Resistance Band Workout &. Gymequipment

Resistance Band Workout &. Gymequipment

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Resistance Band Workout &. Gymequipment, Gym/Physical Fitness Center, Yangon.

17/07/2022

12/07/2022

Resistance band.100Lb အား 5ကြိုးပါ
တစ်ထုပ် ကို 23000ကျပ်

Online က မှာယူလိုပါက ရန်ကုန်မြို့တွင်း ပစ္စည်း​​​ရောက်ငွေချေပါ ပို့ခ တော့ မြို့နယ်အလိုက် ရှိပါမယ်
နယ် မြို့များမှမှာယူပါက ငွေလွှဲဝင်ပြီး နှစ်ရက်အတွင်း ဂိတ်ပို့ခ 2000ဖြင့် ဂိတ်ပို့ပေးပါတယ် (တန်ဆာခ ဝယ်ယူသူဘက်မှရှင်းပါ)

ပစ္စည်းမှာယူလိုပါက
မှာယူလိုသောပစ္စည်း
မှာယူလိုသောပမာဏ
ပေးပို့ပြီး ✅
လိပ်စာ အပြည့်အစုံ✅
နာမည် ✅
ဖုန်းနံပါက် ✅
ပေးပို့ပြီးမှာယူပေးပါခင်ဗျာ
☎☎☎📞09781112244

22/06/2022

Workout

Photos from Resistance Band Workout &. Gymequipment's post 22/06/2022

#ခါးသေးအောင်_ဘယ်လိုလုပ်ရမလဲ ❓❓
(လေ့ကျင့်ခန်းလုပ်လိုသူများအတွက် မသိမဖြစ် အခြေခံ)

▄▄▄ ▄▄▄▄▄▄ ▄▄▄ ▄ ▄▄▄▄

ဒီလိုကြီး တိုက်ရိုက်မေးတဲ့လူတွေလဲ ရှိသား။
ဒါမှမဟုတ် လက်မောင်းက အဆီတွေ၊ ပေါင်ကအဆီတွေ ဘယ်လိုချရမလဲ မေးသူတွေလည်း ရှိပါတယ်။

ဒီမေးခွန်းတွေဟာ Workout လုပ်တာနဲ့ ရင်းနှီးသူတွေအတွက်ဆို ဘယ်လိုလုပ်ရမလဲ သဘောပေါက်ပြီးသား မေးခွန်းတွေဖြစ်ပါတယ်။ အခြေခံကျတဲ့၊ အရမ်းရိုးရှင်းတဲ့ သူငယ်တန်း မေးခွန်းတွေပေါ့။ ဒါ့ကြောင့် အခုပြောမယ့် ဆောင်းပါးက အချက်တွေ တစ်ချို့ သိပြီးဖြစ်ချင်ဖြစ်မယ်။

ဒါပေမယ့် သာမန် လေ့ကျင့်ခန်းမလုပ်ဖူးသူ၊ ဒါမှမဟုတ် အခုမှ စလုပ်ချင်သူတွေအတွက်တော့ အရမ်းတိုင်ပတ်တဲ့ သဘောတရားပါ။ လေ့ကျင့်ခန်းစလုပ်ပြီ ဆိုကတည်းက လူဆိုတာ ပန်းတိုင်ရှိပြီးသားပါ။ ဒီပန်းတိုင်တွေထဲက အများဆုံးတွေ့ရလေ့ရှိတာကလည်း ကိုယ်မလိုချင်တဲ့ နေရာက အဆီကို စချချင်တာပဲ မဟုတ်လား။

ဒါ့ကြောင့်ပဲ သူတို့တွေ ရိုးရိုးသားသား လိုချင်တာ တန်းပြီး မေးတာပေ့ါ။

" ပေါင်က အဆီဘယ်လိုရှင်းမလဲ "

" ခါးက အဆီဘယ်လိုရှင်းမလဲ "

" လက်မောင်း ဘက်လက်ကြီး ဘယ်လိုရှင်းမလဲ "

Golden Dreams Page အနေနဲ့ လုပ်နိုင်တဲ့ အကြောင်းကို အတိုပြောခဲ့ဖူးပေမယ့် အရှည် မရေးခဲ့ဘူးပါ။ ဒါကလဲ လူတွေ သိပ်မသိနိုင်တဲ့၊ ပိုထဲထဲဝင်ဝင် Next Level ထိ မြှင့်ပေးနိုင်တဲ့ ဆောင်းပါးတွေ ပိုရေးချင်လို့ပါပဲ။ ဆောင်းပါးရေးဖို့ အချိန်ပို သိပ်မရှိရတဲ့ကြားထဲမှာတင် ရေးဖြစ်တဲ့အခါ Basic အခြေခံ အချက်တွေနဲ့တင် တန့်မနေချင်လို့ပါ။ ဒါပေမယ့်လည်း ဒီတစ်ခေါက်တော့ လာမေးသူတွေအတွက် မှန်ကန်တဲ့ အဖြေရအောင် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခြေခံ Basic ဖြစ်တယ်ဆိုထားလို့ အရေးမကြီးဘူး မထင်စေလို။ ဒီဗဟုသုတကို မသိသူများအဖို့ နည်းလမ်းအမှားတွေနဲ့ လုပ်နေရင် ခြောက်လကြာလည်း ဘာမှမဖြစ်၊ တစ်နှစ်ကြာလည်း ဘာမှမဖြစ် Result မရဖြစ်စေနိုင်တာမလို့ပါ။

ကဲ .....
သာမန်လူတစ်ယောက်အနေနဲ့ ကိုယ်မလိုချင်တဲ့ အဆီတွေ ပျောက်သွားဖို့ ဘယ်လိုစရမလဲ ? ? ?

