31/01/2023
Already been 2 years 💔
some ppl lost their jobs
some ppl lost their hopes
some ppl lost their futures
some ppl lost their families
some ppl could NEVER come back 🥀
မယုံနိုင်ကြည်နိုင်စွာ ငိုကြွေးရင်း နိုးထခဲ့ရတဲ့နေ့တနေ့ 🥀 1/2/21 🥀
26/11/2022
Nike Street Geto 2022
Brand New Indoor Futsel
အတွင်းသားအရမ်းမိုက်
အရောင်ကတော့ရှယ်ပဲ
Size အစုံရန်ိင်သေး
break System ကတော့အသစ်အဆန်း
ခြေပြားကျယ်သူတွေအတွက်အထူးသင့်လျော်
ရန်ကုန် အရောက် ၃ သိန်း ( ၁၀ ရက်အတွင်း )
Message Box မှ ဆက်သွယ်နိုင်ပါသည်
15/03/2022
🌕တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ၊ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တစ်ယောက်အား အခြွေအရံတစ်ထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။
ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍ အမတ်တို့ကို အခြွေအရံတစ်ထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။ သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း (၆၀)ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။
ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့်နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ (၁၀၀၀)ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။
ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။
ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။
ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။
သာကီ၀င်မင်းသားတစ်ထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။
ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် (၁၀၃)ခု၊ တပေါင်းလပြည့်(ဗုဒ္ဓဟူးနေ့)တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။ ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
Reference : ဖိုးသူတော်
18/07/2021
#ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်
နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪
🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။
🔸အထူးသဖြင့် ... အိမ်ကျဉ်းပြီး အခန်းနည်းရင်
အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။
🔰၂။ air borne ဆိုပေမယ့် တစုံတယောက်က
နှာချေလိုက်မှ အမှုန် droplet လေးတွေက
လေထဲမှာကြာကြာနေတာပါ။
🔹.Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။
🔹.ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။
🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊
မျက်စိ၂-လုံးကဘဲဝင်နိုင်တယ်။
🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။
🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။
🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာ
ရိုးရိုးမျက်မှန်သုံးပါ။
🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင်၊
မျက်လုံးထဲလက်ထည့်စရာမလိုဘူး။
🔰.၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။
🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။
🔹.အားမှလျှော်။ မလျှော်လဲ (၅)ရက်ကြာရင်
ပိုးကအလိုလို သေသွားလိမ့်မယ်။
🔰.၆။ အရေးကြီးတာက 👇👇
🔹.အော်ကျယ်ပြောနေတဲ့လူ..
🔹.ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူ..တွေကို
ဝေးဝေးကရှောင်ပါ။
🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်
လဲကိစ္စမရှိဘူး။
🔸 ၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။
🔸.ရွရွလျှောက်ပြေးနေတာမဟုတ်ဘူး။
🔸.သူ့ဖာသာသူကပ်နေတာ။
🔸.ကိုယ်ကလက်နဲ့ယူပြီး နှာခေါင်းနိုက် .မျက်စိပွတ်..
ပါးစပ်နိုက်မှ ..ဝင်ကုန်တာ။
🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹
🔰၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။
🔹.ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာက
အလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက်ပိုကောင်းတယ်။
🔹.ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ်ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။
🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံးကျန်းမာချမ်းသာကြပါစေ။🔹
( ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ကူးတင်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ )
ပါမောက္ခဦးသိန်းဝင်း💪🤝👍
ပြန်လည်မျှဝေသည်။
17/07/2021
ဖျား၊ ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲရင် Paracetamol 500mg တလုံး၊ တနေ့ ၄-၆ကြိမ် ၄နာရီခြားသောက်နိုင်သည်။ ချွေးထွက်များရင် BPI ဓာတ်ဆား သောက်ပေးပါ။
Paracetamol နဲ့ အဖျားသိသိသာသာမကျပါက
Alaxan၊AlaxanFR တနေ့ ၃ ကြိမ်သောက်နိုင်။ အစာအိမ်နာရှိက အစာအိမ်ဆေးနဲ့ တွဲသောက်ပါ။
လည်ချောင်း နာရင် ဆားရည် နွေးနွေးနဲ့ မကြာခဏပလုတ် ကျင်းပါ။
ငုံဆေးတမျိုးမျိုး ငုံနိုင်
Strepsil ၊Degirol ၊Mybacin ငုံးဆေးပြား
မနက် နေ့ ည။
ဝမ်းပျက်ဝမ်းလျှောရင်
ဝမ်းသွားသလောက် ဓာတ်ဆားသောက်ပါ။
BBI တထုပ် ရေတစ်လီတာဖျော်ရန်။
Bilact,Bioflor မနက်တထုပ် ညတထုပ် သောက်နိုင်။
Zinc20 mg မနက်၁ ည၁ သောက်နိုင်။
နှာစေးပါက
Cetirizine
allerday
Chericof fluplus soft gel
တနေ့တကြိမ်သောက်နိုင်။
ချောင်းဆိုးပါက
Detussin
Atussin/ Bronchest/
Chericof cough syrup
Ascoril
Wood's
တနေ့ ၂-၃ကြိမ် သောက်နိုင်။
အန်ရင်
Dimperidone 10mg
မနက် နေ့ ည
အစာ မစားမီ နာရီဝက် ခန့် ကြို သောက်ရန်။
အားဆေး သောက်လိုက သောက်နိုင်။
တစ်ရက် တစ်လုံး
Cevit သောက်လိုကသောက်နိုင်
တစ်နေ့ ၁၀၀၀ mg ထက် မပိုရ။
D3 သောက်လိုက သောက်နိုင်။
တစ်နေ့ ၁၀၀၀ ထက်မပိုရ။
Zinc သောက်လိုကသောက်နိုင်။တစ်နေ့ ၄၀ mg ထက်မပိုရ
တရားမှတ်၊
အသက် ကို ဖြည်းဖြည်း ရှူသွင်းရှူထုတ် လုပ်ဖို့ မမေ့ပါနဲ့။
သာမန် မပြင်းထန်တဲ့အဖျားက
ရောဂါလက္ခဏာ စပြတဲ့နေ့ကစရင်
၅-၇ ရက် အတွင်း သက်သာတတ်။
၅-၇ ရက်အတွင်း မသက်သာသာ
၊ရောဂါလက္ခဏာပို ဆိုး မလာရင်
၁၀ရက် အတွင်း သက်သာလာပါတယ်။
SpO2 94 အောက်က oxygen လိုပါမယ်။
Positiveသမားက လက္ခဏာစပြတဲ့နေ့ကနေ
၁၁ ရက်အကြာ တခြားလူကို မကူးတော့ပါ။
၁၄ရက်ထိ သီးသန့်နေ။
၂၁ရက်ကြာရင် ပုံမှန်လို နေလို့ရ
17/07/2021
ကျေးဇူးပြု၍ ဖတ်ပေးပါ၊
အောက်စီဂျင်မရလည်းမကြောက်ပါနဲ့
————
ကိုဗစ်ဒဏ်ကိုသူကိုယ်တိုင်ရော ခံစားဖူးပြီး ခုထိ သူကုပေးနေတဲ့ လူနာများစွာရှိတဲ့ သူငယ်ချင်းဆရာဝန်ရေးထားတာလေးပါ✍️
🦠👉အောက်ဆီဂျင်ပြတ်လပ်မှု နှင့် COVID ကပ်ရောဂါ👈🦠
================
🚨ဆရာဝန်တစ်ဦးအနေနှင့်၄င်း , အဆုတ်ရောဂါ အပြင်းအထန်ခံစားခဲ့ဖူးသော အတွေ့အကြုံရှိသည့် လူတစ်ဦးအနေနှင့်၄င်း … ကိုယ်တိုင်ဖြတ်သန်းခဲ့သော အမောဖောက်ခြင်း ဝေဒနာကို သက်သာစေမည့် နည်းလမ်းများကို ဒုက္ခခံစားနေသောပြည်သူများဒုက္ခသက်သာစေရန် ဝေမျှခြင်းဖြစ်ပါသည်။
🚨ယခုလတ်တလော COVID -19 ရောဂါကြောင့် အမောဖေါက်ပီးအောက်စီဂျင်မရကြသောလူနာများအတွက် ရည်ရွယ်ပါသည်။
ဇွန်လမှစ၍ မြန်မာနိုင်ငံတွင် COVID တတိယလှိုင်း စတင်ဝင် ရောက်ပါသည်။
စစ်တပ်မှတိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ထားသဖြင့် ပြည်သူလူထုမှာ အားကိုးရမည့် အစိုးရတစ်ရပ်မရှိဘဲကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကပ်ရောဂါကို ရင်ဆိုင်နေရပါသည်။
🚨အောက်စီဂျင်လည်းမရှိ ၊ ဆေးရုံလည်း တက်လို့ အရမ်းခက် တာကြောင့် အိမ်မှာ မောရင်း သေဆုံးကြရတဲ့ လူနာတွေ ...... လျော့ကျစေရန် အလို့ငှါ စေတနာဖြင့် ဤစာကို ရေးသားအပ်ပါတယ်။
⚫️ပထမဆုံး အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်း Oxygen မလိုပါ။ ရောဂါဖြစ်သူအားလုံး၏ ၂၀ ရာခိုင်နှုန်းသာ oxygen လိုအပ်ပါသည်။
⚫️ဒုတိယ အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်းမသေပါ။ လူနာစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာ သေဆုံးပါသည်။�
➡️အမောဖောက်လူနာအားပြုစုဖို့အောက်ပါအချက်များကိုနားလည်ထားရပါမည်။
အမောဖောက်ခြင်းသည် အကြောင်း ၂ ချက်ကြောင့် ဖြစ်ပါသည်။
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုနည်းသွားခြင်း
B.ခန္ဓာကိုယ်မှ oxygen ကို အသုံးပြုမှုများသဖြင့် oxygen မလုံလောက်ခြင်း
➡️လူနာအမောဖောက်ခြင်းသက်သာစေရန်
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုများလာအောင်လုပ်ဆောင်ရပါမည်။
B. ခန္ဓာကိုယ််မှ oxygen သုံးစွဲမှု တတ်နိုင်သမျှလျှော့ကျအောင်ပြုလုပ်ရပါမည်။
🔹🏮A. Oxygen ပံ့ပိုးမှုနည်းသွားခြင်း ကို ကုစားရန်နည်းလမ်းများ🏮🔹
အဆုတ်မကောင်းလျှင်သော်လည်းကောင်း နှလုံးမကောင်းလျှင်သော်လည်းကောင်း သွေးအားနည်းလျှင်သော်လည်းကောင်း ခန္ဓာကိုယ်သို့ Oxygen ပံ့ပို့နည်းသွားတတ်ပါသည်။
SpO2 90% အောက်ရောက်လျှင် oxygen ရှုရပါမည်။
ယခု မြန်မာနိုင်ငံ သားများကြုတွေ့နေရသည့် အခြေအနေအရ Oxygen မရရှိပါက အောက်ပါကိစ္စများကိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အား Oxygen ပံ့ပိုးမှု ပိုများလာအောင် ပြုလုပ်ပါ။
၁။ လူနာကို လေကောင်းလေသန့် ရသည့်နေရာတွင်ထားပါ
၂။ အဆုတ်ထဲ လေဝင်အောင် ဂရုတစိုက် သတိထားပီး ဖြေးဖြေးချင်းရှုပါ။
အသက်ကိုဖြေးဖြေးနှင့်ရှည်ရှည်ရှုပါ။အသက်ရှုရာတွင် မြန်မြန်ရှုလေပိုမောလေဖြစ်တတ်ပါသည်။ ဖြေးဖြေးနှင့်မှန်မှန်ရှုရန်လိုအပ်ပါသည်။ အသက်ရှုခြင်းသည် အဆုတ်ထဲသို့ လေဝင်အောင်လုပ်ခြင်းဖြစ်ပါသည်။ အကြိမ်ရေများများနှင့် တိုတိုရှုခြင်းထက် အကြိမ်ရေနည်းနည်းနှင့် ရှည်ရှည်ရှုခြင်းက အဆုတ်ထဲလေပိုဝင်ပါသည်။ သတိထားပီး အသက်ရှုရပါမည်။
လေကိုဖြေးဖြေးနှင့် ရှည်ရှည်ရှုခြင်းက respiratory muscle များအသုံးပြုမှုကို လျော့ကျစေပါသည်။ လူပိုသက်သာပါသည်
၃။ လူနာအနီးတွင် ဆူညံသံများကို မပြုလုပ်ပါနှင့်၊ အသက်ရှုခြင်း တစ်ခုထဲကိုသာအာရုံစိုက်ရန် လူနာကို သတိပေးပါ။
၄။ ပက်လက်အနေအထားဖြင့် အသက်ရှုခြင်းသည် ပို၍ မောပါသည်( ထိုင်ပီးမှောက်လျှက်အနေအထားဖြင့် နေပါ)
၅။ လူနာ စိတ်အေးလက်အေးဖြစ်နေပါစေ( ကြောက်လန့်တကြားဖြစ်ပီး လူနာရုန်းကန်ပါက အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။ ထို့ကြောင့် ကြုံလာသည့် ပြဿနာကို စိတ်အေးအေးထားပီးရင်ဆိုင်ရန်အရေးကြီးပါသည်။)
၆။ အခန်းအပူချိန်ကို မပူလွန်း မအေးလွန်းဖြစ်နေဖို့လိုပါသည်။(26’C သည် လူအတွက်အကောင်းဆုံးအပူချိန်ဖြစ်သည် )
ရ။ လူနာရှိသောအခန်းအား ပြူတင်းပေါက်များဖွင့်ထားပါ။
၈။ လူနာအနီးတွင် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းရှိနေပါစေ
၉။ အနံ့အသက်များ မရှိပါစေနှင့်( ညောှ်နံ့, ခြင်ဆေးခွေနံ့, မြောင်းပုပ်နံ့, ရေမွေးနံ့ , ဟင်းနံ့ များ သည် အမောဖောက်လူနာအားပိုဆိုးစေပါသည်)
၁၀။ အသက်ရှုလမ်းကြောင်းတွင် ချွဲ သလိပ်များ ပိတ်ဆို့နေပါက လက်ဖြင့်ဖြစ်စေ , Suction Machine ဖြင့်ဖြစ်စေ ဖယ်ရှားပေးပါ။
🔹🏮B. ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုများပြားခြင်းကို လျော့ချရန် 🏮🔹
လူ့ခန္ဓာကိုယ်တွင် Oxygen အများဆုံးအသုံးပြုသည့် ကိုယ်အင်္ဂါများမှာ ဦးနှောက်, နှလုံးနှင့်ကြွက်သားများဖြစ်ကြပါသည်။
ဦးနှောက်နှင့် နှလုံး တို့ သည် oxygen ပြတ်၍မရပါ။
သဘာဝအရ ၄င်းအင်္ဂါများတွင် Oxygen နည်းလာပါက နှလုံးခုံမြန်လာပါမည်၊ အသက်ရှုမြန်လာပါမည်၊ စိုးရိမ်စိတ်ဝင်လာတတ်ပါသည်။
၄င်းအခြေနေတွင် ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုနည်းအောင် အောက်ပါ ကိစ္စများပြုလုပ်ပါ။
၁။ စိတ်အေးအေးထားပါ ၊ စိတ်မပူရန် အရေးကြီးပါသည်၊ မကြောက်ပါနှင့် ( စိတ်အေးချမ်းအောင်နေခြင်းသည် နှလုံးနှင့် ဦးနှောက် Oxygen သုံးစွဲမှုများစွာလျော့ကျစေပါသည်) ( အာနာပါန တရားအားထုတ်ဖူးသူများ ကိုယ်တွေ့သိပါသည်)
၂။လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရပါမည်။ လှုပ်ရှားလေ ကြွက်သားများ oxygen ပိုသုံးလေ ပိုမောလေ ဖြစ်ပါသည်။ထို့ကြောင့်ငြိမ်ငြိမ်နေပါ။
၃။ သက်တောင့်သက်သာ အဖြစ်ဆုံးအနေအထားဖြင့်နေပါ။အဝတ်အစားကိုချောင်ချောင်လယ်လယ်ရှိသောချည်သား ဝတ်ဆင်ပါ။
၄။ တတ်နိုင်သမျှစကားမပြောပါနဲ့(စကားပြောလျှင်ပိုမောပါသည်)၊ စကာပြောနေသဖြင့်အသက်ရှုချိန်ကိုလည်းနည်းစေပါသည်။
၅။ လူနာကို အားပေးစကားပြောပါ။
