Football HQ

Football HQ

Share

A Burmese Media for International Football

24/11/2024

လစ္စဘွန်မြို့ ရော်နယ်ဒိုအိမ်သို့
ရီယို ဖာဒီနန် Vlog

24/11/2024

လစ္စဘွန်မြို ရော်နယ်ဒိုအိမ်သို့
ရီယို ဖာဒီနန် Vlog

29/11/2023

🚨 လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗာရန်းနဲ့ မေဆန်မောင့်တို့နေရာတွေမှာ ကလပ်အင်အားသစ်ဖြည့်တင်းဖို့အတွက် ကစားသမားအသစ်တွေခေါ်ယူပြီး အစားထိုးသွားဖို့ရှိနေပါတယ်။

Source : Guardian


Photos from Football HQ's post 30/11/2021

(၇) ကြိမ်မြောက် ဘလွန်းဒေါဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီယိုမက်ဆီ

မနေ့ညက ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၁ ဘလွန်းဒေါဆုပေးပွဲမှာတော့ ရေပန်းစားနေတဲ့အတိုင်း အာဂျင်တီးနားတိုက်စစ်မှူး လီယိုမက်ဆီကပဲ ကစားသမားဘဝ (၇) ကြိမ်မြောက်အဖြစ် ထပ်မံရရှိသွားခဲ့ပါတယ်။ မက်ဆီရဲ့နောက်မှာတော့ ရောဘတ်လီဝန်ဒေါစကီးက ဒုတိယ၊ ဂျော်ဂျင်ညိုတို့က တတိယနဲ့ အသီးသီးရပ်တည်ခဲ့ပါတယ်။ အခြားသောဆုတွေကိုလည်း ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တဲ့ ကစားသမားများကို တပါတည်း ဖော်ပြပေးလိုက်ပါတယ်။

ဘလွန်းဒေါဆု (အမျိုးသား) - လီယိုမက်ဆီ
ဘလွန်းဒေါဆု (အမျိုးသမီး) - အဲလက်စ်ရှားပူတယ်စ်
လက်ဗ်ယာရှင်ဆု - ဒေါနာရူမာ
(အကောင်းဆုံးဂိုးသမားဆု)
အကောင်းဆုံးတိုက်စစ်မှုးဆု - ရောဘတ်လီဝန်ဒေါစကီး
အကောင်းဆုံး ယူ-၂၁ ကစားသမားဆု - ပက်ဒရီ
အကောင်းဆုံးအသင်းဆု - ချယ်လ်ဆီး

Football Server Burmese ✅


Photo Credit

-

Photos from Football HQ's post 29/11/2021

🚨 Fifa Club World Cup မဲခွဲမှု ပွဲစဉ်ဇယား

UEFA Champion League Champion Chelsea အသင်း နဲ့ တောင်အမေရိက Libertadores champion Pameiras အသင်းတို့ က တော့ Semi - Final က စတင်ယှဉ်ပြိုင်ကစားကြရမှာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်များအားလုံးကိုတော့ UAE နိုင်ငံ အဘူဒါဘီ မြို့ မှာ February လ ၃ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။

Football Server Burmese ✅



-

29/11/2021

Premier League မှာ နည်းပြသုံးဆက်တိုင် မန်ယူ ကို အနိုင်မရရှိသေးတဲ့ Chelsea

မနေ့ ည က Stamford Bridge မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Super Sunday ရဲ့ Big Match တစ်ပွဲဖြစ်တဲ့ ဇယားထိပ်က Chelsea အသင်း နဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်ထားတဲ့ Manchester United အသင်းတို့ရဲ့ ပွဲစဉ်ဟာ တစ်ဖက် ကို တစ်ဂိုးဆီ နဲ့ သရေ ရလဒ်ဖြင့်သာ တစ်မှတ်ဆီ ခွဲယူသွားခဲ့ကြပါတယ်။

Chelsea အသင်းရဲ့ နည်းပြ တူချယ်ဟာ အသင်းရဲ့ လူစာရင်း မှာတော့ ဒဏ်ရာ ရ ကစားသမားများဖြစ်ကြတဲ့ Kante နဲ့ Chilwell တို့ နေရာမှာ Ruben Loftus Cheek , Ahlonso တို့ ကို ပွဲထုတ်လာခဲ့သလို တိုက်စစ်မှာလည်း Havertz ဒဏ်ရာ ရရှိနေတဲ့ အတွက် Werner နဲ့ သာ ပါဝင်လာခဲ့ပါတယ်။

Manchester United အသင်းဟာတော့ အဓိက ကစားသမား Ronaldo ကို အနားပေးထားပြီး Sancho, Rashford တို့ နဲ့ အတူ Bruno ကို False ဆန်ဆန် ပွဲထုတ်လာတာ ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။


ပွဲအစမှာတင် Chelsea အသင်းဟာ ပွဲ စထဲ က ManU အသင်းအပေါ် တောက်လျှောက် ဖိအားပေးကစားလာနိုင်ခဲ့ပြီး အဖက်ဖက် က အသာစီး ကစားနိုင်ခဲ့ပါတယ်။ Chelsea အသင်းမှ Odoi ရဲ့ ကန်ချက် ကို De Gea ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သလို Rudiger ရဲ့ အဝေးကန်ချက် က လှပခဲ့ပေးမယ် ဂိုးဘားတန်း ထိ သွားခဲ့တာကြောင့် Chelsea အသင်းတို့ ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။ Chiwell နေရာ အစားထိုးဝင်လာတဲ့ Ahlonso ရဲ့ Left Wing Back နေရာ ဟာ နည်းပြ Tuchel ဖြေရှင်းရမယ့် ပုစ္ဆာ တစ်ခုတော့ ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှာပါဝင်လာတဲ့ Ziyech နဲ့ Werner တို့ ရဲ့ ခြေစွမ်းဟာလည်း မေးခွန်းထုတ်စရာ ရှိနေခဲ့တာ ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ManU အသင်းဟာ ပွဲအစထဲ က Defensive playing ကို ဦးတည်ကစားခဲ့ပြီး Rashford နဲ့ Sancho တို့ရဲ့ လျှလျှင်မြန်မှု ကို အသားပေးကစားတဲ့ Counter Attack တွေ ကိုသာ အဓိက အားပြု ကစားခဲ့တာ ကို လည်း တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီနေ​့ပွဲစဉ်မှာ ခေါင်းကြီး လို့ လူသိများတဲ​့ ManU အသင်းရဲ​့ Captain Maguire မပါဝင်ခဲ့တဲ့ ManU အသင်းရဲ နောက်တန်း က အရမ်း ကို ကောင်းမွန်ခဲ့ပြီး ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ Tominey, Fred နဲ့ Matic တို့ ကလည်း Chelsea ကစားသမားတွေ ကို အတော်လေး ထိန်းချုပ် ကစားနိုင်ခဲ့တာကိုတော့ တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒုတိယ ပိုင်းမှာတော့ ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး Chelsea အသင်းရဲ့ အသင်းခေါင်းဆောင် Jorginho ရဲ့ ပေါ့လျော့ မှုကနေ ချိန်သားကိုက် အရှိန်နဲ့ ပြေးတတ်လာတဲ့ Sancho က Mendy နဲ့ တစ်ဦးချင်း အနေအထားမှာ အပိုင် ပိတ်သွင်းခဲ့ပြီး Chelsea အသင်းကို ဦးဆောင်
ကစားနိုင်ခဲ့ပါတယ်။ Chelsea အသင်းဟာ လည်း ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက်ပိုင်း တရစပ် ဖိအာပေးနိုင်ခဲ့ပြီး Penalty area အတွင်း Silva ခြေထောက်ကို Wan Bissaka ကန်ခဲမိတာကြောင့် Penalty ပြစ်ဒဏ်ဘောရရှိခဲ့ပြီး Jorginho က အမှားအယွင်းမရှိ ပြန်လည် ခြေပသွားနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂိုးပေါက်မတည်းတဲ့ Werner ကို Lukaku နဲ​့ လူစားလဲ ပြီး တိုက်စစ်မြှင့် ခဲ့ပေမယ့် ပါမှန်းတောင် ကွင်းထဲရှိနေမှန်တောင်း မသိလိုက်ရတာကြောင့် Chelsea အသင်း အမှတ်ခွဲပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါအပြင့် Rudiger ရဲ့ နောက်ဆုံး မိနစ် အပိုင် ကန်သွင်းချက်က လည်း ကောင်းကင် က ငှက်ကိုသာ ထိခဲ့တာကြောင့် သရဲနီ တို့ ၁၀ မိုင်ကုန်း ရောက်ဖို့ သီသီ လေးသာ လွဲခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် Chelsea အသင်းဟာလဲ ManCity , Liverpool အသင်းတို့နဲ့လည်း အမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့တာကြောင့် December Boxing Day ကာလ ကို အတော်လေး သတိထားဖြတ်သန်းရတော့မှာပဲ ဖြစ်ပါတယ်။




Football Server Burmese ✅

-

29/11/2021

(၇) ကြိမ်မြောက်လား? ပထမဆုံးအကြိမ်လား?ဘယ်သူက ရယူသွားနိုင်မှာလဲ???

ဒီနေ့ည ၂:၀၀ နာရီမှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၂၀၂၁ ဘလွန်းဒေါ ဆုပေးပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၂၀၂၁ အကောင်းဆုံး နည်းပြဆု၊ အကောင်းဆုံး အမျိုးသမီးကစားသမားဆု အစရှိတဲ့ ဆုတွေများစွာ ပေးအပ်သွားမှာ ဖြစ်ပြီး လူစိတ်အဝင်စားဆုံးနဲ့ နာမည်အကျော်ကြားဆုံးဆုကတော့ ၂၀၂၁ အကောင်းဆုံး အမျိုးသားကစားသမားဆုပဲ ဖြစ်ပါတယ်။

ဒီဆုရဲ့ ပဏာမစာရင်းမှာ ဆယ်စုနှစ်တခုကြာအောင် တောက်လျောက်ပါဝင်ခဲ့တဲ့ လီယိုမက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ယောက်ထဲက CR7 လို့ နာမည်ပြောင်ခေါ်ကြတဲ့ Siuuuu လို့အောင်ပွဲခံလေ့ရှိတဲ့ အသက် (၃၆) နှစ်အရွယ် စီရော်နယ်ဒိုကတော့ ဒီနှစ်ထိပ်ဆုံး ပဏာမစာရင်းမှာ ပါဝင်လာခြင်း မရှိတော့တာကိုလည်း ဝမ်းနည်းစွာတွေ့မြင်ရမှာပါ။

လက်ရှိရေပန်းအစားဆုံးကတော့ အားလုံးသိကြတဲ့အတိုင်း လီယိုမက်ဆီနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဂိုးသွင်းစက် လီဝန်ဒေါစကီးတို့ပဲဖြစ်ပါတယ်။ လီယိုအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ နိုင်ငံအသင်းအတွက် အောင်မြင်မှုကြီး ရယူပေးခဲ့သလို လီဝန်ဒေါစကီးကလည်း ဘိုင်ယန်မြူးနစ်နဲ့ တကယ်ကို အောင်မြင်တဲ့ရာသီတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ လီယိုမက်ဆီဟာ ဒီဆုကို (၇) ကြိမ်မြောက် ရယူဖို့ထိုက်တန်သူဖြစ်သလို လီဝန်ဒေါစကီးအနေနဲ့ ပထမဆုံး အကြိမ်အဖြစ်ရယူသွားမယ် ဆိုရင်လည်း သံသရဖြစ်စရာ အငြင်းပွားစရာ လုံးဝမရှိပါဘူး။ လီယိုမက်ဆီနဲ့ လီဝန်ဒေါစကီးအပြင် ဂျော်ဂျင်ညို၊ ကန်တေ၊ ဘန်ဇီးမားတို့လည်း အစဉ်လိုက် ရေပန်းစားပေမဲ့လည်း တကယ်တန်းရယူသွားဖို့ကတော့ အလှမ်းဝေးနေသေးတယ်လို့ ပြောရမှာပါ။

လီယိုမက်ဆီကပဲ မကြာခင်အဆုံးသတ်တော့မဲ့ လွမ်းမောဖွယ်ရာ ဘောလုံးပြက္ခဒိန်စု ဆယ်စုနှစ်တစ်ခုစာအတွက် (၇) ကြိမ်မြောက် ဘလွန်းဒေါဆုနဲ့ ပိတ်သိမ်းနိုင်မလား??? အကြိမ်ကြိမ်သက်သေပြနေပေမဲ့ ကံခေမှုတွေကြောင့် လွဲချော်နေတာတွေကို အဆုံးသတ်ပြီး နှစ်ချို့ဝိုင်လီဝန်ဒေါစကီးကပဲ ပထမဆုံး အကြိမ်အဖြစ် ရယူသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်လိုက်ကြရအောင်ခင်ဗျာ။

Football Server Burmese ✅


-

29/11/2021

လမ်းလျောက်နေတဲ့ လီယိုမက်ဆီရဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်နဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီ

Football Server Burmese ✅


Photo Credit

-

29/11/2021

နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရီးရဲယ်မက်ဒရစ်၊ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ် အပါအဝင် တနင်္ဂနွေနေ့ည လာလီဂါပွဲစဉ်ရလဒ်များ

Football Server Burmese ✅


-

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon