ဧရာ၀တီတိုင်းက နတ်ဝှက်ထားတဲ့ ရေပေါ်ရွာလေး
ဒီနေ့ Vlog လေးကတော့ ဧရာ၀တီတိုင်း ဘက်မှာရှိတဲ့ အရမ်းလှတဲ့ရေပေါ်ရွာလေးဆီကို စက်ဘီးနင်းဖြစ်ခဲ့တဲ့ Vlog လေးဖြစ်ပါတယ်။
ဒေသခံတွေကတော့ ဒုတိယအင်လေးလို့တင်စားထားကြသလိုပဲ တကယ်လဲလူနေမှုပုံစံလေးတွေက အင်းလေးဒေသလိုပဲသွားလာနေကြပြီး ရေပေါ်မှာအိမ်လေးတွေဆောက်လုပ်ပြီးနေထိုင်ကြတာပါ။
စာသင်ကျောင်းဘုန်းကြီးကျောင်းများ အပြင် အခြားစျေးဆိုင်များလဲတည်ရှိပါတယ်။
ငါးပိငါးခြောက်များလုပ်ကိုင်ကြတာတွေ့ရသလိုစက်လှေတွေ ဆီဖြည့်နိုင်ဖို့ ရေပေါ်မှာတည်ဆောက်ထားတဲ့ ဆီဆိုင်တွေ၊အင်းကျီဆိုင်၊ကွမ်းယာဆိုင်၊ဆံသ ဆိုင်၊ မုန့်ဆိုင်များလဲရှိပါတယ်
မနက်ခင်းမှာတော့ ဟင်းသီးဟင်းရွက် အစားသောက်များကို လှေလေးတွေနဲ့ လိုက်ရောင်းနေကြတဲ့ စျေးသည်လေးတွေကိုလဲတွေ့ခဲ့ရပါတယ်။
ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာလေးက ကျွန်တော်ပြောသလို စိတ်ဝင်စားဖို့ကောင်းရဲ့လား၊တကယ်ရောလှရဲ့လား၊ သွားမယ်ဆိုရင်ရော ဘယ်လိုသွားရမယ်ဆိုတာ သိရဖို့ Vlog လေးကိုကြည့်လိုက်တော့နော်...
နောက်ထပ် Vlog အသစ်တွေကြည့်ရှု့နိုင်ဖို့အတွက် Channel လေးကိုလဲ Like & Subscribe လေးလုပ်ထားပေးခဲ့ကြပါအုံးနော်။
https://www.youtube.com/
လေးစားစွာဖြင့်
Shein Zar Cyclist
Shein Zar Cyclist
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shein Zar Cyclist, Yangon.
06/03/2026
အပြေးပြိုင်ပွဲ တစ်ခုရှိလာပြီဆိုတာနဲ့ Energy အပြည့်နဲ့ ပြိုင်နိုင်အောင် Dever Energy Product တွေကို အမြဲ Supporting ပေးတဲ့ ကိုမြတ်သူ ရေကျေးဇူးအများကြီးတင်ပါတယ်ဗျ
Dever Energy Myanmar
ဒီနေ့ vlog လေးကတော့ ရန်ကုန်မြို့မှာကျင်းပတဲ့ Yoma International Marathon ကိုသွားပြေးခဲ့တဲ့ အမှတ်တရ Vlog လေးဖြစ်ပါတယ်
စိတ်ဝင်စားစရာ အစီအစဉ်တွေအပြင် ၊ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတာကို Vlog လေးထဲမှာပဲကြည့်လိုက်တော့နော်
Clear Myanmar
28/02/2026
ဒီအချိန် ဆယ်အိမ်တန်းကို စက်ဘီးနင်းသင့်လား?
ဒလတံတားအသစ်ကြီးကနေ သွားလို့ရတဲ့ အနီးဆုံးကမ်းခြေ ဒလတံတားအသစ်ကြီးကနေ သွားလို့ရတဲ့ အနီးဆုံးကမ်းခြေ(ဆယ်အိမ်တန်း)ရန်ကုန်မြို့နဲ့အနီးဆုံးမှာရှိပြီး မကြာသေးခင....
ဒီနေ့ vlog လေးကတော့ ရန်ကုန်မြို့မှာကျင်းပတဲ့ Yoma International Marathon ကိုသွားပြေးခဲ့တဲ့ အမှတ်တရ Vlog လေးဖြစ်ပါတယ်။
စိတ်ဝင်စားစရာ အစီအစဉ်တွေအပြင် ၊ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတာကို Vlog လေးထဲမှာပဲကြည့်လိုက်တော့နော်
Clear Myanmar
14/02/2026
Run For Rose & Chocolate🌹🍫
Thanks WAYSIR For Invite Me 🏃🏻♂️🏃🏽♂️
12/02/2026
ဧရာဝတ်ီတိုင်းထဲက အရမ်းလှပြီး လူတိုင်းသတိမထားမိတဲ့ရေပေါ်ရွာလေး (ဒုတ်ိယအင်းလေး)
ဧရာ၀တီတိုင်းက နတ်ဝှက်ထားတဲ့ ရေပေါ်ရွာလေး ဧရာ၀တီတိုင်းက နတ်ဝှက်ထားတဲ့ ရေပေါ်ရွာလေးဒီနေ့ Vlog လေးကတော့ ဧရာ၀တီတိုင်း ဘက်မှာရှိတဲ့ အရမ်းလှတဲ့ရေပေါ်ရွာလေ....
တောင်တန်းတွေကြားထဲက အင်းလေးရေပြင်ပြာကြီးကိုကြည့်ပြီးပြေးခဲ့တယ်
ဒီ Vlog လေးကတော့ အင်းလေး(ညောင်ရွှေ)မှာကျင်းပခဲ့တဲ့ အပြေးပြိုင်ပွဲ VLog လေးဖြစ်ပြီး ဒီပွဲမှာ ကျွန်တော် Ultra Trail Running (60)km ဝင်ပြေးဖြစ်ခဲ့ပါတယ်..
သတ်မှတ်ချိန် (၁၅)နာရီပေးထားပေမယ့် (၁၀ နာရီ ၃၈ မိနစ်)လောက်နဲ့ပန်းဝင်ခဲ့ပါတယ်
တောင်တန်းတွေကြားထဲက အင်းလေးရေပြင်ပြာကြီးကိုကြည့်ပြီး သဘာဝတရားကြီးကိုခံစားလို့ မရောက်ဖူးသေးတဲ့သူတွေ ရောက်ဖို့ခဲယဉ်းတဲ့သူတွေအတွက် Vlog လေးရိုက်ပြီးပြေးခဲ့သူမို့ ဒီ Result လောက်နဲ့ဆိုလဲ ကျွန်တော်ကျေနပ်ပါတယ်...
ဒီပွဲကပြေးပွဲတစ်ခုဆိုတာထက်ပိုပါတယ်...အရမ်းလှတဲ့သဘာ၀တရားကြီးကို မြင်ခွင့်၊ထိတွေ့ခွင့်ရခဲ့တယ်...ကြိုးစားပြင်ဆင်ခဲ့မှုတွေအတွက် အကျိုးကျေးဇူးတွေပြန်ရခဲ့တယ် ပြိုင်ပွဲမတိုင်ခင်ညထိ ငါလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကို မနက်ပြိုင်ပွဲရောက်မှ တကီလိုချင်းဖြိုဖျက်လို့ အနိုင်ယူခဲ့လိုက်တာက ဘ၀အတွက်အမှတ်တရအဖြစ်ရဆုံးပါပဲ..
ပြေးပွဲတစ်ခုကိုကြည့်နေရတယ်လို့ မထင်ရပဲ ရှု့ခင်းတွေထိုင်ကြည့်ရင်တောင် လုံး၀ကျေနပ်သွားရစေမှာမို့ သဘာ၀တရားကိုချစ်တဲ့သူတိုင်းကြည့်ပေးကြပါလို့
လေးစားစွာဖြင့်
Shein Zar
⚠️Follow Shein Zar Cyclist Online⚠️
👉Facebook - / sheinzarcyclist
👉Spotify - https://creators.spotify.com/pod/show...
👉YouTube - /
👉TikTok - / sheinzarcyclist
#အင်းလေးမှာရွာတဲ့မိုး
09/02/2026
365 Days ပြည့်ခဲ့ပြီ...
ဒီနေ့က ကျွန်တော်အပြေးအားကစားကို ပထမဆုံး စစမ်းသပ်ကြည့်ဖြစ်တာ (၁)နှစ်ပြည့်တဲ့အမှတ်တရနေ့လေးဖြစ်ပါတယ်။ပြေးခဲ့တဲ့ကာလ အတွင်းမှာ အခက်အခဲတွေ၊ပြသနာတွေ၊ Injuary တွေနဲ့လုံးထွေးရင်းနဲ့ပဲ ကိုယ်ဖြစ်ချင်တဲ့အနေအထားလေးတစ်ခုကို ရောက်အောင် ကြိုးစားဖြစ်ခဲ့ပါတယ်...
အပြေးဖက်ကို ကူးပြောင်းလာတာမဟုတ်ပဲ Cross Training အနေနဲ့ စခဲ့တယ်ဆိုတော့ ဘီးစီးလိုက်ပြေးလိုက်နဲ့ လေ့ကျင့်ဖြစ်ခဲ့ပါတယ်...
ပြေးနေရင်းနဲ့လဲ Vlog တွေဖန်တီးဖြစ်ပါတယ်။Vlog လေးတွေရိုက်တဲ့အခါ စက်ဘီးသမားတွေအတွက် စက်ဘီးစီးတဲ့သူတွေအတွက်ပဲရည်ရွယ်တာမျိုးမဟုတ်ပဲ Cycling/Knowledge Sharing/Travelling/Documenty/Podcast/Vlogging/Sport ဆိုတဲ့ခေါင်းစဉ်တွေကိုပေါင်းစပ်ပြီးဖန်တီးဖြစ်ပါတယ်။
အဓိကက တော့ ဘယ်နယ်ပယ်ကလူပဲကြည့်ကြည့် အပန်းပြေစေချင်တယ်၊ အတွေ့အကြုံ၊ဗဟုသုတတွေကို ကျွန်တော့် Vlog တွေကနေ တစ်ခုခုရသွားစေချင်တာပါ
ပြောချင်တာကတော့ ကျွန်တော် ပြေးတာပဲဖြစ်ဖြစ်၊စက်ဘီီီီီးနင်းတာပဲဖြစ်ဖြစ် ကျွန်တော် ကြည့်ရှု့သူတွေကိုပေးချင်တဲ့ ရသတွေကတော့ မပျက်သွားစေရဘူးဆိုတာပါ...
ဘယ်နယ်ပယ်ကတဦးတယောက်ကိုမှ ထိခိုက်နစ်နာအောင်မလုပ်ခဲ့ပဲ ကျွန်တော် လုပ်နိုင်တဲ့အရာလေးတွေကိုပဲ ကြိုးစားရင်းရှေ့ဆက်ရင်း
ကိုယ့်ကိုကို Challenge လုပ်ရတာကို ကြိုက်တဲ့သူဆိုတော့ ကိုယ်ဘယ်လောက်လုပ်နိုင်သလဲကို စမ်းကြည့်ရင်းနဲ့ပဲ
🍀YOMA Trail Series (30 Km)Trail Running
🍀AYA SOMPO SCSC (21km)Half Marathon
🍀Monsoon Trail Run(15km)Trail Running
🍀 I Run Streak
🍀Bagan Marathon (42km)Full Marathon
🍀Inle 100(60km)Ultra Trail Running
🍀YOMA Mandalay International Marathon(21km)Half Marathon
စတဲ့ပြိုင်ပွဲတွေကို ပြေးဖြစ်ခဲ့ပါပြီ...
ဒီအနေအထားဖြစ်လာနိုင်ဖို့ ပေးဆပ်လိုက်ရတာတွေ ဆုံးရှုံးမှုတွေရှိသလို ပြန်ရလိုက်တဲ့အရာတွေလဲအများကြီးပါပဲ...
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ရည်ရွယ်ချက်တွေအတွက် ကြိုးစားခဲ့ပြီး ပြန်ရခဲ့တာတွေအတွက် ကျေနပ်ပါတယ်။
ကျွန်တော် သွားချင်တဲ့ ပန်းတိုင်လေးတစ်ခုရှိပါသေးတယ် အဲ့ကိုလဲရောက်နိုင်ဖို့ကြိုးစားနေပါတယ်။
ကျွန်တော်ခုလိုပြေးနိုင်လာအောင် ၊ပြေးဖြစ်အောင် လက်တွဲခေါ်ပေးခဲ့သူတွေ၊ ကူညီပေးခဲ့တဲ့သူ၊ပံ့ပိုးပေးခဲ့သူ၊အကြံဉာဏ်တွေပေးခဲ့သူတွေ ၊ပြီးတော့ ကျွန်တော့် Vlog တွေကိုကြည့်ရှု့အားပေးသူ အယောက်ဆီတိုင်းကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးလဲ ပြေးကြည့်ပါလို့ အကြံပေးချင်ပါတယ်...အားလုံးပဲ နောက်ထပ်အသစ်အသစ်သောဖန်တီးမှုတွေနဲ့ ရှေ့ဆက်နေအုံးမှာမို့ အားပေးကြပါအုံးနော်....
လေးစားစွာဖြင့်
Shein Zar
ZORA နဲ့အတူ YOMA Mandalay Marathon ပြေးခဲ့တယ်...
ဒီနေ့ Vlog ကတော့ Zora အိုင်းယွန်းဖြည့်အချိုရည်နဲ့အတူ မန်းလေးမြို့မှာ ကျင်းပတဲ့ ရိုးမမာရသွန်မှာ ကျွန်တော် သွားပြေးခဲ့တဲ့ အပြေး Vlog အတိုလေးဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်က အပြေးသမား များပါဝင်ကြတာ ဖြစ်ပြီး
မန်းလေးမြို့က ဗထူးအားကစားကွင်းကြီးမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်တွေနဲ့အတူ ခမ်းနားစွာကျင်းပခဲ့တာပါ
ဒီပွဲမှာက ကျွန်တော်ကတော့ ၂၁ ကီလိုမီတာ (Half Marathon) ဝင်ပြေးဖြစ်ခဲ့ပါတယ်
ဒီပြိုင်ပွဲကတော့ ကျွန်တော့်အတွက် အတွေ့အကြုံတွေတော်တော်လေးကိုရခဲ့တယ်လို့ပြောရပါမယ်..
ဒီပွဲကြီးကဘယ်လိုအစီအစဉ်တွေပါလဲ ဘယ်လောက်ခမ်းနားလဲ မန်းလေးမြို့ကြီးမှာ ကျွန်တော်ဘယ်လိုတွေတောင်ပြေးခဲ့တယ်ဆိုတာသိရဖို့ ကြည့်ရှု့အားပေးကြပါအုံးနော်
လေးစားစွာဖြင့်
Shein Zar
ZORA-Ion Supply Drink
ZORA #ရေဓာတ်ဖြည့်ပါZORA
အရမ်းကြွေရတဲ့ New Balance ရဲ့ TCS NYC Marathon FuelCell SuperComp Elite v5 Running Shoe Unboxing
24/01/2026
ZORA Iron Supply Drink x Shein Zar
YOMA Mandalay International Marathon 2026
Distance :21.02km
Pace. :6:03/km
Time. :2 h 7m
Click here to claim your Sponsored Listing.
Location
Culinary Team
Attire
Contact the business
Address
Yangon