Kyaw Zin Oo

Kyaw Zin Oo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Zin Oo, Sport & recreation, Yangon.

14/07/2024

ရောက်ရှိမြဝတီ

Photos from Kyaw Zin Oo's post 30/06/2024

29. 6.24
13:00
ဆာလံ 23 အခန်းငယ်6
အကယ်စင်စစ်အကျွန်ုပ်သည်ကျေးဇူးနှင့်ဂရုဏာတော်ကိုတစ်သက်လုံးခံစား၍ထာဝရဘုရား၏အိမ်တော်မှာအစဥ်အမြဲနေရပါလို၏............................

25/04/2024

တကယ်လို့အမျိုးသမီးတစ်ယောက်က
အသက်လည်း၃၀ကျော်နေပြီ
ငွေလည်းရှာနိုင်တယ်
ရုပ်လည်းချောတယ်
ရည်းစားလည်းမရှိဘူးဆိုရင်
သူက... ယောက်ကျားမယူတော့ပါဘူး
မိန်းမယူဖို့ စောင့်နေတာပါ😜😜😜

Photos from Kyaw Zin Oo's post 14/04/2024

ကောင်းခြင်းတွေနဲ့ရိုးသွားစွာဖြတ်သန်း

12/04/2024

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
-------------------------------------------

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ
အရောင်ရွေးချယ်မှုက အဓိကကျပါတယ်။ လတ်ဆတ်ပြီး
စိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ
သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ။

ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင်
ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

(၁) အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို
အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ
ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို
သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။
ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ
နှလုံးခုန်နှုန်းကို မြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။
ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ
ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့
လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက
ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

(၂) ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။
အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့်
နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။
သိပ်ပြီး ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင် အဖြူမသုံးသင့်ပါဘူး။

အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး
သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့
အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့
လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။
အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့
တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

(၃) အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ
ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ
အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာ
သင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင်
ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို
မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။
နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

(၄) မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့
မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။
ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို
မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

(၅) ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။
အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့
Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှ
မသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကို
ရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။
အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့
အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။

Credit Photos And Writer

Photos from Kyaw Zin Oo's post 06/04/2024

မြန်မာ့ပထမဦးဆုံး သေနတ်အရောင်းဆိုင်"

"ပန်းဆိုးတန်းက သေနတ်အရောင်းဆိုင်"

အဂ်လိပ် ကိုလိုနီခေတ် ၁၉၄၉ ခုနှစ်ဝန်းကျင်က အမှတ် ၁၂၈ ဖဲယားလမ်း ( ယခု ပန်းဆိုးတန်း ) မှာ “လက်နက်နှင့်ခဲယမ်းများ” ရောင်းချခဲ့ဖူးပါတယ်။ အဆိုပါ လက်နက်အရောင်းဆိုင်များဟာမြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပထမဦးဆုံး တရားဝင်ရောင်းချသော လက်နက် ကုန်တိုက်ကြီးဖြစ်ပါတယ်။

အဲဒီ ပန်းဆိုးတန်းလမ်းပေါ်မှာ လက်နက်နဲ့ ခဲယမ်း မီးကျောက်တွေ ရောင်းတဲ့ဆိုင် အနည်းဆုံး နှစ်ဆိုင် ရှိခဲ့တယ်ဆိုတာ ယနေ့ခေတ်လူတွေ မသိတဲ့သူများကြပါတယ်။

အဲဒီဆိုင်တွေကတော့ အမှတ် ၁၄၆၊ ဖယ်ယာလမ်း က Messrs Burma Arms and Ammunition ဆိုင်နှင့် အမှတ် ၁၂၈၊ ဖယ်ယာလမ်းက YE. Modan Bros Ltd (ဝိုင်အီး မိုဒန်း ဘရားသား ဆိုင်) တို့ ဖြစ် ပါတယ်။

ဖယ်ယာလမ်း(phayre street) လို့ ရှေးအရင်က ခေါ်တဲ့ ပန်းဆိုးတန်းလမ်းမှာ ထင်ရှားတဲ့ အဆောက်အအုံတွေ အများ
အပြားရှိပါတယ်။

Sofaer အဆောက်အအုံ တွေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Irrawaddy Flotilla စတဲ့ အထင်ကရနေရာတွေ။ ကျယ်ကျယ် လွန့်လွန့်ရှိပြီး သာသာယာယာလမ်းလျှောက်နိုင်တဲ့ ပန်းဆိုးတန်းလမ်း။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်ကိုကိုယ်သမိုင်းထဲမှာ နှစ်မြှုပ် ထားလို့လည်း ရပါတယ်။

ပန်းဆိုးတန်းဆိုတဲ့ လမ်းအမည်က သူ့အနီးအနားမှာ နေတဲ့ သူတွေရဲ့ အလုပ်အကိုင်ကြောင့် အဲဒီ အမည် နာမ အသုံးတွင်လာခဲ့တာပါ။

မြန်မာစကားလုံး အဓိပ္ပါယ်အရ "ပန်းဆိုးတန်း" ဆိုတာ အဝတ်အစားတွေကိုဆေးဆိုးပန်းရိုက်လုပ်တာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်ကိုင်သူတွေနေတဲ့လမ်း၊ ပန်းဆိုးတန်းလမ်းလို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းတော့ ဒီလမ်းကို အောက်မြန်မာပြည် ကော်မရှင်နာ မင်းကြီး ဆာအာသာဖယ်ယာကို အစွဲပြုပြီး ဖယ်ယာလမ်း လို့ အမည်ပြောင်းခဲ့ပါတယ်။ လမ်းရဲ့ အပေါ်ဘလောက်မှာ ပြဇာတ်ရုံတွေ ရှိလာပေမဲ့လို့ လူတွေကလမ်းကို နှုတ်စွဲနေသော အမည်ဖြစ်သည့် ပန်းဆိုးတန်း လို့သာပိုပြီး ခေါ်ဆိုခဲ့ကြတယ်။

၂၀ ရာစု အစောပိုင်းမှာ မော်လမြိုင်နဲ့ရန်ကုန်မြို့တွေက ပင်လယ်ဆိပ်ကမ်းမြို့တွေဖြစ်လာခဲ့ပြီး အမဲလိုက်သူတွေ နဲ့ တခြားသေနတ်အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဖို့ လက်နက်ဆိုင်ကို ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။

လက်နက်ဆိုင်တွေက ပစ္စတို၊ခြောက်လုံးပြူး၊ ရိုင်ဖယ်၊ ပြောင်းချောသေနက်၊ လေသေနက်နှင့် ကျည်မျိုးစုံ… စသဖြင့် လက်နက်ခဲယမ်းမျိုးစုံကိုရောင်းချကြပါတယ်။ လက်နက်ရောင်းချတဲ့လုပ်ငန်းဟာ အချိန်တိုအတွင်း ရန်ကုန်နဲ့ မြန်မာနိုင်ငံ တခြားအရပ်ဒေသတွေက ဖောက်သည်ကောင်းတွေ အများအပြားရခဲ့ပါတယ်။

အဲဒီတုန်းက YE. Modan Bros က ရန်ကုန်မှာ လူသိအများဆုံး လက်နက်အရောင်းဆိုင်ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒီလေးထပ်အဆောက်အအုံရဲ့ မြေညီထပ်မှာ OS စာအုပ် အဟောင်းဆိုင်နဲ့ GEC သမဝါယမလက်လီအရောင်း ဆိုင်တွေ ဖွင့်လှစ်ထားပါတယ်။

အဆောက်အအုံရဲ့ အဝင်မှာ စကျင်ကျောက်သားနဲ့ လုပ်ထားတဲ့ လှေကားထစ်တွေရှိပြီး စာအုပ်အဟောင်း ဆိုင်ရဲ့ မြေညီထပ်ခန်းမမှာတော့ ကြွေပြားတွေမူလ လက်ရာမပျက်ဘဲရှိပါသေးတယ်။ အဆောက်အအုံမှာ အသုံးပြုလို့ မရတော့တဲ့ ဓါတ်လှေကား တစ်ခုရှိပြီး ဒီအဆောက်အအုံကြီးရဲ့ တစ်ချိန်က ထည်ဝါမှုပြယုဂ် တစ်ခုအဖြစ် ကျန်ရှိနေ ပါသေးတယ်။

အဲဒီခေတ်မှာတောင် ရန်ကုန်မှာ သေနတ်ဆိုင်ဖွင့်ဖို့ ဆိုတာက စွန့်စားရတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာ အများဆုံးလုပ်ကိုင် ကြတာက ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ရေကြောင်း ပို့ဆောင်ရေးနဲ့ အာမခံလုပ်ငန်းတွေသာ ဖြစ်လို့ပါ။

ဒါပေမဲ့ ကိုလိုနီအရာရှိကြီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ အထူးအခွင့်အရေး ရကြပြီး ဖွင့်ခွင့်ပေးခဲ့ပါတယ်။

ဒီလိုလူတွေအတွက် သေနတ်တစ်လက်ရှိထားခြင်းဟာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ ဒါမှမဟုတ် နိုင်ငံ အတွင်း လှည့်လည်ခရီးသွားကြတဲ့အခါ ကျား၊ ကျွဲ၊ သမင် စတဲ့ တိရစ္ဆာန်တွေကို အမဲလိုက်ဖို့အတွက် ဖြစ်ပါတယ်။

အင်္ဂလိပ်လို ထုတ်ဝေတဲ့ သတင်းစာအဟောင်းတွေကို ဖတ်ကြည့်မယ်ဆိုရင် ပန်းဆိုးတန်းလမ်းတလျှောက်က သေနတ်ဆိုင်တွေရဲ့ ကြော်ငြာတွေကို စာဖတ်သူတွေ မြင်တွေ့နိုင်ပါတယ်။

လက်နက်တွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရာက တစ်ဆင့် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တာကြောင့် မလိုလားအပ်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်ဖို့ အတွက် သေနတ်နဲ့ခဲယမ်းမီးကျောက်တွေ ရောင်းချမှုကို အစိုးရက ဈေးနှုန်းမြှင့်တင်ခြင်းဖြင့် ထိန်းချုပ်ဖို့ဆိုပြီး ဗမာကုန်သည်ကြီးများအသင်းက ပေးပို့တဲ့ အကြံပြုစာ တစ်စောင်ကို ၁၉၁၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် သူရိယသတင်းစာမှာ ဖော်ပြခဲ့ ပါတယ်။

YE. Modan Bros လက်နက်တိုက်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အချိန်ကာလအထိ ဖွင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဈေးကွက်ကျဆင်းပြီး လက်နက် ပိုင်ဆိုင်မှုအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာကြောင့် နောက်ဆုံးမှာ ပိတ်လိုက်ရပါတယ်။

၁၉၅၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေက လက်နက်နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ ပိုင်ဆိုင်မှုကို တားမြစ်ခဲ့ပြီး နိုင်ငံအတွင်း ကိုယ်ပိုင်သေနတ်ကိုင်ဆောင်ခြင်းကို အဆုံးသတ်စေခဲ့ပါတယ်။

အကျိုးဆက်ကတော့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ သေနတ်ဆိုင်ကို ပိတ်ပစ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Credit -
#ရေးသားသူ_ဆန်းလင်းထွန်း
(ဆန်းလင်းထွန်းသည် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို နှင့် ဝတ္ထုရှည်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသား သော အလွတ်တန်းစာရေးဆရာတစ်ယောက် ဖြစ်သည်။)

03/04/2024

ညဖက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။

အဲ... ဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေးစကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက် သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။

သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။

အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရေရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။

တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရပြန်တယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း မဆိုးပါဘူး" ဆိုပြီး ထပြန်သွားတယ်..

အဲ့အချိန်မှာဘဲ.. အဲ့ဒီ အဖြစ်အပျက်တွေကို " ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲ” က ပြုံးနေလေသတဲ့ ...
😆

𝓬𝓻𝓮𝓭𝓲𝓽 𝓽𝓸 𝓸𝓻𝓰𝓲𝓷𝓪𝓵 𝔀𝓻𝓲𝓽𝓮𝓻

(ဘ၀အမောပြေနိုင်ကြပါစေ)

Photos from Kyaw Zin Oo's post 29/03/2024

ကောင်မလေးတွေက ကျွန်တော်ထားခဲ့မှာကို အရမ်းစိုးရိမ်ကြောက်ကြတယ်ဗျ ဘာလို့လည်းဆိုတော့
ကျွန်တော်က ဖယ်ရီကားမောင်းတာလေ 😁😁😁

Photos from Kyaw Zin Oo's post 27/03/2024

‼️Atom သုံးစွဲသူ Customer များအတွက် ‼️

🔴ယခုအခါတွင်မသာ မာသူများမှ Waves message ဖြင့် ...

‼️ATOM မှကံစမ်းမဲပေါက်ပါသည်ဟု လိမ်လည်ကာ SMS ပို့၍ ဖုန်းဆက်ခိုင်းခြင်း.......

⛔စုငွေထုတ်ရန် ဖုန်းဘေမည်မျှထည့်ရမည် ပြော၍ ဖုန်းဘေလွှဲပြောင်းလိမ် လည်ခြင်းများပြုလုပ်နေပါသည် ....

‼️သို့ဖြစ်ပါ၍ သုံးစွဲသူ Customer များအနေဖြင့် ချင့်ချိန်၍ ယုံကြပါရန်နှင့် ......

‼️မဖြစ်နိုင်သောကိစ္စအတွက် စုံစမ်းမေးမြန်း၍ အလုပ်လုပ်ကြပါရန် စာနာစွာ သတိပေးအပ်ပါသည်။

✅call center no- 09790097900(or)979
(လိုင်းခွဲနံပါတ် 519 သို့တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

24/03/2024

အခုတာ့အုပ်ကြီးလည်းမဲနှိုက်စရာမလိုပဲစာရင်းထဲထည့်လိုက်ပြီ
# crd

Photos from Kyaw Zin Oo's post 24/03/2024

ကျော်ကြီးနှင့် ဘော်ဘော်ကထော်များတစ်သိုက်

23/03/2024

''ချစ်ရင်တော့ စောင့်ကြတာပါပဲ
1 နှစ်ဖြစ်ဖြစ် 10 နှစ်ဖြစ်ဖြစ်ပေါ့
ချစ်ခြင်းမှာ Expire date မှ ကပ်မထားဘဲ
မေတ္တာမှန်ရင် အဓွန့်ရှည်တည်တံ့ပါတယ်''

''အနေနီးမှ ချစ်ကြမယ်ဆိုတာ
အဲဒါအချစ် မဟုတ်ပါဘူး..
အထိအတွေ့မှာ သာယာနေရုံသက်သက်ပါ..
တကယ်တော့ အချစ်ဆိုတာ..
အနေနီးနီး မနီးနီး သစ္စာတရားကို
တန်ဖိုးထားပြီး ချစ်နေဖို့ပါ။

ယာကုပ်က ရာခလေကို ချစ်မိလို့ ၇ နှစ်အစေခံဖို့ကို ''နည်းသောနေ့ရက်'' ထင်မှတ်နိုင်ခဲ့တာပါ..
၇ နှစ်လည်းစေ့ရော သူအလိမ်ခံရတယ်..
ဒါမယ့် သူဇွဲမလျှော့ခဲ့ဘူး..

ရာခေလအတွက် နောက်ထပ် ၇နှစ်
ထပ်ပြီး အစေခံခဲ့တယ်..
တကယ်ချစ်တဲ့သူကတော့ မိန်းကလေးက ဖြစ်ဖြစ်
ယောကျာ်းလေးကဖြစ်ဖြစ် တကယ် စောင့်နိုင်ပါလိမ့်မယ်။

ဖောက်ပြန်နေကြတဲ့ ခေတ်ကြီးမှာ ကိုယ့်ကို
သစ္စာရှိရှိ ချစ်ပေးတဲ့သူရှိခဲ့ရင်လည်း
လက်မလွှတ်မိပါစေနဲ့....
တကယ်လို့ သစ္စာမရှိတဲ့တစ်စုံတစ်ယောက်နဲ့
တွေ့ခဲ့ရင်လည်း စွန့်လွှတ်ဖို့ ဝန်မလေးပါနဲ့။

ချစ်တတ်ကြပါစေ 🥰crd #

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon