STAR Fitness

STAR Fitness

Share

We help people to build their dream body.

17/01/2024

GYM ဆော့တဲ့သူတိုင်းက GYM ဆော့ရတဲ့ body goal က ရှိပြီးသားပါ။ ကိုယ့် goal ပေါ်မူတည်ပြီး ဆော့ရတဲ့ပုံစံတွေပဲ ကွာသွားကြပါတယ်။

ကိုယ်က model fit လိုချင်ရင်တော့ အလေး လျှော့ပြီး more reps တစ်နည်းအားဖြင့် အလေးနည်းနည်းနှင့် အကြိမ်ရေတိုးဆော့သင့်ပါတယ်။ More reps ဆော့ရင်

1️⃣ ကြွက်သား ပုံလှလာမယ်
2️⃣ အရိုးတွေသန်မာလာမယ်
3️⃣ ကယ်လိုရီတွေ ကျသွားမယ်

ကိုယ်က Body building လုပ်ချင်ရင်တော့ အလေးတင်ပြီး more sets တစ်နည်းအားဖြင့် အကျော့ရေ တိုး အလေးတိုးပြီး အကြိမ်ရေ လျှော့ဆော့သင့်ပါတယ်။ More sets ဆော့ရင်

1️⃣ ကြွက်သားများကြီးထွားလာမယ်
2️⃣ အလေးပို နိုင်လာမယ်
3️⃣ ခန္ဓာကိုယ်ထုထည် ပိုကောင်းလာမယ်

ဒါကြောင့်မို့လို့ သင့်ရဲ့ Body goal ပေါ်မူတည်ပြီး သင့်ရဲ့ dream body ရအောင်ဖန်တီးပေးဖို့ STAR Fitness မှ trainers များက မိတ်ဆွေတို့အတွက် အသင့်ရှိနေပါပြီ။

Contact us
Phone - 09 798 149 527
Viber - 09 793 207 808
Address - No.(28), 7th St., Pathein Nyunt, Mingalar Taung Nyunt Tsp., Yangon.

#

07/01/2024

GYM Days တွေမှာ ဘာလို့ နားရက်ထည့်ရတာလဲ
============================

GYM သွားတဲ့ သူတိုင်းအတွက် ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာရှိနေမှာပါ။ ကြီးချင်တာ၊ ပိန်ချင်တာ၊ fit ဖြစ်ချင်တာ အပေါ် မူတည်ပြီး အားကြိုးမာန်တက် GYM ဆော့နေရင်းနဲ့မှ ခန္ဓာကိုယ်က ထင်သ‌လို ရမလာတာကို ဂရုစိုက်မိလား ?

ဒါဆိုရင် မိတ်ဆွေတို့လိုအပ်နေတဲ့အရာက

Rest Day ဖြစ်ပါတယ်။

Body အတွက် Diet က အရေးကြီးသလို Rest Day တွေကလည်း အရေးကြီးပါတယ်။

REST DAY တွေက ခန္ဓာကိုယ်ကို ဘယ်လို တိုးတက်စေလဲဆိုရင် . . .

✅ ကြွက်သားသန်မာမှုရှိလာခြင်း
✅ Injury ဖြစ်နှုန်းနည်းသွားခြင်း
✅ ငြီးငွေ့မှု လျော့နည်းလာခြင်း
✅ ရေရှည် GYM ဆော့နိုင်လာခြင်း

GYM ဆော့တဲ့သူတစ်ယောက်ဟာ တစ်ပတ်ကို အနည်းဆုံး rest day ၂ရက်မှ ၃ရက်ထိ ယူသင့်ပါတယ်။ Rest Day ထည့်ဆော့ခြင်းဟာ ခန္ဓာကိုယ်တိုးတက်မှုကို အများကြီး အထောက်အကူပြုစေပါတယ်။

ဒါကြောင့်မို့လို့ STAR Fitness နဲ့ အတူ ကျန်းမာသော ခရီးစဉ်ကို တူတူ လျှောက်ကြရအောင်။



06/01/2024

Gym တွေဆော့နေပေမယ့် ထင်ထားသလောက် ဝိတ်ကျမလာဘူးဆိုရင် ?

လူတိုင်း ထင်နေကြတာက လေ့ကျင့်ခန်းလုပ်တိုင်း၊ ကန်တော်ကြီးမှာ ပြေးတိုင်း Weight ကျတယ်လို့ထင်ကြတယ်။ ဒါကမှန်ပေမယ့် ထင်သ‌လောက်တော့ မထိရောက်ပါဘူး။ ဘာ‌‌ကြောင့်လဲဆိုတော့ Weight ချတယ်ဆိုတာက Workout တစ်ခုတည်းနဲ့တင်မလုံလောက်ဘဲနဲ့ Diet ကလည်း Weightချတာကို အများကြီး အထောက်အကူပြုပါတယ်။ Diet ပေါင်းမျိုးစုံရှိပေမယ့်လည်း ကိုယ်နဲ့လိုက်တဲ့ Diet plan ကို ရွေးဖို့က အရမ်းအရေးကြီးပါတယ်။

Diet Plan တွေထဲကမှ အဆင်အပြေဆုံးနဲ့ အထိရောက်ဆုံး diet တွေအကြောင်း ပြောရမယ်ဆိုရင် . . .

1️⃣ Balance Diet : Carb, protein နှင့် Fat ကို မျှမျှတတ စားသုံးခြင်း။
2️⃣ Low Carbohydrate Diet : Carbohydrate ကို လျော့ချစားသုံးခြင်း။
3️⃣ Keto Diet : Protein များများ စားသုံးခြင်း။
4️⃣ Intermittent fasting : 16/8 နည်းလမ်းဖြင့် စားသုံးခြင်း။
5️⃣ Plant Based Diet : ဟင်းသီးဟင်းရွက်များသာ စားသုံးခြင်း။

အစရှိတဲ့ နည်းလမ်းတွေနဲ့ စနစ်တကျ စားသုံးပြီး စည်းကမ်းတကျ အားကစားသေချာလုပ်သွားမယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ အချိန်ပေးရတာတန်တဲ့ ခန္ဓာကိုယ်အနေအထားကို ရရှိလာစေမှာဖြစ်ပါတယ်။

Diet ဟာ Weight ကျဖို့အတွက် အများကြီးအထောက်အကူပြုစေတဲ့အပြင် သင့်ကို ရလဒ်ကောင်းတွေနဲ့ သင်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိနိုင်အောင် လမ်းညွန်‌ပေးဖို့ အတွက် Star Fitness ရဲ့ Trainers များဟာ အဆင်သင့်ရှိနေတာပဲဖြစ်ပါတယ်။

STAR Fitness နဲ့ အတူကျန်းမာတဲ့ လမ်းခရီးကို တူတူလျှောက်ကြရအောင်။

Contact us

Phone - 09 798 149 527

Viber - 09 793 207 808

Address - No.(28), 7th St., Pathein Nyunt, Mingalar Taung Nyunt Tsp., Yangon.






05/01/2024

သင့်အိမ်နဲ့ မနီးမဝေးက စျေးသက်သာတဲ့ gym

အိမ်နဲ့လည်း နီးပြီးသွားရလာရလည်းလွယ်ကူမယ် ၊ သေချာဂရုစိုက် Trainပေးနိုင်မယ့် GYM မျိုးကိုရှာနေတာလား ။

ဒါဆိုရင်တော့ မိတ်ဆွေတို့အတွက် STAR Fitness GYM ကအသင့်ရှိနေပါပြီ။

ပုဇွန်တောင်၊ ကျောက်မြောင်း ၊ တာမွေ ၊ သာကေတ စတဲ့ နေရာကနေ ကား 5 မိနစ်လောက် စီးလိုက်ရုံနဲ့တင် ရောက်နိုင်ပါတယ်။
အသွားလွယ် အလာလွယ်‌၊ ဈေးလည်းသက်သာပြီး သင့်ကို စေတနာရှိရှိ train ပေးဖို့ trainer တွေလည်း ရှိနေတာဆိုတော့

သင့်ခန္ဓာကိုယ်ကိုပြောင်းလဲနိုင်ဖို့အတွက် အခုပဲ STAR Fitness ကိုဖိတ်ခေါ်လိုက်ပါရစေ။

Contact us

Phone - 09 798 149 527

Viber - 09 793 207 808

Address - No.(28), 7th St., Pathein Nyunt, Mingalar Taung Nyunt Tsp., Yangon.




04/01/2024

76 နှစ်မြောက် လွတ်လပ်ရေးနေ့အား STAR Fitness မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။




01/01/2024

STAR fitness မှာ personal trainer ငှားမယ်ဆိုရင် ?
=============================

ပုံမှန် GYM ဆော့တာထက် Personal trainer ငှားပြီးဆော့တာက သာမန်ထက်ပို ထိရောက်မှုရှိပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ကို အနီးကပ် လမ်းညွန်ပေးပြီး သင့်တော်တဲ့ diet plan တွေ လေ့ကျင့်ခန်း plan တွေ စီစဉ်ပေးဖို့ STAR Fitness ရဲ့ Personal training service လေးရောက်ရှိလာပါပြီ။

အသေးစိတ်ကို page ရဲ့ Chat Box မှာ ရှင်းပြပေးမှာဖြစ်ပြီး မိတ်ဆွေတို့အနေနဲ့ Trainer ဆီက အချိန် slot တွေ ညှိနှိုင်းတောင်းယူလို့ရမှာဖြစ်ပါတယ်။ PT ယူလိုသူတွေအနေနဲ့ Trainer နှင့်အတူ first time free discussion session ရမှာဖြစ်ပြီး လူချင်းဖြစ်စေ online ကဖြစ်စေ စိတ်ကြိုက်ဆွေးနွေးပြီးမှ PT ရယူနိုင်ပါတယ်။

တစ်လကို နှစ်သိန်းကျပ်တည်းနဲ့ သင့်ခန္ဓာကိုယ်ကို ပိုမိုထိရောက်စွာ ပြောင်းလဲလိုက်ကြရအောင်။

Contact us
=======
Phone - 09 798 149 527
Viber - 09 793 207 808
Address - No.(28), 7th St., Pathein Nyunt, Mingalar Taung Nyunt Tsp., Yangon.




31/12/2023

Happy New Year!!!

STAR Fitness Family wishes you a healthy and prosperous new year.



25/12/2023

သာယာချမ်းအေးတဲ့ မနက်ခင်းလေးမှာ ချစ်ရခင်ရသူတွေနဲ့ ပျော်ရွှင်အေးချမ်းစွာနဲ့ ခရစ်စမတ် မနက်ခင်းလေးကို ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်တို့ STAR Fitness မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် . . .

18/08/2023

Gym trainer အကူ (၁) ဦး အမြန်အလိုရှိသည်။

အလုပ်ချိန် - မနက် (7:00) မှ နေ့လည် (2:30) အထိ ဆင်းပေးရမည်။

လစာ - 200,000 ကျပ်

လိပ်စာ - အမှတ် (28), ပုသိမ်ညွန့်ရပ်ကွက် (7) လမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် - 09798149527, 09421128508

31/07/2023

Star Fitness သည် စဖွင့်ချိန်မှစ၍ ယနေ့ချိန်ထိ Gym ကြေးစျေးနှုန်းမှာ25,000 ကျပ်သာဖြစ်ခဲ့သော်လည်း ယခုအခါ ကုန်စျေးနှုန်းအဆမတန်မြင့်မားမှုကြောင့်1 . 8 . 2023 (အင်္ဂါနေ့) မှ စ၍ Gym ကြေးစျေးနှုန်း 30,000 ကျပ်သို့ တိုးမြှင့်၍ပြောင်းလဲသတ်မှတ်လိုက်ကြောင်း Star Fitness မှ member များထံသို့အသိပေးအကြောင်းကြားအပ်ပါသည်။




Photos from STAR Fitness's post 16/02/2023

အဆင်မပြေမှုအတွက် တောင်းပန်အပ်ပါကြောင်း
-----------------------------------------------

(8. 1. 2023) ရက်နေ့တွင် STAR Fitness မှ စီစဉ်ခဲ့သော gift card giveaway campaign သည် လိုက်ပါဝင် ကံစမ်းသူများ နည်းပါးလှလွန်းသဖြင့် ယနေ့အချိန်ထိ ကံစမ်းမည့်သူများကို စောင့်ဆိုင်းခဲ့ပါသော်လည်း ကံစမ်းခဲ့သူမှာ (၄) ဦးထက် မပိုခဲ့ပေ။

သို့ဖြစ်ပါ၍ STAR Fitness အနေဖြင့် အဆိုပါ ကံစမ်းသူ (၄) ဦးအား STAR Fitness တွင် တစ်လ အခမဲ့ ဆော့ကစားခွင့် gift card အား ပေးအပ်သွားမည်ဖြစ်ပြီး ကံထူးရှင်များသည် page chat box သို့ အသေးစိတ် လာရောက်စုံစမ်းနိုင်စေရန် အသိပေးအကြောင်းကြားအပ်ပါသည်။

ကံထူးရှင်များအတွက် မဲဖောက်ပေးခြင်း နှောင့်နှေးခဲ့ရခြင်းအတွက် ကျွန်တော်တို့ STAR Fitness မှ အနူးအညွတ်တောင်းပန်အပ်ပါသည်။

Star Fitness သည် member များကို ဦးစားပေးဂရုစိုက်သည့်အပြင် ကျွမ်းကျင်ပြီး အတွေ့အကြုံအပြည့်အ၀ရှိတဲ့ Trainer များက member တစ်ဦးချင်းစီအတွက် ကျန်းမာပြီး ကောင်းမွန်တဲ့ ခန္ဓာကိုယ်အချိုးအစားများရအောင် ကူညီပြသပေးနေပါတယ်။
Member ဝင်လိုပါက အောက်ပါ ဖုန်းနံပါတ် နှင့်ဖြစ်စေ လိပ်စာသို့ဖြစ်စေ ဆက်သွယ်မေးမြန်းလာရောက် စာရင်းသွင်းနိုင်ပါတယ်။
📞
09 798149527
09 421128508
09 793207808
✉️ - [email protected]
No.(28), 7th Street, Pathein Nyunt, Mingalar Taung Nyunt Tsp., Yangon.








#2023

08/01/2023

Like and share လုပ်ရုံနဲ့ တစ်လစာ gym ဆော့ခွင့်ရမယ့် အခွင့်အရေး
=======================================

နှစ်သစ်လည်း ရောက်လာပြီဆိုတော့ လူတိုင်းလိုလို ကျန်းမာ၊ လှပပြီး စိတ်ကူးထဲက ကိုယ်ခန္ဓာပုံစံတွေကို အကောင်အထည်ဖော်ကြဖို့ အားထုတ်နေကြတာကို တွေ့ရပါတယ်။

ဒါကြောင့် Star Fitness ကနေ ကျန်းမာရေးလက်ဆောင်မွန်တစ်ခုကို အားလုံးအတွက် ပြင်ဆင်ထားပါတယ်။

လက်ဆောင်လေးကတော့ Star Fitness ရဲ့ တစ်လစာ အခမဲ့ လေ့ကျင့်ခန်းလုပ်ခွင့် gift card လေးဖြစ်ပြီး ဒီ gift card လေးကို ရယူနိုင်ဖို့ကလည်း အဆင့်၃ဆင့်ပဲ ပါဝင်ကူညီပေးဖို့ လိုအပ်ပါတယ်။

လုပ်ဆောင်ပေးရမယ့် အချက်လေးတွေကတော့

(ပထမအချက်) အနေနဲ့ Star Fitness page ကို Like လုပ်ထားရပါမယ်။

(ဒုတိယအချက်) အနေနဲ့ ယခု Post လေးကို Like လုပ်ပေးပြီး Public ဖြင့် မိမိအကောင့်တွင် ပြန်လည် Share ထားပေးရပါမယ်။

(နောက်ဆုံးအချက်) အနေနဲ့ လူကြီးမင်းတို့အကောင့်မှာ Public ဖြင့် Share ထားသည့်အကြောင်းကို Screenshot ရိုက်ပြီး Comment မှာ မန့်ပေးခဲ့ရမှာဖြစ်ပါတယ်။

အစီအစဉ်လေးက ၁၃. ၁. ၂၀၂၃ ရက်နေ့ထိပဲဖြစ်ပြီး အဆိုပါနေ့မှာ Star Fitness က Comment မန့်ထားတဲ့ လူကြီးမင်းတို့ထဲက ကံထူးရှင် ၅ယောက်ကို ပြန်လည်ရွေးခြယ်ပေးသွားမှာ ဖြစ်ပါတယ်‌။

အစီအစဉ်လေးက ၁၃. ၁. ၂၀၂၃ ထိပဲဖြစ်တာမို့ အမြန်ဆုံးပါဝင်ပြီး တစ်လစာ အခမဲ့ Gift Card ကို ရယူလိုက်ကြတော့နော်။

(Gift Card ကိုင်ဆောင်လာသူမည်သူမဆို Gym တွင် အခမဲ့ တစ်လစာဆော့ခွင့်ရမှာဖြစ်လို့ လူတိုင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်)

Star Fitness သည် member များကို ဦးစားပေးဂရုစိုက်သည့်အပြင် ကျွမ်းကျင်ပြီး အတွေ့အကြုံအပြည့်အ၀ရှိတဲ့ Trainer များက member တစ်ဦးချင်းစီအတွက် ကျန်းမာပြီး ကောင်းမွန်တဲ့ ခန္ဓာကိုယ်အချိုးအစားများရအောင် ကူညီပြသပေးနေပါတယ်။

Member ဝင်လိုပါက အောက်ပါ ဖုန်းနံပါတ် နှင့်ဖြစ်စေ လိပ်စာသို့ဖြစ်စေ ဆက်သွယ်မေးမြန်းလာရောက် စာရင်းသွင်းနိုင်ပါတယ်။

📞
09 798149527
09 421128508
09 793207808

✉️ - [email protected]

No.(28), 7th Street, Pathein Nyunt, Mingalar Taung Nyunt Tsp., Yangon.







#2023

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


No(28), 7th Street, Pathein Nyunt, MIngalar Taung Nyunt Tsp
Yangon
11221

Opening Hours

Monday 07:00 - 20:45
Tuesday 07:00 - 20:45
Wednesday 07:00 - 20:45
Thursday 07:00 - 20:45
Friday 07:00 - 20:45
Saturday 07:00 - 20:45