19/08/2024
"ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် အခုချိန်ထိထိပ်တန်းခွေးဖြစ်နေဆဲ....."
🥅⛹️ Liverpool ပရိတ်သတ်တွေဟာ သူတို့ရဲ့နည်းပြ Jurgen Klopp ထွက်ခွာသွားမှု့အတွက် ဝမ်းနည်းနေကြချိန် ပရီးမီးယားလိဒ်ရဲ့ ပွဲဦးထွက်ကစားပွဲမှာ ဆာလက်၏ 2:0 ဖြင့် Ipswichကို အနိုင်ရရှိသွားသောကြောင့် ဝမ်းနည်းပူဆွေးမှုကို သက်သာရာရစေခဲ့သည်။
ရာသီအစအဖွင့်ပွဲစဉ်မှာပဲ အီဂျစ်နိုင်ငံသား ဆာလက်ဟာ ပရီးမီးယားလိဒ်ရဲ့ 9ဂိုးမြောက်စံချိန်ကိုလဲ တင်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း 350ကစားထားပြီး၊ ဂိုးစုစုပေါင်း 212လုံးနှင့် assistant 88ခု သွင်းယူပေးထားခဲ့ပါသည်။
ယခုလက်ရှိ Liverpool နည်းပြအသစ် Arne Slot လက်ထက်မှာတော့ အသက်32နှစ်ရှိပြီဖြစ်တဲ့ အီဂျစ်နိုင်ငံသားရဲ့ အပြောင်းအရွှေ့ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာမူတည်နေပါတယ်။ သို့သော်လဲ လက်ရှိစာချုပ်ဟာ တစ်နှစ်ထက်မနည်းကျန်ရှိနေသေးသည့်အတွက် ဆာလက်၏အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါပြီ။ နည်းပြကြီး Slotကတော့ '"ဆာလက်ဟာ သူ့ရဲ့ကြံခိုင်မှုနဲ့ စွမ်းဆောင်ရည်ကိုထိန်းထားနိုင်ပြီး လီဗာပူးလ်ပွဲစဉ်တိုင်းအတွက် အဆင်သင့်ဖြစ်နေဦးမယ်ဆိုရင်တော့ သူ့အတွက် ကစားပွဲတွေအများကြီးကျန်ပါသေးတယ်လို့ထင်ပါတယ်" ဆိုပြီးပြောထားပါသည်။
Audio™
30/07/2023
🫴 Al Nassr သည် Sadio Mané 🔵 အတွက် ဘိုင်ယန်နှင့် မူအရ သဘောတူညီမှု ရရှိခဲ့သည်။
ကလပ်အသင်းများကြား စာချုပ်ချုပ်ဆိုပြီးပါက ကစားသမားဘက်မှ စစ်ဆေးရန် စာရွက်စာတမ်းများကို ဆေးစစ်ပေးမည် ✨🇸🇦
⭐️ Cristiano Ronaldo၊ Brozović၊ Fofana၊ Talisca၊ Ospina၊ Alex Telles နှင့် ယခု… Sadio Mané လာပါပြီ။
30/07/2023
🚨 𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎! Rasmus Højlund သည် မန်ချက်စတာယူနိုက်တက်သို့ — ယခု သဘောတူညီချက် 🔴🇩🇰
◉ နောက်ဆုံးပက်ကေ့ချ်သည် ယူရိုသန်း 70 ကျော်တန်ဖိုးရှိသည်။
◉ သဘောတူညီချက်တွင် အပိုပရိုဂရမ်များ ပါဝင်မည်ဖြစ်ပြီး၊ သဘောတူညီချက် ပြီးပါပြီ။
◉ Højlund သည် ဇွန်လ 2028 နှင့် ရွေးချယ်မှု 2029 အထိ ဆိုင်းဘုတ်များ။
Rasmus Højlund က မန်ချက်စတာယူနိုက်တက်ကို သူ့ရဲ့အကြီးမားဆုံးအိပ်မက်အဖြစ် လိုချင်ခဲ့တာ...
30/07/2023
ရော်နယ်ဒိုရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော် Youtuber Speed တစ်ယောက် ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကြောင့် မျက်လုံးတစ်ဝိုက် ကြီးမားတဲ့ ရောင်ရမ်းမှုကို ဖြစ်ပေါ်စေပြီး အရေးပေါ် ဆေးရုံမှာ ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ ဆေးရုံကနေ ပြန်ဆင်းလာပြီး သက်သာတယ်လို့ လည်း နောက်ဆုံးသတင်းတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
18/12/2022
၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်
ပွဲပြီးရလဒ်
အာဂျင်တီးနား 3-3 ပြင်သစ် (ပင်နယ်တီ အဆုံးအဖြတ်မှာ 4-2 နဲ့ အာဂျင်တီးနား အနိုင်ရ)
(မက်ဆီ (p)၂၃မိနစ် ၁၀၉မိနစ် ဒီမာရီယာ ၃၆မိနစ်) (ဘာပေ (P)၈၀မိနစ် ၈၂မိနစ် (p)၁၁၆မိနစ်)
🐐GOAT🐐 ကြီး မက်ဆီ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာခဲ့ပါပြီ
သာမာန်ပွဲချိန်မှာ (၂)ဂိုးစီသရေ အချိန်ပိုနာရီဝက်မှာ (၃)ဂိုးစီသရေ ဖြစ်နေခဲ့ရလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အာဂျင်တီးနားအသင်းက ပင်နယ်တီမှာ (4-2)နဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ရ
Photo Credit
07/12/2022
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ထိပ်တိုက်တွေ့ဆုံမှု
ဟော်လန် 🇳🇱 vs. 🇦🇷 အာဂျင်တီးနား
ခရိုအေးရှား 🇭🇷 vs 🇧🇷 ဘရာဇီး
အဂ်လန် 🏴 vs 🇫🇷 ပြင်သစ်
မော်ရိုကို 🇲🇦 vs 🇵🇹 ပေါ်တူဂီ
ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်တက်ကြမလဲ??
05/12/2022
🚨 Breaking !!
ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီကလပ် Al Nassr အသင်းနဲ့အတူ (၂) နှစ်ခွဲ သက်တမ်းရှိ စာချုပ်ကို ချုပ်ဆို သွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်၊ ရော်နယ်ဒိုအနေနဲ့ တစ်ရာသီကို ယူရိုသန်း(၂၀၀)ရရှိမှာ ဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ လစာအများဆုံးသော ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်
crd
24/06/2022
အာဆင်နယ်အသင်းဟာ မန်စီးတီးတိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်စ်ကို ခေါ်ယူဖို့သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ပြောင်းရွေ့ကြေးပေါင်45သန်းနဲ့ သဘောတူညီခဲ့တာဖြစ်ပြီး ဂျီးဆပ်စ်အနေနဲ့လည်း အသင်းပြောင်းရွေ့ချင်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လိဒ်ကွင်းလယ်လူကယ်ဗင်ဖီးလစ်ကို ခေါ်ယူခဲ့ပြီးနောက် ဂါဘရီရယ်ဂျီးဆပ်စ်ကိုရောင်းချဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။
ဂါဘရီရယ်ဂျီးဆပ်စ်ကို ခေါ်ယူဖို့ ကလပ်အသင်း5ခုလောက်က စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး အာဆင်နယ်က လက်ဦးမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ စာချုပ်ကိစ္စအသေးစိတ်အချက်အလက်တွေကို ဂျီးဆပ်စ်ရဲ့အေးဂျင့်နဲ့ ဆွေးနွေးနေပြီဖြစ်ပါတယ်။
Crs
13/06/2022
👉ဖရန်ကီဒီဂျောင် နဲ့ အန်တိုနီ တို့ကို မန်ယူ ခေါ်ယူနိုင်ခဲ့ပြီလို့ talkSPORT သတင်းဌာနက အတည်ပြုခဲ့ 👈
======================
talkSPORT သတင်းဌာနရဲ့ဖော်ပြချက်အရ မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ် အနေနဲ့ အေဂျက်အသင်းမှာ အတူတွဲခဲ့ဖူးတဲ့ ဖရန်ကီဒီဂျောင် နဲ့ အန်တိုနီ တို့ကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အသင်းနည်းပြဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ရှိနေတဲ့ နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ ဖရန်ကီဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၄ သန်း သုံးခဲ့ရသလို အန်တိုနီ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။
talkSPORT ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ အဲလက်ကွတ်ခ်က " မန်ယူအသင်းအနေနဲ့ ဖရန်ကီဒီဂျောင် နဲ့ အန်တိုနီ တို့ကို ခေါ်ယူနိုင်ခဲ့ပြီဆိုတာ သေချာပါတယ်။ ဒီကစားသမား ၂ ယောက်စလုံးဟာ မန်ယူနည်းပြ အဲရစ်တန်ဟတ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေလည်း ဖြစ်ပါတယ်။ တရားဝင် ထုတ်ဖော်ပြောဆိုဖို့ မသေချာသေးဘူးဆိုပေမယ့် လာမယ့်ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ကြေညာသွားဖို့ ရှိနေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် အများအပြား ခေါ်ယူသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
05/06/2022
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ပလေးအော့ဖိုင်နယ်ပွဲစဉ်
ပွဲပြီးရလဒ်
ဝေးလ်စ် 1-0 ယူကရိန်း
(ယာမိုလန်ကို (og)၃၄မိနစ်)
ယူကရိန်းကို ယူကရိန်းကစားသမားရဲ့ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ဝေးလ်စ်အသင်း ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ဝေးလ်