Yangon Golf Club

Yangon Golf Club

Share

Heathly, Friendship, Sporting to come Our YGC

24/05/2026

🎉🎉 Congratulations 🎉🎉

ဦးကျော်မင်းလွင် သည် (၂၄.၅.၂၀၂၆)ရက်နေ့တွင် ကစားဖော်များဖြစ်သော ဦးတိုး၊ ဦး​အောင်ထွန်း၊ ဦးသီဟ၊
ဦးမျိုးမင်းကျော် တို့နှင့်အတူ ​ဂေါက်သီးရိုက်ကစားစဉ်

ကျင်းအမှတ် (၁၅)၊ (၁၈၀) ကိုက်အကွာမှ
Titleist No.3 ဘောလုံးကို
Iron - 6 တုတ်ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့် ကျင်းဝင်ခဲ့ပါသည်။ 🏌️‍♂️🏌️‍♂️🏌️‍♂️🏌️‍♂️🏌️‍♂️

20/05/2026

လေးစားအပ်ပါသော ရန်ကုန်ဂေါက်ကွင်း၏ အသင်းသူအသင်းသားများနှင့် ကစားသမားများခင်ဗျာ

ရန်ကုန်ဂေါက်ကလပ်သို့ လာရောက်ကစားကြသော ကစားသမားများ Club house အတွင်းနားနေစဉ်

နေ့အပူချိန်လျှော့ကျစေရန်ရည်ရွယ်၍ Club house အတွင်း ရေမှုန်ထုတ်စက်နှင့် ရေမှုန်ထုတ်ခေါင်း ၅၀ တပ်ဆင်ဆောင်ရွက် ပေးထားပါသည်ခင်ဗျာ၊

လေးစားလျှက်

ရန်ကုန်ဂေါက်ကွင်းမိသားစု

19/05/2026

🎉🎉 Congratulations 🎉🎉

ဦးနိုင်လင်း သည် (၁၉.၅.၂၀၂၆)ရက်နေ့တွင် ကစားဖော်များဖြစ်သော ဦးဆန်းဝေထွန်း၊ ဦး​မောင်မောင်၊ ဦးလင်းလင်းထိုက်၊
ဦးအားရီ၊ ဦးအောင်ကျော်စိုး တို့နှင့်အတူ ​ဂေါက်သီးရိုက်ကစားစဉ်

ကျင်းအမှတ် (၁၁)၊ (၁၄၇) ကိုက်အကွာမှ
Srixon No.1 ဘောလုံးကို
Iron - 8 တုတ်ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့် ကျင်းဝင်ခဲ့ပါသည်။🏆🏆

Photos from Yangon Golf Club's post 17/05/2026

ကိုရဲထက်အောင်(Pro)(Ho-16)+ မထက်ရည်နိုင် တို့၏ မင်္ဂလာဦး

အလှူအနေဖြင့် ရန်ကုန်ဂေါက်သီးရိုက်အသင်း၏ ဝန်ထမ်း၊ ကယ်ဒီ

များအား ကြာဇံချက် အချိန်(၉၀)ဖြင့် ​ကျွေးမွေးလှူ​ဒါန်းပါသည်...

🙏🙏🙏🙏

လေးစားမှုဖြင့်

ရန်ကုန်ဂေါက်ကွင်းမိသားစု

Photos from Yangon Golf Club's post 01/05/2026

May Day Cup ပြိုင်ပွဲ

Nett Score (အကြောပေး) Winner - Htay Aung (74-18=56)

Gross Score (အကြောမဲ့) Winner - Hein Naing Zin (67)

ရရှိခဲ့ပါတယ်ခင်ဗျာ…….

ဆုရရှိသူများကို Annual at Home တွင်ဆုချီမြှင့်သွားမည်ဖြစ်ပါ

တယ်ခင်ဗျာ

01/05/2026

လေးစားအပ်ပါသော ရန်ကုန်ဂေါက်ကွင်း၏ အသင်းဝင်များ ကစားသမားများ ဝန်ထမ်းများနှင့် ကယ်ဒီများခင်ဗျာ

ယခုကာလသည် အလွန်ပူပြင်းသောနွေရာသီကာလဖြစ်သည့်အပြင် အပူလှိုင်းဖြတ်ခြင်းများဖြစ်ပေါ်တတ်ပါသောကြောင့်

ကွင်းအတွင်း ကစားနေလျှင်သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ်သော်လည်းကောင်း အပူလွန်ကဲပြီး Heatstroke ဖြစ်ပေါ်ခြင်း ရုတ်တရက် ရေဓါတ်ခမ်းခြောက်ခြင်း နှလုံးခုံရပ်တန့်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကယ်၍ အဆိုပါအခြေအနေများသို့ရောက်ရှိခဲ့ပါက မလိုလားအပ်သောဖြစ်စဉ်များမဖြစ်ပေါ်စေရန် ကျွန်တော်တို့ ရန်ကုန်ဂေါက်ကွင်းမိသားစုမှ နှလုံးနှိုးစက် သွေးပေါင်ချိန်စက် ဆီးချိုသွေးချိုတိုင်းစက် အစရှိသည့် First aid ဆေးပစ္စည်းများနှင့်အတူ ဆေးမှူးအား အစဉ်သင့်ထားရှိပါတယ်ခင်ဗျာ……

ဖြစ်စဉ်များဖြစ်ပေါ်လာခဲ့ပါက ဆေးမှူးဖုန်း hot line 09253496987 သို့ဆက်သွယ်၍ အမြန်ဆုံးကုသမှုခံယူနိုင်ကြပါရန်နှင့် ကျန်းမာရေးဖြစ်စဉ်များမဖြစ်ပေါ်နိုင်ရေး အထူးဂရုပြု ကစားနိုင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။

လေးစားလျှက်

ရန်ကုန်ဂေါက်ကွင်းမိသားစု

Photos from Yangon Golf Club's post 30/04/2026

🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
မြန်မာသက္ကရာဇ် (၁၃၈၈)ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သော ကဆုန်ညောင်ရေသွန်းပွဲ နေ့ထူးနေ့မြတ်တွင်

ညပိုင်း ၆:၃၀ အချိန်တွင် ဝတ်ရွတ်အဖွဲ့ဖြင့် ဓမ္မစကြာရွတ်ဖတ်ခြင်းများပြုလုပ်၍

🙏🙏🙏မိဘပြည်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ရန်ကုန်ဂေါက်ကွင်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

Photos from Yangon Golf Club's post 30/04/2026

🎉🎉 Congratulations 🎉🎉

ဦးဓန သည် (၃၀.၄.၂၀၂၆)ရက်နေ့တွင် ကစားဖော်များဖြစ်သော ဦးသူရိန်၊ ဦး​ကျော်ကျော်လွင် တို့နှင့်အတူ ​ဂေါက်သီးရိုက်ကစားစဉ်

ကျင်းအမှတ် (၄)၊ (၁၄၆) ကိုက်အကွာမှ
Taylor Made No.1 ဘောလုံးကို
Srixon ZX - 5 တုတ်ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့် ကျင်းဝင်ခဲ့ပါသည်။🏆🏆

19/04/2026

🏌🏌️‍♀️🏌 Yangon Golf Club (တညင်းကုန်း)
May Day Cup ပြိုင်ပွဲကို 1.5.2026 တွင် ကျင်းပပြု​လုပ်ပါမည်ခင်ဗျာ....

သောကြာနေ့ ရုံးပိတ်ရက်ဖြစ်သောကြောင့် Member များ အနေဖြင့် မိမိ၏ score card များအား ကယ်ဒီများမှတဆင့် ပြိုင်ပွဲကျင်းပရေး ကော်မတီအား အပ်နှံပေးပါ ခင်ဗျာ....

Nett Score (အကြောပေး) Winner & Runner up

Gross Score (အကြောမဲ့) Winner & Runner up

ဆုများချီမြှင့်မှာဖြစ်ပါတယ်ခင်ဗျာ…….⛳⛳⛳

Photos from Yangon Golf Club's post 17/04/2026

🙏🙏🙏🙏🙏🙏

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ရန်ကုန်ဂေါက်ကွင်း Club House တွင် သံဃာတော်​အရှင်မြတ်များ ပင့်ဆောင်၍ အန္တရယ်ကင်းပရိတ်တရားနာခြင်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ လှူဒါန်းပူဇော်ခဲ့ပါသည်.....

🔸🔹🔸 အလှူရှင်များ 🔹🔸🔹

- ရန်ကုန်ဂေါက်သီးရိုက်အသင်းမိသားစုများ

Photos from Yangon Golf Club's post 17/04/2026

🙏🙏🙏🙏🙏🙏

နှစ်ဆန်း(၁)ရက်နေ့တွင် ရန်ကုန်ဂေါက်သီးရိုက်အသင်းမိသားစုမှ လာရောက်သောဧည့်သည်တော်များ၊ ဝန်ထမ်းနှင့် ကယ်ဒီများအား ရွှေရင်အေးပွဲ (၁၀၀၀) ကျွေးမွေးခဲ့ပါသည်....

🔹🔸🔹 ဦးကျော်ကိုကိုဟိန်း မိသာစုမှ လှူဒါန်းပါသည် 🔹🔸🔹

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Kha Yae Pin Street, Danyingone Ward, Insein Tsp
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00