08/10/2021
ကျော်ကြားမှုနှင့် နတ်ဘုရား သို့
နတ်ဘုရားနှင့် ကျော်ကြားမှု
Yo bros!
US LA ကဘီး co. engine11 နဲ့ god&famous NY collab လုပ်ထားတဲ့ 2021 ဖရိန်လေး
limited release ,ဒီဇိုင်းကတော့ အနေအထားတစ်ခုပဲ💥
Frame 6069 aluminum with triple butted
Fork. Full carbon 1 1/8-1.5
Bb. BSA 68mm
Weight 2.25kg 🤭
တကယ်တော့ engine 11 ရဲ့ crit-D ဖရိန်ကိုမှ G&F ရဲ့ ဒီဇိုင်းဆွဲထားတာပါ ပုံမှန် crit-Dထက် စျေးတော့နဲနဲပိုသွားပါတယ်😅
Engine 11 frame တွေကို ထိုင်းကနေတစ်ဆင့်မှာလို့ရနေပါပြီ ကိုယ်တိုင်မှာလို့ရသလို UG ကနေလဲမှာလို့ရပါတယ်
စျေးကတော့
21,000 baht မြန်မာကိုအရောက်ဆို 1,200,000 ks
ဝန်းကျင်ကျပါမယ်ဗျ 💟☮️
Engine 11 အနေနဲ့ 2021မှာ vortex,crit-D,
God n’ famous, Sprinter ဖရိန်အသစ်တွေ
ထုတ်ထားပါတယ်🔥 Sprinter ကတော့အကြမ်းဆုံးပေါ့ 🤩 အာ့လေးတော့ ဂူးဂဲရှာဖတ်လိုက်နော် 😝
Gravel ချစ်သူတွေအတွက်လဲ G&F ဒီဇိုင်းနဲ့ 650b (700 compatible )ထုတ်ထားသေးတယ် 🤩 နောက်ဆုံးမှာပုံထည့်ထားပေးပါတယ် 🔥
Photo from Google 🤭
07/09/2021
Hello bros,
မနေ့က စက်ဘီးပစ္စည်းမှာထားတဲ့ ဘရိုတွေကို ဒီနေ့လမ်းကြောင်း အခြေအနေ မသိရသေးတဲ့အတွက် လိုက်မပို့ဖြစ်သေးပါဘူးဗျ deli ပို့မယ်ဆိုအကြောင်းကြားပေးပါ့မယ် မှာထားတဲ့သူတွေကိုလဲ list လုပ်ပေးထားပါတယ်
Take care ,Stay safe 🔥
06/09/2021
Hello UG bros !
ဒီကာလမှာ active မဖြစ်နိုင်တာရော reply မပြန်နိုင်တာတွေအတွက်အနူးအညွတ်တောင်းပန်ပါတယ် 💟 peace bros
Urban gear မှာလက်ရှိ instock ရနိုင်တာလေးတွေ တင်ပေးလိုက်ပါတယ် limited stock ဖြစ်လို့
လက်သွက်မှဖြစ်မယ်နော် 😉
လက်ရှိငွေစျေးနှုန်းအပြောင်းအလဲ ရှိလို့လဲစိတ်မပူနဲ့နော် ကျနော်တို့မှာထားတဲ့ အရင်ငွေစျေးနှုန်းအတိုင်းပါပဲ✌️
ခုကာလ တကယ်လိုအပ်မှဝယ်ကြပါ bros pls!
UG အနေနဲ့ preorder တွေကို အချိန်အတိုင်းအတာတခုအထိ ခဏနားပါဦးမယ် 😊 အကုန်အဆင်ပြေတဲ့အချိန် အမှန်အကန် Boom 💥 ပါမယ်
ကျနော်တို့ဖြစ်တည်မှုကို လက်ခံပေးတဲ့ bros တွေကို Deep respect ပါ ကျနော်တို့ ရပ်တည်ဖို့ပြန်ကြိုးစားရပါဦးမယ် ☮️💟
Order မှာတဲ့ bros တွေဆီကို အိမ်အရောက်ပို့ပေးပါမယ် ကျသင့်တာလေးတော့ ရှင်းပေးကြပါ😅
Love U All ❤️
30/01/2021
အရောင်အသွေးစုံတဲ့
--------------------------------
Mash ဆိုင်မှာ ရောက်ရောက်ချင်း ပစ္စည်းပြတ်သွားတဲ့ Sugino75 Crankset များ။ ပုံမှန်ထုတ်လေ့ရှိတာက အနက်နဲ့ ငွေရောင်ပါပဲ။ ခုပုံစံတွေကတော့ Mash ဆိုင်ကို တင်သွင်းရောင်းချခွင့်ပြုလိုက်တဲ့ ဂေါ်တဲ့အရောင်တွေနဲ့ Crankset တွေပါ။
Sugino75 တွေဟာ ရောင်းကတည်းက ဂီယာချပ် (Chainring) မပါဘဲရောင်းလေ့ရှိပါတယ်။ ဂီယာချပ်ပါ တပါတည်းဝယ်ရင် ဈေးက မိုးထိသွားလို့ပါပဲ။ ဒါကြောင့် Sugino75 ဝယ်တဲ့ဘီးသမားအများစုဟာ တခြား ဂီယာချပ်တွေထည့်ပြီး သုံးကြလေ့ရှိပါတယ်။ ထပ်ဝယ်ချင်ရင်တော့ SSG Chainring ရယ်၊ ZEN Chainring ရယ်ဆိုပြီး အကြမ်းအားဖြင့် ရှိပါသေးတယ်။ ဒီထက်မြင့်တဲ့ တခြား Criterium ဆိုပြီးလည်း ရှိပါသေးတယ်။
ပြီးတော့ တွေ့ရသလောက် 75 ကို အသစ်ဝယ်တပ်တာ မရှိသလောက်ပါပဲ။ ဘီးဆင်ကြတဲ့ ဆရာတွေဆိုရင်လည်း အဟောင်း (Second Handed) ကိုသာ ဝယ်ပြီးဆင်ကြတာ များပါတယ်။ ဈေးကတော့ ဂီယာချပ်မပါတဲ့ Sugino75 အသစ်တစုံကို ၄ သိန်းခွဲနီးပါးလောက်ကျနိုင်ပါတယ်။ ဂီယာချပ်မှာတော့ ရိုးရိုး ZEN တချပ်ကို ၂ သိန်းခွဲလောက်ကျပြီး Super ZEN ဆိုရင်တော့ ၄ သိန်းလောက်ထိ ရှိနိုင်ပါကြောင်း....
29/01/2021
(ရှနဲလီ) လို့ပြောလိုက်ရင် ဘီးသမားတွေ တော်တော်များများ ရင်းနှီးကြပါတယ်။ ဈေးအတန်အသင့်မြင့်တဲ့ ပစ္စည်းဖြစ်ပေမယ့် ဒီက ဘီးသမားတော်တော်များများ အသုံးပြုကြပါတယ်။ သူ့ရဲ့ လှပတဲ့ စာလုံးပုံစံဒီဇိုင်းနဲ့ တံဆိပ်ရဲ့ ကြီးမားတဲ့ ရာဇဝင်ကြောင့် နေရာအခိုင်အမာရရှိပြီးသားလည်း ဖြစ်ပါတယ်။
ဒါပေမယ့် Cinelli Grammo ကတော့ အာရှဘက်ကို သိပ်မဝင်သလို အလှမ်းမီဖို့လည်း ခက်ခဲလှပါတယ်။ ဘာလို့ဆို ဈေးကြီးလွန်းလို့ပါ။ Grammo မော်ဒယ်တွေဟာ တိုက်တေနီယံနဲ့ ထုတ်လုပ်ထားတဲ့အတွက် Superlight အလွန်ပေါ့ပြီး အလွန်ခိုင်ခံ့ပါတယ်။
ခု ပုံမှာပြထားတဲ့ Stem ဆိုရင် Second Hand ပေါက်ဈေးတောင်မှ အမေရိကန်ဒေါ်လာ ၅၆၀ ကျော်နီးပါးရှိပါတယ်။ မြန်မာငွေနဲ့ဆို ခုနစ်သိန်းခွဲနီးပါး ကျမှာဖြစ်ပါတယ်။
27/01/2021
💥Shop at Urban Gear!
--------------------------
ဟိုပစ္စည်းလေး ကျန်သေးလားဗျ...
ဒီပစ္စည်းလေး ကုန်သွားပြီလားဗျာ... ဆိုပြီး မေးနေကြတဲ့ ဘရိုတွေအတွက် In-Stock ရှိတဲ့ ပစ္စည်းလေးတွေကို လွယ်လွယ်ကူကူနဲ့ ကြည့်ရှုဝယ်ယူနိုင်ပါပြီ။ ဖုန်းနဲ့လည်း အလွယ်တကူ ကြည့်နိုင်ပါတယ်။ Urban Gear Page ကိုဝင်လိုက်ပြီး လက်မလေးနဲ့ ဆွဲချလိုက်တာနဲ့ Shop ကို တွေ့မှာဖြစ်ပါတယ်။
အာ.... မရဘူး။ ချက်ဘောက်ထဲမှာပဲ အသေးစိတ် မေးပြီး ဝယ်ချင်တာ ဆိုရင်လည်း မငြိုငြင်ပါဘူးခင်ဗျာ။ အချိန်မရွေး ချက်ဘောက်ထဲကို သာ Hello လိုက်ပါ။ Urban Gear ရဲ့ အက်ဒမင်တွေက ဖြေဖို့ အဆင်သင့်ပါပဲ။ ကျနော်တို့ဆီမှာ ဈေးဝယ်မှ မဟုတ်ပါဘူး။ စက်ဘီးနဲ့ပတ်သက်လို့ သိချင်တာတွေ၊ မေးမြန်းချင်တာတွေကိုလည်း စိတ်ကြိုက်မေးနိုင်ပါတယ်ခင်ဗျာ။
Happy Shopping with us,
Happy Asking with us.
25/01/2021
Bad news for fixed gear dudes in Singapore!
---------------------------------------------
စင်္ကာပူက Fixed Gear သမားတွေအတွက်တော့ သတင်းဆိုးပါပဲဗျာ။ ပြီးတော့ BMX သမားတွေအနေနဲ့လည်း ကားပေါ်တင်၊ စီးမယ့် ကိုယ့်ကွင်းရောက်မှ ချပြီး စီးရတော့မယ့် အနေအထားပါ။ အရင်လို လမ်းတွေပေါ် နင်းလို့ရတော့မှာ မဟုတ်ပါဘူး။ သိပ်မကြာခင် ဘရိတ်မပါတဲ့ဘီးတွေကို ဖမ်းပါတော့မယ်။ အထူးသဖြင့် အများပြည်သူသုံးလမ်းမကြီးတွေပေါ် တက်စီးလို့ မရတော့ပါဘူး။
"စက်ဘီးအားလုံး ဘရိတ်ပါရမည်" ဆိုတဲ့ စည်းမျဉ်းသစ်ကိုလည်း စင်္ကာပူအစိုးရက ထုတ်ပြန်သွားဖို့ရှိနေပါတယ်။ အနည်းဆုံး ဘရိတ် တခုကိုတော့ တပ်ထားရမည်လို့ ပါနိုင်ပါတယ်။
ဆိုတော့ စင်္ကာပူက Fixed Gear Biker တွေစီးချင်ရင် UK တို့၊ Europe တို့ကဘဲတွေလိုမျိုး ရှေ့ဘရိတ်တခု အဖြစ် တပ်ထားရတော့မှာပါ။ ပြောရရင်တော့ ဂွမ်းပြီပေါ့။
Hey Fixie Riders from Singapore, warmly Welcome to Myanmar.
25/01/2021
New Project by Urban Gear!
Coming Soon!
23/01/2021
🚨 သတိ!
--------------
ကားတွေများ၊ လူတွေရှုပ်လာတဲ့ ဒီနေ့လိုချိန်မှာ လမ်းမကြီးတွေပေါ်မှာ စက်လည်းမပါ၊ မော်တာလည်း တပ်မထားတဲ့ ကျနော်တို့ဘီးတွေအတွက် အရမ်းဂရုစိုက်ရတော့မယ့် အခြေအနေပါ။ ကားတွေမှာ အချက်ပြမီးတွေပါပေမယ့် စက်ဘီးတွေမှာတော့ အချက်ပြမီးမပါတော့ လက်ကိုပဲ အားကိုးရတော့မှာပါ။ ဟုတ်ပါတယ် လက်ကိုပဲ အားကိုးရမှာပါ။
အောက်မှာ ပုံတခုချင်းစီလိုက် ဖော်ပြလိုက်ပါတယ်။ ဒီပုံတွေကို Jan-Daniel Belmonte ကနေ ယူထားတာဖြစ်ပါတယ်။ ဒီအချက်ပြပုံစံတွေကို အသုံးပြုရင် ကားသမားတွေအတွက်လည်း အရမ်းကို အထောက်အကူဖြစ်မှာပါ။ ပြီးတော့ စီးရတာလည်း ပိုပြီး ပရော်ဖက်ရှင်နယ်ကျတယ်လို့ မြင်သွားကြပါမယ်။ ဒီနည်းတွေကို Group Ride စီးရင်းသုံးရင်လည်း ပိုပြီး အဆင်ပြေပါတယ်။
အန္တရယ်ကင်းတဲ့ လမ်းမကြီးတွေဆီသို့... ဦးတည်ရင်း....
22/01/2021
ထိုင်ခုံ ‘ငုတ်’ ကို ပစ်မထားကြပါနဲ့...
------------------------------
ဘီးသမားအများစု ကြောက်ကြတာတွေထဲ လမ်းဘေးခွေးက ထိပ်ဆုံးက ပါပါလိမ့်မယ်။ ခွေးအုပ်မြင်ရင် ရင်တုန်နေကြပြီ။ ဘယ်ဖက်က နင်းရမလား၊ ညာဖက်က နင်းရမလဲ ဝေခွဲမရဖြစ်နေကြပြီ။
ခွေးက ရှောင်နင်းလို့ရပေမယ့် ကြောက်စရာအကောင်းဆုံးနဲ့ ရှောင်လို့မရတာကတော့ ထိုင်ခုံငုတ် သံချေးတက်ပြီး ကိုက်သွားတာပါပဲ။ တောက်လျှောက် အေးဆေး၊ ပျော်ပျော်ကြီး နင်းနေတာ အကောင်း၊ သတိရလို့ ထိုင်ခုံလေးဖြုတ်ဆေးမယ်ဆိုပြီး ငုတ်ကိုချွတ်တော့မှ ကြေကွဲ၊ ပြိုလဲ၊ မျက်ရည်လည်ရွဲတွေဖြစ်။
ဘာလို့ ထိုင်ခုံငုတ် ကိုက် တာလဲ...?
သံဖရိန်မှာ သံငုတ်ကိုက်တာ၊ စတီးဖရိန်မှာ စတီးငုတ်ကိုက်တာ၊ သံဖရိန်မှာ စတီးငုတ် ကိုက်တာ၊ စတီးဖရိန်မှာ သံငုတ်ကိုက်တာတွေ အမျိုးမျိုးရှိကြပေမယ့် သံငုတ်၊ စတီးငုတ်တို့ အလွိုင်းနဲ့ ကာဘွန်ဖရိန်တွေမှာ ကိုက်တာကတော့ အဆိုးတကာ့ အဆိုးဆုံးပါပဲ။ အရပ်ကူပါ၊ လူဝိုင်းပါ ဖြစ်ကြရတာပါ။
ဘီးဆိုင်သွားချွတ်ရင်တောင် နှစ်ယောက်သုံးယောက် အရူးဖမ်းသလို ချုပ်ပြီး ဝိုင်းချွတ်ကြရတာ။ တော်တော်ကို ခက်တဲ့ကိစ္စပါ။
ဘီးသမားအများစုကလည်း ဘီးရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေသာ ဂရုစိုက် သတိတရရှိကြတာပါ။ ခုံငုတ်ကိုတော့ တော်တော်များများက ပစ်ထားကြတာများပါတယ်။ (တခုတော့ ရှိတယ်။ Wheelie တို့၊ Backward တို့၊ Trick ကျင့်တတ်တဲ့လူအများစုကတော့ ခုံငုတ်ကို နှိမ့်တခါ၊ မြှင့်တလှည့်၊ ချွတ်လိုက်စွပ်လိုက် လုပ်ကြတော့ သူတို့ငုတ်တွေက ကိုက်ချိန်တောင် မရကြပါဘူး)
ခုံငုတ် မကိုက်အောင် ဘာတွေ လုပ်ကြမလဲ...?
အဓိက ကတော့ ခုံငုတ် တပ်ရင် ပထမဆုံး Grease (ဆီ/အမဲဆီ) သုံးပြီး တပ်ဖို့ပါပဲ။ Grease လွယ်လွယ်ကူကူမရရင် အုန်းဆီသုတ်ပြီးလည်း ထည့်နိုင်ပါတယ်။ အထူးသဖြင့် ဖုန်၊ သဲ၊ ရေ၊ ရွှံ့တွေကြားထဲ ခဏခဏ စီးကြတဲ့လူတွေအတွက် အရေးကြီးပါတယ်။ တလမှာ နှစ်ကြိမ်လောက် ခုံငုတ်ကို ချွတ်ပြီး သန့်ရှင်းရေးလုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
နောက်တခုကတော့ အသန့်ကြိုက်လွန်းပြီး ခဏခဏ ရေနဲ့ဆပ်ပြာနဲ့ဆေးကြတဲ့လူတွေ ဂရုစိုက်စေချင်တာပါ။ ခုံငုတ်ထဲ ရေဝင်ရင် ချွတ်ပြီး ခြောက်အောင် သေချာသုတ်၊ ဖရိန်ပိုက် အတွင်းထဲကို တုတ်ချောင်းနဲ့ထိုးပြီး အဝတ်စနဲ့ သုတ်၊ ပြီး ခြောက်သွေ့အောင် ခဏထား၊ ပြီးမှ ဆီသုတ်ပြီး ပြန်တပ်ပေးပါ။ မဟုတ်ရင် သံချေးတက်ဖို့ ပိုလွယ်ပါတယ်။
နောက်ဆုံးတခုကတော့ ဘီးကို ဝယ်ထားပြီး မစီးဘဲ နေပူထဲ၊ မိုးရေထဲ ပစ်မထားကြဖို့ပါပဲ။ ဒါဆိုရင်တော့ ချွတ်မရတော့မှာ စိတ်မပူပါနဲ့တော့။
ခုံကိုက်ခြင်းမှ ကင်းဝေးပြီး ဘီးစီးခြင်းမှာ ပျော်ရွှင်ကြပါစေဗျာ....