Sport myanmar

Sport myanmar

Share

အားကစား နယ်ပယ် မှသတင်းများ
ဘောလုံးပွဲ သတင်းများတင်ဆက်ပါသည်

10/03/2026

မနေ့က ကစားခဲ့တဲ့ Campeonato Mineiro ဗိုလ်လုပွဲမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအပြီး ဒီနေ့မနက် လိုင်ယန်ကို လေ့ကျင့်ရေးကွင်းကို ပြန်လာတဲ့ပုံစံပဲ ဖြစ်ပါတယ်။ 😳

​ပြိုင်ဘက် ခရူဇီယို အသင်းနဲ့ပွဲမှာ အနီကတ် ၂၃ ကတ်အထိ ပြသခဲ့တဲ့အပြင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမဲ့ လိုင်ယန်ကိုကတော့ အနားမယူဘဲ လေ့ကျင့်ရေးကွင်းကို တန်းတန်းမတ်မတ် ပြန်ရောက်လာခဲ့တာပါ။ 💪⚽

​ဒါဟာ ဒါဘီပွဲစဉ်တွေရဲ့ ရူးသွပ်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူကတော့ ဒီနေ့မှာတင် လေ့ကျင့်ရေးပြန်ဆင်းပြီး အားမာန်အပြည့်နဲ့ ပြန်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။👏💪

Photo credit to owner

09/03/2026

လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၁,၁၄၀ မှာ သွင်းဂိုး ၈၉၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမဲ့ -

* ​ကိုပါအမေရိက ဖလား ဗိုလ်လုပွဲတွေမှာ တစ်ဂိုးမှ မသွင်းဖူးသေးပါဘူး။

* ​ကိုပါအမေရိက ပြိုင်ပွဲတွေမှာ ဘရာဇီး၊ ကိုလံဘီယာနဲ့ ဥရုဂွေး အသင်းတွေကို တစ်ဂိုးမှ မသွင်းဖူးသေးပါဘူး။

* ​ကိုပါအမေရိက ပြိုင်ပွဲမှာ အသင်းကို အနိုင်ရစေမယ့် အဆုံးအဖြတ် အနိုင်ဂိုး (Game Winning Goal) ကိုလည်း တစ်ခါမှ မသွင်းဖူးသေးပါဘူး။

09/03/2026

“ပညာကို ပိုပြီးတော့ မသင်ယူခဲ့မိတာကို ကျနော်နောင်တရမိပါတယ်၊ ပညာရေးကောင်းမွန်ဖို့ အရေးကြီးတယ်ဆိုတာ ကျနော့်ကလေးတွေကို အမြဲတမ်းပြောပြဖြစ်တယ်”

“ကလေး ဘ၀မှာ ကျနော် အင်္ဂလိပ်စာ မသင်ခဲ့မိဘူး၊ အချိန်တွေရှိခဲ့ပေမယ့် မလုပ်ခဲ့လို့ နောင်တရမိပါတယ်၊ ကြီးကျယ်ခမ်းနားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စကားပြောဖို့ ကျနော့်မှာ အခွင့်အရေးရှိခဲ့ပေမယ့် အင်္ဂလိပ်လို ကျနော် မပြောတတ်ခဲ့ဘူး”

“အဲဒါကို ခံစားရတာ ထူးဆန်းပါတယ်၊ ဘာမှမသိနားမလည်သလိုကို ဖြစ်ခဲ့တာပါ”

- မက်ဆီ

09/03/2026

လာမယ့်ပွဲမှာ ပရိသ-တ်တွေကို အံ့အားသင့်စေမယ့် နိုင်ပွဲ နဲ့အတူ အကောင်းဆုံးပုံစံပြန်လာမယ်လို့ ယုံကြည်မှု အပြည့်နဲ့ပြောကြားလိုက်တဲ့ သန့်ဇင်💪📍

07/03/2026

ထရမ့် ရဲ့ဂုတ်ရွှေးချယ်မူ့😂

07/03/2026

🚨 ဒေါ်နယ်ထရမ့်နဲ့ အမီတာဘချမ်းဟာ မက်ဆီကို လက်တစ်ဖက်တည်းနဲ့သာ နှုတ်ဆက်ခဲ့ပါတယ်...

ဒါပေမယ့် ရော်နယ်ဒိုကို တွေ့တဲ့အခါမှာတော့ လက်နှစ်ဖက်လုံး သုံးပြီး နှုတ်ဆက်ခဲ့ကြပါတယ်...

ဒါဟာ သူတို့နှစ်ယောက်ကြားက ကွာခြားတဲ့ အသိအမှတ်ပြုခံရမှုဖြစ်ပါတယ်...🐐💯


#ဘက်မလိုက်Page #မီယာမီမက်ဆီ

07/03/2026

🚨 Body Language ခန္ဓာကိုယ် အမူအရာဆိုတာ ဒီနေရာမှာ စကားပြောပါတယ်...

မီဒီယာတွေကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီ နှစ်ယောက်လုံး ထရမ့်နဲ့ တွေ့တယ်သာ ပြောကြမှာပါ... ဘယ်လိုမျိုး တွေ့ခဲ့ကြလဲတော့ ပြောကြမှာမဟုတ်ပါဘူး...

သူတို့နှစ်ယောက်ရဲ့ ကွာခြားတဲ့ လွှမ်းမိုးမှုပါပဲ...

😂😂💯


#ဘက်မလိုက်Page #မီယာမီမက်ဆီ

07/03/2026

🚨 ထူးဆန်းတဲ့ အချက်အလက် :

လီယွန်နယ်မက်ဆီဟာ အမေရိကန်မှာ ကစားနေတာ (၂) နှစ်ခွဲ (၃) နှစ်ရှိပြီဖြစ်ပေမယ့် အိမ်ဖြူတော်ကို အခုမှ ရောက်ဖူးခဲ့ပါတယ်...

ရော်နယ်ဒိုကတော့ 2025 မှာ သမ္မတ ထရမ့်ရဲ့ ဖိတ်ခေါ်ချက်နဲ့ အိမ်ဖြူတော် ရောက်ရှိပြီးတာဖြစ်ပါတယ်...

မက်ဆီဟာ အသင်းလိုက်လာလို့သာ လိုက်ပါခဲ့ရတာဖြစ်ပါတယ်... ထရမ့်က သီးသန့် တွေ့ဆုံခြင်း မရှိခဲ့ပါဘူး... ရော်နယ်ဒိုကတော့ သီးသန့်တွေ့ဆုံခြင်းခဲ့ရတဲ့အပြင် သမ္မတရုံးခန်းကိုပါ လိုက်ပြခံခဲ့ရပါတယ်...

ကွာခြားတဲ့ ဆက်ဆံခံရမှုဖြစ်ပါတယ်...

(အခုလို အမှန်အတိုင်း ရေးပြန်ရင်လည်း ပန်းရောင်တွေ စိတ်ဆိုးကြဦးမှာပါ... 😂💯)


#ဘက်မလိုက်Page #မီယာမီမက်ဆီ

26/02/2026

BREAKING NEWS!
စပိန်ဒုတိယတန်းကလပ်ရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ရိုနယ်ဒို

တနေ့မှာ ကလပ်အသင်းပိုင်ရှင်တယောက် ဖြစ်လာချင်ပါတယ်ဆိုတဲ့စကားကို ရိုနယ်ဒို အကောင်အထည်ဖော်လိုက်ပါပြီ ။ စပိန်ဒုတိယတန်း ( ဆီဂန်ဒါလိဂ် ) ကလပ် အယ်လ်မာရီယာအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရိုနယ်ဒိုဟာ သူ့ရဲ့ CR7 Sport Management အောက်ကနေ ဝယ်ယူလိုက်ကြောင်း အသိပေးကြေညာသွားခဲ့တာကြောင့်ပါပဲ ။ အဆိုပါအသင်းကို ဆော်ဒီရင်းနှီးမြှပ်နှံမှုအဖွဲ့က ပိုင်ဆိုင်ထားတာဖြစ်ပြီး ရိုနယ်ဒိုဟာ သူကစားနေတဲ့ လိဂ်ရဲ့ အဓိကစပွန်ဆာထံကနေ ကလပ်အသင်းတသင်းကို ဝယ်ယူလိုက်တာလို့ ပြောနိုင်ပါတယ် ။

အယ်လ်မာရီဟာအသင်းဟာ လက်ရှိဆီဂန်ဒါအမှတ်ပေးဇယားမှာ အဆင့် ၃ နေရာကို ရယူထားပြီး လာလီဂါဆီ တန်းပြန်တက်လာနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ် ။

26/02/2026

"ကျွန်တော်တို့ ကိုပါအမေရိကမှာ အကောင်းဆုံး ကစားခဲ့ပေမဲ့ ပြင်ပအချက်အလက်တွေကြောင့် မနိုင်ခဲ့တာပါ။ ဒိုင်လူကြီးက အာဂျင်တီးနားဘက်ကို ဘက်လိုက်ခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ရသင့်တဲ့ ပင်နယ်တီ ၂ ခုကို သူ မပေးခဲ့ဘူး"

ဂျိမ်းရိုဒရီဂွက်စ်

26/02/2026

(မေးခွန်း) : မက်ဆီသာ ဒီကစားသမားတွေနဲ့ တန်းတူ ထိုင်ခွင့်ရမယ်ဆိုရင် ဘယ်ကစားသမားက နေရာထပေးမလဲ..?

(ညီကိုတို့ ဘယ်သူထပေးရမလဲ အမြင်အပေါ် ဆွေးနွေးပေးကြပါဦး... အမြင်တွေ ကြိုက်သလို ကွဲပြားလို့ရပါတယ်..)

(သင့်တော်တဲ့ အဖြေ ) :

ဇီဒန်းပါ၊

ဇီဒန်းဟာ ထိုင်နေရာကထပြီး မက်ဆီကို တစ်ချက်ဆုံးမပေးပြီး ပြန်ထိုင်ရမှာဖြစ်ပါတယ်...

Siuuuu


#ဘက်မလိုက်Page #မီယာမီမက်ဆီ

26/02/2026

🗣️🗣️ "မေဂျာလိဂ်ဖလားကို ရဖို့က ချန်ပီယံလိဂ်ဖလားကို ရဖို့ထက် ပိုခက်ပါတယ်..."

မက်ဆီ အချစ်တော် ဒီပေါလ်ရဲ့ စကားပါ... ချန်ပီယံလိဂ်အများဆုံး ရဖူးတာ ရီးရဲလ်မက်ဒရစ်နဲ့ ရော်နယ်ဒိုဖြစ်နေတော့ ဒီလိုထင်တာ မဆန်းဘူး ပြောရပါမယ်...

ပန်းရောင်ဖန်တွေလည်း ဒီပေါစကား ထောက်ခံကြမှာဖြစ်ပါတယ်...

ဒီပေါလ် ချန်ပီယံလိဂ်ဖလား - 0
မက်ဆီ ချန်ပီယံလိဂ်ဖလား (အင်နီယေစတာထွက်သွားပြီးနောက်) - 0

😂😂💯


#ဘက်မလိုက်Page #မီယာမီမက်ဆီ #မီယာမီဒီပေါလ်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon