RZ Esports

RZ Esports

Share

Creating Legends!

16/12/2023

စတင်ခြင်းရှိရင် အဆုံးသတ်ခြင်းလဲ ရှိပါတယ်။

အရေးအကြီးဆုံးအချက်က လူတယောက်ရဲ့ဘဝမှာ ငါ ဘာလုပ်နိုင်ခဲ့တယ် / ငါ ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတဲ့ ဘဝအတွက် မှတ်တမ်းတွေ ချန်ထားနိုင်ရပါမယ်။ ဒါမှပဲ နောင်တချိန်မှာ ချိုမြိန်တဲ့အတိတ်တခုအနေနဲ့ အမြဲဂုဏ်ယူနိုင်မှာပါ။

ကျနော်တို့ RZ Esports အနေနဲ့လဲ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တခုနဲ့ ကြိုးစားခဲ့ပေမယ့် ထင်သလို မဖြစ်လာတဲ့အခါ / ဖြစ်နိုင်မယ်လို့ ယုံကြည်ချက်မရှိတော့တဲ့အခါ ကျနော့်ရဲ့ မျှော်လင့်ချက်အားလုံး လက်လျော့ပြီး အရှုံးပေးလိုက်ပါပြီ။

Team နဲ့ဆော့မယ့် Player တွေကို အကြံပေးချင်တာကတော့ တိုးတက်ချင်ရင် တကိုယ်ကောင်းဆန်တဲ့စိတ်ဓာတ်မရှိဖို့ အနစ်နာခံနိုင်ဖို့က အရေးကြီးပါတယ်။ တဦးတယောက်ကောင်းနဲ့ဆော့ရတာမဟုတ်တာမို့ အသင်းအောင်မြင်ဖို့အတွက် Coach ချမှတ်ပေးတဲ့အတိုင်း လိုက်ဆော့ပေးနိုင်မှအဆင်ပြေပါလိမ့်မယ်။ Play Style ပြောင်းသင့်ရင် ပြောင်းရပါမယ်။ ကိုယ်ကျွမ်းကျင်တဲ့ Hero တင်မဟုတ်ပဲ Hero Pool ကျယ်ဖို့ / Meta အလိုက် Hero မကျွမ်းကျင်ရင်တောင် မကျွမ်းကျင်သေးတဲ့ Hero ကို သေချာ Train နိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ Draft တွေခန့်မှန်းလို့မရမှာ / Counter ပြန်ထောက်နိုင်မှာပါ။ နောက်ပြီး အသင်းသားအချင်းချင်း စည်းလုံးမှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ အမှားလုပ်မိရင်တောင် အချင်းချင်း အပြစ်မပြောပဲ ရတယ် ငါတို့ မရှုံးသေးဘူး သေချာဆော့ကြမယ် အစရှိသဖြင့် အားပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ကြိုးစားပေမယ့် Player အချင်းချင်း မစည်းလုံးရင် အဖွဲ့တွေ ကွဲနေကြရင် Rank တွေတော့ ကောင်းလာပါမယ် အသင်းအတွက်ကတော့ အောင်မြင်မှုရဖို့ မလွယ်ဘူးဆိုတာပါပဲ။

အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်။

We have come to the difficult decision that RZ Esports will never exist again.

20/11/2023

14.11.2023 မှာဆို ကျနော်တို့ RZ Esports စတင်ခဲ့တာ အချိန်အားဖြင့် ၁နှစ်ပြည့်သွားခဲ့ပါပြီ။ ဖြတ်သန်းခဲ့တဲ့ အချိန် ၁နှစ်အတွင်း အမှန်အတိုင်းပြောရရင် အောင်မြင်မှု ဘာမှ မရှိခဲ့ပါဘူး။ မှန်းထားတာနဲ့ လက်တွေ့ဖြစ်တာနဲ့က တခြားစီပါ။ ကျနော်တို့အသင်းရဲ့ Slogan ဖြစ်တဲ့ Creating Legends! ဆိုတာကလဲ စာအဖြစ်ပဲ ရှိပါတယ်။ Legend Player တွေ ထွက်ပေါ်လာနိုင်ခြင်းလဲ မရှိပါဘူး။

RZ Esports ဆိုတဲ့ Dota2 Team ကို မစတင်ခင် Esports အတွက် ရွေးချယ်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ML / PUBG Mobile ဆိုတာ ကျနော် Dota2 ကို မစတင်မှီကနေ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ လူကြိုက်များ အောင်မြင်တဲ့ Game တွေဖြစ်ပေမယ့် ကျနော်ကတော့ ကျနော်ယုံကြည်ရာ Dota2 ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကျနော်ကတော့ ကိုယ်တိုင်လဲ Dota2 ကို ဝါသနာပါတာရယ် / ကျနော့်ယုံကြည်ချက်ရယ်နဲ့ Dota2 အတွက် အချိန် ၁နှစ်ပေးမယ်ဆိုပြီး RZ Esports ကို စတင်ခဲ့ပါတယ်။

ကျနော့်ယုံကြည်ချက်က မြန်မာ Player တွေ မညံ့ဘူး / နိုင်ငံခြား Player တွေနဲ့ ယှဥ်ဆော့နိုင်စွမ်းရှိတယ် / Coach ကောင်းကောင်းနဲ့ မတူတဲ့ Techies တွေနဲ့ သေချာ Train ပေးနိုင်ရင် နိုင်ငံခြားအသင်း (Div2 အသင်း) တွေနဲ့ ယှဥ်ဆော့နိုင်မယ်လို့ ယုံကြည်ခဲ့ဖူးပါတယ်။ ဒီယုံကြည်ချက်နဲ့ပဲ အသင်းစတင်ခဲ့တာပါ။

အသင်းစတင်ချိန်မှာ လူငယ် Player တွေကို အတွေ့အကြုံရှိ Player တွေနဲ့တွဲပြီး Haw / Kalay99 / Fuyao / Someone / Prodigy Han ဒီ 5 ယောက်နဲ့ နည်းပြကတော့ Phillipines က Jobeeezy နဲ့ စတင်ခဲ့ပါတယ်။ အသင်းရည်ရွယ်ချက်ကတော့ DPC SEA 2023 Tour 2 or 3 မှာ Division II ကို ရောက်ရှိရေးပဲဖြစ်ပါတယ်။ အသင်းစတင်ပြီး 15 ရက်ကျော်အကြာမှာ DPC SEA 2023 Tour 1: Open Qualifier ကို အတွေ့အကြုံယူတဲ့အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ Open Qualifier #4 ရဲ့ Quarterfinals မှာ Hope ကို 2-0 / Semifinals မှာ FLUX Esports ကို 2-0 နဲ့အနိုင်ရပြီး Qualifies To Closed Qualifier ဖြစ်ခဲ့ပါတယ်။ Open Qualifier #1 #2 #3 မှာ ရှုံးနိမ့်ခဲ့ပေမယ့် စိတ်မပျက်ခဲ့ကြသလို ပိုပြီးတော့ စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြတယ်။ Payer တွေကိုယ်တိုင် အသင်းအောင်မြင်ဖို့အတွက် Role ချပြီးဆော့ပေးခဲ့တယ်။ ဒါတွေက ကျနော့်ရဲ့ အသင်းအပေါ် အကျေနပ်ဆုံး ဂုဏ်ယူရဆုံး အခိုက်အတန့်ပေါ့ဗျာ။ မုန်တိုင်းမလာခင် လှပနေချိန်ဆိုတာ /အသင်းသစ်နဲ့ စတင်ချိန်မှာ Player တွေရဲ့ အမြင့်ဆုံး Performance ဆိုတာတော့ ကြိုမသိခဲ့ဘူးပေါ့။

ပြသနာတွေက Lilgun နဲ့ Closed Qualifier Upper Bracket Quarterfinals မှာ စတင်ခဲ့တယ်။ ပထမပွဲကစားချိန်အတွင်း Player 2 ယောက် စကားများကြတယ်။ ညှိလို့မရအောင်ထိ ဖြစ်သွားတယ်။ ဒုတိယပွဲအတွက် ဘယ်သူမှ စိတ်မပါတော့ပဲ 2-0 နဲ့ရှုံးပြီး Lower Bracket Round 1 ကို ရောက်သွားတယ်။ Player တွေရဲ့ Ego လို့ ပြောရမလားပေါ့။ ညှိနှိုင်းလို့မရတော့ပဲ သူနဲ့ဆို ဆက်မဆော့နိုင်တော့ဘူး / Coach ကို Stand in ဝင်ခိုင်းလို့ မရဘူးလားဆိုတဲ့အထိဖြစ်သွားတယ်။ Stand in မရလို့ မဆော့ခင်ကတည်းက ဘာမျှော်လင့်ချက်မှတော့ မရှိတော့ပါဘူး။ စိတ်ထဲမှာ ရှုံးမယ်ဆိုတာ သိသိနဲ့ Sky Encore Esports နဲ့ ဆော့ခဲ့တယ်။ 2-0 နဲ့ရှုံးပြီး DPC SEA 2023 Tour 1 ရဲ့ မျှော်လင့်ချက်တွေ ပြီးဆုံးသွားခဲ့တယ်။Tour 1 အပြီး Player တချို့ရဲ့တောင်းဆိုမှုကြောင့် Roster ပြောင်းလဲမှုတွေ လုပ်ခဲ့ရတယ်။
(ကျနော်သာ Player တချို့ရဲ့တောင်းဆိုချက်ကို လက်မခံပဲ Roster မပြောင်းခဲ့ရင် / အဲ့ဒီ Player 5 ယောက်ကို ရအောင်ပြန်ညှိပြီး အချိန်တခုပေးခဲ့ရင်ဆိုတဲ့ နောင်တကတော့ နောက်ပိုင်းမှာရခဲ့ပါတယ်)

နောက်တော့ Local Tournament တွေနဲ့ DPC SEA 2023 Tour 2 ဝင်ပြိုင်တယ် ရှုံးခဲ့တယ်။ Experience Roster စိတ်တိုင်းကျ ပေးပြောင်းခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာတဲ့အခါ IeSF Big Bang Asia Open အပြီးမှာ Player တွေကိုယ်တိုင်လဲ သူတို့အနေနဲ့ ဆက်ပြီးဆော့ဖို့ ယုံကြည်ချက်မရှိတော့ဘူးဆိုလို့ March လမှာ အကုန်လုံးကို ထွက်ခွင့်ပေးလိုက်ပါတယ်။

November ကနေ March လအတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို အသေချာ ပြန်စဥ်းစားပြီး မတူတဲ့နည်းနဲ့ ပြန်ကြိုးစားချင်စိတ်ရယ် မျှော်လင့်ချက်ကို လက်မလျော့ချင်သေးတဲ့စိတ်ရယ်ကြောင့် Apirl 20 မှာ Jimmyx / Yokosama / Sy / Gloke / Nothuman တို့နဲ့အတူ RZ Esports ကို Underrated Player တွေနဲ့စတင်ခဲ့ပြီး တလအတွင်း Roster အပြောင်းအလဲ ထပ်မံလုပ်ခဲ့ပါတယ်။ K7 / Sy / Zeff / Gloke / Nothuman တို့နဲ့ Roster ဘယ်တော့မှမပြောင်းတော့ဘူး ဒီလူစာရင်းနဲ့ပဲ အချိန်ယူပြီး အောင်မြင်အောင်ကြိုးစားကြမယ်ဆိုပြီး စတင်ခဲ့ပါတယ်။ သူတို့တွေက လူသိများတဲ့ / အတွေ့အကြုံရှိတဲ့ Player တွေမဟုတ်သလို အသက်အရွယ်အားဖြင့်လဲ 18-20 အတွင်းမှာပဲရှိကြပါသေးတယ်။ အသင်းကိုရောက်လာချိန် MMR 7000 ကျော်တွေပဲ ရှိပါတယ်။ သူတို့တွေလဲ ကြိုးစားကြပါတယ်။ တချိန်က အတွေ့အကြုံရှိ Player တွေနဲ့တောင် ကျနော်ဖြစ်ချင်တဲ့ပုံစံမျိုး မဖြစ်ခဲ့တာ လူသစ်တွေနဲ့ဆိုတော့ ပိုပြီးတော့ ဘာမျှော်လင့်ချက်မှ မထားပဲ အချိန်ပေးပြီး ဘယ်လောက်တိုးတက်မှုဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လူသစ်တွေဖြစ်တာရယ် / အသက်တူချင်းဖြစ်တာရယ် / တယောက်နဲ့တယောက်ကြားမှာ ကွာဟချက်မရှိကြတော့ ပြောမနာဆိုမနာဖြစ်တာရယ်ကြောင့် Captain ဆိုတာ မခန့်နိုင်ခဲ့ပါဘူး။ ကိုယ့်ကိုကိုယ် Leader အဖြစ်တာဝန်ယူဆိုကြတော့လဲ တယောက်တပေါက်နဲ့ အဆိုးဆုံးအခြေနေတွေကို ဖြတ်သန်းခဲ့ရသလို Player တယောက်ကလဲ ပိုပြီးအောင်မြင်တဲ့အဆင့်ကိုရောက်ဖို့အတွက် ထွက်ခွာသွားခဲ့ပါတယ်။ Player ရှားပါးရတဲ့ကြားထဲမှာ အချိန်ပေးပြီး အသင်းမှာ အတူတူ Train ခဲ့တဲ့ Player တယောက်ထွက်သွားတော့ Roster မပြည့်လို့ Scrim မဆော့နိုင်ခဲ့တဲ့ရက်တွေလဲ ရှိခဲ့သလို ဘယ်သူ့အစားထိုးရမလဲ / ဘယ်သူ့ကို ခေါ်ဆော့ရင်အဆင်ပြေမလဲ / အဆင်ပြေမယ်ထင်တဲ့ Player ခေါ်ပြီး စမ်းကြည့်လိုက် အစရှိတဲ့ဒုက္ခတွေကလဲ မသေးပါဘူး။ ပြောရရင် ငွေကုန်ခံပြီး စိတ်ညစ်ရတဲ့အပြင် Local Tournament တွေမှာ ရှုံးခဲ့ရင်လဲ အရှက်ကွဲရတဲ့ အဆစ်တခုပါ ထပ်ရပါသေးတယ်။ စိတ်အရမ်းညစ်လာလို့ September လကုန်မှာ အသင်းကို ရပ်လိုက်ဖို့အထိ စိတ်ဓာတ်တွေ ကျခဲ့ပါတယ်။

ကျနော့် Player တွေက လူငယ်တွေသာဖြစ်ပေမယ့် ကြိုးစားချင်စိတ်ကတော့ အပြည့်ရှိပါတယ်။ ဒါပေမယ့်လဲ Scrim မှာတော့ အဆင်ပြေပြေဆော့နိုင်ပေမယ့် ပြိုင်ပွဲဆော့ပြီဆိုရင် ကြောက်ပြီး Pressure တွေများရင်း Movement တွေ ပျက်သွားတာ Communicate တွေ မရှိတော့တာတော့ ပြိုင်ပွဲတိုင်းပေါ့။ ဒါကတော့ အတွေ့အကြုံဆိုတာ များများယူရင်းနဲ့မှ တည်ငြိမ်လာမယ်ဆိုတဲ့စိတ်နဲ့ပဲ ဖြစ်ချင်တဲ့ result ဖြစ်ပါစေတော့ တချိန်တော့ သူတို့တွေ တိုးတက်လာမယ်ဆိုပြီးပဲ စိတ်လျော့ထားပါတယ်။

RZ Esports ကို လည်ပတ်ခဲ့တာက ဘယ်သူ့အကူအညီ / ဘယ် Sponsor / ဘယ်သူ့အထောက်အပံ့မှမပါပဲ Ryzen Store ကနေရတဲ့ငွေနဲ့ပဲ ကျနော်တို့ ရပ်တည်ခဲ့ပါတယ်။ Gambling Sponsor တချို့ရဲ့ ကမ်းလှမ်းတာရှိပေမယ့် Gambling ကြေငြာကရတဲ့ငွေနဲ့ အတိုင်းအတာတခုထိသုံးစွဲပြီး ရပ်တည်ရတာ ကျနော်မလိုချင်ပါဘူး။ တကယ်လို့ ကိုယ့်အသင်းသာ အောင်မြင်လာရင် အချိန်တန် Sponsor ဆိုတာ ဘယ်လိုရှာရှာ ရနိုင်ပါတယ်။ ဒီ့အတွက် အောင်မြင်မှုရဖို့အတွက်ပဲ အဓိကထားပြီး ကြိုးစားနေပါတယ်။ Social Media ကိုတောင် မသုံးတာ အတော်ကြာပါပြီ။

အခက်အခဲတွေကြားကနေ ရုန်းကန်ခဲ့တာ ၁နှစ်တော့ ပြည့်သွားပါပြီ။ အချိန်ကြာကြာ ရပ်တည်ချင်ပေမယ့် ရပ်တည်ဖို့အတွက်က ငွေနဲ့ လည်ပတ်ရတာမို့ ဘယ်ချိန်ထိ တောင့်ခံနိုင်ဦးမလဲဆိုတာ ကျနော်ကိုယ်တိုင်လဲ မသိသေးပါဘူး။ Experience Player တွေနဲ့ အချိန် ၅လ / Underrated Player တွေနဲ့ အချိန် ၆လကျော်ပေးခဲ့ပေမယ့် လိုချင်တဲ့ပုံစံဖြစ်မလာသေးတော့လဲ ကျနော့်ရဲ့ Management ပိုင်းက အတော့်ကို ညံ့ဖျင်းပါလားလို့ သံသယလဲ ဝင်စပြုလာပါပြီ။ နောက်ဆုံးကြိုးစားမှုအဖြစ် Mushi ကို Coach အဖြစ် ဒုတိယအကြိမ် ထပ်မံပြီး ကမ်းလှမ်းထားပါတယ်။ အဆင်မပြေရင် ဘယ်လိုရှေ့ဆက်ရမလဲတော့ မဆုံးဖြတ်ရသေးဘူးပေါ့ဗျာ။

အခုဆို ကျနော်တို့ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး YG အသင်းအပြင် The Immortal အသင်းလဲ ထပ်မံပြီးရှိလာတာ Dota2 လောကအတွက် တိုးတက်မှုတွေပါ။ ထပ်မံပြီး အသင်းအသစ်တွေကို ပေါ်ထွက်စေချင်ပါတယ်။ ကျနော်တို့ကတော့ အရှေ့က အသင်းကြီး ၂သင်းကို မှီအောင်လိုက်ဖို့ ကြိုးစားရပါဦးမယ်။ ကြိုးစားဖို့အချိန် ရှိချင်မှလဲ ရှိပါလိမ့်မယ်။ ကျနော်တို့ RZ Esports ရဲ့ သေချာတဲ့ ဆန္ဒတခုကတော့ ပြည်တွင်းပြိုင်ဖက်တွေဆိုတာထက် မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ဘယ်အသင်းကိုမဆို အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ အားပေးနေပါမယ်ဆိုတာနဲ့ Player ကောင်းတွေ အများအပြား ထွက်ပေါ်လာစေချင်ပါတယ်။ ဒါမှသာ Generation မပြတ်ပဲ မြန်မာနိုင်ငံသားတွေရဲ့အိမ်မက်တွေ ဆက်လက်ပြီး ရှင်သန်နေဦးမှာပါ။

မုန်းတီးတာမျိုးတွေ Blame နေတာမျိုးတွေကို မဖြစ်စေချင်တာ အမှန်ပါ။ မြန်မာတနိုင်ငံလုံးမှာ Dota2 အသင်းဆိုတာ လက် ၅ချောင်းတောင်မပြည့်ပါဘူး။ အသင်းတိုင်းကတော့ အောင်မြင်ဖို့လိုချင်တာပါပဲ။ ပြိုင်ပွဲကြီးမှမဟုတ်ပဲ ဆုကြေးမရတဲ့ Qualifier ပွဲတွေမှာတောင် နိုင်ချင်ကြတာပါပဲ။ ဒါပေမယ့်လဲ အဆင့်အတန်းကွာဟချက်ကြောင့်ပဲဖြစ်ဖြစ် ပြိုင်ပွဲအတွင်း ကစားသမားတွေရဲ့ ပေါ့လျော့မှုကြောင့်ပဲဖြစ်ဖြစ် ရှုံးခဲ့ရင်လဲ အရှုံးကို လက်ခံပြီး ဆက်လက်ပြီး အားပေးတာကိုပဲ လိုချင်ပါတယ်။ ကျနော်တို့ကို အားပေးပါလို့ ပြောတာမဟုတ်ပါဘူး။ The Immortal နဲ့ YG အသင်းကို ပြောချင်တာပါ။ Player ကောင်းတွေရှားပါးချိန်မှာ ရပ်တည်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျနော်ကိုယ်တိုင် နားလည်မိလို့ပါပဲ။

နောက်ဆုံးပြောချင်တာကတော့ ကျနော်တို့ RZ Esports အနေနဲ့ Dota2 မှာ အောင်မြင်မှုရအောင် ၁နှစ်တိတိ ကြိုးစားအားထုတ်ခဲ့ပါတယ်။ တချို့သော ကြိုးစားမှုတွေက ကြိုးစားတိုင်းဖြစ်မလာတာမျိုးတွေရှိပါတယ်။ ဒီတော့ အသင်းစတင်ချိန်က ကျနော်ပြောခဲ့သလိုပါပဲ။ အရှုံးနဲ့ယဥ်ပါးလာချိန် အသင်းကို ဖျက်သိမ်းမယ်ဆိုတာမှတ်မိကြမယ်ထင်ပါတယ်။ ကျနော့်အသင်းအတွက် ပြိုင်ပွဲတွေမှာ အရှုံးဆိုတာ သိပ်မထူးဆန်းသလို ဖြစ်လာပြီဆိုတော့ ကျနော်တို့ Disband သွားခဲ့ရင်လဲ နားလည်ပေးကြပါလို့ပဲ တောင်းပန်ရင်းနဲ့ပဲ ၁နှစ်ပြည့်အထိမ်းမှတ်ကို စိတ်မကောင်းစွာနဲ့ နောက်ကျပြီး တင်လိုက်ပါတယ်ခင်ဗျား။

21/07/2023

K7's stream...

21/07/2023

RZ position 4 Player "Gloke" is streaming

MMR - 8700

18/07/2023

9k MMR carry streaming

Photos from RZ Esports's post 15/05/2023

မလိုလားအပ်တဲ့ ပြသနာတခုကြောင့် Tour 3 ဝင်ပြိုင်လို့ မရတော့ပါဘူး

RZesports 02/05/2023

RZ Team နဲ့ပတ်သက်တာတွေ ပြန်ကြည့်ရင်း တပိုင်းတစနဲ့ မပြီးဆုံးလိုက်ရတဲ့ Project တခုကို ပြန်တွေ့မိတယ်။

Website အတွက် Player Profile တွေ / ကျနော်တို့အသင်းရဲ့ သတင်းတွေ / ဆော့ခဲ့တဲ့ Replay Video တွေ / Player တွေရဲ့ Live Stream တွေ စဥ်းစားခဲ့တာ အများကြီးပါပဲ။ ဒါပေမယ့် မပြီးဆုံးလိုက်ရဘူး။ သေချာစီစဥ်နေတုန်းမှာတင် Roster တွေ ပြောင်းသွားခဲ့တယ်။ အသစ်ကနေ ပြန်စရတယ်။

Website ထဲက ပုံတွေကတော့ DPC SEA 2023 Tour 1: Closed Qualifier ရောက်ခဲ့တဲ့ Roster တွေနဲ့ပါ။ ဘာပဲပြောပြော အမှတ်တရတခုတော့ ကျန်ခဲ့တာပေါ့။

https://rzesports.wunnion.com/ မပြီးဆုံးပဲ ဒီတိုင်း ရပ်လိုက်ရတဲ့ ယာယီ Web Address ‌ေလးပေါ့ဗျာ။

RZesports Lorem ipsum dolor sit amet consectetur adipisicing elit. Maxime modi praesentium Lorem ipsum dolor sit amet consectetur adipisicing elit. Eveniet cupiditate amet quae sequi praesentium deleniti assumenda atque delectus doloribus minus quod, consectetur labore vitae, nulla tenetur? Maiores, quisquam....

01/05/2023

မကြိုးစားပဲ ဖြစ်မယ် မဖြစ်ဘူး ပြောလို့မရနိုင်တာမို့ ထပ်ပြီး ကြိုးစားကြည့်ပါဦးမယ်။

25/04/2023

Born again

Photos from RZ Esports's post 10/04/2023

အစကနေ ပြန်လည်စတင်မယ့်အသင်းအတွက် Jersey ပါ။

Slogan ကို Creating Legends! လို့ သတ်မှတ်လိုက်တာက အမှားတခုပဲဖြစ်သွားလားတော့ မသိဘူးပေါ့။ အခုတော့ အစကနေ Create ပြန်လုပ်ရုံပဲရှိပါတယ်။

အကောင်းဆုံးဖြစ်ဖို့အတွက် သေချာပြင်ဆင်ထားပေမယ့် ဖြစ်လာခြင်း ဖြစ်မလာခြင်းဆိုတာကတော့ Player တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No 49 B, Ou Yin Street, Kyimyindaing Township
Yangon
11101

Opening Hours

Monday 09:30 - 18:00
Tuesday 09:00 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00