Manchester United news -Red Devil

Manchester United news -Red Devil

Share

We post united news up to date.

09/09/2022

Player news
လူငယ်ဂိုးသမားလေး Matej kovar ကအသင်းနှင့်စာချုပ်သက်တမ်းတိုးလိုက်ပီး Sparta Prague အသင်းသို့တစ်ရာသီ အငှါးသွားရောက်ကစားမှာဖြစ်ပါတယ်။

09/09/2022

Breaking news
ယခုအပတ်မှာကျင်းပမည့် ပရီးမီးယားလိပ်ပွဲစဉ်အကုန်လုံး ရွေ့ဆိုင်းသွားခဲ့ပါပီ။

08/09/2022

ပွဲပြီးသုံးသပ်ချက်
ပထမပိုင်းမှာတော့ ပွဲထွက်လူစာရင်းတွင် အပြောင်းလဲများစွာလုပ်ပီးပွဲကိုစတင်ခဲ့တယ်။ ကစားပုံကအချိတ်အဆက်မမိပဲ ဉီးတည်ချက်မရှိဖြစ်ခဲ့တယ်။ Ronaldo အနေနဲ့အခွင့်အရေးအချို့ရရှိခဲ့ပေမယ့်အသုံးမချနိုင်ခဲ့ဘူး။ တောင်ပံနှစ်ဘက်ကသေနေခဲ့ပီး ကွင်းလွယ်တွင် Eriksen ကြောင့်သာ အခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့တယ်။ နောက်တန်းအစွန်လူတွေဖြစ်တဲ့ Dalot နဲ့ malacia တို့အဆင်ပြေခဲ့တယ်။ Fredကတော့ တစ်ပွဲလုံးပျောက်နေခဲ့တယ်။

ဒုတိယပိုင်းမှာလူစားလဲလှယ်မှုတွေရှိခဲ့ပေမယ့် ပွဲကိုထိရောက်အောင်ထိသက်ရောက်မှုမရှိခဲ့ဘူး။ Dalot ကိုလူစားလဲပီး သူ့နေရာဝင်ကစားတဲ့ Lindelof ရဲ့နေရာယူပုံကြောင့် ညာခြမ်းတခြမ်းလုံးသေသွားသလို အခွင့်အရေးတချို့လည်းပေးခဲ့ရတယ် ။ ပင်နယ်တီနဲ့ပတ်သက်ပီးတော့ ဘာမှတော့မပြောလိုပေမယ့်၊ United အနေနဲ့ရသင့်တဲ့ပင်နယ်တီတွေရှိတာတော့သတိချပ်ရမယ်။ Maguire ကစားပုံမဆိုးဘူးဆိုပေမယ့် နေရာယူတာလွဲမှားနေတာ တွေ့ရတယ်။ တစ်ပွဲလုံးချုံကြည့်ရရင် second lineup ကအဆင်သင့်မဖြစ်သေးတာတွေ့ရတယ်။ ဆောင်းရာသီအပြောင်းအရွေ့မှာ တန်ဟက်အနေနဲ့ တိုက်စစ်မှုးစစ်စစ်ကိုရှာသင့်ပီး ကွင်းလည်လူတစ်ယောက်လည်းလိုအပ်နေတယ်။ Elanga နဲ့ Fred ကတော့ ရောင်းချသင့်နေပါပီ။

08/09/2022

ယနေ့ညပွဲထွက်လူစာရင်း

08/09/2022

Unitedကစားသမားဟောင်း မာတာအနေနဲ့ ဂါလာတာစာရေး အသင်းသို့ တစ်နှစ်စာချုပ်နဲ့ပြောင်းရွေ့ဖို့နီးစပ်သွားပြီဖြစ်သည်။
Good luck မာတာ🪄

07/09/2022

Erik ten Hag in UEL presser
🗣Anthony Martial အနေနဲ့
ဒဏ်ရာကသက်သာစပြုပေမယ့် လာမည့်ပွဲတွက်ပါဝင်ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။
🗣လက်တလောဖြစ်ပေါ်နေတဲ့ Eric Bailly ၏မှတ်ချက်နှင့်ပတ်သက်ပီး “ကျွန်တော့်အနေနဲ့ယခင်ရာသီကတာဝန်ယူခဲ့တာမဟုတ်သည့်အတွက် အဲ့အပေါ်မှတ်ချက်တစုံတစ်ရာပြုဖို့မရှိပါဘူး။
🗣Thomas Tuchel နှင့်ပတ်သက်ပီး “ကျွန်တော်သူ့အတွက်တော့စိတ်မကောင်းပါဘူး၊ ဘောလုံးရာသီအစမှာတင်ဆိုတော့ ၊ မှတ်ချက်တစုံတစ်ရာတော့မပြုလိုပါဘူး။
🗣McTominay နဲ့ပတ်သက်ပီး သူကောင်းကောင်းကစားနိုင်ပါတယ်၊ တခြားပွဲထွက်လူ ၁၁ယောက်နေရာထက်ပိုပီး ကောင်းကောင်းကစားနိုင်တဲ့သူတွေ အသင်းမှာရှိပါသေးတယ်။
🗣Rashford အနေနဲ့ပျော်ရွှင်စွာကစားတာမြင်ရတာ ကောင်းမွန်တဲ့အချက်ပါ။
🗣Ronaldoနဲ့ပတ်သက်ပီး သူအနေနဲ့ Brentfordနဲ့ပွဲပါဝင်ကစားခဲ့တယ် ၊သူ့အတွက်ပွဲအများကြီးကစားဖို့ရှိပါတယ်၊ သူအဆင်သင့်ဖြစ်နေပါပီ။
🗣Europa League နဲ့ပတ်သက်ပီး “ကျွန်တော်တို့ပွဲတိုင်းကိုအနိုင်ယူဖို့အတွက် ကစားသမားတွေကိုအလှည့်ကျ သုံးသွားမှာပါ၊ ကစားသမားတိုင်းကစားချိန်ရမှာပါ ၊ကစားသမားတွေအနေနဲ့ ဘာလုပ်နိုင်လဲဆိုတာသက်သေပြဖို့လိုပါမယ်၊ ကစားသမားတိုင်းပျော်ရွှင်ဖို့ အာမမခံနိုင်ပေမယ့် ကစားဖို့လုံလောက်ကြောင်းသက်သေပြရပါမယ်။

တခြားသတင်းအနေနဲ့ Donny Van De Beekကို ယနေ့လေ့ကျင့်ရေးမှာမတွေ့ရှိပါဘူး။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


ပြည်လမ်း
Yangon