DV for all

DV for all

Share

Provide best service to clients.

Photos from DV for all's post 04/10/2023

DV lottery ထိုးလို့ရပါပြီ
ကိုယ်တိုင်တင်ချင်သူများအနေနဲ့ လူလိမ် (fraud website) တွေကိုမတင်မိဖို့ အထူးသတိထားပါ
DV for all page ကလည်း dv lottery တင်ဖို့ ဝန်ဆောင်မှုပေးပါတယ်

Photos from DV for all's post 25/09/2023

DV ထိုးလို့ရတော့မယ်နော်
American dream အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ?

DV နဲ့ ပတ်သတ်တဲ့ လိုအပ်တဲ့ အချက်အလက်တွေအကုန် Page မှာတင်ပေးထားတယ်နော် 👌👌

07/05/2023

DV Lottery 2024 အတွက် Results လေးတွေကို Mail ကနေတစ်ဆင့်အားလုံးကိုပို့ပေးပြီးပါပြီနော်
ကံကောင်းသွားတဲ့သူတွေအတွက်လည်းအရမ်းဝမ်းသာသလို ကံမကောင်းခဲ့သူတွေအတွက်လည်းစိတ်ဓါတ်မကျပဲဆက်ထိုးဖို့အကြံပေးချင်ပါတယ်နော်
Good luck next year🌟

25/12/2022

Merry Christmas Everyone🎄🎁
DV ပေါက်ကျပါစေလို့ဆုတောင်းပေးလိုက်ပါတယ်🎉

09/11/2022

DV Lottery 2023 ဟာပြီးဆုံးသွားပြီဖြစ်ပါတယ်

မထိုးလိုက်ရသူတွေကလည်းနောက်နှစ်နောက်နှစ်တွေမှာထိုးလို့ရပါသေးတယ်နော်

ထိုးပြီးတဲ့သူတွေလည်းကံကောင်းကြပါစေလို့ DV For All မှဆုတောင်းပေးလိုက်ပါတယ်🙏

07/11/2022

Server ပြန်ကောင်းနေပါတယ်
Admin တို့အစွမ်းကုန်ကြိုးစားပြီးတင်ပေးနေပါတယ်
မတင်ရသေးတဲ့သူတွေ အခုမြန်မြန်တင်ကြပါနော်
အားလုံးပဲကံထူးကြပါစေ

07/11/2022

အမေရိကန်နိုင်ငံသားဖြစ်ဖို့ ကံစမ်းရတဲ့ DV 2023 ဟာ မနက်ဖြန် November(8) ရက်နေ့ ဆိုပြီးပါပြီရှင့်

Admin တို့ဘက်ကတော့ ဒီနေ့နောက်ဆုံးသာ ဖောင် လက်ခံပါတယ်ရှင့်
မနက်ဖြန်က နောက်ဆုံးရက်ဆိုတော့ Website ကကြာလို့ Error တွေတက်တတ်လို့ပါ

ဒီနေ့အမြန်ဓါတ်ပုံသွားရိုက်ပြီကံစမ်းလိုက်နော်

01/11/2022

Close date - November 8
2023 DV Lottery ပြီးဆုံးဖို့ တစ်ပတ်သာလိုပါတော့တယ်နော်

နိုဝင်ဘာလ(၈) ရက်နေ့ထိရပေမဲ့ နောက်ဆုံးရက်ဖြစ်တဲ့အတွက် Entry အရမ်းများရင် Website ကနှောင့်နှေးတာမျိုးဖြစ်တတ်လို့ ဖြစ်နိုင်ရင် နိုဝင်ဘာ(၇)ရက်နေ့ နောက်ဆုံးထားပြီးတင်စေချင်ပါတယ်ရှင့်

မတင်ရသေးတဲ့သူတွေလည်း တစ်ပါတ်သာအချိန်ရှိပါတော့တယ်နော်
နောက်ဆုံး(၇)ရက်ဖြစ်တဲ့အတွက် Admin တို့ဘက်ကလည်း အမြဲ Online ရှိနေပေးပါတယ်နော်
အားလုံးကံကောင်းကြပါစေ

19/10/2022

2023 ခုနှစ်မှာ အမေရိကန်နိုင်ငံသားဖြစ်ဖို့အတွက် DV Lottery ထိုးဖို့ ရက်(၂၀)သာလိုပါတော့တယ် 😮

ဘယ်သူတွေထိုးပြီးကြပြီလဲ?

မထိုးရသေးရင် DV For All ကိုလာခဲ့လိုက်နော်!!!

06/10/2022

DV For All မှ Service fees ယူပုံအသေးစိတ်ကိုရှင်းပြပေးထားပါတယ်🤷🏻‍♀️

⚫️ဆယ်တန်းအောင်/ဘွဲ့ရထားပြီးတဲ့ single တွေအတွက် တစ်စောင်ကို 7000ks

⚫️ လင်မယားတွဲရက် (သို့မဟုတ်) မိသားစုလိုက်တင်မည်ဆိုပါက
ဦးဆောင်အတွက် 7000 + မှီခိုတစ်ဦးလျှင် 1500 = total တစ်စောင်အတွက် 8500
အပြန်အလှန်တင်လျှင် 17000 ks

အပေါ်ဟာကိုပြန်ရှင်းပြပေးပါမယ်

ဥပမာ
ဦးလှ + ဒေါ်မြ က လင်မယား
ဦးလှ နာမည်နဲ့ ဦးဆောင်တစ်စောင်လျောက်ရင်
ဦးလှ(ဦးဆောင် 7000) + ဒေါ်မြ (မှီခို 1500) = အဲ့အတွက်‌ကြောင့် ဦးမြနာမည်နဲ့ တစ်စောင်ကို 8500 ကျပ် ကျသင့်မှာဖြစ်ပါတယ်

အပြန်အလှန် အနေနဲ့ လျောက်မယ်ဆိုရင်တော့ ဒေါ်မြ( ဦးဆောင် 7000) + ဦးလှ (မှီခို 1500) = ဒေါ်မြ နာမည်နဲ့ တစ်စောင်ကို 8500 ks ကျမှာဖြစ်ပါတယ်။
အဲ့တော့ လင်မယား ၂ယောက် အပြန်အလှန် ၂စောင် တင်မယ်ဆို စုစုပေါင်း 17000ks ကျသင့်မှာဖြစ်ပါတယ်။

🔴အဲ့ဒီမှာတစ်ခုပြောစရာရှိတာက ဦးမြနာမည်တစ်ခုထဲနဲ့လျှောက်ပြီး ဒေါ်မြကမှီခိုနဲ့လျှောက်မယ် ဆိုရင်နှစ်ယောက်လုံးနာမည်နဲ့ မပေါက်နိုင်ပါဘူးနော်

ဘာလို့လဲဆိုတော့ပေါက်မယ်ဆိုရင် ဦးဆောင်လျှောက်သူနာမည်ပဲပါမှာပါနော် မှီခိုကမပါပါဘူး

အဲ့တော့ ဦးလှတစ်ယောက်နာမည်နဲ့ပဲထိုးထားရင်ဦးလှနာမည်နဲ့ပေါက်ဖို့ပဲမျှော်လင့်လို့ရမှာပါ။ဒေါ်မြနာမည်နဲ့ပါထိုးထားရင် ဦးလှ နာမည်ရော ဒေါ်မြနာမည်ရောပါပေါက်နိုင်ချေနှစ်ခုဖြစ်သွားမှာပါ

⚫️ အကယ်၍ ကိုယ့်မှာ အသက် ၂၁ နှစ်အောက် သားသမီး ရှိပါက မှီခိုတွဲရက်လျောက်သူထပ်တိုးသည့်အတွက် မှီခိုတစ်ဦးစီတိုင်းအတွက် 1500 စီ ထပ်တိုးပေးရမှာပဲ ဖြစ်ပါတယ်

မရှင်းသေးဘူးဆိုရင် Page messenger မှာမေးလို့ရပါတယ်
ဖုန်းဆက်ပြီးလည်းမေးလို့ရပါတယ်ရှင်

Photos from DV for all's post 05/10/2022

DV photo တွက် လိုအပ်ချက်များအကျဉ်းချုပ်

- ၂လက်မပတ်လည်၊ 240kb မကျော်တဲ့ ကြည်လင်ပြတ်သားပြီး ပြုပြင်မထားတဲ့ ဓာတ်ပုံ soft copy

-တတ်နိုင်သမျှ ဓာတ်ပုံဆိုင်မှာ သွားရိုက်ပြီး soft copy ကို ဖုန်း(သို့မဟုတ်) memory stick ထဲထည့်ခိုင်းပါ
(Online က တင်ရသောကြောင့် soft copy မဖြစ်မနေလိုပါသည်)

- မျက်မှန်မတပ်ရ၊ သနပ်ခါးမလိမ်းရ၊ မိတ်ကပ်လိမ်းမည်ဆိုလည်း အပြင်ကပုံနဲ့ ဓာတ်ပုံနဲ့ မတူအောင်မပြင်ရ၊ ဦးထုပ်မဆောင်းရ၊ နားရွက်ဖော်ပြီးရိုက်ရမည်။

-နောက်ခံအဖြူရောင် (Photoshop လုပ်ပြီး အဖြူထည့်ထားတဲ့ပုံမဖြစ်ရ)။
နောက်ခံအဖြူရောင်ဖြစ်တဲ့တွက် အင်္ကျီအဖြူရောင်မဝတ်ပါနဲ့

- ၆လအတွင်း ရိုက်ကူးထားတဲ့ပုံ ဖြစ်ရမယ်

ဓာတ်ပုံလိုအပ်ချက်တွက် အသေးစိတ်ရှင်းပြထားတာကို ဖတ်ချင်ရင်တော့ ဒီ link ထဲမှာ ဖတ်ပေးနော်

https://m.facebook.com/story.php?story_fbid=384734046638652&id=111706847274708

Photos from DV for all's post 04/10/2022

အခု Post မှာတော့ DV ထိုးဖို့လိုအပ်တဲ့အချက်လေးတွေကိုပြောပြပေးပါမယ် 🇺🇸

-ပထမဆုံးလိုအပ်တာကတော့မိမိရဲ့ နာမည်ပါ(မှတ်ပုံတင်ထဲမှနာမည်)

-နောက်တစ်ခုကတော့ Gender ပါ
ကျားဆိုရင်(ကျား)၊မကျားရင်တော့ (မ) ပေါ့နော့်😁

-မွေးသက္ကရာဇ်

- နောက်တစ်ခုကမွေးဖွားရာဇာတိမြို့ပါ

- မွေးဖွားရာနိုင်ငံ

- ဓာတ်ပုံအကြောင်းကတော့ပို့စ်တစ်ခုမှာသက်သက် အသေးစိတ်ပြောပြပါမယ် မှားမှာဆိုးလို့ပါ

-ပြီးတော့ လက်ရှိနေထိုင်ရာ နေရပ်လိပ်စာအပြည့်အစုံ

- လက်ရှိနေထိုင်ရာနိုင်ငံ

-မိမိရဲ့အမြဲတမ်းသုံးနေတဲ့ဖုန်းနံပါတ်

- E-mail Address

- မိမိရဲ့အတန်းပညာအရည်အချင်းအတိအကျ

- Current Marital Status(ဒီအချက်မှာ အိမ်ထောင်မရှိတဲ့သူတွေက အောက်ကတစ်ချက်ကိုဖတ်စရာမလိုပါဘူး)

- အိမ်ထောင်ရှိတဲ့သူများကတော့ မိမိရဲ့ ခင်ပွန်း(သို့)ဇနီး နှင့် ၂၁နှစ်အောက်သားသမီးတွေရဲ့ အချက်အလက်အပြည့်အစုံ နဲ့ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ဓါတ်ပုံတစ်ပုံစီ

မရှင်းတာရှိရင်လည်း အခု post အောက်မှာ (သို့) Chat Box မှာလာရောက်မေးမြန်နိုင်ပါတယ်ရှင့်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon