အလိုင်နီ မှ MONSOON DUATHLON သို့... ⚡
မနက်စာ: မန်းမြို့တော် (လှည်းကူး) မှာ စွမ်းအင်ဖြည့်တင်း။
လမ်းကြောင်း: အလိုင်နီသို့ တာဘောင်ဘေးလမ်းအတိုင်း... ချောင်းကူး၊ မြောင်းကူး လေးတွေနဲ့ မြေနီလမ်းကြမ်း စိန်ခေါ်မှု။
The Bikes: မြေနီလမ်းပေါ်မှာ ပိုပြီး လှပသွားတဲ့ ကျွန်တော်တို့ရဲ့ ဘီးလေးများ။ 😎
၂၄-၅-၂၀၂၆ ရက်နေ့က ကျင်းပတဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ CBG အဖွဲ့သားများကို သွားရောက်အားပေးရင်း အဖွဲ့လိုက် အမှတ်တရ လမ်းကြမ်းစီးခဲ့တဲ့ အမိုက်စား တစ်ရက်တာ။
Crazy Bikers Group
Cycling Hey riders! We care about you, please follow these safety rules and regulations:
1. Before you choose to join the trip, MUST:
a.
The destination of a trip which is posted on our Crazy Bikers Group page is going to change ONLY if there are sudden changes in these factors: weather, emergency road situation, and politics.
2. Our vision is to offer the best start for any beginner cyclist who cannot go long distance.
3. check "map" of our destinations
b. measure your endurance capabilities
c. test your bicycle's fitness
"ဒီနေ့ ကြက်ဆီထမင်း ကျွေးတာ တကယ်ကို အားရပီတိဖြစ်ရပါတယ်ဗျာ။ အားပေးကြတဲ့သူတွေကလည်း မမောနိုင်မပန်းနိုင်၊ စည်စည်ကားကားပါပဲ။
ဝိုင်းဝန်းကူညီပေးကြတဲ့ Bikers ညီအစ်ကိုတွေ နဲ့ လက်ရာပြောင်ပြောင် ချက်ပြုတ်ပေးကြတဲ့ ရပ်ကွက်ထဲက အဖွဲ့သားတွေအားလုံး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ စုပေါင်းအားနဲ့မို့ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တာပါ။
နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေနဲ့ ပြန်ဆုံကြမယ်နော်။"
၂၀၂၆ သင်္ကြန်အကြတ်နေ့ အလှူတော် 🥣
ယနေ့ အလှူ - ငါးကျည်း မုန့်ဟင်းခါး
မနက်ဖြန် အလှူ - ကြက်ဆီထမင်း
မနက်ဖြန် နေ့လည် (၂) နာရီ အရောက်လာခဲ့ဖို့ အားလုံးကို ဖိတ်ပါတယ်ခင်ဗျာ။ ကြက်ဆီထမင်း ကောင်းကောင်းလေး ကျွေးမှာမို့လို့ မမေ့နဲ့နော်! 🍗🍚
၂၀၂၆ သင်္ကြန်အကျနေ့ အလှူတော်မင်္ဂလာ 💦
ဒီနေ့ သင်္ကြန်အကျနေ့မှာတော့ ကျွန်တော်တို့ "မုန့်လုံးရေပေါ်" အလှူလေး လုပ်နေပါတယ်။ မနက်ဖြန်မှာလည်း ထပ်မံပြီး မုန့်ဟင်းခါး အလှူလေး ဆက်လုပ်သွားဖို့ ရှိပါတယ်ခင်ဗျာ။
မနက်ဖြန် နေ့လည် (၂) နာရီ အရောက်လှမ်းခဲ့ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်နော်။ မမေ့နဲ့ဦးနော်... မုန့်ဟင်းခါး အဝစားဖို့ စောင့်နေပါမယ်။
မနက်ဖန် ကြ လာဖြစ်အောင်လာနော်
Welcome
Water Pearl Hotpot - ရေပုလဲ ချွမ့်ချွမ့်ရှမ်းဟော့ပေါ့
Water Festival Bike
သင်္ကြန်ရေအေးအေးနဲ့အတူ ဘဝခရီးလမ်းကို အရှိန်အဟုန်ကောင်းကောင်းနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။
• လမ်းခရီးတိုင်း ဘေးကင်းပါစေ။
• ဘဝခရီးတိုင်း သာယာပါစေ။
• စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့အတူ ထာဝရပျော်ရွှင်ပါစေ။"
13-4-2026
30/03/2026
သင်္ကြန်မှာ CBG ရဲ့ အလှူ
၁၃၈၇ ခုနှစ် ရဲ့ တန်ခူးလ သင်္ကြန် အခါသမရ မှာ . Crazy Bikers Group မိသားစု မှအလှူ ဒါန လေးပြုပေး မှာမို့
လမ်းကြုံ လို့ ပဲ ဖြစ်ဖြစ် .. သက်သက်ပဲ လာလာ .. မပျက် မကွက်တော့ လာအားပေးဖို့ ဖိတ်ပါရစေ...
နေရာ . ရေပုလဲ(သင်္ဃန်းကျွန်း၊ဇဝန)
အချိန် . နေ့လည် - ၂ နာရီ
ကျွေးမည့် အစီအစဉ် ..
၁၄.၄.၂၀၂၆ သင်္ကြန် အကျနေ့ - မုန့်လုံးရေပေါ်
၁၅.၄.၂၀၂၆ အင်္ကြန် အကြတ်နေ့ - ငါးကျည်း မုန့်ဟင်းခါး
၁၆.၄.၂၀၂၆ အင်္ကြန် အတက်နေ့ - ကြက်ဆီထမင်း
🚴♂️ Crazy Bikers Group ရဲ့ နှစ်ဦးအစ ၁၁ ကုန်း ခရီးစဉ်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ဟာ Crazy Bikers Group အတွက်တော့ အမှတ်တရတွေနဲ့ စတင်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ နှစ်သစ်ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် စိန်ခေါ်မှုရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ ၁၁ ကုန်း ဆီသို့ အဖွဲ့ဝင် (၁၆) ဦးဖြင့် တက်ကြွစွာ ခရီးထွက်ခဲ့ကြပါတယ်။
🌅 ခရီးစဉ်အစနှင့် နံနက်ခင်းဖြတ်သန်းမှု
ခရီးစဉ်ကို နံနက်စောစော ၅:၃၀ နာရီ မှာ Inno City ရှေ့ကနေ စတင်စုရပ်လုပ်ပြီး ထွက်ခွာခဲ့ကြပါတယ်။ အမှတ် (၃) လမ်းမကြီးအတိုင်း စက်ဘီးစီးနင်းလာခဲ့ကြပြီး လှည်းကူး မြို့အရောက်မှာတော့ ခရီးတစ်ထောက်နားကာ အားအင်ဖြည့်တင်းဖို့အတွက် နံနက်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါတယ်။
⛰️ ၁၁ ကုန်း စိန်ခေါ်မှုကို ရင်ဆိုင်ခြင်း
နံနက်စာစားပြီးနောက် ဖေါင်ကြီး - တိုက်ကြီး လမ်းခွဲကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ၁၁ ကုန်း ကို စတင်တက်ရောက်ခဲ့ပါတယ်။ ကုန်းအတက်အဆင်းတွေနဲ့ စိန်ခေါ်မှုရှိလှတဲ့ ဒီလမ်းပိုင်းဟာ Bikers များအတွက်တော့ ချွေးထွက်သံယိုဖြစ်ရပေမယ့် အဖွဲ့ဝင်တွေရဲ့ စည်းလုံးမှု၊ အားပေးမှုတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။
🍲 နေ့လည်စာနှင့် ရင်းနှီးပွင့်လင်းမှု
နေ့လည်ပိုင်းမှာတော့ မှော်ဘီ ရှိ ကိုကျော်မိုး ရဲ့ ခြံမှာ ခေတ္တနားခိုခဲ့ကြပါတယ်။ အိမ်ရှင် ကိုကျော်မိုးရဲ့ နွေးထွေးလှတဲ့ ဧည့်ခံမှု၊ အရသာရှိလှတဲ့ နေ့လည်စာတို့ကြောင့် ခရီးပန်းသမျှ အမောအပန်းတွေ ပြေပျောက်ခဲ့ရပါတယ်။ အဖွဲ့ဝင်တွေအကြား ရယ်မောပျော်ရွှင်ရင်း ရင်းနှီးမှုတွေကို ပိုမိုခိုင်မာစေခဲ့တဲ့ အချိန်လေးလည်း ဖြစ်ပါတယ်။
🏁 အိမ်အပြန်ခရီး
ခရီးစဉ်တစ်ခုလုံးကို အောင်မြင်စွာ စီးနင်းပြီးနောက် ညနေ ၅:၃၀ နာရီ မှာတော့ ရန်ကုန်မြို့သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
"ကျန်းမာရေးအတွက် စက်ဘီးစီးရင်း၊ သဘာဝအလှတရားတွေကို ခံစားကာ မိတ်ဆွေသစ်၊ အတွေ့အကြုံသစ်တွေ ရရှိခဲ့တဲ့ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။"
နောက်များ ကြုံ ကြိုက်ခဲံ ရင် လိုက်ပါ စီးနှင်း ကြဖို့ ဖိတ် ခေါ် အပ် ပါတယ်...
Welcome CBG
Good morning ☀️
ဆောင်း ဝင်နေတဲ့ မနက်ခင်းနဲ့ CBG
မိုးရာသီ အကြို နေပူပူ ရာဘာခြံ သို့ ခရီးစဉ်
၂၇-၄-၂၀၂၅ ၁၄ ယောက်
Click here to claim your Sponsored Listing.
Location
Category
Address
No.28(A+B),Thumingala Road
Yangon
11071