21/05/2020
အိမ်မှာပဲ ကဲ လို့ရတဲ့ ပစ္စည်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဒါကတော့ Mini Trampoline (Jumping Fitness) လို့လဲခေါ်ပါတယ်။
ဝိတ်လဲကျ ဒွန့်လို့လဲရတယ်။ 😁 💃🏻🕺🏻
ဒီကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ trampoline ကိုပိုင်ဆိုင်ထားခြင်းအားဖြင့် သင်ကိုပျော်ရွှင်စေပြီး အဝလွန်ခြင်းကိုစိတ်ပူစရာမလိုဘဲ
၁။ ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေခြင်း၊ 💪🏻
၂။ သွေးစီးဆင်းမှုကိုတိုးတက်စေခြင်း၊ 🩸
၃။ အောက်စီဂျင်ဓာတ်တိုးခြင်း၊ 💨
၄။ ကြွက်သားများနှင့်အရိုးများကိုသန်မှာစေခြင်း။
စသည့် အကျိုးများရရှိနိုင်ပါသည်။
Not everything wonderful in life is too good to be true!
KG 130 လောက်ထိကစားလို့ရပါတယ်။
Delievery အိမ်အရောက်ပို့ပေးသည်။
✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦
လေ့ကျင့်ခန်းများ (Click the Link for more video exercise)
1.https://www.facebook.com/TheOneFitnessStudio.mm/videos/255936312394072/?v=255936312394072
2.https://www.facebook.com/TheOneFitnessStudio.mm/videos/553660542243650/
3.https://www.facebook.com/TheOneFitnessStudio.mm/videos/1630187230463993/
28/04/2020
ကဲ ဘော်ဘော်တို့ Gym မသွားရတော့ အိမ်မှာပဲ Train လို့ရတဲ့ ပစ္စည်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဒါလေးကတော့ TRX SUSPENSION TRAINING KIT လေးပါ။
နေပြီး အဆီပဲချချ ထုပဲတင်တင် အသားကျစ်ကျစ် ရတယ်တယ်နော် ဝိတ်တုန်းတွေမလိုပဲ အိမ်မှာနေပြီး လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။
TRX နဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း အများကြီးထဲမှာမှ လေ့ကျင့်ခန်း အချို့ကိုဖော်ပြပေးထားပါတယ်။
Amazingly Effective TRX Exercises
1. TRX push-up.
2. TRX chest press.
3. TRX inverted row.
4. Kneeling triceps press.
5. Low row.
6. Single-arm row.
7. Three-way row.
8. Triceps extension.
9. Atomic push-up.
10. Chest fly.
11. Biceps curl.
...................................................................
Promotion 30% Limited Stock Only
Price : 79000 Kyats
Now: 55300 only
..................................................................
ဒီအောက်က Linkတစ်ခုချင်းမှာ TRXရဲ့ နည်းတွေပါပါတယ်
🧐 What is TRX 👇
https://www.facebook.com/TheOneFitnessStudio.mm/videos/181957582913831/
🏩 How To Set Up TRX At Home👇
https://www.facebook.com/watch/?v=717569949012543
💪TRX Exercise 1 👇
https://www.facebook.com/TheOneFitnessStudio.mm/videos/665487510906081/
💪TRX Exercise 2👇
https://www.facebook.com/TheOneFitnessStudio.mm/videos/240150183856583/
11/10/2019
🎆🎆မင်္ဂလာပါ The One Fitness Studio ရဲ့ သီတင်းကျွတ် Special Promotion လေးပြန်လည် ရောက်ရှိလို့လာပါပြီနော်🎁🎋🎉🎆🎆
ဒီနေ့ခေတ်လို အလှအပထိန်းသိမ်းတတ်နေကြတဲ့ ခေတ်မှာ body Fitness beauty ကလည်း အရေးကြီးဆုံး အခန်းကဏ္ဍ ကနေ ပါဝင်လို့နေပါတယ် အမိုက်စား body အချိုးအဆ ကို ရရှိပိုင်ဆိုင်နိုင်ဖို့ The One Fitness Studio မှ တာဝန်ယူပါရစေ ...✌
သတင်းကောင်းပါးစရာလေးရှိလို့နေပါတယ် 😮😮ဒါကတော့ ကျွန်မတို့ Studio မှာ စာရင်းပေးဆော့ကစားသူတို့အတွက် သီတင်းကျွတ် promotion အနေနဲ့
ယခင် တစ်လဈေးနှုန်း
😳40,000 MMK ကို ယခု 37,000 MMK😳
ယခင် နှစ်လဈေးနှုန်း
😮76,000 MMK ကို ယခု 70,000 MMK😮
ယခင် သုံးလဈေးနှုန်း
😳114,000MMK ကို ယခု 100,000 MMK 😳
တို့ဖြင့် အထူး promotion အစီအစဉ် လေး စီစဉ်ပေးထားပါတယ်ရှင်🙀
ခုလို ဈေးနှုန်းနဲ့ ဆော့ကစားရမှာဆိုတော့ အရမ်းကို တန်နေပါပြီနော်👌 promotion ကာလကလည်း (15.10.19)မှ (25.10.19) ထိပဲဆိုတော့ အမြန်ဆုံး စာရင်းသွင်းအပ်ထားဖို့တော့ လိုမယ်နော် ✌
ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ The One Fitness Studio မိသားစုမှ မိတ်ဟောင်း၊ မိတ်သစ် Customer များကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး သွယ်လျလှပသော ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုပြုလိုက်ရပါတယ်ရှင်🙏🏻🙏🏻🎊🎆🎆
**********************
The One Fitness Studio အား (12.10.2019)မှ (14.10.2019)ထိ ပိတ်မည်ဖြစ်ကြောင်းလည်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်
အသေးစိတ်သိရှိလိုပါက 09-775275010ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် 🙏🏻
27/08/2019
ဗိုက်ခေါက်အဆီလျော့ရန်
************************
အဆီများ ဗိုက်ခေါက်တွင် စု၍ ဗိုက်ပတ်လည် ၊ ခါး ပတ်လည် ဖောင်းကားထွက်
လာပါက ၎င်းပုံသဏ္ဍာန် ကို ပန်းသီးပုံ ( apple shape ) အဆီစုခြင်းဟုခေါ်ပါသည် ။
အဆီများ တင်ပါး နှင့် ပေါင်တွင် စု၍ တင်ပါး အကြီး ကြီး ၊ ပေါင် အတုတ်ကြီး
ဖြစ်လာပါက ၎င်း ပုံသဏ္ဍာန် ကို သစ်တော်သီးပုံ ( pear shape ) အဆီစုခြင်း
ဟု ခေါ်ပါသည် ။
apple shape ပုံသဏ္ဍာန် အဆီစုခြင်းသည် ဆီးချို ၊ သွေးတိုး ၊ နှလုံး ရောဂါ ဖြစ်ခြင်း၊
လေဖြတ်ခြင်း နှင့် ကင်ဆာရောဂါ ဖြစ်ခြင်း တို့ နှင့် ပိုမို ဆက်စပ်လေ့ရှိပါသည် ။
တင်ပါးနှင့်ပေါင် တွင် အဆီစုခြင်း ( pear shape ) က အမျိုးသမီးများတွင် ဖြစ်လေ့
ရှိပြီး၊
ဗိုက်ပတ်လည် ၊ ခါးပတ်လည် အဆီစုခြင်း ( apple shape ) က ကျား မ နှစ်မျိုးလုံးတွင်
ဖြစ်တတ်သော်လည်း ၊ အမျိုးသားများတွင် ပို ဖြစ်ပါသည် ။
..
ဗိုက်တွဲ ဗိုက်ရွှဲ ဗိုက်ကား ခြင်းသည်
- မျိုးရိုးကြောင့်လည်းဖြစ်ပါသည်
- အလှုပ်အရှားနဲသော နေထိုင်မှု ကြောင့်လည်းဖြစ်ပါသည်
- အဆီဖြစ်စေသော အစားအစား စားသုံးမှု များခြင်းကြောင့်လည်းဖြစ်ပါသည်
- ကိုလက်လှုပ်ရှား အားကစား လုပ်ခြင်း မရှိခြင်းကြောင့်လည်း ဖြစ်ပါသည်
..
ဗိုက်အဆီ မအောင်းစေရန်
- အဆီလျော့ပါးသော အဟာရဖြစ်ဖွယ် အစားအသောက် ရွေးချယ်စားသောက်ခြင်း
( အဆီ ပိုလျံ မှု မရှိအောင် ထိန်းသိမ်းရာရောက်ပါသည် )
- လေ့ကျင့်ခန်းလုပ်ခြင်း ၊ ဥကမာ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း ၊ ရေကူးခြင်း ၊
စက်ဘီးစီးခြင်း /
( စုမိနေသော အဆီများ ကုန်ခန်းသွားအောင် လောင်ကျွမ်းစေပါသည် )
- နှစ်ချိုက်စွာ အိပ်ပျော်ခြင်းသည် အဆီများကို လောင်ကျွမ်းလျော့ပါးစေနိုင်သဖြင့်
နေ့စဉ် ( ၈ )နာရီပုံမှန် နှစ်ချိုက်စွာအိပ်ပျော်အောင် ဂရုပြုရမည် ဖြစ်ပါသည် ။
..
ယခု အဓိကပြောမှာကတော့ ဗိုက်အဆီ လျော့စေမည့် အစားအစာ
အကြောင်းဖြစ်ပါသည် ။
..
1. Fiber rich foods ( ဖိုင်ဘာကြွယ်ဝသော အစားအစာများ )
ပဲသီး ပဲတောင့် အမျိုးမျိုး ၊ အသီး အရွက် အမျိုးမျိုး ။
ဖိုင်ဘာပါသည့် ပဲ အသီး အရွက်များ စားသုံးသောအခါ ၀မ်းဖောဝမ်းရောင် မဖြစ်ရန်
ရေ ကို ၆ ခွက် မှ ၈ ခွက်ထိ သောက်သုံးရန် လိုပါသည် ။
..
2. Foods containing protein ( ပရိုတိန်းဓါတ် ကြွယ်ဝသော အစားအစာများ )
ပရိုတိန်းဓါတ်က ချေဖျက်ရန် အချိန်ယူရသဖြင့် အစာခံပြီး တင်းတိမ်စေပါသည် ။
ဒိန်ချဉ် ၊ အဆီထုတ်ထားသော နို့ ၊ အသား ၊ ငါး ၊ ဥ ၊ ပဲ အမျိုးမျိုး ၊ ဂျုံ ၊ အစေ့ အဆန်၊
တို့ စားသုံးနိုင်ပါသည် ။
..
3. Foods that are high in water content. ( အရည်ရွှမ်း သော အစာများ )
ဥမမာ - ဖရဲသီး ၊ ဘယ်ရီသီးများ ၊ ရှောက်ခါးသီးကြီး ( grapefruit ) ၊ သခွါးမသီး ၊
လိမ္မော်သီး ၊ ပန်းသီး ၊ သစ်တော်သီး ၊ သခွါးသီး ၊ ဆလပ်ရွက် ၊ တရုပ်နံနံကြီး ၊
မုန်လာဥ ၊ ခရမ်းချဉ်သီး ၊ ဂေါ်ဖီထုပ် အစရှိသည်တို့ စားသုံးနိုင်ပါသည် ။
..
4. Hot foods ( ပူလောင်သော အစာများ )
ပူပူလောင်လောင် အစားအစာက များများ မစားဖြစ်စေပါ ။ ပူစပ်သော အစားအစာ
ကလဲ များများ မစားနိုင်သလို ၊ အစာခြေခြင်းကို အထောက်အကူပြုပါသည် ။
..
5. Foods that increase metabolism ( ဇီဝကမ္မဖြစ်စဉ်ကို ကူညီသောအစာများ )
ဥပမာ - Green tea တွင်ပါဝင်သော ဓါတ်တိုးကာကွယ် ပစ္စည်းက
အဆီများလောင်ကြွမ်းမှုကို အားပေးသဖြင့် weight ကျစေပါသည် ။
ငရုပ်သီးမှုန့် ၊ ငရုပ်ကောင်းမှုန့် တို့ က ခန္ဓာကိုယ် အပူချိန်တိုးစေ၍ အဆီလောင်ကျွမ်း
ခြင်းကို အားပေးပါသည် ။
ရှာလကာရေ ကလဲ အဆီဓါတ် ပြိုကွဲမှုကို အားပေးပါသည် ။
..
ဗိုက်လျော့စေချင်ရင်
အဆီရှောင်ရုံဖြင့် မလုံလောက်ဘဲ ၊ အထောက်အကူပြုသည့် အစားအစာ ကိုရွေးချယ်
စားသောက်သလို ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ လဲ မေ့ထားလို့ မရပါကြောင်း ။
..
Crd Dr Myint Thein