၆။ စိတ်ရှုပ်စရာများမတွေးပါနှင့်၊ စိတ်ငြိမ်အောင် ဘုရားစာတစ်မျိုးရွတ်နေလို့ရပါသည်, အသက်ရှုတာကိုဘဲအာရုံစိုက်ပါ။ “ငါဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရမည်”” ကျော်ဖြတ်နိုင်ရမည်” ဟုအကြိမ်ကြိမ်ရွတ်ပါ။
ရ။ လူနာအနီးအသံဆူညံခြင်းမဖြစ်အောင် ဂရုစိုက်ပါ။ ဆူညံခြင်းကြောင့် စိတ်မတည်မငြိမ်ဖြစ်ပါသည်။ စိတ်မတည်ငြိမ်လျှင် ပိုမောပါသည်။
၈ ။ ချောင်းဆိုးချင်လာပါက အတတ်နိုင်ဆုံး အားမသုံးပါနှင့် အသာအယာ ဆိုးပါ။
၉ ။ လူနာအသက်ရှု မြန်လာပါက ဖြေးဖြေးနှင့် ရှည်ရှည်ရှုဖို့ ဘေးမှသတိပေးပါ။
မြန်မာပြည်သူပြည်သားများအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အခြေအနေဆိုး များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ…🙏🙏🙏
Crd-✍️ဒေါက်တာကောင်းမြတ် Ko Kaung Myat
17/07/2021
#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများနှင့် ကုသနည်းများ
==================
ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။
၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။
၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။
၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။
၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။
၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။
အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ
အကယ်၍ Covid - 19 မိမိမှာ ဖြစ်နေပြီလို့ သံသယ ရှိလျှင်
---=--=---=-==-=------==--===
အိမ်တွင်း၌အလွယ်ကူဆုံးနဲ့ ၊
ငွေကုန်သက်သာဆုံး ရှေးဦးသူနာပြုစုကုသရန်နည်းလမ်းများ ။
တစ်ချက်ချင်းသေချာဖတ်ကြည့်ပေးပါ။
1 လည်ချောင်း စူးရှ့ရှ့ နာချင်လာရင်
ဆားရေနွေးနဲ့ ခေါင်းမော့ပြီး ပလုပ်ကျင်း လည်ချောင်းဆေးပါ၊
တစ်နေ့လျှင် 1မိနစ်ခန့် 3 ကြိမ်။
2 စူးရှမှု ပိုပြင်းထန်လာရင် ဆားရေအပြင် ကြက်သွန်ဖြူ အတက်ခွာပြီး ဖိကိုက်လိုက်ပါ၊
ပူပြီးစပ်တဲ့ အရည် ထွက်လာမယ်။
အပူငွေ့ကို အဆုတ်ထဲ ရောက်အောင် ရှူသွင်းပြီး
10 စက္ကန့် အသက်အောင့်ထားပါ၊
ရောဂါ ရဲ့ 80%ကို ကုသပေးပါတယ်။
3 ချောင်း စ ဆိုးလာရင် ရေနွေးငွေ့ကို အဆုပ်ထဲအထိရောက်အောင် ရှူပါ။
တစ်နေ့ 3 ကြိမ်၊ 2 ရက်ခန့် ပြုလုပ်ပါ၊
ရောဂါရဲ့ 90% ကို ကုသပေးပါတယ်။
4 ဒါတွေကို မလုပ်ဆောင်နိုင်ခဲ့လို့ ရောဂါရနေပြီဆို
(၃) ချက်လုံးကို ပြန်လုပ်ပါ။
- သံပုရာရည် + ပျားရည် 1ဇွန်းစီ ရော သောက်ပါ။
- လက်ဘက်ရည်ပူပူ၊ စွတ်ပြုတ်တို့ကို သောက်ပါ။
- လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။
ဒီအချက်တွေကို တိကျစွာလိုက်နာရင်
- ရောဂါရဲ့ 99% ကို ကုသနိုင်ပါတယ်။
- covid-19 ကိုလည်း အနိုင်ယူနိုင်ပါတယ်။
မိမိအတွက်အကျိူးရှိခဲ့လျှင်ပြန်လည်မျှဝေခြင်းဖြင့်
ကုသိုလ်ယူပါ။
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှများစွာတင်ဆက်ပေးထားတာကြောင့်pageထဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ
#မူရင်းcreditပေးပါသည်
14/07/2021
Yangon Oxygen ဖြည့်ဖို့အတွက်
နေရာ နှင့် ဖုန်း နာပတ်များ