပွဲအပြီးတွင် ၂၁ ဂိုးသွင်းကာ ဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။