BAN KAW FC

BAN KAW FC

Share

BKFC

10/09/2025

Bankaw ကကိုကြီးတွေရဲ့ပွဲ 📣

🔥 FREQ & FLOW FESTIVAL 2025 🔥

လာမယ့် September 27&28
🎶 ၂ ရက်မှာ non-stop music & vibes 🎶 တွေကိုအတူတူခံစားစီးမြောဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📅 27 & 28 September 2025
⏰ Door Open — 1:00 PM
📍 Location — Kalaw Villa (Hocker Centre)

🎫 Tickets Info
👉 Combo Ticket — 80,000 MMK
👉 Day 1 — 40,000 MMK
👉 Day 2 — 50,000 MMK

✨ Early Tickets တွေကို Freq & Flow Page နဲ့ ဖော်ပြထားတဲ့ ဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ။

✨VIP Table စျေးနှုန်းများလည်း page messenger မှာစုံစမ်းမေးမြန်းနိုင်ပါသည်။

Kalaw city မှာ music, culture, energy အပြည့်နဲ့
အားလုံးကို အတူတူ ဆုံချင်တာမလို့ —
👉 Don’t miss it, Let’s turn up together!

လက်မှတ်ဝယ်ယူရရှိနိုင်သောနေရာများ

📍ABN Finest Local Clothing Shop
No.1.Quater,Near AGD Bank,AungBan

📍K NoL Pod V**e & Accessories
No.236,Nawaday St,Moe Kaung Quater ,
Near MPT office,AungBan

📍Peter Studio
Near Pro1 Global HomeCenter,AyeTharYar ,Taunggyi

📍 Arr Mi Nail Art
(အရှေ့မြိုပတ်လမ်း ထ၅စျေးအောက် ဇွန်မီနီမတ်မျက်စောင်းထိုး)ရေအေးကွင်းရပ်ကွက် တောင်ကြီးမြို့

19/10/2024

သီတင်းကျွတ်အခါသမယ မှာအားလုံးငြိမ်းချမ်းပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ် 🤍🙏🏻

26/08/2024

WEDNESDAY MATCH 📣📣📣

BAN KAW FC Vs Magway Union FC

28 AUG 2024 (ဗုဒ္ဓဟူးနေ့) တွင် YUSC ကွင်း၌

ည(၆)နာရီ အချိန်တွင် စတင်ယှဉ်ပြိုင်ကစားမည်

ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်ရှင့် … ⚽️

22/08/2024

ထွန်းထွန်းနဲ့ ထွန်းထွန်းညီ အွန်းအွန်း 😪💤

22/08/2024

Ban Kaw FC Vs MPA FC တို့ ယှဉ်ပြိုင်ကစားရမှာ
2-3 ရလဒ်နဲ့ပြီးဆုံးသွားပါတယ် ။ ကြိုးစားပေးကျတဲ့အသင်းဖော်ညီကိုတွေကော MPA အသင်းက ညီကိုတွေကော အားလုံးကိုကျေးဇူး အထူးတင်ရှိပါတယ်။
ပွဲအတွင်းထိခိုက်မှုများရှိခဲ့ရင်လဲ ခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်။
အားလုံးး peace ✌🏻

17/08/2024

TUESDAY MATCH 📣📣📣

BAN KAW FC Vs MPA FC

20 AUG 2024 (အင်္ဂါနေ့) တွင် YUSC ကွင်း၌

ည(၈)နာရီ အချိန်တွင် စတင်ယှဉ်ပြိုင်ကစားမည်

ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်ရှင့် … ⚽️

Photos from BAN KAW FC's post 11/08/2024

Ban Kaw Training Day 🏃🏻

Photos from BAN KAW FC's post 30/07/2024

ပြီးခဲ့တဲ့ စနေနေ့ကပွဲစဉ်မှာ Ban Kaw တွေ 1:2 နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ လိုအပ်ချက်တွေ ရှိခဲ့တဲ့အတွက် ဘန်ကောတွေ ဒီရလဒ်နဲ့ပဲကျေနပ်ခဲ့ရပါတယ် ။

ချစ်ကြည်ရေးပွဲစဉ်ဖြစ်သည့်အတိုင်း အားကစားစိတ်ဓာတ်နဲ့ ယှဉ်ပြိုင်ပေးသွားတဲ့ Real Estate FC အသင်းကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ် ။
ဆက်လက်ကြိုးစားပါဦးမည်။

25/07/2024

SATURDAY MATCH 📣📣📣

BAN KAW FC Vs Real Estate Football Club

27 JULY 2024 (စနေနေ့) တွင် M3 ကွင်း၌

ညနေ၃နာရီခွဲ အချိန်တွင် စတင်ယှဉ်ပြိုင်ကစားမည်

ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်ရှင့် … ⚽️

Photos from BAN KAW FC's post 25/07/2024

လာမယ့် July 28 နေ့ဟာဆိုရင် ဘန်ကော FC အသင်းရဲ့ ကွင်းကြီးကန်တာ တစ်နှစ်ပြည့် တဲ့ နှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ် … 🍾🥳

အခုလို အချိန်လေးမှာ ကျွန်တော်တို့ဘန်ကော ဘယ်လိုစတင်ခဲ့တယ် ဘယ်လို ပုံစံနဲ့ရပ်တည်နေတယ်ဆိုတဲ့ အကြောင်းကို ဝေမျှပေးချင်ပါတယ် ။

ဘန်ကောကိုစတင်ခဲ့တာ ဟိုးလွန်ခဲ့တဲ့ ၂၀၁၈ လောက်တုန်းကပေါ့
အဲ့ဒီတုန်းက H Town မှာ ကိုကြက်နဲ့ ကိုစထက်က “ ဘန်ကော ဘောကန် “ဆိုတဲ့
နာမည်ပေးပြီး ဘော်ဒါတွေတစ်စုနဲ့ ဖူဆယ်စကန်ဖို့ ဖြစ်လာခဲ့ကျတာပါပဲ ။
ပထမဆုံးစကန်ဖြစ်တာကတော့ အင်းစိန်က Way To Goal ဆိုတဲ့ ကွင်းမှာပေါ့
လှိုင် ၊ စမ်းချောင်း ၊ မရမ်းကုန်း ၊ သာကေတ ၊ အင်းစိန် စတဲ့ ပတ်သက်ရာပတ်သက်ကြောင်းညီကိုတွေစု အသင်းလေးတွေခွဲပြီး ဘောကန်ဖြစ်ခဲ့ကျတယ် ။
အဲ့ဒီကနေစလိုက်တာဘော်ဒါတွေ အပတ်စဉ်weekend တိုင်းဘန်ကောကျတယ်ပေါ့ဗျာ ။
၂၀၂၀ နောက်ပိုင်းမှာ Covid တွေ အဆင်မပြေလှတဲ့ အလှည့်ပြောင်းတွေကြားထဲမှာ ဘန်ကောပွဲစဉ်တွေဟာတဖြည်းဖြည်းနဲ့ တစ်ခန်းရပ်သွားပါတော့တယ် …
ဘောဒါတစ်ချို့လဲ အဝေးရောက်သူတွေနဲ့ တကွဲတပြားဖြစ်ခဲ့ကျပါတယ် ။

ဒီလိုနဲ့ ၂၀၂၂ အစပိုင်းမှာတော့ လူတွေရဲ့စိတ်ပင်ပန်းမှုတွေ ညစ်နေတာတွေကို stress out ဖြစ်အောင်ဆိုပြီး ဘန်ကော ကန်ဖို့ ပြန်စီစဉ်ကျပါတော့တယ် ။
အလုံက ဖူဆယ်ကွင်း (ဟက်ကက်ကွင်း)မှာ ဘန်ကောတွေ တဖန်ပြန်စခဲ့ကျပါတယ် ။
လူဟောင်းတချို့တစ်ဝက်နဲ့ အခုဘန်ကောမှာပါကျတဲ့ ညီကိုတွေ ပြန်စုပြီး စနေနေ့တိုင်းဖူဆယ် ပုံမှန်ပြန်ကန်ခဲ့ကျတယ် ။ ဒီလိုနဲ့ ဘန်ကောနဲ့ပူးပေါင်းလာတဲ့ညီကိုတွေ တဖြည်းဖြည်းနဲ့ အင်းအားကောင်းလာခဲ့ပါတော့ တယ် ။
၂၀၂၃ July မှာ ကိုထက် ၊ ကိုလန် ၊ ကိုဘဲကင် တို့ဦးဆောင်မှုနဲ့အတူ ကွင်းကြီးစကန်ဖို့ စီစဉ်ကျပါတော့တယ် ။
ဒီလိုနဲ့ဘန်ကော ကွင်းကြီးစလာခဲ့တာ အခုအချိန်ထိပါပဲ … ။
ဒီမှာဘာကိုပြောပြချင်လဲဆိုရင် ကျွန်တော်တို့ ဘန်ကောကိုစခဲ့တဲ့အချိန်ကနေ အခုအချိန်ထိ အသင်းဝင်တွေဟာ တစ်ဦးနဲ့တစ်ဦး လေးစားမှု ၊ ကူညီဖေးမမှုတွေနဲ့ တစ်ဦးကိုတစ်ဦး အပြန်လှန် မေတ္တာထားခဲ့ကျတဲ့ ကောင်းမွန်တဲ့ relationship တွေ တည်ဆောက်နိုင်ခဲ့တယ်ဆိုတာပါပဲ။
အကြီးကနေအငယ်ထိ လေးစားမှုတွေထားခဲ့ကျတယ် ။ဘန်ကောဆိုတာ နာမည်တစ်လုံးပါ အဲ့ထက်မပိုပါဘူး။
ဘန်ကောကြောင့် အသင်းဖော်ညီကိုတွေရင်းနှီးခဲ့ကျပေမယ့် တကယ်တန်းက တကယ့်အတွင်းထဲကလာတဲ့ ခံယူချက်တွေနဲ့ လေးစားမှုတွေ ခင်မင်မှုတွေက အဓိက အချက်ပါပဲ ။ ဒီလိုစိတ်တွေကြောင့်သာ ဘန်ကောဟာ ရပ်တည်လာနိုင်တာပါ ။ အခုချိန်ထိလည်း ဘန်ကောအတွက်ဆို ဘာအကျိုးမြတ်မှမကြည့်ပဲ ကြိုးစားအားထုတ်​ပေးခဲ့ကျတဲ့ ညီကိုတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လည်းကျေးဇူးတင်လျက်ပါ ။ အခုဆိုဘန်ကောဟာ အသင်းဖွဲ့ဆိုတာထက် family တစ်ခုလိုဖြစ်နေပါပြီ ။ ဒါကြောင့် ဘန်ကော နှစ်ပတ်လည်နေ့မှစ၍ နောက်နှစ်ပေါင်းမြောက်များစွာအထိ ရည်ရှည်တည်တံပါစေလို့ တောင်းဆုပြုပါတယ် ။
အားပေးကျတဲ့ ဝန်းရံပေးကျတဲ့ သူတွေကို လည်း ဘန်ကောညီကိုများက ကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောကြားရင်း…. ဆက်လက်ကြိုးစားပါဦးမည် ။

#ဘန်ကောfc

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon