18/12/2025
🥊မွေထိုင်းဆီမီးဖိုင်နယ်မှာ အကုန်ပြိုင် အကုန်ရှုံးခဲ့ပေမယ့် ကြေးတံဆိပ်ရခဲ့တဲ့ ရိုးရာလက်ဝှေ့အဖွဲ့
အားကစားကိုချစ်မြတ်နိုးသူ
18/12/2025
🥊မွေထိုင်းဆီမီးဖိုင်နယ်မှာ အကုန်ပြိုင် အကုန်ရှုံးခဲ့ပေမယ့် ကြေးတံဆိပ်ရခဲ့တဲ့ ရိုးရာလက်ဝှေ့အဖွဲ့
16/12/2025
ရှက်ဖွယ်လိလိမြန်မာ၊ အိုဘယ့်မြန်မာ
ဆီးဂိမ်းလို အပျော်တမ်းပြိုင်ပွဲမှာ ONE မှာ ပြိုင်နေတဲ့ကစားသမားတွေ၊ ပြည်တွင်းကကြယ်ပွင့်တွေကို ခေါ်သွားခဲ့ပေမယ့် ရွှေ၊ ငွေ ရမယ့် ဗိုလ်လုပွဲကို တစ်ယောက်မှ မတက်နိုင်ခဲ့ဘူး။
မွေထိုင်းကစားနည်းကစားဖို့ အကြာကြီးစခန်းသွင်း လေ့ကျင့်ပေမယ့် ခေါ်သွားတဲ့ ကြယ်ပွင့်တွေက စွမ်းဆောင်ရည်ကောင်း ဘယ်သူမှ မပြနိုင်ဘူး။
အမှတ်ယူရမယ့် အချုပ်အသိုင်း၊ ထိချက်ပိုင်း အင်မတန်အားနည်းပါတယ်။
ဒီနေ့မှာဆိုရင် ONE မှာ ကစားဖူးတဲ့ သွေးလင်းထက်၊ စူပါရေချမ်း၊ ထန်ခွီးရှိန်တို့အပါအဝင် မွေထိုင်းကစားနေတဲ့ နော်ဥမ္မာစိုး၊ လူငယ်လေး စောမြတ်မိုး အကုန်လုံးက ရလဒ်အပြင် ပါဖောမန့်ပါ ရှုံးတာပါ။
16/12/2025
သွေးလင်းထက်၊ စူပါရေချမ်း၊ နော်ဥမ္မာစိုးတို့အပါအဝင် မြန်မာ ကစားသမား ၅ ယောက် ဆီးဂိမ်းမွေထိုင်း ယှဉ်ပြိုင်ဖို့ရှိပါတယ်။
ထန်ခွီးရှိန် နဲ့ စောမြတ်မိုး တို့လည်း ပြိုင်ကြမှာပါ။
14/12/2025
🏫၂၀၂၅ ဆီးဂိမ်း မွေထိုင်းကစားနည်း ပထမနေ့မှာ မြန်မာ့လက်ဝှေ့ကျော်တွေဖြစ်တဲ့ ရာမာဉ်နဲ့ စိန်လုံးချောတို့အပါအဝင် ၄ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄ ဦးစလုံးရှုံးနိမ့်ခဲ့ပါတယ်။
ဒီနေ့မှာတော့ ၆၃.၅ ကီလိုတန်းမှာ ပါဝင်တဲ့ စူပါရေချမ်းက လာအိုမှ Souliya Keopaseuth ကို တတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရခဲ့သလို အမျိုးသမီး ၅၇ ကီလိုတန်းမှာလည်း နော်ဥမ္မာစိုးက ဖိလစ်ပိုင်မှ Eunicka Kaya Costales ကို အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
14/12/2025
👑ပြည်တွင်းက နာမည်ကြီးတွေနဲ့ ထိုင်းဖိုက်တာတွေ ထိပ်တိုက်တွေ့ဆုံနေတဲ့ ရွှေကုက္ကိုလ်က ကရင်နှစ်သစ်ကူးအထိမ်းအမှတ် လက်ဝှေ့ပွဲ
ဒီဇင်ဘာလ ၁၆ ရက်ကနေ ၁၉ ရက်ထိ ၄ ရက်ကျင်းပမယ့်ဒီပွဲမှာ အောင်ခိုင်၊ အဲမွီ၊ စောမင်းမင်း၊ စိုးနောင်ဦးတို့က ထိုင်းဖိုက်တာတွေနဲ့ ၅ ချီပွဲ ယှဉ်ပြိုင်ဖို့ရှိတယ်။
အစောပိုင်းမှာ ဒီပြိုင်ပွဲကို တကျော့ပြန် သွေးသစ်ဝင်းလှိုင် ပြန်ကစားမယ်လို့ သတင်းကြားပေမယ့် တွဲဆိုင်းစာရင်းမှာတော့ သူ့နာမည် ပါဝင်ခြင်းမရှိဘူး။
12/12/2025
SEA Games မှာ ရွှေယူတော့မယ့် ရိုးရာလက်ဝှေ့သမားများ
11/12/2025
💎ဗီယက်နမ်ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးပြီး မြန်မာအမျိုးသမီးအသင်း အုပ်စုမှ လှည့်ပြန်
စောစောနားရပြီ😬
11/12/2025
👑ဆီးဂိမ်းမှာ မွေထိုင်းပြိုင်ဖို့ ထိုင်းကိုရောက်ရှိလာတဲ့ ရိုးရာလက်ဝှေ့ ကစားသမားများ
10/12/2025
🥇မြန်မာ ရွှေရပြီ
Congratulations MYANMAR Chinlone Team
ခြင်းလုံးအားကစားနည်းကနေ မြန်မာအတွက် ပထမဆုံး ရွှေတံဆိပ် ရယူပေးခဲ့ပါပြီ
08/12/2025
👑နှစ်ပွဲဆက် အနိုင်ရခဲ့ပေမယ့် အနိုင်မရသလိုနိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း
ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(B) ဒုတိယပွဲစဥ် ရလဒ်
မြန်မာ 🇲🇲 (၃-၀) 🇲🇾 မလေးရှား
စန်းသော်သော် (၂၇')⚽
မေထက်လူ (၃၅')⚽
ဝင်းသိင်္ဂီထွန်း (၆၅')⚽
၃ ဂိုးပြတ်နိုင်ခဲ့ပေမယ့် မြန်မာအသင်းခြေက အတော်ချာပါတယ်။ ဒီခြေစွမ်းနဲ့ ရွှေတော့ မရနိုင်ပါ။
08/12/2025
ပုံမှန်ရွှေယူပေးနေကျ ဘိလိယက်နဲ့ စနူကာအဖွဲ့ ထိုင်းဆီဂိမ်းပြိုင်ဖို့ ထွက်လာပြီ
07/12/2025
ထိုင်းဆီးဂိမ်းမှာ ရွှေယူဖို့ မြန်မာပိုက်ကျော်ခြင်း အဖွဲ့ချီတက်လာပြီ