*******************************************************

1⃣ သင်ဟာလိုချင်သလို ကွက်ပြီး အဆီချလို့ မရပါဘူး

ဒီအချက်ကို အရင်ဆုံးခေါင်းထဲမှာ မှတ်ကျောက်တင်ထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ နေရာကွက်ပြီး လိုချင်တာလေး အဆီချလို့ရတယ်လို့ စိတ်ထဲမှာ မှတ်ပြီး ကြိုးစားလိုက်တာနဲ့ သင်ဟာ လမ်းမှားကို ခြေတစ်လှမ်းစတင်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ Admin ကိုယ်တိုင် မသိခင်အခါက ကြေးကြီးကြီးပေးပြီး သင်ယူလိုက်ရတဲ့ သင်ခန်းစာပေါ့။

လူဆိုတာ သင်ယူရင်း ကြီးထွားရင်း လို့ ဆိုရပါမယ်။ ဘယ်သူမဆို အမှားတွေနဲ့ တွေ့တတ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင်ယူမလေ့လာဘဲ အမှားတွေကိုပဲ ဆက်လုပ်နေရင်တော့ မဟုတ်တော့ဘူးပေ့ါ။

လူတွေကို အရင်ဆုံး စပြီး လေ့ကျင့်ခန်းလုပ်စေတဲ့ ဗိုက်အကြောင်းနဲ့ စပြောရအောင်။
လူတော်တော်များများစပြီး " ဟာ၊ မဖြစ်တော့ဘူး။ လေ့ကျင့်ခန်းလေးလုပ်အုန်းမှ " သတိထားမိစေတာ ပူလာတဲ့ဗိုက်ကြောင့်ပဲ မဟုတ်လား။ ဒါ့ကြောင့်ပဲ စလုပ်ဖို့ အသိ၀င်၊ စလုပ်ဖို့ လေ့ကျင့်ခန်း စရှာလိုက်တော့ ဗိုက်ချပ်အောင် အိပ်ထမတင် လုပ်မယ်ဖြစ်ကုန်တော့တာပါပဲ။

သင်ဟာ ဒီလို လူတစ်ယောက်ဖြစ်တယ်ဆိုရင် မပူပါနဲ့။ Admin ကိုယ်တိုင် ပထမဆုံးရှာလုပ်ခဲ့တာက 5 minutes 6 packs abs ဆိုတဲ့ Video ပါပဲ။ ဗိုက်ပူရင် ဗိုက်လေ့ကျင့်ခန်းလုပ်မှ ဖြစ်မယ်လို့ တန်းတွေးမိတာကိုး။

ဒီလိုပါပဲ လက်မောင်းသား ပျော့နေတယ်၊ အဆီတွေနဲ့ လူကလည်း လက်လေ့ကျင့်ခန်းတွေ လုပ်ကြတာပါပဲ။ ဒါကို လိုချင်တဲ့ နေရာလေးကွက်ပြီး အဆီချဖို့ ကြိုးစားတယ် (Spot Reduction) လို့ခေါ်ပြီး အဲလို အဆီချလို့ မရပါဘူး။

အဆီဆိုတာမျိုးက လူတစ်ယောက်နဲ့ တစ်ယောက်စုမိတဲ့ နေရာ မတူပါဘူး။

များသောအားဖြင့် ယောင်္ကျားလေးတွေဆို ဗိုက်မှာ စုပြီး မိန်းကလေးတွေဆိုရင် ဗိုက်နဲ့ တင်ပါးမှာ စုမိတာများပါတယ်။ ဒါကြောင့် ယောင်္ကျားလေးတွေ အဆီများလာရင် ဗိုက်တစ်ခု ပူထွက်လာတာများပြီး မိန်းကလေးတွေ အဆီပိုများလာရင် ဗိုက်ရော ၊ တင်ပါးရောမှာ အဆီစုပြီး လျော့လာတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး Meme လေးတစ်ခုတောင် တွေ့ဖူးပါတယ်။

" ယောင်္ကျားပီသရင် ဗိုက်ပူတယ် " ဆိုပြီး သတင်းတစ်ခုရဲ့ ခေါင်းစဉ်ကို အခြေခံပြီး ဗိုက်မပူရင်ပဲ ယောင်္ကျားမဟုတ်သလိုပေ့ါ။ အမှန်က အဆီအများဆုံးစုတဲ့ နေရာဟာ ယောင်္ကျားလေးတွေ အတွက် ဗိုက်လို့ ပြောတာပါ။

ဒီလို General ယေဘုယျ ရှိပေမယ့် လူတစ်ချို့ကျတော့ အဆီအဓိက စုတဲ့ နေရာက လက်ပြင်လိုမျိုးဖြစ်တာ ရှိတတ်ပါတယ်။ တစ်ချို့ကျ ပေါင်ပေ့ါ။ ဒါ့ကြောင့်လဲ
" လူကပိန်တယ်ရှင့်၊ ပေါင်လေးပဲ အဆီချချင်တာ။ လက်ကလေးပဲ ချချင်တာ "
ဖြစ်ကုန်တော့တာပါပဲ။

ဒါနဲ့ပဲ ဗိုက်ပူရင် ဗိုက်လေ့ကျင့်ခန်းရှာ၊ လက်တွဲရင် လက်လေ့ကျင့်ခန်းရှာ၊ ပေါင်ကျစ်ချင်ရင် ပေါင်လေ့ကျင့်ခန်းရှာ ဖြစ်ကုန်တော့တာပါပဲ။ ဒီလိုနဲ့ လုပ်ကြ၊ ပြီးတော့လည်း ဘာမှ ဖြစ်မလာဘူးဟုတ်။ ဘာ့ကြောင့်ပါလဲ။

ဒီနေရာမှာ ခန္ဓာကိုယ်က သိပ်အကျင့်မကောင်းဘူး ပြောလို့ရပါတယ်။ သူက အရင်စုတဲ့ နေရာ (ဥပမာ ဗိုက်)မှာ အဆီအရင်စုပေမယ့် အဆီပြန်ကျရင်တော့ အဲဒီနေရာက နောက်ဆုံးမှာ ကျတော့တာပါပဲ။ ရှင်းအောင် ပြောရရင် စ၀လာတာနဲ့ ဗိုက်ပူလာမယ်၊ ပြီးရင် လက်တွေ ဂုတ်တွေပါ ၀လာမယ်။ ဒါပေမယ့် ပြန်အဆီကျတော့ လက်တွေ ဂုတ်တွေက အရင်ကျပြီး ပထမဆုံး ပူလာတဲ့ ဗိုက်က အဆီက နောက်ဆုံး ကျတာပါပဲ။

(အဆီ အရင်တက်တဲ့ အပိုင်းတွေက နောက်ဆုံးမှ အဆီပြန်ကျပါတယ်)

ဒီလို အဆီကျရင် သဘာ၀ သတ်မှတ်ထားတဲ့အတိုင်း၊ မျိုးရိုးဗီဇအတိုင်းသွားလို့ နေရာ ကွက်ပြီး ပိန်ချင်လို့ မရတာပါပဲ။ ဒါ့ကြောင့်လဲ ဗိုက်ကပြားချပ် 6 packs တွေရှိနေတဲ့သူမှာ ဂုတ်အဆီတွေ မတွေ့တာပဲပေ့ါ။

အဲတော့ ကိုယ်က ဗိုက်ကလေးပိန်ချင်ပေမယ့် သူ့ရှေ့မှာ စောင့်နေတဲ့ တစ်ကိုယ်လုံးကအဆီတွေ ကျအောင် လုပ်ရမှာပါပဲ။ ဒါ့ကြောင့် တစ်ကိုယ်လုံး အဆီချဖို့ ကြိုးစားခြင်းက လွဲလို့ တခြားနည်းလမ်းမရှိပါ။

***************************************

2⃣ နေရာကွက် လေ့ကျင့်ခန်းအသေးတွေကို အချိန်အများကြီး မပေးပါနဲ့

ဒီအချက်ဟာ အပေါ်က နံပတ် ၁ အချက်က ဆင်းသက်လာတဲ့ အမှားပါ။ နံပတ် ၁ အချက် (လိုချင်သလိုရွေးပြီး အဆီချမယ်)ဟာ အခုမှ စချင်သူတွေရဲ့ အမှားအများဆုံးအချက်ဆိုရင် အခု နံပတ်၂ အချက်ကလည်း ဆက်စပ်နေတော့ အမှားများတာ မစမ်းပါဘူး။

ဟိုတစ်လောကတင် Chat box မှာ လာမေးတဲ့ Bro တစ်ယောက်ရှိပါတယ်။ သူက ဝတော့ Gym အခုမှ စဆော့ပါတယ်တဲ့။ ပထမ မိနစ်သုံးဆယ်လောက်မှာ ပြေးတာ ၁၀မိနစ်၊ စက်ဘီးက ၁၀မိနစ်၊ မြန်မြန်ပြေးတာ ၁၀မိနစ် ဆိုလား။ အဲတာပြီးတော့ အဓိက လေ့ကျင့်ခန်းအဖြစ် အိပ်ထမတင်လုပ်ခိုင်းတယ်။ ဒီလိုနဲ့ အခုပြန်ရောက်လာလို့ ဘယ်လိုနေလဲ မှန်လား မေးကြည့်တာပါတဲ့။

(စကားကြိုခံပါရစေ။ လာမေးတဲ့ Bro ရဲ့ လူပုံစံ ဘယ်လောက်၀လဲ၊ ဘာလုပ်နိုင်လောက်လဲကို Admin မသိပါ။ သူ့ပုံစံကို မသိတော့ သူ့ Trainer က ဘယ်လိုတွေးပြီး သူ့ကို ဒါတွေလုပ်ခိုင်းလဲ အသေအချာမသိ။ Trainer မှာ သူ့အကြောင်းပြချက်နဲ့ သူရှိနေနိုင်တာမလို့ Admin တွေးပုံနဲ့ တူချင်မှ တူမှာပါ။ စကားကြိုခံရခြင်း အကြောင်းက မတူတဲ့ သဘောတရားကို ပြောရင် ဖောင်း အထုခံရလွန်းလို့ ဖြစ်ပါကြောင်း)

ပြန်ဆက်လိုက်ရအောင်။ လာမေးတဲ့ Bro နဲ့ အခုမှ စပြီး လေ့ကျင့်ခန်းလုပ်ပြီး အဆီချချင်သူ၊ ခါးသေးချင်သူတွေရဲ့ ရည်ရွယ်ချက်က တူတူပါပဲ။ အဆီကျဖို့ပေ့ါ။

အပေါ်မှာ ရှင်းပြခဲ့တဲ့ အတိုင်း အဆီဆိုတာ နေရာကွက်ချမရလို့ တစ်ကိုယ်လုံးချဖို့ ကြိုးစားရပါမယ်။

"အဆီအများဆုံးကျစေမယ့် အချက်က လေ့ကျင့်ခန်းလုပ်စဉ်မှာ စွမ်းအင် အများကြီး သုံးစေဖို့ပါပဲ။"

စွမ်းအင် အများကြီး သုံးဖို့ဆို သင်လုပ်နိုင်တာ နှစ်ခုရှိပါတယ်။

××××××××××××××××××××××××

🔻 နှလုံးခုန် နှုန်းမြန်အောင် လုပ်ခြင်း -

- ပြေးခြင်း ၊ စက်ဘီးနင်းခြင်း
- ကြိုးခုန်ခြင်း ၊ ကခုန်ခြင်း
- ရေကူးခြင်း
- အားကစားလုပ်ခြင်း (ဘောကန်၊ ဘတ်စကတ်ဘော)
- အိမ်မှာလုပ်နိုင်တဲ့ အလေးလွတ် လေ့ကျင့်ခန်းလုပ်ခြင်း
- အလေးမခြင်း စသဖြင့် နှလုံးခုန်နှုန်းမြန်အောင် လုပ်ရင် အဆီကျစေပါတယ်။

×××××××××××××××××××××××

🔻 စွမ်းအင် အများဆုံးသုံးစေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ အလေးမခြင်း သို့မဟုတ် အလေးလွတ်လုပ်ခြင်း -

ဒီမှာ နှစ်မျိုးခွဲပေးပါမယ်။ စွမ်းအင်သုံးတာများတာနဲ့ သုံးတာနည်းတဲ့ အစိတ်အပိုင်းတွေပေ့ါ။

"စွမ်းအင်သုံးတာ များသော အစိတ်အပိုင်း"
- ရင်ဘတ်
- နောက်ကျော
- အောက်ပိုင်း (တင်ပါး၊ ပေါင်)
- ပုခုံး (ဆုံ)
- ပင်မကြွက်သား (ခါးတစ်ဝိုက် ပတ်လည်တစ်ခုလုံး)

"စွမ်းအင်သုံးတာ နည်းသော အစိတ်အပိုင်း"
- လက်မောင်း (ရှေ့၊နောက်)
- လက်ဖျံ
- ခြေသလုံး
- Abs ( အပေါ်က ပင်မကြွက်သားနဲ့ မတူပါ၊ Abs ဆိုတာ 6 packs ၀န်းကျင် သေးသေးလေးတစ်ခုတည်းကို ဆိုလိုပါတယ်)

ဒီတော့ အဆီမြန်မြန် ကျချင်တယ်၊ ခါးသေးချင်တယ်၊ ဘာသေး ညာသေးချင်တယ်ဆိုရင် စွမ်းအင် အများကြီး သုံးတဲ့ အစိတ်အပိုင်းတွေကို လေ့ကျင့်ဖို့လိုပါတယ်။

××××××××××××××××××××××××××××

နမူနာ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေက

- ရင်ဘတ်တွန်း (အလေးလွတ်ဆို ဒိုက်ထိုး)

ပါ၀င်သောကြွက်သား = ရင်ဘတ်၊ လက်မောင်းနောက်၊ ပင်မကြွက်သား

- အလေးနဲ့ ထိုင်ထ (အလေးလွတ်ဆိုလည်း ထိုင်ထပဲပေါ့)

ပါ၀င်သောကြွက်သား = ပင်မကြွက်သား၊ Abs ၊ အောက်ပိုင်း

- နောက်ကျောဆွဲ (အလေးလွတ်ဆို ဘားခို)

ပါ၀င်သောကြွက်သား = နောက်ကျော၊ လက်မောင်းရှေ့၊ ပင်မကြွက်သား၊ အောက်ပိုင်း ပေါင် (တချို့ပုံစံတွေဆို ခြေခိုင်မှ)

- ပုခုံးဆုံ

ပါ၀င်သောကြွက်သား = ပုခုံး၊ ရင်ဘတ် (အပေါ်သား)၊ ပင်မကြွက်သား၊ အောက်ပိုင်း ပေါင် (တချို့ မတ်တပ်ရပ်လုပ်တဲ့ ပုံစံ)

စတဲ့ လေ့ကျင့်ခန်းတွေဟာ စွမ်းအင်သုံးတာ များတဲ့ အစိတ်အပိုင်းတွေရော၊ စွမ်းအင်သုံးတာ နည်းတဲ့ အစိတ်အပိုင်းတွေရော ပါတာကြောင့် သင့်ကို အဆီကျဖို့ အများကြီး မြန်စေပါတယ်။

×××××××××××××××××××××××××××××××

နမူနာ မထိရောက်တဲ့ လေ့ကျင့်ခန်းတွေက

- လက်မောင်း

ပါ၀င်သော ကြွက်သား = လက်မောင်း

- အိပ်ထမတင်

ပါ၀င်သော ကြွက်သား = Abs ၊ ခါးအနောက် (အနည်းငယ်သာ)

စတဲ့ လေ့ကျင့်ခန်းတွေကျ စွမ်းအင်သုံးတာ မများပါဘူး။

××××××××××××××××××××××××××××××

ဒါဆိုရင် အပေါ်က မေးတဲ့ Bro ရဲ့ Gym မှာလုပ်တာလေးကို ပြန်ကြည့်လိုက်ရအောင်။

ပထမ မိနစ် ၃၀မှာ ပြေးတာ၊ စက်ဘီးနင်းတာ လုပ်တယ်ဆိုတော့ မဆိုးပါဘူး။ နှလုံးခုန်နှုန်းမြန်လာမယ်၊ စွမ်းအင်တွေ သုံးရတယ်ပေါ့။

ဒါပေမယ့် နောက်မိနစ် ၃၀မှာ အိပ်ထမတင် လုပ်တာကတော့ သိပ်မထိရောက်ပါဘူး။ အိပ်ထမတင် လုပ်ရင်သုံးတဲ့ Abs ကြွက်သားဆိုတာ ချက်တစ်ဝိုက်က ခပ်သေးသေး ကြွက်သားစုဖြစ်သလို စွမ်းအင် များများလဲ မသုံးပါဘူး။ မှားတယ်လို့ မဆိုချင်ပေမယ့် ဒီ့ထက်ပို အကျိုးရှိမယ့် အရာတွေ ရှိတာမလို့ ကုန်သွားတဲ့ အချိန်တွေ မထိုက်တန်ဘူးလို့ ဆိုချင်ပါတယ်။

ဒီဒုတိယ မိနစ် ၃၀မှာ ဗိုက်အဆီကျချင်လို့ ဗိုက်လေ့ကျင့်ခန်းလုပ်မယ့်အစား အပေါ်က စွမ်းအင် အများကြီးသုံးတဲ့ ရင်ဘတ်၊ အောက်ပိုင်း ၊ နောက်ကျော၊ ပုခုံးစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ရင် ပို အကျိုးရှိမယ်ဟုတ်။

ဒါက ဒီ Bro ရဲ့ ပြောပြချက်ပါ။ တစ်ချို့ လက်မောင်းတွဲနေလို့ Gym သွားတဲ့ မိန်းကလေးတွေ တစ်ချို့ ပြောပြချက်အရ ပထမပိုင်းမှာ ပြေးတာတွေ လုပ်ရပြီး ဒုတိယပိုင်းမှာ လက်မောင်း အလေးမ ရတယ်လို့ ဆိုကြတာလဲ ရှိပါတယ်။ ဒီလိုလူတွေအတွက် လက်မောင်း အလေးမ မိနစ် ၃၀ လုပ်မယ့်အစား အကျိုးပိုရှိမယ့် စွမ်းအင်အများကြီးသုံးတဲ့ လေ့ကျင့်ခန်းတွေ အစားထိုး လုပ်စေချင်ပါတယ်။

Gym တစ်ခုမှာ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ နေခြင်းက သင့်ရလဒ်ကို ထုတ်ဖော်မပြပါဘူး။ နေခဲ့တဲ့ တစ်နာရီ အတွင်းမှာ ဘာလုပ်ခဲ့တယ်ဆိုတာကပဲ သင့်ရလဒ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မယ်။

တစ်ချို့ အချိန်အကြာကြီး ၂နာရီလောက်နေပေမယ့် မိနစ် ၄၀လောက်ပဲ လုပ်တဲ့လူရဲ့ Result ကို မမှီတာတွေလည်း တွေ့နေစမြဲပါ။ Quantity ထပ် Quality က ပိုအရေးကြီးတယ်ဆိုတာ Bodybuilding မှာလည်း မှန်ကန်ပါတယ်။

****************************************

အခုမှ စလုပ်သူတွေအတွက် အခြေခံ လမ်းညွှန်ချင်တာကို အတိုချုပ်ရမယ်ဆိုရင် ဒီတစ်ခေါက် လေ့ကျင့်ခန်းလုပ်တဲ့ အခါ နေရာကွက်ပြီး အဆီချဖို့ မကြိုးစားပါနဲ့။

သင်ဟာ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်သူဆိုရင်၊ အလေးလွတ်ဆိုရင်

- ကြိုးခုန်တာ၊ ပြေးတာ၊ လှေကားတက်တာ

- Page ထဲက အဆီကျလေ့ကျင့်ခန်း Video တွေ

- အခုခေတ် ကခုန်တာ

- ဒိုက်ထိုး ၊ ဘားခို ၊ ထိုင်ထ (အလေးက အိမ်မှာ ရှိတဲ့ ကျောပိုးအိတ်တို့၊ ရေဘူးတို့ သင့်သလို ပေါင်းလို့ရတယ်ဟုတ်)

စတာတွေက နှလုံးခုန်နှုန်းမြန်စေသလိုကြွက်သားအစုံ သုံးတာမလို့ သင့်တော်ပါတယ်။

သင်ဟာ Gym သွားပြီး ကိရိယာတွေနဲ့ ဆော့ခွင့်ရသူဆိုရင်

- ကြိုးခုန်တာ၊ ပြေးတာ၊ စက်ဘီးနင်းတာ

- ရင်ဘတ်၊ နောက်ကျော၊ ပုခုံး၊ တင်ပါး၊ ပေါင် စတာတွေကို လေ့ကျင့်တဲ့ အလေးတုံး၊ စက် ပုံစံတွေကို မပါမဖြစ် ထည့်ပြီး လုပ်ပါ။

ဒါတွေလုပ်ပြီးမှ အချိန်ပိုသေးတယ်ဆိုရင် Abs လေ့ကျင့်ခန်းတွေလုပ်ပါ။

**********************************

ဒီ Basic အချက်တွေ သိပြီးလို့ သင်ဟာ နေရာကွက်ပြီး အဆီချဖို့ မကြိုးစားတော့ပါဘူး၊ နောက်တစ်ဆင့် မြင့်ပြီး စနစ်တကျလေး Abs ရအောင် ဘယ်လို စားသောက်ရမလဲ၊ ခန္ဓာကိုယ်တစ်ခုကို ဘယ်လိုထုဆစ်ရမလဲ စတဲ့ Intermediate ဗဟုသုတတွေ သိချင်လာပြီဆိုရင်တော့ Page ထဲမှာ တစ်ခြားဆောင်းပါးတွေ ရှိတာမလို့ ၀င်ရောက်ဖတ်ကြည့်နိုင်ပါတယ်။

ဒီဆောင်းပါးလေးကိုလည်း တစ်ခြား မသိသေးသူတွေ ရှိနိုင်တာမလို့ ပြန်လည်ဝေမျှ ပေးနိုင်ပါတယ်။

အခြေခံအချက်တွေဖြစ်လို့ သိသူတွေရှိပေမယ့် မသိတဲ့ လူပမာဏဟာ မယုံနိုင်စရာ များပြားပါတယ်။ Admin ကိုယ်တိုင်လည်း အရင်က ဒီအချက်တွေကို မသိခဲ့တာမလို့ ကိုယ့်လိုပဲ မှားနေကျသူတွေကို ကိုယ်ချင်းစာပြီး ရေးလိုက်ရပါကြောင်း။

*****************

with love - Golden Dreams
Fitness Club (Aungban)


လေးစားလျက်.

16/06/2022

Resistance Band Workout

14/06/2022

Resistance band Workout

Photos from Resistance Band Workout &. Gymequipment's post 07/06/2022

✅ အရပ်ရှည်နည်း
••••••••••••••••••••••
ရေးသားသူ - ဒေါက်တာအေးမင်းထူး

(ဖတ်ကြည့်ပါ… သေချာပေါက် အကျိုးထူးစေမဲ့ စာတစ်ပုဒ် ❤️ )

အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ။ အွန်လိုင်းမှာ အမေးများတယ်။ လက်တွေ့ ဆေးခန်းလာပြသူတွေလည်း မနည်းပါ။ သေချာတွက်ကြည့်ရင် အရပ်ရှည် အောင် လုပ်နိုင်တဲ့နည်းတွေ များများစားစားမရှိဘူး။ အရပ်ရှည်ဖို့ (1) အစားအသောက်
(2) အနေအထိုင် နဲ့
(3) လေ့ကျင့်ခန်းကို အဓိကထားပြီး ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

----------------------

(1)
အရင်ဆုံးအနေနဲ့ အရပ်ရှည်နိုင်တဲ့ #အစားအသောက် တွေက်ို လေ့လာကြည့်ရအောင်။

အရပ်ရှည်ဖို့ တကယ်လိုအပ်တဲ့အာဟာရဓာတ်က ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သက်ရှိအုပ်ချပ်တိုင်းက အမိုင်နိုအက်ဆစ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အသားဓာတ် (အမိုင်နိုအက်ဆစ်) များများ လိုအပ်တယ်။ အသားစားခြင်းကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈)မျိုးအပြင် စုစုပေါင်း အမျိုး(၃၀)ကျော်လောက်ကို ရရှိစေတယ်။

ပရိုတင်းပါတဲ့ အစားအသောက်ထဲမှာ နွားနို့၊ကြက်ဥ၊ဒိန်ခဲ၊ထောပတ်၊ငါး၊အသား၊အသည်း စတာတွေက ကောင်းတယ်။
#နွားနို့ မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှုအတွက် လိုအပ်တဲ့အခြေခံပရိုတင်းတွေ များစွာပါဝင်တယ်။ အရပ်ရှည်ဖို့ တစ်ရက်ကို နွားနို့ နှစ်ခွက်မှ သုံးခွက်အထိသောက်ပါ။ မလိုင်ထုတ်ပြီး နွားနို့မှာ အဆီပိုတွေ မရှိတော့လို့ ပိုကောင်းတယ်။ မနက်စောစော နွားနို့တခွက်သောက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ကြည့်ပါ။ မြန်မာနိုင်ငံက အားကစားသမားတွေအနေနဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွဲပြီး စနစ်တကျလုပ်ဆောင်သင့်တယ်။

#ကြက်ဥ ကလည်း အသားဓာတ်တမျိုးပါပဲ။ ကြက်ဥအကာမှာ albumin ပရိုတင်းတွေ ကြွယ်ဝစွာပါဝင်တယ်။ သတိပြုရမှာက ကြက်ဥအနှစ်မှာ အဆီပိုတွေပါလို့ ဝတဲ့သူတွေအနေနဲ့ ကြက်ဥအကာကိုသာ စားသုံးသင့်တယ်။ အရပ်ရှည်အောင် ကြက်ဥ နှစ်လုံးကို နေ့စဉ်သုံးပါ။

အရိုးပါ ဝါးစားနိုင်တဲ့ #ငါးသေးလေး တွေ တပတ် သုံးကြိမ်စားပေးပါ။
ဒါ့ပြင် ကြက်သား၊အမဲသား စတာတွေကလည်း ကြီးထွားခြင်းကိုဖြစ်စေလို့ လိုအပ်တယ်။
တစ်ရက်ကို #အသား အနည်းဆုံး (၅၀)ဂရမ် စားပေးပါ။

သက်သက်လွတ်သမားတွေလည်း စိတ်ဓာတ်မကျပါနဲ့။ အသီးအရွက်တွေကနေလည်း အသားဓာတ်ကို ရနိုင်တယ်။ အသီးအရွက်ထဲမှာ ပဲသီး၊ပဲတောင့်ရှည်၊ပဲတီစိမ်း၊တို့ဖူး၊မုန်လာဥဖြူ၊တရုတ်မုန်လာ၊ဟင်းနုနွယ်၊ပဲပုတ်၊ပန်းဂေါ်ဖီစိမ်း၊မုန်လာထုပ်၊ရုံးပတေသီးစတာတွေက ကောင်းတယ်။ အသားဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ #ပဲပုတ် က အကောင်းဆုံးဖြစ်တယ်။ ဂျပန်တွေ အရပ်ရှည်လာတာ ပဲပုတ်စားတာလည်း ပါတယ်။ နေ့စဉ် ပဲပုတ် (၅၅)ဂရမ်လောက် စားပေးသင့်တယ်။

#အုတ်ဂျုံ ဆိုတာလည်း ပဲပုတ်လိုပဲ အသားဓာတ်ကြွယ်ဝတယ်။ ယာဂုကျိုရာမှာ သုံးကြတယ်။ အားသာချက်က အသားဓာတ်ကို ဖြည့်ဆည်းပြီး အဆီပိုတွေ လျှော့နည်းစေတာ ဖြစ်တယ်။ မနက်စာစားတိုင်း အုတ်ဂျုံ ဂရမ်(၅၀)ပါရင် ၆လအတွင်း အရပ်သိသိသာသာ ရှည်လာစေတယ်။

အစားအသောက်တွေထဲမှာ #အဆီအဆိမ့်ရှောင် သင့်တယ်။ အာလူးကြော်၊ကွတ်ကီ၊ချောကလက်၊ပီဇာ၊ဟမ်ဘာကာ၊မြန်မာလုပ် မုန့်ပဲသရေစာတွေက အာဟာရမမြောက်တဲ့အပြင် အဆီတက်စေတဲ့ အစားအစာတွေဖြစ်လို့ ရှောင်သင့်တယ်။ အဆီပိုများတာနဲ့အမျှ ခန္ဓာကိုယ်ဝိတ်များလာပြီး အရိုးတွေကို အပေါ်က ဖိထားသလိုဖြစ်စေတယ်။ ဒီအချက်က အရိုးတွေ ကြီးထွားခြင်း နှောင့်နှေးစေနိုင်တဲ့အချက်ဖြစ်တယ်။

အစားအသောက်တွေစားတဲ့အခါ သတိပြုရမှာတွေ ရှိတယ်။ စားတဲ့အခါ တနေ့သုံးကြိမ် စားသုံးတာထက် #အကြိမ်အရေအတွက်များများ နဲ့ အစားအသောက် #စုံလင် အောင် စားသင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တထိုင်တည်း အစာများများစားခြင်းက အင်ဆူလင်ဟော်မုန်း ရုတ်တရက် တက်လာစေလို့ပါပဲ။ အင်ဆူလင်ဟော်မုန်းက growth hormone(ကြီးထွားဟော်မုန်း) ထွက်ပေါ်ခြင်းကို တားဆီးပေးတယ်။ ဂလူးကို့စ်ရုတ်တရက်များလေ အင်ဆူလင်တက်လေဖြစ်ပြီး ကြီးထွားခြင်းကို ပိုမိုနှေးကွေးသွားစေတယ်။

(2)
အစားအသောက်ပြီးရင် ဒုတိယအရေးကြီးတာက #အနေအထိုင် ပါ။

လူတွေဟာ အပျင်းကြီးတဲ့သတ္တဝါထဲမှာ ပါဝင်ကြတယ်။ အားနေရင် ထိုင်ချင်တာ သဘာဝပါ။ ဒီနေ့ခေတ်လူသားတွေရဲ့ နေပုံထိုင်ပုံကြည့်လိုက်ရင် အိပ်တာနဲ့ထိုင်တာကလွဲရင် လှုပ်ရှားသူက ခပ်နည်းနည်းပါ။ ဒီထဲမှာ ဆရာဝန်တွေနဲ့ ကွန်ပျူတာပညာရှင်တွေကတော့ အဆိုးဆုံး ဖြစ်မယ်။ အထိုင်များသူတွေဟာ ယေဘုယျအရပ်ပုကြတယ်။ ထိုင်တဲ့လူတွေရဲ့ ကျောရိုးအနေအထားကို သတိထားလေ့လာကြည့်ရင် အများစုဟာ ခါးမတ်မတ်ထိုင်လေ့မရှိဘဲ ကိုင်းနေတာကို တွေ့ရလိမ့်မယ်။ အထိုင်များသူတွေအတွက် ခါးရိုးက ကောက်နေတာဖြစ်လို့ ပုံမှန်ထက် အရပ်ပုသွားစေတယ်။

အရပ်ရှည်ချင်သူတွေ ဒီအချက်ကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။
ထိုင်တဲ့အခါဖြစ်ဖြစ် နောက်ဆုံးအိပ်တဲ့အခါဖြစ်ဖြစ် ခါးရိုးကို ဆန့်ဆန့်ထားပါ။
အိပ်တဲ့အခါမှာ ဘေးစောင်းအိပ်တာထက် ပက်လက်အနေအထား ခါးဆန့်ပြီး အိပ်သင့်တယ်။ ရသမျှအချိန်အတွင်း အကျိုးရှိအောင် ကုတင်ခြေရင်းကို ခြေဖျားနဲ့ မကြာခဏဆန့်ပြီး ထိပေးပါ။
နောက်ပိုင်းမှာ သိလာတာက အိပ်စက်ခြင်းက ကြီးထွားဟော်မုန်းကို ထွက်စေတယ်။
အိပ်ရေးဝဝအိပ်စက်ခြင်းက ကြီးထွားမှုပေါ် သက်ရောက်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပြီး ၂နာရီအကြာမှာ ပစ်ကျူထရီက ကြီးထွားဟော်မုန်းတွေ စတင်ထွက်လာတယ်။ တရက်ကို ပျမ်းမျှ (၈)နာရီလောက် အိပ်စက်ခြင်းက အရပ်ရှည်ခြင်းကို အားပေးတယ်။

(3)
အနေအထိုင်တတ်သွားရင် #လေ့ကျင့်ခန်း လုပ်ဖို့ ဆက်လက်ကြိုးစားသင့်တယ်။

အရပ်ရှည်ဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။ အဖြေက ရှင်းပါတယ်။ #ခုန် ရတဲ့လေ့ကျင့်ခန်းတွေနဲ့ #ခါးဆန့်ခြေထောက်လှုပ် ရတဲ့ လေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်ပါတယ်။
ဥပမာ- ကြိုးခုန်တာ၊ဘတ်စကတ်ဘော၊ဘောလီဘော၊တဲနစ်၊ကြက်တောင်စတာတွေက ခုန်ရခါးဆန့်ရတာဖြစ်လို့ အရပ်ရှည်စေတယ်။
အလားတူ ရေကူးတာ၊ဘားဆွဲတာ၊ဘောလုံး၊ဘေ့စ်ဘော၊အေရိုးဗစ်၊ဂျင်မ်ကစားတာ၊လမ်းအမြန်လျှောက်တာမျိုးဟာ ခြေထောက်လှုပ်ပြီး ခါးဆန့်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ အရပ်ပုသူတွေအတွက် အထူးသင့်တော်တယ်။
အထက်ပါ လေ့ကျင့်ခန်းတွေထဲက မိမိနှစ်သက်ရာ လေ့ကျင့်ခန်းကို တစ်ရက်လျှင် နာရီဝက်ခန့် လုပ်ပေးပါ။

ကြားထဲမှာ အရပ်ရှည်စေမယ့် အစားအသောက်၊ဆေးဝါးသောက်သုံးနိုင်တယ်။ အရိုးအတွက် ကယ်စီယမ်၊မဂ္ဂနီစီယမ်၊ဖော့စဖားရပ်၊ သွပ်ဓာတ်၊သံဓာတ်နဲ့ ဗီတာမင် ဒီ စတာတွေ အဓိကလိုအပ်ပါတယ်။

ဗီတာမင်အားဆေးတွေအပြင် ကြီးထွားဟော်မုန်းကို တုပပြီးလုပ်တဲ့ HGH သောက်ဆေး၊ထိုးဆေးတွေလည်း ရှိသေးတယ်။ ဘေးထွက်ဆိုးကျိုးတော့ များပါတယ်။ တခါက HGH ထိုးဆေးနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဆေးပညာဗဟုသုတအနေနဲ့ ဆောင်းပါးတပုဒ်ရေးခဲ့ဖူးတယ်။ ဒါကိုဖတ်ပြီး ဆေးပညာစာဖတ်ပရိသတ်နှစ်ဦးကတော့ ဝမ်းသာအားရနဲ့ ဆေးခန်း လာမေးတယ်။ မကောင်းတာက ဒီဆေးမျိုးက ဘေးထွက်ဆိုးကျိုးများတဲ့အပြင် ကရိကထများလွန်းတယ်။ လူနာအတွက် သိပ်အဆင်မပြေပါ။ အရပ်ရှည်အောင် တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်တဲ့နည်းနဲ့ ကြီးထွားဟော်မုန်းထွက်အောင် အားပေးတဲ့ဆေးတွေတော့ ရှိတယ်။ ဒီထဲမှာ ကတော့ ပိုနာမည်ကြီးတယ်။ ပဲပုတ်မှာပါသလို အသည်းအားဆေးတွေအနေနဲ့ သုံးတယ်။ ပစ်ကျူထရီကို လှုံ့ဆော်ပြီး ကြီထွားဟော်မုန်းတွေ ပိုထွက်လာစေတယ်။ ဆေးသောက်တဲ့အခါ L-Arginine ပါတဲ့ဆေးတွေသောက်ရင် ကြီးထွားမှုကို မြန်လာစေတယ်။

(L-Arginine ဖြည့်စွက်စာဆေး လိုချင်ရင် ကျနော့်စီမှာ ရပါတယ်)

အားလုံးကို ခြုံပြီးပြောရရင် အရပ်ရှည်ဖို့ ကြီးထွားဟော်မုန်းက အရေးပါတယ်။အရိုးတွေသန်မာဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုအပ်တယ်။ ပရိုတင်းပါတဲ့ အစားအသောက်တွေကို နေ့စဉ် စားသင့်တယ်။ အိပ်ရေးဝဝအိပ်စက်ဖို့နဲ့ အနေအထိုင်တတ်ဖို့လည်း အရေးကြီးသေးတယ်။ ဒီအခြေခံအချက်တွေနဲ့ပြည့်စုံပြီးရင် ဆက်လုပ်မှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ သူများကိုအားမကိုးပဲ မိမိကိုယ်တိုင် စနစ်တကျ စတင်လုပ်ဆောင်ကြည့်ပါ။ အသက်(၂၁)နှစ်အရွယ် အတွင်း သိသိသာသာ အရပ်ရှည်လာတာ တွေ့ရပါလ်ိမ့်မယ်။

ဒေါက်တာ အေးမင်းထူး

အဆင်ပြေတယ်ဆို
Like & Share လေးနဲ့မျှဝေပေးပါဦး
Fitness Club (Aungban)


လေးစားလျက်

06/06/2022

လက်မောင့်လေ့ကျင့်ခန်း

Photos from Resistance Band Workout &. Gymequipment's post 06/06/2022

Gym ကစားသူတိုင်းလိုက်နာသင့်တဲ့ ယေဘူယျအချက်များ
************************************************

၁) အလေးနိုင်မှုထက် နည်းစနစ်ကျမှု၊ ထိရောက်မှုကို ဦးစားပေးပါ။

၂) အလေး အတင်အချအတွက် အသက်ရှူသွင်း၊ ရှူထုတ်ကို ဂရုစိုက်ပါ။

၃) ကစားနေချိန် တစ်ကြော့နဲ့တစ်ကြော့ကြား နားချိန်မကြာပါစေနဲ့။

၄) အလေးအတိုးအလျော့၊ အကြိမ်ရေအတိုးအလျော့နဲ့ကစားပါ။

၅) Weight loss သမားများ Cardio ​ကြည့်အားမကိုးဘဲ Weight Training ကစားပါ။

၆) Weight Gain သမားများ လွန်ကဲစွာကစားချင်စိတ်ကို သတိပြုပါ။

၇) Weight loss သမားများ Readymade အစားအသောက်တွေ စားချင်စိတ်ကို လျော့ချပါ။

၈) မိမိကစားတဲ့ Training Plan အတိုင်း ရက်မပျက်ပါစေနဲ့။

၉) Depression မဝင်အောင် နေ့စဥ်ပေါင်ချိန်စက်ပေါ်တက်ခြင်းကို ဆင်ခြင်ပါ။

၁၀) Gym ကစားနေချိန်အတွင်း ရေသောက်ပါ။

၁၁) အဆီ၊ ဆီ၊ အငန် လျော့စားပါ။

၁၂) Junk Foods တွေ ရှောင်ပါ။

၁၃) တစ်နေတာစားသမျှထဲ Protein ဓာတ်ပြည့်ဝစွာ ပါဝင်ပါစေ။

၁၄) အရသာထက် အဟာရဖြစ်တဲ့ အစားအသောက်ကိုရွေးချယ်တတ်ပါစေ။

၁၅) စားသမျှအဟာရတိုင်း သန့်ရှင်းလက်ဆက်နေပါစေ။

၁၆) အိပ်ချိန်၊ စားချိန် မှန်ပါစေ။

၁၇) Weight Gain/loss သမားများ နေ့စဥ် ကယ်လိုရီလိုအပ်ချက်အတွက် BMR တွက်ပြီး လိုတိုး၊ ပိုလျော့ စားသောက်ပါ။

၁၈) မိမိ Gym ကဆရာရဲ့သင်ပြမှု၊ လမ်းညွှန်မှုကို လိုက်နာပါ။

( ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အနိမ့်ဆုံး လိုအပ် တဲ့ Cal ပမာဏ )

ွက်နည်း

Men - BMR = 66 + ( 6 * Weight in Lb ) + ( 12 * Height in inch ) - ( 6.7 * age )

Women - BMR = 655 + ( 4 * Weight in Lb ) + ( 4.7 * Height in inches ) - ( 4.7 * age )

လေးစားလျက်
Linn Taryar (7.10.2021)

06/06/2022

ကျန်းမာလှပတဲ့ Body တစ်ခုပိုင်ဆိုင်နိုင်ဖို့ သိထားသင့်တဲ့အချက်များ
××××××××××××××××××××××××××××××××××××××××××

၁) သန့်ရှင်းလက်ဆက်တဲ့ကယ်လိုရီကိုစားပါ

၂) စားသောက်မှုပုံစံထဲ အသား၊ ငါး၊ ဥ၊ နို့၊ အသီးအရွက် ပြည့်စုံစွာပါဝင်ပါစေ

၃) အစားအသောက်အုပ်စုတွေကို တွဲစားတတ်အောင်၊ ခွဲစားတတ်အောင်အကျင့်လုပ်ပါ

၄) Weight Gain သမားများ တထိုင်တည်းအဝစားခြင်းအပြင် ကြားချိန်တွေမှာလည်း ဗိုက်ဟာခြင်းမရှိအောင်စားပေးပါ

၅) Weight Loss သမားများ ဗိုက်အရမ်းစာနေချိန်ခဏလွန်ပြီးမှ စားပါ

၆) Gym ရုံပြင်ပ ရေများများသောက်ခြင်းနဲ့ Gym ကစားနေစဥ်အတွင်း ရေသောက်ပါ

၇) တစ်ရက်ကို ၈နာရီပြည့်အောင် အိပ်စက်ပါ

၈) မိမိနဲ့သင့်တော်တဲ့ မာဆယ်အုပ်စုတွေ ခွဲကစားတတ်ပါစေ၊ တွဲကစားတတ်ပါစေ

၉) မိမိကစားမဲ့ မာဆယ်ကို Tempo အမြင့်ဆုံးနဲ့ ထိထိမိမိကစားပါ

၁၀) Gym ရုံအတွင်းရှိ စက်အစုံကစားချင်စိတ်ကိုထိန်းပြီး မိမိမာဆယ်အတွက် လိုအပ်သလောက်ပဲ ရွေးချယ်ကစားတတ်ပါစေ

၁၁) မည်သည့်မာဆယ်အတွက်မဆို သင်စွမ်းနိုင်ဆုံးဝန်အထိ စနစ်တကျတိုးကစားပါ

၁၂) ဒီလထက်နောက်လမှာ ကစားနိုင်စွမ်းနဲ့ အလေးနိုင်မှုအစဥ်တိုးတတ်နေပါစေ

၁၃) ဒီလထက်နောက်လမှာ မိမိရောက်ချင်တဲ့ Body Goal နဲ့အစဥ်နီးကပ်လာပါစေ

၁၄) Weight Gain သမားများ စားနိုင်သလောက်ပဲကစားပါ

၁၅) Weight Loss သမားများ စားထားတာထက်ပိုကစားပါ

၁၆) မိမိရဲ့စားသောက်မှုအတွက် စားဖိုမှုးတစ်ယောက်လို ပြင်ဆင်ပါ

၁၇) မိမိရဲ့ Body Goal ရောက်ဖို့အတွက် Pro Trainer တစ်ယောက်လို စဥ်ဆက်မပျက်လေ့လာပါ

၁၈) Gym ရုံထဲရှိ စက်ပစ္စည်းများ၊ အလေးတုံးအလေးပြားများကို လှေသမားတစ်ယောက်က လှော်တက်ကိုတန်ဖိုးထားသလို ချစ်ပါ

၁၉) Trainer ဆရာရဲ့လမ်းညွှန်ပြသမှုကိုလိုက်နာပြီး ကလေးတစ်ယောက်လို အမြဲစူးစမ်းမှုရှိပါ

၂၀) သင့်ရဲ့ Muscle Perfect ဖြစ်မှုက သင်ကစားလိုက်တဲ့အတိုင်းပြန်ရမှာဖြစ်သလို သင့်ရဲ့ Muscle Quality (ဝိတ်အတက်၊ အကျ) က သင်စားလိုက်တဲ့အတိုင်းပြန်ရမှာ ဖြစ်ပါတယ်

Linn Taryar (30.1.2022)

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon