Azure Fustal FC

Azure Fustal FC

Share

Azure Futsal FC

11/01/2024

ဒီကနေ့ကတော့ Saw Mbappè တို့ရဲ့
ကရင်နှစ်သစ်ကူးနေ့ လေးဖြစ်ပါတယ်

Happy Karen New Year 🎊

24/11/2023

ရီယိုဖာဒီနန်ရဲ့ လေးနှစ်ပြည့် မြန်မာပြည်ခရီးစဉ်

" ဆိုက်ကားစီးရတာ အန္တရာယ်များပေမဲ့ ပျော်စရာကောင်းပါတယ်။ နောက်ပြီး မြန်မာနိုင်ငံကိုလည်းအလည်လာဦးမယ် "

ဒီစကားကို ပြောခဲ့သူက မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်ပါ။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ ဒီလိုနေ့မျိုးမှာ မြန်မာနိုင်ငံကို Tiger Street Football အစီအစဉ်နဲ့ ရောက်ရှိနေတုန်း ဖာဒီနန်က အခုလို ပြောခဲ့တာပါ။ မြန်မာကို အလည်အပတ်ရောက်နေတုန်းမှာ ဖာဒီနန်က နောက်ဖေးလမ်းကြားတွေကိုလည်း လည်ပတ်ခဲ့ပါသေးတယ်။ ကြီးကြီးကျယ်ကျယ်တွေပြောရရင် ဖာဒီနန် ဆိုက်ကားစီးခဲ့တဲ့နေ့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ပါပဲ။ ဖာဒီနန်အနေနဲ့ မြန်မာပြည်ကိုရောက်နေတုန်းမှာ လမ်းမပေါ်မှာ ဘောလုံးကစားနေတဲ့ မြန်မာလူငယ်တွေနဲ့ပတ်သတ်ပြီး သူတို့ရဲ့ ဘောလုံးကျွမ်းကျင်မှုဟာ အံ့ဩစရာကောင်းတဲ့ကြောင်း ချီးကျူးခဲ့ပါသေးတယ်။

" မြန်မာနိုင်ငံက ဘောလုံးကစားသမားတွေရဲ့ ပင်ကို အရည်အသွေးကို ကျနော်တော်တော်ကြီး လေးစားအထင်ကြီး မိပါတယ်။ လမ်းမတွေပေါ် မှာ ကစားတဲ့ သူတို့ရဲ့ ဘောလုံး ကျွမ်းကျင်မှု နဲ့ ဖန်တီးနိုင်စွမ်းက အတော်လေးအားကောင်းပါတယ်" လို့ ချီးကျူးခဲ့တာပါ။ ဖာဒီနန်တယောက် မြန်မာပြည်ကို ခရီးရောက်မဆိုက် ညနေမှာပဲ မြေနီကုန်း ဂုံးကျော်တံတားအောက်မှာ ဘောလုံးကစားနေတဲ့ မြန်မာလူငယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ဘောလုံး အတူတူကစားခဲ့ပါသေးတယ်။ ဒါကြောင့်လည်း မြန်မာလူငယ်တွေကို ချီးကျူးခဲ့တာပါပဲ။

ဒီစကားတွေကို ထောက်ဆကြည့်ရင် မြန်မာလူငယ်တွေရဲ့ ဖိနပ်မပါဘဲ ဘောလုံးကစားတာရယ်၊ W ဘောလုံး ကစားတာကို ကော်ဘောလုံး ကန်ကြတာကို သူက တော်တော်အံ့သြပြီး သဘောကျခဲ့တယ်လို့ ဆိုရမှာပါ။ မြန်မာနိုင်ငံဟာ ဘောလုံးကစားနည်းမှာ အရင်က အောင်မြင်ခဲ့တဲ့ နိုင်ငံတခုဖြစ်ခဲ့လို့ ဘောလုံးကစားနည်းရဲ့ အခြေခံအုတ်မြစ်ဟာ အရေးကြီးတဲ့ ကစားနည်းဖြစ်တာကြောင့် အချိန်တခုမှာ ပြန်လည်အောင်မြင်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ဖာဒီနန်တယောက် သုံးသပ်ခဲ့ပါသေးတယ်။

ဖာဒီနန်မျှော်လင့်ခဲ့တဲ့ မြန်မာ့ဘောလုံးကတော့ အလားအလာတွေကောင်းခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု ပွဲစဉ် ၁ နဲ့ ၂ တွေမှာ ဂျပန်နဲ့ မြောက်ကိုရီးယားကို ၁၁ ဂိုးအထိ ပေးခဲ့ရပြီး ဂျာစီအသစ်တွေနဲ့ ရှုံးပွဲတွေ ဆက်နေခဲ့ပါတယ်။


⚠[နောက်ဆုံးရ ဆန်းသစ်တဲ့ ဘောလုံးသတင်းတွေ ရသဆောင်းပါးတွေဖတ်ရှုနိုင်ဖို့အတွက် Page ကို Like လုပ်ထားပေးပါ ]

24/11/2023

မြန်မာဆိုတာ ဂျပန်အိမ်ကွင်းမှာတောင် ၅ ဂိုးထဲ ပေးရအောင် ခံကစားလာတဲ့ အသင်းပါ... မြောက်ကိုးရီးယားကို တကယ်ကန်ရင် ဒီလောက် ဂိုးပြတ်စရာ မရှိပါဘူး...

ဒါပေမယ့် တစ်ဘက်က မြောက်ကိုးရီးယားကလည်း ဆီးရီးယားကို ရှုံးလို့ ရှုံးမဲမဲလာတဲ့အသင်းပါ... ဒီပွဲသာ အခြေအနေမကောင်းရင် ကင်ဂျုံအန်တို့ ပိုပြီး ဒေါသထွက်သွားမှာပါပဲ...

ဒါကြောင့် အသာလေး အရှုံးပေးကန်လိုက်တာပါပဲ... အခုဆို မြောက်ကိုးရီးယား အဆင့်နှစ်ရောက်သွားပါပြီ...

ကင်ဂျုံအန်လည်း တော်တော်ပျော်သွားမှာပါ... ကင်ဂျုံအန်ပျော်သွားအောင် တမင်လုပ်ပေးလိုက်တဲ့ သဘောလေးပါပဲ...

ဘောလုံးတစ်ခုတည်း မဟုတ်ပါဘူး... ဒါတွေလည်း စဉ်းစားရပါသေးတယ်...


#ကင်ဂျုံအန် #မြန်မာ #အာရှကျား
Crd to original

21/11/2023

အာရှကျားကြီး ပြန်အိပ်သွားပါပြီ ခင်ဗျာ🥱

🇲🇲=1 Vs 🇰🇵=6

21/11/23

20/11/2023

2026 FIFA World Cup Qualification – AFC Second Round
................................................
MYANMAR 🇲🇲 Vs DPR KOREA 🇰🇵
21 Nov 2023, 4:00 PM, Thuwunna Stadium, Yangon

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့ပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။

📺 Live - Sky Net










Credit to

Photos from Azure Fustal FC 's post 26/08/2023

Thank For Everyone 🚩
See you Next Round Bros ❤️‍🔥

21/08/2023

Thank For Everyone 🫡
See you second Round Nawaratt UTD

Photos from Azure Fustal FC 's post 14/08/2023

🎉Our New Jersey 🎉

06/08/2023

မြန်မာ U 12 အသင်းသည် ဩဂုတ် 24မှ 27ရက်ထိ
ဂျပန်နိုင်ငံ ချီဘာမြို့ U12 Junior Sccocer World Challenge 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်။

မဲခွဲမှုအရ ဘာစီလိုနာ လူငယ်အသင်းနှင့် အုပ်စုCတွင်
ရှိနေသည်။


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon