P Sports Channel

P Sports Channel

Share

အပေါင်းပြစေမယ့် အထောက်အကူများ

22/12/2025

Pre Match Tips

ဖူလ်ဟမ် ( -20 ) vs နော်တင်ဟမ်
ဂိုးပေါင်း 2-70

ဒီတပတ်ရဲ့ နောက်ဆုံး EPL လက်ကျန်ပွဲစဉ် ဖြစ်တဲ့ ဒီပွဲရဲ့ အခြေအနေလေး ကြည့်ရအောင်ဗျာ

သမိုင်းထဲက ထိပ်တိုက်ပွဲတွေကြည့်ရင်တော့ ဖူလ်ဟမ် ဟာ အိမ်ကွင်းမှာ နော်တင်ဟမ်ကို ဖြုတ် ခဲ့တာများပါတယ် ဖြုတ်တိုင်းလည်း တစ်ဂိုးထပ်ပိုသွင်းနိုင်ခဲ့တာ များပါတယ် ဒါနဲ့များ အိမ်ကွင်းမို့လို့ ပေးရမယ့်ဈေး -20 ပဲ ပေးထားရတာလဲ တကယ်ဆို -40 ထိလောက်ထိ ပေးသင့်တဲ့ အနေအထားပါ ။

ဒါဆို ဘာလို့လဲ ?
ဘာလို့ဆိုပြီး ပြောနိုင်လောက်တဲ့ ခိုင်မာတဲ့ အကြောင်းပြချက်မျိုး မတွေ့ရသေးပါဘူး

အိမ်ရှင် နိုင်ဖို့က 42% လောက်ထိရှိနေတာရယ် နော်တင်ဟမ်ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်တွေရယ် က အိမ်ကွင်းဘက်ကနေ ပြား 20 လောက်ရင်းကြည့်ရတာ အကျိုးရှိမယ်လို့ယူဆရပါတယ်။
ပပိုင်း BTTS ဈေး ဒုပိုင်း BTTS ဈေးရယ်က တပွဲလုံးစာ BTTS ဈေးနဲ့ ချိန်ထိုးရင် ဂိုးများဖို့ မရှိပေမယ့် ပွဲပြီးရင် တဖက်တစ်ဂိုးတော့ ရှိနေနိုင်မယ့် ဈေးကွက်ဖွင့်လှစ်မှူလို့ ကျွန်တော်က ယူဆပါတယ်။

ထိုးသားရာခိုင်နှူန်းအရလည်း အိမ်ရှင်ဘက်ကို မဆိုသလောက်လေးပဲ အလေးသာနေပြီး ဂိုးပေါ်ထိုးကွက်မှာလဲ 55% ပဲရှိတာကြောင့် အားလုံးအားမျှခြေအနေအထားသာသာပဲရှိနေပါတယ်။

ပွဲနည်းတဲ့ ဒီလိုရက်မှာ ဒီပွဲဟာ ဘယ်ထိုးသားမှ လက်ရှောင်မှာမဟုတ် ပါဘူး။ ကျွန်တော်လည်းမရှောင်ပါဘူး ။

ဂိုးပေါင်းအပေါ်ကိုရွေးပါတယ်။

ခန့်မှန်းရလဒ် 2 : 1 , 3 : 2 ပါ။

P.S 👉ဂိုးပေါ်ဖို့ ပုံမှန်မဟုတ်တဲ့ အချက်အလက်တွေကိုအားကိုးထားပါတယ်။

#ပရီးမီးယားလိဂ် #ဖူလ်ဟမ် #နော်တင်ဟမ် #ဂိုးပေါင်း

Free tips များနဲ့ အခြားရင်ခုန်ဖွယ်ရာများရရှိနိုင်ဖို့

Telegram Channel ကို join ထားပေးပါခင်ဗျာ

https://t.me/psc_freetips

22/12/2025

💵
ဒီနေ့ရော ဘာတွေရှိဦးမလဲ !

🙋🤝💯🏆

‌မနေ့ညက လက်ဆောင် အထူးရှယ်ပွဲ

အောင်ခဲ့ပါတယ်

Tips အများစုကို Telegram Channel
ကနေပဲတင်ပေးတာဖြစ်လို့ Join ထားသင့်ပါတယ်

Telegram: Contact @psc_freetips

21/12/2025

Pre Match Tips

အေဗီလာ ( -60 ) vs မန်ယူ
ဂိုးပေါင်း 3+15

ဒီပွဲဟာ စိတ်ဝင်စားဖို့ကောင်းသလို စူပါဆန်းဒေးရဲ့ လူကြိုက်အများဆုံးပွဲလည်း ဖြစ်မယ်ထင်ပါတယ် ။H2H ကြည့်ရင်တော့ နောက်ဆုံး 10 မှာ နည်းပြ အဲရစ်တန်ဟတ် လက်ထက် က တစ်ပွဲပဲ မန်ယူရှူံးခဲ့ပြီး အေဗီလာ တစ်ပွဲမှအနိုင်မရဘူးသေးပါဘူး။
လက်ရှိခြေစွမ်းတွေအရ မန်ချက်စတာဟာ တည်ငြိမ်လာပြီလို့ပြောဖို့ ခက်နေသေးပေမယ့် ။ အေဗီလာအသင်းကတော့ ပြည်တွင်းလိဂ်မှာသာမက ဥရောဘက်ကပြိုင်ပွဲတွေမှာပါ အနိုင်ယူလာတာတွေ့ရပါတယ်။

ထိုးသားအကြိုက်ဈေးကွက်အရ လက်ရှိအနေအထားမှာ Odd 2.2 နဲ့ဖွင့်ထားတဲ့ အိမ်ရှင်အနိုင် ထိုးကွက်ကို 67 % ရှိပြီး သရေထိုးကွက်မှာ 16% မန်ယူအနိုင်ကို Odd 3.5 ပေးထားပေမယ့် ထိုးသား 17% ပဲရှိနေသေးတာတွေ့ရပါတယ်။

အချက်အလက်တွေအရ 2.5 over (ဂိုးပေါင်းဈေး ) မှာအောင်နိုင်ခြေမြင့်နေပေမယ့် မြန်မာကြေး 3+15 ကိုကျော်ဖို့တော့ ခက်နိုင်ပါတယ်။

BTTS Yes ထိုးကွက်ကို Odd 1.53 ပဲပေးထားပုံအရ နှစ်ဖက်သွင်းဂိုးတွေနဲ့ မြိုင်မယ်လို့ တထစ်ချယုံကြည်မနေစေချင်ပါဘူး လျှော်ကြေးက ဘာလို့အဲလောက်လျှော့ပေးထားလဲဆိုတော့ နှစ်သင်းလုံးဟာ ပွဲအများစုကို ပြိုင်ဘက်အသင်းရဲ့သွင်းဂိုးတွေကိုခွင့်ပြုထားရပုံချင်း တူနေတာကြောင့် အဲဒီဈေးကိုရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် နှစ်ဖက်သွင်းဂိုးတွေရှိမယ် ဒါပေမယ့် 1 :1 , 2 : 1 , 1 : 2 လိုမျိုးနဲ့ပဲ အဆုံးသတ်ပွဲပြီးသွားနိုင်ပါတယ် ။ဒါကြောင့် ဂိုးပေါင်းအပေါ် 3+15 ထိုးကွက်က အနည်းငယ် စွန့်စားရတာမျိုးဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် ဂိုးပေါ်ကစားရတာ အားသန်တဲ့သူတွေအနေနဲ့ Goal Over 2.5 ရတဲ့ site တွေမှာပဲ စွန့်စားသင့်ပါတယ်။

အိမ်ရှင်အသင်းရဲ့ ပျှမ်းမျှပေးဂိုးခွင့်ပြုရမှူဟာ 1.07 ပဲရှိတာက ဧည့်သည်အသင်း ဂိုးများများယူနိုင်ဖို့ခက်စေတဲ့ အချက်ဖြစ်ပါတယ်။ ပေါ်ပြူလာ ဖြစ်မှူအရ မန်ယူဆိုတာနဲ့တင် -60 ဈေးမထွက်သင့်ဘူးလို့ယူဆပါတယ် ။ မထွက်သင့်တဲ့ ဈေးကို အတင်းထွက်လာတာကြောင့် အိမ်ရှင် အနိုင် ဒါမှမဟုတ် သရေ ဖြစ်နိုင်ခြေ အားကောင်းပါတယ် ။

ဖြစ်နိုင်ခြေရလဒ် 1 : 1 , 2 : 1 ပါပဲ

ဒီပွဲ ဟာ ဒိုင်ကြေးဖွင့်သူ ဈေးကစားနိုင်ခြေများတာကြောင့် ဈေး အလှုပ်အခက် များနိုင်ပါတယ် ။ သေချာစောင့်ကြည့်ကစားစေချင်ပါတယ် ။

#မန်ယူ #အေဗီလာ #ဂိုးပေါ် #ပရီးမီယားလိဂ်


Telegram channel link

https://t.me/psc_freetips

20/12/2025

ညနေ အစောပွဲ

Today Pre Match Tips အဖြစ်
7 :30 မှာကစားမည့်

အိုဗီဒို vs ဆဲလ်တာဗီဂို -65
ဂိုးပေါင်း 2-45

ပွဲကိုရွေးချယ်ထားပါတယ်

ကျွန်တော့်ရဲ့ ချဉ်းကပ်ပုံအရ အချက်အလက် ဈေးနဲ့ ဖြစ်တန်စွမ်းတွေ အပေါ်မှာပဲ အခြေခံပါ့မယ်

အိမ်ရှင်ဟာ ဂိုးမရနိုင်ဖို့ ဖြစ်နိုင်ခြေအရမ်းများပါတယ် ရခဲ့မယ်ဆိုရင်တောင် ပပိုင်းမှာ ရဖို့ဟာ အခြေအနေကောင်းဖြစ်ပါတယ် ဆိုဝောာ့ ပပိုင်းမှာ အိမ်ရှင်တို့ ဂိုးရရင်ရ မရရင် ဂိုးမရဝောာ့ဘူးလို့ တွက်လို့ရပါမယ်

ဒါကိုအားဖြည့်ထားတာက ပပိုင်း BTTS NO ကို Odd 1.14 ဒုပိုင်း BTTS NO ကို Odd. 1.23 ဆိုပြီးဈေးဖွင့်ထားတာကြောင့် ဖြစ်ပါတယ်။
တပွဲလုံးအတွက် BTTS NO ကို Odd 1.80 ပေးထားတာက မဆိုသလောက်လေးများနေပေမယ့် ပပိုင်းမှာ အိမ်ရှင် ဂိုးရသွားနိုင်တယ်ဆိုတဲ့ တစ်ချက်နဲ့တင် ဒါက ပေးသင့်တဲ့ ဈေးဆိုတာ မြင်သာသွားပါတယ်။
1X2 ဈေးတွေမှာလည်း ပပိုင်းသီးသန့်ပဲကြည့်ကြည့် ဒုပိုင်းသီးသန့်ပဲကြည့်ကြည့် တစ်ပွဲလုံးဈေးကိုပဲကြည့်ကြည့် အဝေးကွင်းအနိုင်ဆိုတဲ့ ဘက်ကို ဒိုင်ကြေးဖွင့်သူတွေ တွက်ဆထားတယ်လို့ မျှော်လင့်ရပါတယ်။
တဖက်က ထိုးသား % တွေကြည့်မယ်ဆိုရင် ဂိုးအောက်ထိုးကွက်မှာ 71 % ရှိနေပါတယ်။
အိမ်ရှင်အနိုင် ထိုးကွက်မှာ 16 % သရေထိုးကွက်မှာ 34% နဲ့ အဝေးကွင်း အနိုင်ဘက်မှာ 50% ရှိနေပါတယ်။

1.5 Over ဖြစ်နိုင်ခြေက 70% ရှိပြီး 2.5 over ဖြစ်နိုင်ခြေကျ 40% ပဲရှိနေပေမယ့် ဒီပွဲ ပျမ်းမျှ ဖြနိုင်ခြေဂိုးဟာ 2.11 ရှိနေပြန်ပါတယ်။

ရရှိထားတဲ့ အချက်တွေအရ အဝေးကွင်းအနိုင် ကို ရွေးချယ်ထားပါတယ်။
ဖြစ်နိုင်ခြေရလဒ် 0 : 1 , 0 : 2 ပါပဲ
စုစုပေါင်း ကော်နာ 10 အောက် နဲ့
အဝါကဒ်စုစုပေါင်း 3 ကဒ် အထက် ဖြစ်နိုင်ခြေများပါတယ်

VPN ကြောင့် Facebook မှာအဆင်မပြေမှူများကြောင့် Telegram ကိုဦးစားပေးအသုံးပြုနေတာကြောင့်



ရဲ့ Telegram channel

https://t.me/psc_freetips

ကို join ထားဖို့လိုအပ်ပါမယ်ခင်ဗျာ

Telegram: Contact @psc_freetips

03/11/2025

EPL ပွဲကြိုသုံးသပ်ချက်

ဆန်းဒါးလန်း vs အဲဗာတန် ( -15 )
ဂိုးပေါင်း 2-20

🗓️ နေ့ရက်: နိုဝင်ဘာလ ၃ ရက်
🏟️ ကွင်း: Stadium of Light

🔥 ဒီနေ့ညမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနားကို ရုတ်တရက် တက်လှမ်းလာတဲ့ ဆန်းဒါးလန်း အသင်းက ရုန်းကန်နေရတဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံတွေ့ဆုံမှာ ဖြစ်ပါတယ်။

🔴 အိမ်ရှင် ဆန်းဒါးလန်းဟာ Stadium of Light မှာ လက်ရှိအချိန်ထိ အိမ်ကွင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိသေးဘဲ (၄) ပွဲမှ (၁၀) မှတ် ရယူထားပါတယ်။ အိမ်ကွင်း ပရိသတ်ရဲ့အားဟာ ကစားသမားတွေအတွက် အဓိက ခွန်အားဖြစ်နေတာထင်ရှားပါတယ်။
* တန်းတက်လာတဲ့အသင်း ဖြစ်ပေမယ့် ဆန်းဒါးလန်းရဲ့ ခံစစ်က အလွန်ကောင်းမွန်နေပြီး (၉) ပွဲမှာ ပေးဂိုး (၇) ဂိုးသာ ရှိပါသေးတယ်။

🔵 ဧည့်သည် အဲဗာတန်ဟာ နောက်ဆုံး (၂) ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ထားပါတယ်။
* အဲဗာတန်ဟာ အဝေးကွင်းမှာ နောက်ဆုံး (၃) ပွဲဆက် ရှုံးထားပြီး ဒီရာသီမှာ အဝေးကွင်း ပွဲစဉ်တွေမှာ Clean Sheet တစ်ကြိမ်မှ မရသေးပါဘူး။
* ဖန်တီးရှင် Jack Grealish ကတော့ ဖန်တီးမှု အများဆုံး ကစားသမားဖြစ်နေဆဲမို့ ဆန်းဒါးလန်း ခံစစ်ကို ဒုက္ခပေးနိုင်ပါတယ်။

📈 နှစ်သင်း နောက်ဆုံးတွေ့ဆုံမှု (၃) ကြိမ်လုံး အဲဗာတန်က နိုင်ခဲ့ဖူးပေမယ့်၊ ဒီတစ်ခါတော့ ဆန်းဒါးလန်းက ပိုကောင်းတဲ့ ခြေစွမ်း‌ တွေပိုင်ဆိုင်ထားဝာဝောာ့ သိသာထင်ရှားပါတယ်။

ပွဲက အကြိတ်အနယ်ရှိမယ့် ပွဲဖြစ်ပြီး ဂိုးနည်းနိုင်ခြေ ရှိပါတယ်။

🤔 မိတ်ဆွေတို့ရဲ့ ခန့်မှန်းချက်က ဘယ်လိုထင်ပါသလဲခင်ဗျာ ဆန်းဒါးလန်းက အံ့အားသင့်စရာ ရလဒ် ဆက်ဖန်တီးမလား? ဒါမှမဟုတ် အဲဗာတန်က နိုင်ပွဲ ပြန်ရယူမလား? Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး!



🛑အားကစားဆောင်းပါး ၊ သတင်း ၊ပွဲကြိုအထောက်အကူများ ပွဲပြီးသုံးသပ်ချက်များအား ဝါသနာတူ ပရိတ်သတ်များအတွက် တင်ဆက်ပေးခြင်းဖြစ်ပါသည်။ တရားမဝင် လေ^င်းကစားနဲ့ ပတ်သတ်၍ ကြော်ညာများ လက်ခံတင်ပြခြင်း မပြုလုပ်ပါခင်ဗျာ။🛑


Photos from P Sports Channel's post 03/11/2025

Week 10 မှ
ထိပ်တန်းရောက် ပွဲစဉ်အချို့ရဲ့
လိုတိုရှင်း သုံးသပ်မှတ်ချက်များ

၁။ လီဗာပူးလ် (၂) - (၀) အက်စတွန် ဗီလာ

🔥 မိုဟာမက် ဆာလာရဲ့ ဂိုး (၂၅၀) ပြည့်မြောက်ခြင်းနဲ့ လီဗာပူးလ်ဟာ ပြန်လည် နိုးထခြင်းလာခဲ့ပါတယ်

> လီဗာပူးလ်ဟာ အက်စတွန် ဗီလာကို အိမ်ကွင်းမှာ အကောင်းဆုံး ကစားပုံနဲ့ အနိုင်ယူပြီး ရှုံးပွဲဆက်နေတာကို ရပ်တန့်နိုင်ခဲ့ပါတယ်။ မိုဟာမက် ဆာလာက အသင်းအတွက် သူရဲ့ ဂိုး ၂၅၀ ပြည့်မြောက်တဲ့ အမှတ်တရ ဂိုးကို သွင်းယူခဲ့ပြီး၊ နောက်ထပ်တစ်ဂိုးကို ရိုင်ယန် ဂရာဗန်ဘတ်ခ်က သွင်းယူခဲ့ပါတယ်။ ဗီလာဟာ ပထမပိုင်းမှာ ကံမကောင်းတာတွေ ရှိခဲ့ပေမယ့်၊ လီဗာပူးလ်ရဲ့ ဖိအားပေးမှုနဲ့ ကစားအားကို မယှဉ်နိုင်ခဲ့ပါဘူး။
> ဒါဟာ လီဗာပူးလ်ရဲ့ ရာသီအကောင်းဆုံး ခြေစွမ်းတွေထဲက တစ်ခုဖြစ်ပြီး အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာကို တက်လှမ်းသွားခဲ့ပါတယ်

>
>

၂။ စပါး (၀) - (၁) ချယ်လ်ဆီး

🔵 ဂျာအို ပေဒရိုရဲ့ အဆုံးသတ်ဂိုးနဲ့ ချဲလ်ဆီးတို့ စပါးကို ချေမှုန်း အနိုင်ယူခဲ့ပါတယ်

> အပြိုင်အဆိုင်ပြင်းထန်တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ ချဲလ်ဆီးက စပါးကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရပြီး အရေးပါတဲ့ ၃ မှတ်ကို ဆွတ်ခူးသွားခဲ့ပါတယ်။ ပွဲဟာ ခက်ခဲကြမ်းတမ်းခဲ့ပြီး အဓိက ကစားသမားတွေ မပါဘဲ ကစားခဲ့ရတဲ့ ချဲလ်ဆီးအတွက်တော့ ချီးကျူးစရာပါပဲ။ ဂျာအို ပေဒရိုရဲ့ သွင်းဂိုးဟာ ခြေစွမ်းပြနေတဲ့ စပါးရဲ့ အိမ်ကွင်း အနိုင်ရလဒ်တွေကို ရပ်တန့်စေခဲ့ပါတယ်။
> ချဲလ်ဆီးဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို လှမ်းကြည့်ဖို့ အမှတ်တွေ စုဆောင်းထားနိုင်ပါပြီ

>
>

၃။ ဘန်လေ (၀) - (၂) အာဆင်နယ်

🔴 အာဆင်နယ် ခံစစ်ပိုင်းရဲ့ ခိုင်မာမှုနဲ့ အနိုင်ပွဲတွေ ဆက်နေပါတယ်

> အာဆင်နယ်ဟာ ဘန်လေကို အနိုင်ယူပြီး သူတို့ရဲ့ ခိုင်မာတဲ့ ခံစစ်စွမ်းရည် ကို ပြသခဲ့ပါတယ်။ ဒီရာသီမှာ (၉) ပွဲအတွင်း (၃) ကြိမ်မြောက် ၁-၀ ရလဒ် (သို့) ဂိုးမပေးရဘဲ အနိုင်ရရှိမှု က မီခယ်လ် အာတီတာရဲ့ အသင်း ခံစစ်ပိုင်း ဘယ်လောက် အရေးပါလဲ ဆိုတာကို ပြသနေပါတယ်။ ဘူကာယို ဆာကာနဲ့ ဒက်ကလန် ရိုက်စ်တို့ရဲ့ ဂိုးတွေနဲ့အတူ အာဆင်နယ်တို့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။
> အမှတ်ပေးဇယားရဲ့ခေါင်းဆောင် အာဆင်နယ်ဟာ ဒီပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်

>
>

၄။ မန်စီးတီး (၃) - (၁) ဘုန်းမောက်

🎯 အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ ဟာလန်းရဲ့ စွမ်းဆောင်ရည်‌ေတွနဲ့ အတူ မန်စီးတီး ဟာ ဇယားရဲ့ ဒုတိယနေရာကို တက်လှမ်း လာနိုင်ခဲ့ပါတယ်

> မန်စီးတီးဟာ အာလင်း ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုး အပါအဝင် သွင်းဂိုး (၃) ဂိုးနဲ့ ဘုန်းမောက်ကို အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် (၂) နေရာကို တက်ရောက်သွားခဲ့ပါတယ်။ ဟာလန်းဟာ ဂိုးသွင်းစက်ဖြစ်ကြောင်း ထပ်မံသက်သေပြခဲ့ပြီး၊ မန်စီးတီးရဲ့ တိုက်စစ်ကလည်း အထူးပဲ ထက်မြက်နေပါတယ်။
> အာဆင်နယ်ကို ဖိအားပေးမယ့် စီးတီးရဲ့ ခြေလှမ်းတွေ ဆက်လက် မြင်တွေ့ရဦးမလား ဆိုဝာာဝောာ့ စောင့်ကြည့်ရမယ်ခင်ဗျာ

>
>

၅။ နော့တင်ဟမ် ဖောရက်စ် (၂) - (၂) မန်ချက်စတာ ယူနိုက်တက်

🔴 မန်ယူကတော့ အဝေးကွင်း ရုန်းကန်မှု‌ေတွနဲ့အတူ သရေရလဒ် နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်

> မန်ချက်စတာ ယူနိုက်တက်ဟာ နော့တင်ဟမ် ဖောရက်စ်ရဲ့ အိမ်ကွင်းမှာ ၂-၂ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပွဲက ဖောရက်စ်ရဲ့ ခံစစ်ပိုင်း ကောင်းမွန်မှု၊ မန်ယူရဲ့ အခွင့်အရေး ဖန်တီးမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ပွဲအပြီး နည်းပြ အမော်ရင် က ကစားသမားတွေကို စိတ်ဓာတ်ခွန်အားကောင်းမွန်စွာ ကစားခဲ့တဲ့အတွက် ချီးကျူးခဲ့ပါ‌ သေးတယ်။
> မန်ယူဟာ ရှေ့လာမယ့်ပွဲတွေအတွက် ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေ‌သေးတယ်လို့ထင်ပါတယ်

>
>

🛑အားကစားဆောင်းပါး ၊ပွဲကြိုအထောက်အကူများ ပွဲပြီးသုံးသပ်ချက်များအား ဝါသနာတူ ပရိတ်သတ်များအတွက် တင်ဆက်ပေးခြင်းဖြစ်ပါသည်။ တရားမဝင် လေ^င်းကစားနဲ့ ပတ်သတ်၍ ကြော်ညာများ လက်ခံတင်ပြခြင်း မပြုလုပ်ပါခင်ဗျာ။🛑


29/10/2025

ဂျူဗင်တပ် နည်းပြအသစ် ရောက်ပီ

အချက်အလက်တွေအရ Luciano Spalletti ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့အတွက် နှုတ်အားဖြင့် သဘောတူညီချက် ရရှိထားပြီလို့ အတည်ပြုနိုင်ပါတယ်။

သဘောတူညီချက်ရဲ့အရ စာချုပ်သက်တမ်းဟာ ၂၀၂၆ ခုနှစ် ဇွန်လ အထိ ဖြစ်ပေမယ့် ယခုဘောလုံးရာသီအတွင်း အသင်းမှ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပါက စာချုပ် သက်တမ်းတိုးခွင့် ရှိပါတယ်။ ဒါဟာ စွမ်းဆောင်ရည်အပေါ် အခြေခံတဲ့ ဘုံအခြေအနေတစ်ခုပါ။ မျှတပါတယ်။
ဒီအပြောင်းအလဲဟာ မကြာသေးမီက နည်းပြဟောင်း Igor Tudor ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဖြစ်ပေါ်လာတာပါ။ Spalletti ဟာ နာပိုလီအသင်းနဲ့ စီးရီးအေဖလားကို ရယူခဲ့ဖူးတဲ့ သမိုင်းကြောင်းရှိပြီး အီတလီလက်ရွေးစင်အသင်းမှာပါ အတွေ့အကြုံရှိတဲ့အတွက်၊ သူရောက်လာခြင်းက ကလပ်အသင်းရဲ့ လမ်းကြောင်းအပြောင်းအလဲကို ဖော်ပြနေပါတယ်။
စာချုပ်ပါအချက်အလက်များကို သက်ဆိုင်ရာလူကြီးများ ရှေ့နေများ စစ်ဆေးနေတဲ့အဆင့်ကိုရောက်နေပီဆိုတော့ တရားဝင်ကြေညာချက် မကြာခင်ထွက်ပေါ်လာတော့မှာပါ။

🛑အားကစားဆောင်းပါး ၊ သတင်း ၊ပွဲကြိုအထောက်အကူများအား ဝါသနာတူ ပရိတ်သတ်များအတွက် တင်ဆက်ပေးခြင်းဖြစ်ပါသည်။ တရားမဝင် လေ^င်းကစားနဲ့ ပတ်သတ်၍ ကြော်ညာများ လက်ခံတင်ပြခြင်း မပြုလုပ်ပါခင်ဗျာ။🛑


29/10/2025

အီတလီနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ စွန်ဟောင်မင် (Heung-min Son) ဟာ MLS ရာသီပိတ်ကာလ ဇန်နဝါရီလအတွင်း စီးရီးအေ Serie A ကလပ်တစ်ခု ဖြစ်တဲ့ AC Milan သို့ ရေတိုအငှားနဲ့ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် တွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း ယုံကြည်ရတဲ့ ပြောင်းရွှေ့ကြေး သတင်းကျွမ်းကျင်သူ Fabrizio Romano နဲ့ အီတလီမီဒီယာတွေရဲ့ နောက်ဆုံးသတင်း အချက်အလက်တွေအတိုင်းဆိုရင်တော့
စွန်းဟောင်မင်ဟာ စီးရီးအေ ကလပ် အပါအဝင် အခြား မည်သည့် ဥရောပကလပ်နဲ့မှ ရေတိုအငှားအတွက် ညှိနှိုင်းမှု ဒါမှမဟုတ် ဆွေးနွေးမှု လုံးဝမရှိပါဘူး။
နောက်ပြီး စွန်းဟောင်မင်ဟာ လက်ရှိသူရဲ့ MLS ကလပ်ဖြစ်တဲ့ LAFC (Los Angeles FC) ပေါ်မှာသာ အပြည့်အဝ အာရုံစိုက်ထားပါတယ်။

ဒါကြောင့် သူဟာ ဘယ်ကိုမှပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။

🛑အားကစားဆောင်းပါး ၊ သတင်း ၊ပွဲကြိုအထောက်အကူများအား ဝါသနာတူ ပရိတ်သတ်များအတွက် တင်ဆက်ပေးခြင်းဖြစ်ပါသည်။ တရားမဝင် လေ^င်းကစားနဲ့ ပတ်သတ်၍ ကြော်ညာများ လက်ခံတင်ပြခြင်း မပြုလုပ်ပါခင်ဗျာ။🛑


28/10/2025

ဆဲလ်တစ် ဘောလုံးကလပ် (Celtic Football Club) က နည်းပြ ဘရန်ဒန် ရော့ဂျာ့စ် (Brendan Rodgers) ဟာ ရာထူးက နေနုတ်ထွက်ဖို့ ထွက်စာတင်ထားပြီ ထွက်စာကို လက်ခံကြောင်း အတည်ပြုခဲ့ပါတယ်။
ရလဒ်များ ဆက်တိုက် ဆိုးရွားလာပြီး စကော့တလန် ပရီးမီးယားရှစ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးကရှိနေတဲ့ Hearts အသင်းနဲ့ ၈ မှတ် ကွာဟသွားပြီးနောက် ရော့ဂျာ့စ်က ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ပါတယ်။
သူထွက်ခွါပြီး ဆဲလ်တစ်အသင်း၏ နည်းပြဟောင်း မာတင် အိုနေးလ် (Martin O'Neill) နှင့် ကစားသမားဟောင်း ရှောင် မာလိုနီ (Shaun Maloney) တို့က ပထမအသင်း ကိစ္စရပ်များကို ယာယီတာဝန်ယူမှာဖြစ်ပါဝယ်။
ဆဲလ်တစ်ကလပ်က ရော့ဂျာ့စ်၏ နုတ်ထွက်မှုကို လက်ခံခဲ့ပြီး၊ ကလပ်၌ အောင်မြင်မှုများစွာရခဲ့သော သူ၏ နည်းပြကာလနှစ်ခုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကလပ်ဟာ သူ့နေရာမှာ နည်းပြအသစ်ခန့်အပ်ဖို့ လုပ်ငန်းများ စတင်နေပြီဖြစ်ပါတယ်။

🛑အားကစားဆောင်းပါး ၊ သတင်း ၊ပွဲကြိုအထောက်အကူများအား ဝါသနာတူ ပရိတ်သတ်များအတွက် တင်ဆက်ပေးခြင်းဖြစ်ပါသည်။ တရားမဝင် လေ^င်းကစားနဲ့ ပတ်သတ်၍ ကြော်ညာများ လက်ခံတင်ပြခြင်း မပြုလုပ်ပါခင်ဗျာ။🛑


28/10/2025

နာပိုလီအသင်း (Napoli) နှင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတို့အတွက် အလွန်ပင် ဆိုးရွားသော သတင်းတစ်ခုရရှိခဲ့ပါတယ်။
အဲဒါကတော့ ကီဗင် ဒီ ဘရိုင်း (Kevin De Bruyne) ရဲ့
ညာဘက်ပေါင်ကြွက်သားဟာ အမြင့်စားပြင်းထန်ဒဏ်ရာ (high-grade lesion) အဖြစ် အတည်ပြုလိုက်လို့ဖြစ်ပါတယ်။ ဤဒဏ်ရာသည် အမှန်တကယ်ပင် အတော်လေး ပြင်းထန်ပြီး လာမည့်နှစ် အစောပိုင်း (ဖေဖော်ဝါရီလနှောင်းပိုင်း/ ၂၀၂၆ မတ်လအစောပိုင်း ဝန်းကျင်) အထိ လပေါင်းများစွာ အနားယူရဖွယ်ရှိကြောင်း အသင်းဘက်သတင်းရင်းမြစ်တွေကနေ သိထားရပါတယ်။
ကီဗင်ဟာ အင်တာမီလန် (Inter Milan) အား ၃-၁ ဖြင့် အနိုင်ရခဲ့သည့်ပွဲအတွင်း ပင်နယ်တီသွင်းယူစဉ်မှာပင်ဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။
ဒီဒဏ်ရာက နာပိုလီအသင်းရဲ့ ရာသီဝက်ရလဒ်များအပေါ် သက်ရောက်မှု တွေရှိလာနိုင်တာကြောင့် အသင်းဘက်ကရော ပရိတ်သတ်ဘက်ကပါ စိုးရိမ်မှူတွေ မြင့်တက်လာနေပါတယ်။

ကီဗင်၊ အမြန်ဆုံး သက်သာပါစေ ဗျာ

🛑အားကစားဆောင်းပါး ၊ သတင်း ၊ပွဲကြိုအထောက်အကူများအား ဝါသနာတူ ပရိတ်သတ်များအတွက် တင်ဆက်ပေးခြင်းဖြစ်ပါသည်။ တရားမဝင် လေ^င်းကစားနဲ့ ပတ်သတ်၍ ကြော်ညာများ လက်ခံတင်ပြခြင်း မပြုလုပ်ပါခင်ဗျာ။🛑


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon