24/10/2023
နေဝင်ချိန်လေးက သိပ်သာယာသလောက် 🌆
ခံစားချက်တေကိုလည်း တစ်စ တစ်စ ပုံပေါ်စေတယ် 💫💥
လွမ်းဆွေးမှုတေကိုပေါ့💢 😅
# Min Htet
Play ground
24/10/2023
နေဝင်ချိန်လေးက သိပ်သာယာသလောက် 🌆
ခံစားချက်တေကိုလည်း တစ်စ တစ်စ ပုံပေါ်စေတယ် 💫💥
လွမ်းဆွေးမှုတေကိုပေါ့💢 😅
# Min Htet
04/10/2023
တစ်စုံတစ်ယောက်ကို မေ့မရလို့ နာကျင်နေရခြင်း ကို
အခြား တစ်ယောက်ယောက်ကို စိတ်သက်သာရရုံ
အသုံးချခဲ့မယ်ဆိုရင်တော့
ခင်ဗျားက ဒဏ်ရာတွေကိုမေ့ပစ်နေတာမဟုတ်ဘူး၊နောက်ထပ် တစ်စုံတစ်ယောက်ကို မင်းလက်ဆင့်ကမ်းပေးနေတာပဲ...😌
ရလဒ်ကတော့ ကောင်းမှာတော့ မဟုတ်ဘူးနော်........ 😇
အလည်တစ်ခေါက်မဟုတ်ပေမဲ့
အလုပ်ကိစ္စနဲ့ တစ်ခါတစ်ခေါက်
04/06/2023
ကျွန်တော်လဲ နာကျင်တတ်ပါတယ် ...
မငိုတတ်ဘူးလို့ ထင်တာလား ... မဟုတ်ဘူးနော် ကျွန်တော်လဲ ကောင်းကောင်းကြီး ငိုတတ်ပါတယ် ဒါပေမယ့် လူရှေ့သူရှေ့တွေမှာ အများကြီး ပြုံးနေတတ်တာက လွဲရင်ပေါ့ ။ ပြီးတော့ သိပ်လဲ အားငယ်တတ်တာ ။ ခင်ဗျားတို့တွေ အားပေးစရာမလိုဘူးလို့ ထင်နေတဲ့လူတစ်ယောက်မှာ သူ့မှာ လဲ ပြောပြစရာတွေ အများကြီး ရှိနေတတ်တယ် ။ ပြီးတော့ ဘာမှမဟုတ်ပါဘူးဆိုပြီး အမြဲတမ်းပြန်ဖြေတတ်တဲ့ လူတစ်ယောက်ကလဲ တကယ်တမ်းကျတော့ နာကျင်နေတတ်ပါတယ် ။
တခြားတစ်ယောက်ရဲ့ အဆင်မပြေမှုတွေကို အမြဲတမ်း နားထောင်ပေးတတ်တဲ့ လူတွေကို မြင်ဖူးတယ်မဟုတ်လား ဒါပေမယ့် သူကိုယ်တိုင်ကျတော့ ဘယ်သူ့ကို ပြောပြရမယ်ဆိုတာမှန်း တကယ်တမ်းကျတော့ မသိဘူး ။ အရာရာကို မြိုသိပ်ထားရင်းက အရာရာကို အဆင်ပြေပါတယ်ဆိုတဲ့ မျက်နှာဘေးနဲ့ ဖြတ်ကျော်နေခဲ့တာ တကယ်တမ်းကျတော့ ပြောစရာစကားတွေ အများကြီးကို ထူးမနေတော့ပါဘူးဆိုတဲ့ အတွေးနဲ့ လည်ပင်းထဲ တစ်စို့နေအောင် ရင်ဘတ်ထဲ ပြည့်ကျပ်နေအောင် သိမ်းထားတတ်တာပါ ။
သူက သိပ်ရင့်ကျက်တာလေလို့ပြောရင် ပြုံးယောင်လေး သမ်းသွားတာကို သတိထားမိရဲ့လား သူလဲ တကယ်တမ်းကျတော့ ပြိုလဲချင်နေပါတယ် ။ ငါ ပြိုလဲလိုက်ရင်ဆိုတဲ့ အတွေးတွေနောက်မှာ ကိုယ်တစ်ယောက်တည်းဖောက်ပြီး ကိုယ်တစ်ယောက်တည်း လျှောက်ခဲ့တဲ့လမ်းတွေ အလကားဖြစ်သွားမှာစိုးတာရယ် ကိုယ်လဲပြိုရင်လဲ နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ပြန်ထူပြီး ပြန်ထားရမယ်ဆိုတာမှန်း သူ သတိထားမိသွားတာ ပြီးတော့ နောက်တစ်ကြိမ် သူ ပြန်ထမလာနိုင်တော့မှာကို တွေးပြီး ပူနေမိတယ် ဆိုပါတော့ ...
မနက်တွေ ထချင်တဲ့အချိန်မှ ထလိမ့်မယ် ညတွေ အိပ်ပျော်ချင်မှ ပျော်လိမ့်မယ် ။ ဘာလုပ်နေလဲဆိုတဲ့ မေးခွန်းတွေကို ဒီတိုင်းပါပဲဆိုတဲ့ အဖြေပဲ ပေးလိမ့်မယ် ။ တကယ်ပါ တချို့ရက်တွေမှာ ဘယ်လို ဘယ်ပုံ ကုန်သွားမှန်းတောင် သူကိုယ်တိုင် သိနေတာ မဟုတ်ဘူး ။ အိပ်ရမယ်ဆိုတဲ့ အသိတွေ ရှိနေတဲ့ကြားက အိပ်မရတဲ့ မျက်လုံးတွေနဲ့ တစ်ညလုံးတွေဝေ ငေးမောချင် ငေးမောနေတတ်တာ ။ New Feed လေးပွတ်မယ် ဖုန်းပြန်ချမယ် Messenger လေးကြည့်မယ် ဘယ် acc မှ မီးမစိမ်းတော့တာကို ကြည့်ပြီး ဘယ်သူ့ကိုမှ စကားပြောရမလဲလို့တွေးတယ် ။ အနည်းအကျဥ်းလေးရှိနေတဲ့ Phone Contact ထဲသွားမယ် အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို နှိပ်မယ် ပြီးရင် ပြန်ဖျက်လိုက်ပြီး အိပ်ဖို့ ကြိုးစားမယ် ဒီလိုပဲ ညတွေကို ဖြတ်သန်းဖြစ်လာတာပါ ။
မငိုတတ်ဘူးလို့တော့ ဘယ်ဟုတ်ပါ့မလဲ ... မျက်ရည်တွေကျတတ်သလို ရင်ထဲလဲ ငိုတတ်ပါတယ် ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားအဆုံးမှာ ၀ဲသွားတဲ့ မျက်ရည်တွေဟာလဲ အခါခါပါပဲ နာကျင်ရတယ်ဆိုပြီး ရင်ဘတ်လေးကိုဖိ မျက်ရည်တွေ စီးကျပေါ့ မသိရင် ဒရမ်မာကား ရိုက်နေတဲ့အတိုင်းပဲ ဒါပေမယ့် ဒါတွေဟာ လက်တွေ့လေ ... Cut ဆိုပြီး အချက်ပြမယ့် ဒါရိုက်တာ မရှိသလို မျက်ရည်တွေ ချက်ချင်းရပ်သွားဖို့ကျပြန်တော့လဲ အဲ့လာက် မလွယ်တတ်ဘူး ။ တစ်ယောက်တည်း အဆင်ပြေပါတယ်ဆိုတဲ့ စကားဟာ တစ်ယောက်တည်း ဖြစ်သွားပြီးမှပဲ ပြောတတ်လာခဲ့တဲ့ ဘာသာဗေဒတစ်ခုပါ ။ ကျွန်တော်ကိုယ်တိုင်လဲ အဖော်တွေ မက်ပါတယ် ။ ဘယ်သူမှ ရှိမနေတော့လို့သာ ဘယ်သူမှ မလိုပါဘူးဆိုတဲ့ စကားတွေ သုံးရတာပေါ့ ။
နာကျင်နေပါတယ်လို့ မဖွင့်ဟဖြစ်တာကလွဲရင် ကျွန်တော်လဲ နာကျင်တတ်ပါတယ် ။ ဒါပေမယ့် အချိန်တွေ ကြာလာလို့ထင်တယ် ပြီးတော့ ကျွန်တော့်အနားမှာ ပျော်ရွှင်ခြင်းတွေက ကြာကြာမနေတတ်လို့ထင်တယ် ။ နာကျင်ခြင်းတွေနဲ့ နည်းနည်းလေး ကျင့်သားရလာရုံပါ ။ အရင်ကလို ငါ နာကျင်နေတာကို မသိဘူးလားဆိုပြီး မဖော်ပြတော့ဘူး ပိုပြီးတော့ သိမ်းထားတတ်လာတယ် ။ အရင်ကလို နာကျင်ရင် မျက်ရည်တွေ မကျတော့ဘူး ပိုပြီးနာကျင်လေလေ ပိုပြီးတော့ တိတ်ဆိုပြီး နေတတ်လာတယ် ။ ဘယ်သူကများ ဂရုစိုက်နေမှာမို့လို့လဲဆိုပြီးတွေးမိရင် ဖြစ်သမျှ အရာရာကို မြိုသိပ်တတ်လာတယ် ။
အမှန်အတိုင်း၀န်ခံရရင် ... သန်မာချင်ယောင်ဆောင်ထားတဲ့ မျက်လုံးတွေ အောက်မှာ အားငယ်တတ်တဲ့ အရိပ်အယောင်တွေရှိတယ် ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားလုံးတွေနောက်မှာ ၀ဲသွားတဲ့ မျက်ရည်တွေကို အကြိမ်ကြိမ် ဖုံးခဲ့ရတဲ့ အချိန်တွေ အများကြီးရှိတယ် ။ ငါက ဘာဖြစ်ရမှာလဲဆိုတဲ့ စကားလုံးတွေနောက်မှာ ကျွန်တော်တကယ်ပဲ အဆင်မပြေပါဘူးဆိုတဲ့ စကားတွေကို ဖွင့်ဟမိသွားမှာစိုးလို့ အံကြိတ်ထားတဲ့ နှုတ်ခမ်းတွေရှိတယ် ။ ဒီလိုပါပဲ ... ကျွန်တော်လဲ နာကျင်တတ်တဲ့ လူသားတစ်ယောက်ပါပဲ ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
30/05/2023
မြို့ကြီးပြကြီးမှာ နေရတာထက်
တောင်ပေါ်ဒေသမှာနေရတာ ပိုပြီးသဘောကျတယ်။
အအေးသောက်ရတာထက်
ပူပူနွေးနွေးကော်ဖီတစ်ခွက်ကို သောက်ရတာ
ပိုပြီးသဘောကျတယ်။
အလှအပပစ္စည်းတွေ ဝယ်စုရတာထက်
စာအုပ်တွေဝယ်စုရတာ ပိုပြီးသဘောကျတယ်။
ဆိုင်အကြီးကြီးမှာ အစားအသောက်တွေ ဝယ်စားရတာထက် လမ်းဘေးနားက ဆိုင်သေးသေးလေးမှာ အစားအသောက်တွေ ဝယ်စားရတာကို
ပိုပြီးသဘောကျတယ်။
ကိုယ့်ပုံစံကလူကြီးဆန်တယ်
ခေတ်ဟောင်းသီချင်းတွေနားထောင်ရတာကြိုက်တယ်
နယ်မြို့လေးတွေကိုချစ်တယ်
ပြီးတော့
လူတစ်ယောက်တည်းကိုပဲ တစ်သက်လုံးချစ်သွားချင်တယ်။
30/05/2023
စွန့်ပစ်ခံရခြင်းရဲ့ အရသာကို
ကောင်းကောင်းကြီးသိသားတဲ့ သူတစ်ယောက်ဟာ
ချစ်ခြင်းမေတ္တာကို နောက်ထပ်တစ်ကြိမ်
ဘယ်တော့မှ မရှာဖွေတော့ဘူး။
မသောက်တက်တာကခတ်တယ်😕
need 🥺စနေအမျိုးသမီးလေ