သက္ထားသူဇာ

သက္ထားသူဇာ

Share

01/05/2020

Covid-19 ကြောင့်ပြိုင်ပွဲတွေမသွားရသေးပေမဲ့ လက်ရှိနေနေတဲ့ နေရာမှာ ကြက်တောင်ကွင်းရှိတာကြောင့် ဖေဖေနဲ့အတူ Training တွေကိုတော့ ဆက်လုပ်ဖြစ်နေပါတယ်ရှင့်။

အားလုံးပဲ Stay Safe, Stay Active ပါနော်😍

Great news! Badminton Asia Development newsletter maiden issue is now out. Enjoy reading!

Check out the link for your pdf copy.

https://www.dropbox.com/s/cfzb99ym8tz2pm5/BA%20newsletter%20Maiden.pdf?dl=0

17/04/2020

Happy Myanmar New Year 🇲🇲
နှစ်သစ်မှာပျော်ရွှင်ကြပါစေ 💛

Photos from သက္ထားသူဇာ's post 04/04/2020

Covid 19 ကာကွယ်ရေးအတွက် "မျှဝေသောလက်များ ပျဉ်းမနား" ပရဟိတ အသင်းကို အလျှူငွေ နှစ်သိန်း ကျပ် (၂၀၀,၀၀၀) မနေ့က သွားရောက်လျှူဒါန်းခဲ့ပါတယ်။

Photos from သက္ထားသူဇာ's post 25/03/2020

တကမ္ဘာလုံးမှာ ပြန့်ပွားကူးစက်နေတဲ့ COVID-19 ဟာ အခုမြန်မာပြည်မှာလည်း ရောက်ရှိကူးစက်နေပါပြီ။ ဒါပေမယ့် အကြောက်လွန် အစိုးရိမ်လွန်လို့မဖြစ်ပါဘူးနော်။ ဒီအချိန်ဟာ အချင်းချင်း စည်းလုံး ဖေးကူကြရမယ့် အချိန်ဖြစ်ပါတယ်။

== ကျန်းမာရေးကောင်းအောင် အိပ်ရေးဝဝ အိပ်စက်ပါ။ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ပါ။ လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း ဝတ်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းလျှော်ဖွပ်တာမျိုး လုပ်သင့်ပါတယ်။

== တတ်နိုင်သလောက်အပြင်မထွက်ဘဲ အိမ်မှာပဲနေပါနော်။ မလိုတဲ့လူတွေ အိမ်ပြင်မထွက်ခြင်းအားဖြင့် မဖြစ်မနေ အပြင်သွားနေရတဲ့ လူတွေအတွက် ဝန်ထုပ်ဝန်ပိုးလျော့စေပါတယ်။ အပြင်တွေသွားရင်လည်း တတ်နိုင်သလောက် လူချဲနေခြင်း (Social Distancing)ကို လုပ်ဆောင်ပါ။

== အလန့်တကြားနဲ့ စားသောက်ကုန်တွေ ဝယ်ယူသိုလှောင်တာမျိုးလုပ်ရင် ဈေးတွေပိုတက်လာပြီး မဝယ်နိုင်သူတွေကို ဒုက္ခဖြစ်စေတာမို့ ပုံမှန် စားလောက်ရုံ တစ်နေ့တစ်ခါ ဈေးမသွားရရုံလောက်ပဲ ဝယ်ကြရအောင်ပါ။

== ကိုယ့်မှာ နေထိုင်မကောင်းဖြစ်ရင်၊ ပိုးကူးစက်နေပြီလို့ သံသယဖြစ်ရင်၊ ဒါမှမဟုတ် ပိုးကူးစက်နေသူနဲ့ လတ်တလောမှာ တွေ့ဆုံထားတယ်ဆိုရင် ကျန်းမာရေးဌာနတွေဆီ သတင်းပို့ပြီး စစ်ဆေးခံပါ။ လူငယ်တွေမှာ ကိုယ်ခံအားကောင်းလို့ နေမကောင်းမဖြစ်ဘူးဆိုရင်တောင် မိမိအနားမှာရှိတဲ့ အသက်ကြီးသူတွေ ကလေးငယ်တွေကို ကိုယ်ကတဆင့် ပိုးဖြန့်ပေးသလို မဖြစ်ပါစေနဲ့လို့ အကြံပြုပါတယ်။

သက်ထားချစ်တဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်။

Photos from သက္ထားသူဇာ's post 12/03/2020

အခုနောက်ဆုံး ပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ပေါ်တူဂီနဲ့ ချက် နိုင်ငံ တို့မှာ ကျင်းပတဲ့ ပြိုင်ပွဲနှစ်ခုလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပေမဲ့ ပြိုင်ပွဲမကျင်းပ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာနေပါပြီရှင့်။

နောက်လာမယ့် နိုင်ငံတကာပွဲစဉ်များ မှာလည်း COVID-19 ကြောင့် ကျင်းပဖြစ်မဖြစ် မသေချာတဲ့အတွက် လေ့ကျင့်ချိန်များ မနစ်နာစေရန် မြန်မာနိုင်ငံကို ပြန်လာနေပါတယ်။🤩

စောင့်ကြည့်အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

05/03/2020

Myanmar’s Pride Awards 2019 ရဲ့ “Best in Sports”ကဏ္ဍအတွက် ဆုရရှိခဲ့ပါတယ်ရှင့်။🤩

ညီမရဲ့ ပရိတ်သတ်များ၊ Vote ပေးခဲ့ကြတဲ့သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။🤩

01/03/2020

Kenya International Series 2020 ပြိုင်ပွဲမှာ Round 1 နှင့် Round 2 တို့မှာ အနိုင်ရရှိပြီး QUARTER FINAL ပွဲစဉ်တွင် ပြိုင်ဘက်ဟောင်း Uganda ပွဲတွင်အနိုင်ရရှိခဲ့သော အိန္နိယ ကစားသမား AAKARSHI KASHYAP အား ယခု ပွဲတွင် ၃ ပွဲ ကစားပြီး ရှုံးသွားပါသဖြင့် ကွာတားဖိုင်နယ် အဆင့်နဲ့သာ ကျေနပ်လိုက်ရပါတယ်ရှင့်။

ဆက်လက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲများမှာ အကောင်းဆုံးဆက်လက်ကြိုးစားသွားပါမယ်။

28/02/2020

Kenya International Series 2020 ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ် မှာ Pakistan ကစားသမားကို အနိုင်ရရှိပြီး ပြိုင်ပွဲရဲ့ ဒုတိယ အဆင့်ကို တက်သွားပြီး မနက်ဖြန် (29.2.2020) နေ့လည် ၂နာရီ ခန့်မှာ Kenya ကစားသမား Kivisi Andia သို့မဟုတ် Faith Cherop နဲ့ ယှဉ်ပြိုင်ကစားရပါမယ်ရှင့်။

24/02/2020

Thank You Ye' Dagun Taung City

အိုလံပစ်ခရီးလမ်းကို အကောင်းဆုံး ဆက်လက်ကြိုးစားလျောက်လမ်းနေနိုင်ပြီး ထောက်ပံ့ကူညီပေးထားတဲ့ Ye' Dagun Taung City ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။😍

သမီး မနေ့က ယူဂန်ဒါ International series 2020 ပြိုင်ပွဲမှာ အနိင်ရဗိုလ်စွဲခဲ့ပါတယ်။
နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်ပွဲတွေရတိုင်း ဝမ်းသာမိပါတယ်။
အမိ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အလံတော်နဲ့အတူ အောင်ပွဲခံရတယ် ပိုပြီးဝမ်းသာရပါတယ်။
သမီးရဲ့ အိုလံပစ် ခရီးလမ်းမှာ အတူလျောက်လှမ်းပေးနေတဲ့ မန္တလေးမြို့က ရေတံခွန်တောင်စီးတီး အိမ်ယာစီမံကိန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့်။

#သက်ထားသူဇာ

https://www.facebook.com/yedaguntaungcity/

showroom googlemap location
https://goo.gl/maps/kwjDQqnvWRQnTZcQA

Photos from သက္ထားသူဇာ's post 23/02/2020

Uganda International Series 2020 ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါပြီရှင့်။🤩🤩

ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်နှစ်ဆက် ပထမဆုရယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်နေပါတယ်ရှင့်။

အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ Olympic ဝင်ခွင့်ရရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးစားသွားပါမယ်။

27. 2 2020 ကနေ 01. 03. 2020 အထိ ကျင်းပမဲ့ Kenya International Future Series 2020 အတွက် မနက်ဖြန် Kenya နိုင်ငံကို သွားပါမယ်ရှင့်


23/02/2020

Uganda International Series 2020 Semi Final မှာ Mauritius ကစားသမားကို အနိုင်ရရှိပြီး ယနေ့ညနေ့မှာပဲ Final ကို India ကစားသမား AAKARSHI KASHYAP နဲ့ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်ရှင့်။

23/02/2020

Uganda International Series 2020
Semi Final ပွဲစဉ်များကို မြန်မာစံတော်ချိန် နေ့လည် ၁၂:၃၀ ခန့်တွင် စတင်ကစားရမှာဖြစ်ပြီး ညီမကပွဲစဉ် နံပတ် ၃ မှာ ကစားရမှာ ဖြစ်ပါတယ်ရှင့်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yankin
Yangon
959565