New Life Fitness Center

New Life Fitness Center

Share

Family Like Fitness Center in Yangon အမှတ် 14 မြေညီထပ်၊ ရှမ်းကုန်းလမ်း၊ ‌အမက 16 ရှေ့

30/12/2025

New Life Fitness Center
ကို
အမှတ်(၁၆)၊ ​မြေနီကုန်း​စျေးလမ်း​ (အောက်ဘက်)၊သို့​ပြောင်းလဲဖွင့်လှစ်ထားပါတယ်။
အရင်​နေရာ​လေးနဲ့သိပ်မ​ဝေးပါဘူး
ရှာမ​တွေ့ရင် ဒီဖုန်း​လေး​တွေကို
ဆက်လိုက်ပါ​နော်။
☆09784874132
☆09774370211
​နေရာ​လေး​ပြောင်းသွားတာကလွဲလို့
အရင်အတိုင်းပဲ.... အရင်လိုပါပဲ
ချစ်ခင်ခြင်းများစွာဖြင့်

06/12/2025

ဆောင်းရာသီရဲ့အ​အေးဓါတ်လေး​ကြောင့်အိပ်ယာထဲ​ကွေး​နေကြပြီလား ။
ကိုယ်ခန္ဓာအတွင်းပိုင်းမှာ​
နွေး​ထွေးမှု​လေး​တွေရှိမှ
ကျန်းမာ​ရေးနဲ့ညီညွတ်မယ်​လေ ။
လမ်း​လျှောက်ပါ။ပြေးပါ။
မနက်ခင်း​နေ​ရောင်ခြည်​
နွေး​နွေး​လေးခံ​ပေးပါ ။
​ဆောင်းရာသီဟာကိုယ်လက်လှုပ်ရှားအားကစားလုပ်သင့်တဲ့...
လုပ်ရမယ့်သီဥတုဖြစ်ပါတယ် ။
အားကစားဆိုတာ
အားမှလုပ်ရတာမျိုးမဟုတ်ပဲ
ကိုယ်​နေ့စဥ်လုပ်​နေရတဲ့
အလုပ်တစ်ခုအဖြစ်သတ်မှတ်ပြီး​တော့
လုပ်ကိုလုပ်ရမှာပါ ။
ခုလို​ဆောင်းရာသီမှာ
​ပေါ့​ပေါ့ပါးပါး​လေ့ကျင့်ခန်း​လေး​တွေ
လုပ်ရင်းနဲ့ ကိုယ့်ရဲ့ body ​လေးကို ပြောင်းလဲချင်တယ်ဆိုရင်​တော့
New Life Fitness Center
ကိုလာခဲ့​နော် ။
ခုလို​အငြိမ်လေး​ဆော့ချင်ရင်လည်းရတယ်​နော် 😍😍

17/10/2025

ပိန်​သေး လို့ချစ်စနိုး​ခေါ်တဲ့ Member ​လေးရဲ့ကြိုးစားမှု
ရလာဒ်အတွက်
တစ်လ free ​ဆော့ခွင့်
ဆုချီးမြှင့်လိုက်ပါတယ်
🙂🙂 🙂🙂 🙂🙂
မင်္ဂလာပါ
💌New Life မှာ​ဆော့တာကြာပြီလား
🏋ဟုတ်ကဲ့ ၁နှစ်နီးပါးရှိပါပြီ
ဘယ်လို​တွေ​ပြောင်းလဲသွားပါလဲ
အရမ်းကိုသိသိသာသာ​ပြောင်းလဲသွားပါတယ်
ကျွန်​တော် စ​ဆော့​တော့ ​ပေါင်၂၅၀​လောက်ရှိပါတယ်
ခု ကျွန်​တော် ​ပေါင် ၁၅၀ပဲရှိ​တော့တယ်ခင်ဗျ
💌Wow အများကြီးကျသွားတာပဲ ​အပြင်းအထန်ကြိုးစားလိုက်ရတာလား
🏋New life က trainer ​တွေရဲ့လမ်းညွှန်ချက်အတိုင်း​သေချာလိုက်လုပ်ပါတယ် စားတာ​သောက်တာကအစ​ပေါ့ အရမ်းကြီး​တော့
မပြင်းထန်ပါဘူး
💌ဘယ်လို​ကြောင့် ခုလိုဝိတ်​လျှော့ဘို့ ဆုံးဖြတ်လိုက်တာလဲ
🏋ကျွန်​တော်တအားဝလာ​တော့ ခန္ဓာကိုယ်က ​လေးလံလာတယ် ​မောလာတယ် စိတ်​တွေကလည်း ထိုင်းမှိုင်းလာတယ် ​ကျောင်းစာ​တွေလည်း စိတ်မဝင်စား​တော့ဘူး အဲဒါ​ကြောင့် ကျွန်​တော့်အ​မေက gym ​ဆော့ခိုင်းလို့ ပါ
💌​ဒါနဲ့ Nwe Life မှာဘာ​ကြောင့်လာ​ဆော့တာလဲ အိမ်နဲ့နီးလို့လား
🏋အိမ်နဲ့နီးတာလည်းပါပါတယ် ကျွန်​တော့်အကိုတစ်​ယောက်က​ဆော့​နေတာလည်းပါပါတယ် စိတ်မပါ​ပေမယ့် အ​မေ အတင်း​ဆော့ခိုင်းလို့ရယ် အကိုရှိ​တော့ အ​ဖော်ရတယ်ဆိုပြီး ​ဆော့လိုက်တာပါ
💌​ဆော့ဖြစ်သွား​တော့ ဘယ်လို​တွေထူးခြားသွားလဲ
🏋New Life က အရမ်းမိသားစုဆန်တယ် trainer တွေ​ရော members ​တွေ​ရောက ရင်းရင်းနှီးနှီးရှိကြတယ် ​ပျော်စရာ​ကောင်းတယ် ဆရာ​တွေက ​
ချော့လိုက်​ခြောက်လိုက် စ​လိုက်​နောက်လိုက်နဲ့ဆို​တော့ လိုက်လုပ်ရတာ​ပျော်တယ် လုပ်ချင်စိတ်လည်းရှိတယ် ​သေချာလည်းလိုက်လုပ်ဖြစ်တယ် အဲဒါ​ကြောင့် ကျွန်​တော်ဆို gymကို Sunday ​တောင်မပိတ်​စေချင်​တော့ဘူး 😀
💌စိတ်မပါပဲ သွား​ဆော့တာက​နေ အဲလို​တွေထိ ဖြစ်သွားတာ​ပေါ့
🏋ဟုတ်တယ် ကျွန်​တော့် body
ခုလို​ပြောင်းလဲသွားတာက
အဓိက စိတ်ဓါတ်​​​ကြောင့်ပါပဲ trainer ​တွေ ဘယ်​လောက်ပဲ ​မောင်း​မောင်း gym equipments ​တွေဘယ်​လောက်ပဲ​ကောင်း​ကောင်း ကိုယ်တိုင်လုပ်မှဖြစ်တာမလား New Life ကကျွန်​တော့်ကို အဲလိုကြိုးစားချင်စိတ်တွေဖြစ်​အောင်လုပ်​ဆောင်​ပေးလိုက်တာပါ
💌ခု​ပြောင်းလဲလာတဲ့ body
အ​ပေါ် ​ကျေနပ်မှုရှိရဲ့လား
🏋အား.... သိပ်​ကျေနပ်တာ​ပေါ့ဗျာ
ကိုယ့်ကိုကိုယ်ယုံကြည်မှု​တွေရှိလာတယ်
ရဲရင့်လာတယ် ဘယ်​နေရာမှာမဆို
ကြိုးစားချင်စိတ်​တွေရှိလာတယ်
💌New Life ကို​ရော ဘာ​ပြောချင်လဲ
🏋​ကျေးဇူးအများကြီးတင်တာ​ပေါ့ဗျာ ​လေးလည်း​လေးစားပါတယ်
ခုလို အဖက်ဖက်က​နေကျွန်​တော့ကိုဂရုတစိုက်နဲ့ သင်ကြားပြသ​ပေးကြတဲ့အတွက် 🙂
💌New Life မှာလာ​ဆော့ကြမယ့် Members အသစ်​တွေကို​ရော ဘာ​ပြောချင်ပါသလဲ
🏋လာဖြစ်​အောင်လာခဲ့ပါ ခင်ဗျားတို့ရဲ့ကြိုးစားအားထုတ်မှုရဲ့ရလာဒ်က ​ကျေနပ်အားရမှုရှိ​စေမှာပါ လို့👍🙂

30/09/2025

လစဥ်​ကြေးများအားအနည်းငယ်​ပြောင်းလဲသတ်မှတ်လိုက်ပါသည်။
​ကျေးဇူးတင်စွာ .....
အားနာစွာဖြင့်......
😔😔😔😔😔😔😔😔😔😔😔😔

28/08/2025

Circuit Training ​ရဲ့
အကျိုး​ကျေးဇူးများ
❤ခန္ဓာကိုယ်ထဲကအဆီ​တွေ
များများ​လောင်ကျွမ်း​စေတယ်
🧡 muscle ​​တွေခိုင်ခံ့လာ​စေတယ်
💛 အချိန်တိုတိုနဲ့​ကောင်းကျိုး​တွေအများကြီးရတယ်
ဒီလိုအကျိုး​ကျေးဇူး​တွေရရှိ​စေတဲ့ Circuit Training ကို လာ join ပါ​​နော်

Photos from New Life Fitness Center's post 01/03/2025

Miss it 🥺

14/02/2025

Happy Valentine's Day
ချစ်​သော Member များအားလုံး
ချစ်ခြင်း​မေတ္တာများနဲ့​ပျော်ရွှင်ကြပါ​စေ...
ဒီနှစ်လည်းအရင်နှစ်​တွေလိုပဲ
gymလာရင်
​ချောကလက်​လေး​တွေစားရမှာ​နော် 💖🍫🌰💝

10/02/2025

"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"

(၁) နေရောင်ခြည်
(၂) အနားယူခြင်း
(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း
(၄) အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
(၅) မိမိကိုယ်ကိုယုံကြည်မှု
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်နေထိုင်ခြင်း
(၇) အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း

အဲ့ဒီ သမားတော် ၇ ဦးကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။

အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွါကြရမှာပါ။ အဲ့ဒါကြောင့် အသက်ရှိနေစဉ်

သင့်မိသားစုကို ချစ်ပါ။
သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ပါ။
သင့်ရဲ့ဘဝလက်တွဲဖော်ကို ချစ်ပါ။
သင့်အပေါ် ကောင်းဖူးတဲ့လူတွေကို ချစ်ပါ။
သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်တာလေး ကူညီလိုက်ပါ။

🍁 Credit - Steve Jobs

Photos from New Life Fitness Center's post 14/01/2025

ဒီရက်ပိုင်း ​အေးလာတယ်​နော်
အိမ်ထဲမှာပဲ​ကွေး​နေကြမှာလား
ကျန်းမာ​ရေးထိခိုက်မှာစိုးရတယ်
ကိုယ်လက်လှုပ်ရှားအားကစား​လေးလည်း
လုပ်​ပေးဦးမှဖြစ်မှာ​
ခုလို​ဆောင်းရာသီမှာ
မနက်ခင်း​ပြေးတာပဲဖြစ်ဖြစ်
လမ်း​လျှောက်တာပဲဖြစ်ဖြစ်
ခန္ဓာကိုယ်ရဲ့​သွေးလှည့်ပတ်မှု​တွေကို​
ကောင်းမွန်​စေပြီး ကျန်းမာ​စေမှာဖြစ်ပါတယ်
Indoor မှာပဲ ​သေချာ​လေ့ကျင့်ချင်တယ်ဆိုရင်​တော့ အနီးကပ် ​သေချာ train ​ပေးတဲ့
New Life Fitness Center ရှိတယ်​လေ
တစ်​ယောက်တည်း လာ​ဆော့ရင်လည်း
New Life မှာဆို ခင်မင်​ဖော်​ရွေတဲ့
သူငယ်ချင်း​တွေရမှာမို့အမြန်သာလာခဲ့လိုက်​နော်
Member​ကြေး 5,000 ကျပ်၊ လစဥ်​ကြေး 50,000 ကျပ်​ပေးသွင်းရုံနဲ့ ပုံမှန် Gym ​ဆော့တာအပြင် Zumba Class ,
Cardio Class ,Stretching Class ,
Full body Class ​တွေကို Free join လို့ရပါပြီ

Membership fee - 5,000 ks (one time )
1 month -50,000 ks
3months -130,000 ks
အမှတ် 14 ၊ ​မြေညီ၊ ရှမ်းကုန်းလမ်း၊ ​
မြေနီကုန်း၊စမ်း​ချောင်း ။
Ph: 09784874132

ကဲ သင်တန်း​ကြေး​ရော လိပ်စာ​ရောသိပြီဆို​​တော့
အမြန်ဆုံးသာလာခဲ့လိုက်​တော့​နော် 🙂🙂

02/01/2025

၁။ Fitness Goal တစ်ခု သတ်မှတ်ထားပါ။ အပြေးလေ့ကျင့်ပါ။ ခန္ဓာကိုယ်ကို ပျော့ပျောင်းအောင်လုပ်ပါ။ ဒါမှမဟုတ် Gym မှာပဲ ကိုယ်လိုချင်တဲ့ Body Goal ရောက်အောင်လုပ်ပါ။
၂။ ယောဂကျင့်တာ၊ တရားထိုင်တာ၊ ဒါမှမဟုတ် ကျန်းမာရေးအတွက် ကောင်းမွန်မယ့်အရာတစ်ခုခုကို ကိုယ့်ကိုယ်ကိုယ် ရက် ၃ဝ တစ်လကြာ စိန်ခေါ်မှုလုပ်ကြည့်ပါ။
၃။ လျှပ်စစ်ပစ္စည်းတွေကို မသုံးဘဲ တစ်ပတ်လောက် နေကြည့်ပါ။ အချိန်တိတိကျကျသတ်မှတ်ထားပါ။
၄။ အိပ်စက်ချိန်ကို တသမတ်တည်း ထားပါ။ ညစဉ်ပုံမှန်အိပ်ချိန် ၇ နာရီမှ ၈ နာရီကြားရှိပါစေ။
၅။ ချက်ပြုတ်စားသောက်မှုပုံစံကို ပြောင်းလဲကြည့်ပါ။အသီးအရွက်၊ အသီးအနှံတွေ များများစားသုံးပါ။
စာချစ်သူတို့ကော ကိုယ်စိတ်ကျန်းမာဖို့ ဘယ်အချက်လေးတွေ လုပ်ဖြစ်ခဲ့ကြလဲ။

01/01/2025

မင်္ဂလာနှစ်သစ်ပါ 🙂🙂

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Myaenigone Zay Street
Yangon
11111

Opening Hours

Monday 06:30 - 20:00
Tuesday 06:30 - 20:00
Wednesday 06:30 - 20:00
Thursday 06:30 - 20:00
Friday 06:30 - 20:00
Saturday 06:30 - 20:00