30/03/2020
အရန်ခုံပေါ်ကလူ တန်ဖိုး မမဲ့ပါ ..
အရန်ခုံဆိုတာ လူမရွေးပါဘူး ..
လိုအပ်ချက်အရ ထိုင်ခိုင်းတဲ့ နေရာပါ ..
တန်ဖိုးမဲ့တယ် မထင်ပါနဲ့ ..
အခွင့်အရေးရရင် အကောင်းဆုံးကြိုးစား ပြရမှာက ကိုယ့်တာ၀န်ပါ ..
ကိုယ့်တာကိုယ်လုံအောင် အကောင်းဆုံး ပြင်ဆင်ထားပါ ။
အခွင့်အရေးဆိုတာ ၂ ခါထက် ပို မလာဘူး။ သူများထက် တော်ချင်ရင် ၃ ဆကြိုးစားပါ ။
သူများထက် တက်ချင်ရင် ၄ ဆကြိုးစားပါ။
ပါးနပ်ပါ ။ မလိမ်ညာပါနဲ့ ။
အမြဲတမ်း ပြင်ဆင်နေပါ။ အမြင့်ဆုံး
ငါ ရောက်ပြီဆိုတဲ့ စိတ်၀င်တဲ့နေ့က
ကျဆုံးခြင်းကို အစပျိုးတဲ့နေ့ပါပဲ။
ကမ္ဘာကျော်တွေတောင် အရန်ခုံထိုင်ခဲ့ကြသေးတာပဲ ။ စိတ်ပျက်နေစရာ မရှိပါဘူး ။ အရေးကြီးတာ ကိုယ့်အလုပ်ကို ချစ်တဲ့စိတ်နဲ့ အကောင်းဆုံးလုပ်နေဖို့ ပါပဲ ...
* အရန်ခုံပေါ်က ကလေးတွေ စိတ်ဓါတ်
မကျဖို့ ..