SKILL To MONEY

SKILL To MONEY

Share

Mobile Legends game ကိုကစားပြီး ကိုယ် skill ရှိရင်ရှိသလို အပိုဝင်ငွေရှာမယ်။

20/04/2022

ကဲ ဒီက brother တို့
ML play တိုင်း by 1 ဆွဲမလားဆိုတာ
ကြုံဖူးကြမှာပါ

အဲ့တော့...
မင်းဘာလဲ ငါဘာလဲ
By 1 ဆွဲမလားဆိုတဲ့ ဂေါင်းကြီးတို့အတွက်

ချိန်းပွဲပဲဖြစ်ဖြစ်
Skill ပဲ ပြိုင်ပြိုင်
ကြိုက်တဲ့ကြေးနဲ့ ထပ်ပြီးချကြ

ထပ်ငွေကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပြီး

အနိုင်ရရှိသူကို ပွဲပြီးပြီးချင်း

ကိုယ့်ထပ်ငွေရော အနိုင်ရငွေရော
ပေါင်းပြီးတခါတည်းလွှဲပေးပါမည်။

ဝန်ဆောင်ခကိုတော့
စေတနာရှိလဲပေး
မပေးချင်လဲမပေးနဲ့ ရတယ်

ကျွန်တော့် page သည်
အမှန်တကယ်အလုပ်ဖြစ်ပြီး
ယုံကြည်ရကြောင်း
Player တွေသိရင်ရပါပြီ

ကဲ by 1ဆိုတဲ့ ဂေါင်းကြီးတို့
Skill to Money page မှာ
ဆွဲမယ်လို့သာ ပြောလိုက်တော့...

Photos from SKILL To MONEY's post 18/04/2022

အားလုံးပဲ မင်္ဂလာပါ 🙏🙏🙏

အခုဆိုရင်တော့
ကျွန်တော့်ရဲ့ ကိုယ်ပိုင် Idea ဖြစ်တဲ့
မြန်မာနိုင်ငံမှာ ပထမဆုံး
တစ်ယောက်မှ မလုပ်ဖူးသေးတဲ့
Esport gaming service ကို
ချပြနိုင်ခဲ့ပါပြီ 👏👏👏

အခုဆိုရင် SKILL To MONEY pageမှာ
မည့်သည့်နေရာဒေသကမဆို
Mobile Legends game ဆော့ပြီး
ပြိုင်ပွဲတွေပြိုင်၊ အနိုင်ရယူပြီး
ဆုကြေးငွေတွေထုတ်ယူနိုင်ပါပြီ။

ပြိုင်ပွဲဝင်ရောက်ဖို့
ဘာတွေလိုအပ်လဲဆိုတော့...

No.1 ကစားသမား ID ၊
game အတွင်းနာမည်
No.2 ကိုယ်ပိုင် Wavepay acc ၊
Wavepayဖွင့်ထားသည့် ph no.

ပြိုင်ပွဲကိုဘယ်လိုဝင်ရောက်ယှဉ်ပြိုင်နိုင်မလဲ?

ပြိုင်ပွဲပုံစံ(၃)မျိုးရှိပါသည်။
ပုံစံတစ်မျိုးတိုင်းတွင် သတ်မှတ်ထားသည့်
ဝင်ကြေးနှင့် ဆုကြေးငွေများရှိပါသည်။
ကိုယ်အဆင်ပြေမည့် ဝင်ကြေးသွင်း၊
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိပါက
ဆုကြေးငွေများထုတ်ယူနိုင်ပါပြီ။

အောက်တွင် ပြိုင်ပွဲပုံစံများ၊ ဝင်ကြေးနှင့်
ဆုကြေးရရှိမည့် နှုန်းထားများကို
ပုံနှင့်တကွ ရှင်းပြထားပါသည်။

စည်းကမ်းသတ်မှတ်ချက်များကတော့

No.1 ကစားပွဲအနိုင်ရရှိသူကိုသာ
ဆုကြေးငွေလွှဲပို့ပေးပါမည်။
ရှုံးနိမ့်သူသည် ဝင်ကြေးရှုံးပါမည်။
No.2 ကစားပွဲအတွင်း လိုင်းကျခြင်း၊
AFK ဖြစ်ခြင်းသည် မိမိတာဝန်သာ
ဖြစ်ပါသည်။
No.3 ဆုကြေးငွေလွှဲပို့ရာတွင် ဝင်ကြေး
သွင်းသည့် ph noကိုသာ လွှဲပို့ပေးမည်။
No.4 အငြင်းပွားမှု တစုံတရာ ပေါ်ပေါက်ခဲ့
ပါက SKILL To MONEY page၏
ဆုံးဖြတ်ချက်သာဖြစ်ပါသည်။

ပြိုင်ပွဲအကြောင်းနှင့် မရှင်းလင်းသည်များကို
မေးမြန်းလိုပါက
Ph:09797949354
Viber: 09692729420 များကို ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါသည်။

ကဲ... အားလုံးပဲ
ကိုယ့်ရဲ့ game skill တွေကို အသုံးချပြီး
Money အဖြစ်သို့ ပြောင်းလဲလိုက်ကြပါစို့...
👏👏👏👏👏👏👏👏👏👏👏👏👏👏

16/04/2022

Page တည်ထောင်ရခြင်းရည်ရွယ်ချက် 💻📲🔧🛠⚙
********************************

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကလေးကအစ လူကြီးအဆုံး online game တွေဆော့ကြတယ်။ online game တွေဆော့ပြီဆိုတာနဲ့ no.1 အချိန်ကုန် no.2 ငွေကုန် no.3 လူရောစိတ်ရော ပင်ပန်းပါတယ်။ နှစ်ကာလအတန်ကြာ ကျွန်တော်တို့ရဲ့ entertainment အဖြစ် အားသမျှအချိန်တွေ မှာ ဆော့ကြတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ game skill တွေက တော်တော်လေးကောင်းလာကြတယ်ပေါ့။ ကျွန်တော်တို့ game skill တွေကောင်းလာပေမယ့် ကျွန်တော်တို့အတွက်က အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတာကလွဲလို့ ဘာမှမဖြစ်လာခဲ့ပါဘူး။

နှစ်ကာလအနည်းငယ်မှာ ဘာမှမသိသာပေမယ့် နှစ်ကာလ ကြာရှည်လာတဲ့အခါမှာတော့ ကျွန်တော်တို့ တော်တော်လေး ထိခိုက်လာပါတယ်။ online game ဆော့ပြီး အောင်မြင်လာတဲ့လူဆိုလို့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရပါတယ်။ လူငယ်တွေက သူတို့ကိုကြည့်ပြီး အားကျကြတယ်။ game ဆော့ပြီးဝင်ငွေရှာချင်လာကြတယ်။ အားကျလေ game ကိုပိုဆော့လေပဲဖြစ်ပါတယ်။ game skill တွေလဲ တော်တော်လေး ကောင်းလာကြတယ်။ ဒါပေမယ့် သူတို့လို ဖြစ်မလာခဲ့ကြပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အခြေအနေ၊ အချိန်အခါ တွေကမတူကြလို့ပါပဲ။ အဲ့ဒီတော့ ကျွန်တော်စဥ်းစားတယ် game ဆော့ပြီး ဝင်ငွေ ဘယ်လိုရအောင်ရှာမလဲ။

အဲ့ဒီမှာစတွေ့တာပဲ 😁 နိုင်ခြေအလွန်နည်းပြီး ကိုယ်လဲဘာမှထိန်းချုပ်ပိုင်ခွင့်မရှိတဲ့ online လောင်းကစားဂိမ်းတွေ ဆော့တော့တာပဲ။ အခုဆိုရင် အဲ့ဒါတွေက facebook ပေါ်မှာ ရိုက်သတ်လို့မကုန်နိုင်အောင် page တွေ တော်တော်များနေကြပါပြီ။ ပြီးတော့ သူတို့တွေက marketing လဲ တော်တော်လေးကောင်းကြတယ်ဗျ။

အဲ့တော့ ကျွန်တော်စဥ်းစားတယ်။ ကိုယ်တိုင်လဲ 100% ထိန်းချုပ်နိုင်ပြီး ကိုယ် skill ရှိရင်ရှိသလို game ဆော့ပြီး ဝင်ငွေဘယ်လိုရှာရမလဲ? 🤔 လွယ်လွယ်ကူကူဘယ်လိုမှ ရှာလို့မရခဲ့ပါဘူး။ ဒါပေမယ့် ဒီက brother တွေ စိတ်မပျက်လိုက်ပါနဲ့။ အခုအဲ့လို game ဆော့ပြီး တောရော မြို့ရောပါမကျန် ဝင်ငွေရှာလို့ ရမယ့်နည်းကို ကျွန်တော်ကိုယ်တိုင် တီထွင်လိုက်ပါပြီ။

အခု ဒီ page ကို brother တို့ တွေ့ပြီဆိုတာနဲ့ အိမ်မှာ online game ဆော့ပြီး အပိုဝင်ငွေရှာနိုင်ပါပြီလို့ သတင်းကောင်းပါးအပ်ပါတယ်။ အခုတော့ ကျွန်တော် လိုအပ်တဲ့ နည်းပညာတွေ စည်းကမ်းတွေ သတ်မှတ်ချက်တွေ ဆွဲတုန်း စမ်းသပ်တုန်း မို့လို့ ခဏလောက် စောင့်ဆိုင်းပေးကြပါ။

များမကြာမှီမှာ ကျွန်တော်တို့ game ဆော့ပြီး ဝင်ငွေရှာကြမယ်။ မြန်မာနိုင်ငံရဲ့ esport လောကကို တိုးတက်အောင် လုပ်ကြမယ်။

ကြိုက်နှစ်သက်တယ်ဆိုရင်တော့ like & share လေး လုပ်သွားပေးကြပါ 👏👏👏

15/04/2022

အားလုံးပဲ မင်္ဂလာပါ 🙏
အခုကျွန်တော့် page က
စမ်းသပ်ကာလမို့လို့
Service စ မ run နိုင်သေးပါဘူးခင်ဗျ 😁
ဒီလိုပဲ သိအောင် ကြို intro လေးဝင်ထားတာပါဗျ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon