05/04/2025
Lost(လမ်းပျောက်ဆူံးခြင်း)🛣🛣
လက်ရှိရှိနေတဲ့နေရာ သို့မဟုတ် ရှေ့ဆက်သွားတဲ့ သွားရမယ့်လမ်းကို ရုတ်တရက် ကြိး လမ်းပျောက်သွားသလို ခံစားရဖူးလား...ရှေ့ဆက်တိုးလို့မလွယ် နောက်ဆုတ်ဖို့လည်း မဖြစ်နိုင်တဲ့ stuck အခြေအနေကိစ္စရပ်တွေမှာပေါ့....🌋🌋
Myanmar နိုင်ငံအတိုင်းအတာအနေနဲ့ လူတိုင်းလက်ရှိမှာ ခံစားနေရတဲ့ Mental State အနေအထားလို့ ပြောရင်မမှားနိုင်ပါဘူး.. 🏜အသက်မရွယ်ရွေး လူကြီး လူလတ် လူငယ် အကုန် အသီးသီး ခံစားနေရတဲ့ အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်...ရှေ့တို့သွားရမယ့်စိတ်တွေ အားတင်းထားရတဲ့ စိတ်တွေ အခုချိန်မှာ လမ်းဆုံးတောင်ရောက်နေပြီဆိူတဲ့ အတွေးများဟာ အမြဲ စိတ်ကို ကြီးစိုးနေတယ် စိုးမိုးနေပါတယ်...ကိုကိုယ်တိုင်တောင် မသိလိုက်ပဲ အဲ့feeling တွေဟာ အတွေးထဲ မှာ ပြည့်ကြပ်လို့နေပါတယ်...မြန်မာနိုင်ငံ ပြင်းထန်တဲ့ Earthquake အခြေအနေကြောင့် ခံစားသွားရတဲ့ သူတွေနဲ့ အနေနဲ့ဆို ပိုပြီးတောင် နှိုင်းယှဥ်စရာကိုမလိုအပ်တော့ပါဘူး... Grace တို့ လို အဖျားရိုက်ခတ်သွားတဲ့ သူတွေမှာတောင် နေ့ရက်တိုင်းစိုးရိမ်စိတ်ကြီးဆိုးနေခဲ့ပါတယ်...guilty ဖြစ်တဲ့ စိတ်တွေ ပါဝင်နေရင်းပေါ့.....အာတင်းထား ပေမယ့် ရှေ့ကို မရောက်နိုင်တဲ့ အနေထားကို lost🛣🛣(လမ်းပျောက်ဆုံးခြင်း) လို့ခေါ်ပါတယ်....
Lost ဖြစ်တယ် ခံစားရစေတဲ့သူတွေရဲ့အများစုကကျတော့ နေရာရပ်ခြား အဝေးကြီးကိုလာပြီး ကျောင်းလာတက်နေတဲ့သူတွေ မရပ်မနားအလုပ်လုပ်နေရတဲ့သူတွေ နိုင်ငံရေး side affect,ဘဘာဝဘေးအန္တာရယ်ကိုကိုယ်တိုင် ရင်ဆိုင်ခံစားနေရတဲ့သူတွေအများစုမှာ တွေ့ရပါတယ်...ဘုရင့်နောင်ဖောင်ဖျက်လိုက်သလို ရွေးချယ်စရာတောင်မရှိတဲ့သူတွေလိုမျိုး..... 🌌🌌
Lost ဖြစ်နေတဲ့သူတွေမှာ အများအားဖြင့် ခံစားချက် emotion က balance မဖြစ်နေတော့ပါဘူး...အခုချိန်မှာ ဝမ်းနည်းရင် အဲ့ဝမ်းနည်းတဲ့ခံစားချက်အတိုင်း တစ်ရက်တာကို ကုန်ဆုံးသွားသည်အထိ ဖြစ်လာနိုင်တယ်..တစ်ခုခုကို အစွဲအလန်းကြီးသွားသလိုမျိုးပေါ့🕸🕸.....
Lost ဖြစ်တဲ့ ခံစားချက်ကို ထိန်းချုပ်မရဘူးလို့ မဆိုလိူပေမယ့် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တဲ့ ခံစားချက်တစ်ခုလည်းဖြစ်ပါတယ်။..healing time တွေလိုအပ်နိုင်တယ်လို့ ယူဆရပါတယ်... အခုချိန်မှာ media က exposure လုပ်တဲ့အရာအားလုံးကို ကို့ရဲ့အတွေးထဲပြည့်နှက်မထားပဲ ကိုယ်တိုင်က healthy ဖြစ်အောင်နေပြီး တစ်ယောက်ကို တစ်ယောက်ဖေးမ ကူညီနိုင်ရင် Feeling Lost ဖြစ်တာ သိသိသာသာလျော့ပါးသွားစေနိုင်ပါတယ်...ပြောရမယ်ဆို ကိုဟာ သူတို့ရဲ့ လိုအပ်ချက်လေးအတွက် တတ်နိုင်သလောက်ဖြည့်ဆည်းပေးနိုင်ခဲ့တယ် စိတ်ခွန်အားလေးဝင်လာမယ် တစ်ယောက်တည်းဖြစ်နေတဲ့ ခံစားချက်တွေကိုအချိန်က တဖြည်းဖြည်းနဲ့ကုစားပေးလာနိုင်ပါတယ်။🐜🐜🐜
ဒါကြောင့် ကျန်းမာအောင်နေပါ..ကို့ပတ်ဝန်းကျင်ကိုနိုင်သလောက်ဖေးမကူညီရင်း အခက်အခဲတွေကိုအတူတူရင်ဆိုင်ကျော်ဖြတ်ကြရအောင်ပါ....🌾🍁
Stay Healthy And Find your own paths☘🍀
Grace
11/07/2024
သင်အနေနဲ့ Dark Psychology ကို စိတ်၀င်စားတယ်ဆိုရင် ကျွန်တော်အနေနဲ့ လက်ဆောင်တစ်ခုပေးချင်ပါတယ် ။
အဲ့လက်ဆောက်ကို လာမယ့်စနေနေ့ ၁၃ ရက်နေ့ ည မှာ လုပ်သွားမယ့် Dark Psychology အကြောင်း ကို အသေးစိတ် ပြောမယ့် Zoom မှာအဆုံးထိရှိနေမယ့်
လူတွေကိုပေးသွားမှာဖြစ်ပါတယ်။
အကုန် Free ဖြစ်ပါတယ် ။ လာတက်တဲ့လူတွေအနေနဲ့ ရုပ်ပြစရာ မလိုသလို ၊ အသံလည်းဖွင့်စရာမလိုပါဘူး ။
ဒီတိုင်း Video ကြည့်သလို ထိုင်ကြည့်ရမှာပါ ။
ဒါမဲ့အဆုံးမှာမေးချင်တာရှိရင် မေလို့ရမယ်အစီအစဉ်လေးတစ်ခုတော့စီစဉ်ပေးထားပါတယ် ။
အကယ်လို့ကိုယ်အနေနဲ့ အဲ့နေ့ညမှာ Zoom ကိုပါ၀င်ချင်တယ်ဆိုရင်တော့
https://t.me/mxffree ကနေပြီးတော့ စောင့်ကြည့်ပေးပါ ။ အချိန်အတိအကျကိုအဲ့ကပြန်ပြောပေးပါ့မယ် ။
10/07/2024
Dark Psychology နဲ့ပက်သက်ပြီး Free Seminar လေးကို လာမယ့် အပတ် စနေနေ့မှာ စီစဉ်ပေးထားပါတယ် ။
13 ရက်နေ့ ညဖြစ်ပါတယ် ။
ဘာလုပ်ပေးရမလဲဆိုရင် ပေးထားတဲ့ Link မှာအဲ့စနေနေ့ည ကိုယ်လုပ်ပေးစေချင်တဲ့အချိန်ကို Vote လုပ်ပေးသွားရုံပါပဲ ။
https://t.me/mxffree
နောက်ပြီးတော့အဲ့ Channel မှာပဲ ကျွန်တော်
Zoom Link ပို့ပေးထားပါ့မယ် ။
09/07/2024
ဒီလိုလူတွေကို သတိထားပါ ။
ဘယ်လိုလူတွေလဲ ဆိုတာမျိုးကို ၁၂ ချက် ၁၁ ချက်မျိုး ကျွန်တော်ပြောမှာ မဟုတ်ပါဘူး ။
ကျွန်တော် တို့ ဘ၀ကို ကောင်းကောင်းကြီး
ဒုက္ခပေးလိုပြီး သွေးခွဲတတ်တဲ့ လူတွေအကြောင်းပြောပြပေးပါ့မယ် ။
သွေးခွဲခြင်းကို ဒီ Dark Psychology နယ်ပယ်မှာ
Isolation လို့ အလွယ်မှတ်လို့ရတယ် ။
Isolation ကတော့ အဓိပွာယ်ပိုကျယ်ပါတယ် ။
Manipulator တွေ ၊ ရန်တိုက်ပေးတဲ့လူတွေအသုံးများပါတယ် ။
အလုပ်လုပ်ပုံက ရိုရှင်းပါတယ် ။
ကျွန်တော်တို့မှာ Healthy Network လို့ခေါ်တဲ့
မိသားစု ၊ လက်တွဲဖော် ၊ သူငယ်ချင်း မိတ်ဆွေ တွေကိုယ်စီ ရှိကြပါတယ် ။
ပြောရရင် ကျွန်တော်တို့အကျိုးလိုလားတဲ့လူတွေကို ဆိုလိုချင်တာပါ ။ Manipulator တွေက သူတို့ရဲ့သားကောင် ကို ခြယ်လှယ်တော့မယ်ဆိုရင် အသိုက်ကနေ အရင် ခေါ်ထုတ်လေ့ရှိပါတယ် ။
ပြောရရင် ဒီအသိုက်က Brainwash လုပ်တဲ့အခါ ၊ ခြယ်လှယ်တဲ့နေရာမှာ ကိုယ်ရဲ့ Goal ကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ် ။
ဒါကြောင့် ဒီလို သွေးခွဲခြင်း ၊ ရန်တိုက်ခြင်း နဲ့သူကို
Healthy Network လို့ခေါ်တဲ့ အသိုက်ထဲကနေ အရင်ထုတ်ကြပါတယ် ။ ဒါမှ Brainwash လုပ်တဲ့အခါ ပိုပြီးတော့ Effective ဖြစ်တာပါ ။
ဆိုတော့ ကိုယ်အနေနဲ့ သတိထားလို့ရတာတစ်ခုက
Relationship တွေမှာ ၊ လုပ်ငန်းခွင်တွေမှာ ရန်တိုက်တာ ၊ အတင်းပြောတာ တွေက ကိုယ်ကို လွှမ်းမိုးဖို့ကြိုးစားနေတာလို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ် ။
07/07/2024
ခင်ဗျားအကြောင်းကို ခင်ဗျားထက် ပိုသိတဲ့လူ
အဲ့လူက ကိုယ့်အဖေ လည်းမဟုတ်သလို ၊ အမေလည်း မဟုတ်ပါဘူး ။ အဲ့ဒါက ခင်ဗျားသုံးနေတဲ့ Social Media Platform တွေက Algorithm စနစ်တွေက ခင်ဗျား အကြောင်း ခင်ဗျားထက်ပိုသိပါတယ် ။
Technological Manipulation လိုလည်းခေါ်ပါတယ် ။
ကျွန်တော်က နည်းပညာ နယ်ပယ် က တိုက်ရိုက် မဟုတ်ပေ့မယ့် Algorithm ကို အကုန်သူ နားလည်အောင်ရှင်းပြရရင် ခင်ဗျားရဲ့ လုပ်ဆောင်ချက် တွေကိုအသေးစိတ် မှတ်ထားတဲ့ Database တစ်ခုနဲ့ဆင်တူပါတယ် ။
ခင်ဗျား ဘယ်လိုလူတွေကို Follow လုပ်ထားလဲ ?
ဘယ်အချိန်တွေ လိုင်းသုံးလဲ ?
ဘာတွေရှာတတ်လဲ ?
ဘာတွေကို React ပေးလဲ ?
ဒါတွေကို အခုခင်ဗျား ထိုင်ဖတ်နေတဲ့ Facebook တို့လို Social Platform တွေက အကုန်သိပါတယ် ။ ဒါက သူတို့အနေနဲ့ သူတို့ Platform ကို သုံးစွဲတဲ့ လူတွေအနေရဲ့ Behaviour ကို အကြမ်းဖျင်းလေ့လာတာဖြစ်ပါတယ် ။
ဒါကြောင့် ခင်ဗျားအနေနဲ့ Psychology တွေကို လေ့လာတဲ့လူဆို အဲ့တာ နဲ့ဆိုင်တဲ့ Content တွေကို ပိုပြပေးသလို ၊ အခြား အစားအသောက်နဲ့ဆိုင်တာတွေကို လိုက်ပြီး ကြည့်နေမယ်ဆိုရင် အဲ့အစားအသောက်နဲ့ဆိုင်တဲ့ စာသောက်ဆိုင် တွေ ၊ အစားစားတွေပိုပြပါတယ် ။
ခင်ဗျားကို ဒီ Platform ပေါ်မှာ အချိန်အများကြီးကုန်ဆုံးအောင် ဖန်းတီးထားတာဖြစ်ပါတယ် ။ ဒီကနေတစ်ဆင့် Social Media ကို စွဲလမ်းခြင်း တွေကအစပျိုးလာတာပါ ။
ဒါပေမယ့် အကောင်းဘက်က ပြန်ကြည့်ရင်
ကျွန်တော်တို့အနေနဲ့ Algorithm ကိုထိန်းချုပ်နိုင်ခွင့်ရှိပါတယ် ။ ဥပမာ - ကိုယ်က English လို့ Search မှာရိုက်ရှာမယ် ၊ ဒါတွေပဲအချိန်တစ်ခုပေးပြီးကြည့်မယ်ဆိုရင် ၊ English နဲ့ဆိုင်တဲ့ Content တွေပဲတက်လာမှာပါ ။
ဒါကြောင့် ဘယ်သူတွေ ကိုယ်အကြောင်းဘယ်လောက်သိသိ ၊ ဘယ်လောက် လွှမ်းမိုးထားပါစေ ၊ ကိုယ်ဘ၀ကို ကိုယ်သာ အခြယ်လှယ်နိုင်ဆုံးပါ ။
လူအဖွဲ့အစည်း နောက်ကွက်က အမှောင်စိတ်ပညာ
ကို ဒီ Page မှာ လေ့လာလိုရပါတယ် ။
| Drake
04/07/2024
ထိန်းချုပ် လွမ်းမိုးဖို့ အလွယ်ဆုံးလူအမျိုးအစားတွေက ဘယ်လိုလူအမျိုးအစားတွေလဲ ?
| 1 . စာအုပ်ကြီးအတိုင်းအလုပ်လုပ်တဲ့လူတွေ
စာအုပ်ကြီးအတိုင်းပဲ ဖွင့်ကြည့်တာနဲ့ သိနိုင့်မယ့်လူမျိုး ။
အမြဲ ပုံသေကျကျ သမာရိုးကျ နည်းတွေ အတိုင်းလုပ်တတ်ပြီး လူအားအမြဲကိုးတဲ့လူတွေက ထိန်းချုပ်ဖို့လွယ်ကူပါတယ် ။
တအားကြီး Open ဖြစ်လွန်းတာ ၊ ရိုးလွန်းအလွန်းတာက ရန်သူကို လက်ယှက်ခေါ်နေသလိုပါပဲ ။
ရိုးသာတာ ၊ သဘောထားကောင်းတာ ကောင်းပါတယ် ။
ဒါမဲ့ ဘ၀မှာ မအသွားဖို့တော့မယ်လိုမယ် ။
| 2 . ခေတ်ကို မလိုက်နိုင်တဲ့လူတွေ
တစ်နည်းပြောရရင် Up to date ဖြစ်နေတာတွေမဟုတ်ရင်တောင် ကိုယ်ကျွမ်းကျင်တဲ့ Career ပိုင်း တွေကို ဆက်မလေ့လာပဲ ရေသာခိုနေတဲ့ကောင်းတွေက
အမြဲ Data ရှိတဲ့ကောင်တွေက ဂျင်းထည့်လို့ရနေမှာပဲ ။
နိုင်ငံတွေ ဘာကြောင့် သူတို့ရဲ့ Data တွေဖုံးကွယ်နေတာ လဲ ဆိုတဲ့အခြေက ရှင်းပါတယ် ။
မြန်မြန်သိ ၊ မြန်မြန်ကျော်တက်လို့ရတာပေါ့ ။
| 3 . ခံစားချက် ကိုရှေ့တမ်း တင်တဲ့လူတွေ
စကားပြောရင် သိသာတယ် ။
စကားကိုလိုတာထက် ပိုပြောတယ် ။
သူများထက် ဦးအောင်ပြောတယ် ။
ခံစားချက်တွေ တအားကြီး ထုတ်ပြလွန်းတယ် ။
Emotional Intelligence ပိုင်းလည်းအားမကောင်းတော့ မျှမတွေးနိုင်ဘူး ။
မျှ မတွေးပေးနိုင်တော့ ကိုယ်နားမှာ Healthy Network မရှိတော့ဘူး ။ Healthy Network ဆိုတာက ကိုယ်ကို အမြဲ Supporting ပေးနေ ၊ Moti ပေးနေတဲ့ ကိုယ်ဘက်က မာမာရှိနေပေးတဲ့လူကိုခေါ်တာ ။
Manipulator လို့ခေါ်တဲ့ လွှမ်းမိုးတဲ့လူတွေက Healthy Network တွေကို ဖြတ်တောက်တဲ့နေရာမှာတော်ကြတယ် ။ ဒါကို Isolation လို့ခေါ်တယ် ...
ပြန်ချုပ်ရရင် အသိပညာ တွေကို ဆက်မလေ့လာဘူး ၊ လူတစ်ယောက်နဲ့တစ်ယောက်ကြား စည်းတွေမထားဘူး ၊ တအားကြီး Open ဖြစ်နေရင်း ထိန်းချုပ်ခံရမယ် ။
လူအဖွဲ့အစည်း နောက်ကွက်က အမှောင်စိတ်ပညာ
ကို ဒီ Page မှာ လေ့လာလိုရပါတယ် ။
| Drake
02/07/2024
အခုခေတ်က Judgment တအားဖြစ်ပါတယ် ။
ခင်ဗျားတို့ မယုံရင်ကိုယ်ကို ပြန်မေးကြည့်
လူတစ်ယောက် ၀တ်ပုံစားပုံ ကို ကြည့်ပြီး သူရဲ့ စရိုက်ကို အနည်းအကျင်းတော့ပုံဖော်ဖူးကြတယ်မလား ?
ကျွန်တော်လည်း အဲ့ထဲက လူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ လူကြီးတွေအနေနဲ့လည်း ခေတ်လူငယ်တွေရဲ့ Modern Fashion ကို တအား Judge လုပ်သလို ။
ခေတ်လူငယ်တွေရဲ့ မျက်စိမှာ လည်း လူကြီးတွေက
တအား ခေတ်နောက်ကျ ပြီး တောဆန်ပါတယ် ။
ဒါကြောင့် ၀တ်ပုံစားပုံ ၊ ဆွတ်ထားတဲ့ ရေမွှေး ၊ ခန္ဓာကိုယ်အမူအရာ တွေကို ကျွန်တော်တို့ မသိစိတ် က ဝေဖန် တာမျိုး တွေအမြဲ ရှိတတ်ကြပါတယ် ။
ဒီအချက်ကြောင့် First Impressions ဆိုတာမျိုးက အရေးကြီးတာပါ ။
လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ်အနေနဲ့ ကိုယ်ရဲ့ တကယ် Styles ကို မပြောင်းလဲချင်ရင်တောင် သုံးစွဲနေတဲ့ စကားလုံးတွေ ၊ အပြောအဆို တွေ ဟန်ပန်အမူအရာတွေ တော့သတိထားသင့်ပါတယ် ။
ဒါကြောင့် ခင်ဗျားအနေနဲ့ ခင်ဗျားပုံစံကို အတင်းပြောင်းလဲ စရာမလိုပါဘူး ။
တစ်ဖက်လူရဲ့ စိတ် နဲ့ သဘောသဘာ၀ကို လေ့လာပြီး အလိုက်သင့် ဆက်ဆံနိုင်ခြင်းက သင်ကို အလုပ်အခွင့်အရေးတွေကော ၊ အသိမိတ်ဆွေတွေကော အချိန်ခဏလေးအတွင်းတိုးတက်စေမှာပါ ။
ဒါကြောင့် ခင်ဗျား အနေနဲ့ လူတွေရဲ့ သဘောသဘာ၀ ကို လေ့လာဖို့လိုတာဖြစ်ပြီးတော့ စိတ်ပညာ ကို လိုအပ်တာဖြစ်ပါတယ် ။
လူအဖွဲ့အစည်း နောက်ကွက်က အမှောင်စိတ်ပညာ
ကို ဒီ Page မှာ လေ့လာလိုရပါတယ် ။
| Drake
01/07/2024
လူတွေရဲ့ မသိစိတ် ထဲမှာ ထင်းနေအောင် စွဲနေစေချင်ရင် ဒီနည်းလမ်းကို သုံးကြည့် ။
| 1.
ကိုယ်က ဘာကောင်လဲ ?
ကိုယ်က ဘယ်လိုလူမျိုးလဲ ?
ကိုယ်ရဲ့ ဖြစ်တည်မှု ?
ကိုယ်ရဲ့ Authority ကို ကောင်းကောင်းချပြ ။
| 2.
Manipulator တွေ ၊ Sales သမားတွေ သုံးနေတဲ့
Repetation ဆိုတာရှိတယ် ။
လူတွေက တစ်က္ကန့်မှာ အတွေးပေါင်း သန်းနဲ့ချီတွေးတယ် ။ ဒါအပြင် ကိုယ်တစ်ခါ ကောင်းဖူးတဲ့ အရာတစ်ခုလေး နဲ့ ကိုယ်ဆိုတာက သူဖြစ်တည်မှုထဲမှာရှိမှာ မဟုတ်ဘူး ။
ဘာကြောင့်လဲ ?
သူဘ၀မှာ ခင်ဗျားပေးလိုက်တဲ့ Give Message တစ်ခုဖြစ်တဲ့ ( Care ဂရုစိုက်ပေးတာ ၊ Love ချစ်ပေးတာ ) ဒါကို သူဘ၀မှာရဖူးလို့ ။ ဥပမာ - မိဘဆီက ရတာ ..
ဒါကြောင့် Message တစ်ခုပေးတဲ့အခါ Consistency ရှိရှိ Repetition ပြန်လုပ်နေဖို့လိုတယ် ။
| 3.
လူတွေရဲ့သဘောက အလိုက်သိတာကြိုက်တယ် ။
အရင်းအနှီးမရှိပဲ ရနေတာ ကြိုက်တယ် ၊ ငွေတော့ သိပ် မသုံးချင်ဘူး ။
အချစ်ခံရတာ ကြိုက်တယ် ၊ အဖြေတော့ပြန်မပေးချင်ဘူး
ဒီသဘောကို နားလည်ရင် Reciprocity သုံး ။
သူတို့ဆီက အရာတစ်ခုကို မယူခင် ကိုယ်ဘက်က အရင်ပေးဖို့လိုတယ် ။
သမင်တစ်ကောင်မွေးချင်ရင် ဗြန်းစားကြီးသွားဖမ်းလို့မှမရတာ ၊ အစားအရင်ကျွေးရတယ် ။
ဒီလို အရင်ပေး ၊ ထပ်ခါထပ်ခါ ပေး ၊ ပြီးရင် ကိုယ်ရဲ့ ဖြစ်တည်မှုကို Defines လုပ်နိုင်ရင် သူဘ၀အတွက် မမေ့နိုင်တဲ့လူ နာမည်ကြားရုံနဲ့ မျက်နှာမြင်ရုံနဲ့ သင်ပေးတဲ့ Message နဲ့ တွဲမြင်လေ့မယ် ။
ဥပမာ ။ အာဏာတွေပဲ ထုတ်ပြနေရင် ခင်ဗျားမျက်နှာမြင်ရုံ ၊ ခင်ဗျား နာမည်ကြားရုံနဲ့ ကြောက်သွားတာမျိုး ။ အချစ်တွေ ၊ ဂရုစိုက်မှုတွေပေရင်လည်း ခင်ဗျားနာမည်ကြားရုံနဲ့ ပျော်လာတာမျိုး ။
လွှမ်းမိုမူဆိုဝာာကဒီကစတယ်။
လူအဖွဲ့အစည်း နောက်ကွက်က အမှောင်စိတ်ပညာ ကိုလေ့လာချင်ရင် Follow ထားလို့ရတယ် ။
| Drake
27/06/2024
လူတွေကို လိုက် ခြယ်လှယ်တာ တွေ ၊ လွှမ်းမိုးတာတွေ ခဏထားလိုက်အုံး ။
အဓိက ကိုယ်တိုင် ကိုယ်ရဲ့ စိတ်ကို နားလည် ပြီး အကျင့်တွေ ကိုယ်မကြိုက်တဲ့ စရိုက်တွေကို ပြောင်းလဲနိုင်အောင် အရင်လုပ် ။
စိတ်ပညာ လေ့လာရတာက ဒါနဲ့တင် အမြတ်ပဲ ။
ပြီးမှ အခြားလူတွေရဲ့ သဘာ၀တွေ ၊ သူတို့တွေစဉ်းစားတဲ့ Pattern တွေကို လေ့လာ ပြီး သူတို့ရဲ့ Light Side တွေ ၊ Dark side တွေကို မျှတွေးပြီး သုံးကြည့် ။
ဒါတွေ အားလုံးကို Mind Shield သင်တန်းမှာ ကျွန်တော် သင်ပေးဖို့အစီအစဉ်ရှိပါတယ် ။
အဓိက Dark Psychology အကြောင်းပေါ့ ။
Mind Shield ဆိုတဲ့အတိုင်း အခြားလူကို ချယ်လှယ်တာထက် Psychology နဲ့ပက်သက်တာတွေ ၊ အရင်နေ့က တင်တဲ့ Influence Methods တွေအပြင်
အရင်နဲ့ မတူပဲ Molecules 6 ခုကို 3 ပတ်တာ သင်ကြားသွားမှာဖြစ်ပါတယ် ။
အများကြီးမပြောတော့ပါဘူး ရှေ့မှာလည်း Batch 2 ခုပြီးထားတာဆိုတော့ သင်တန်းက နောက်လ 15 ရနေ့စမှာပါ ။
အခု ဒီလ မှာ ကြို စာရင်းပေးထားတဲ့ သင်တန်းသားတွေအတွက် သင်တန်းမစခင် သင်ခန်းစာ တစ်ခု အပိုပေးဖို့အစီအစဉ် လုပ်ထားပါတယ် ။
သင်တန်းကြေးကတော့ ဒီလ ထဲက ကြိုစာရင်းပေးထားမယ်ဆိုရင် ( ၅ သောင်း ) ကျပ်ထဲနဲ့ရမှာဖြစ်ပါတယ် ။
Dark Psychology ကို စိတ်၀င်စားတဲ့လူတွေရှိရင် လက်တို့ လိုက်ပါ ။ အရင် Batch 2 ခုပြီးထားတာမို့ Page ထဲ၀င်ပြီး အသေးစိတ်လေ့လာနိုင်ပါတယ် ။
26/06/2024
လူတွေကို လွှမ်းမိုးချင်ရင် ဒီနည်းလမ်းကိုသုံး
ကျွန်တော် သင်တန်း တွေမှာ အဓိက သင်သလို
အခြား နယ်ပယ်တွေမှာ လည်း ဒီနည်းတွေက
အသုံးပြုလို့ရပါတယ် ။
ဒီနည်းကို Influence Methods လို့ခေါ်ပါတယ် ။
• Reciprocity ( မယူခင် ပေးတတ်ဖို့လိုတယ် )
ကျွန်တော်တို့ လူတစ်ယောက်ဆီက တစ်ခုခုကို
အရယူခြင်းရင် သူကို အရင်ဆုံး တစ်ခုခု
ပြန်ပေးတတ်ဖို့လိုမယ် ။
ဈေးရောင်းရင်တောင် Emotional Value တစ်ခု
ပေးပြီးမှ ရောင်းလို့ရတာပါ ။ Relationship တွေမှာ
ကိုယ်က တစ်ခုခုကို လိုချင်ရင် တစ်ခု အရင်ပေးဖို့
လိုအပ်ပါတယ် ။
ဒါဆို ကိုယ်က ရှယ်ကောင်းပေးပြီး ကိုယ်ကို
ပြန်မကောင်းပေးတာကကော ?
ဒါမျှတရဲ့လား ?
ဒါကို စိတ်ပညာမှာ Consistency လို့ခေါ်တယ် ။
အမြဲ ကိုယ်ပေးချင်တဲ့ Message တစ်ခုချစ်တဲ့
ချစ်တယ် ၊ မုန်းတယ် ၊ ဂရုစိုက်တယ် ဆိုတဲ့
Emotional Message တွေကို ထပ်ခါထပ်ခါ
ပေးနေဖို့လိုပါတယ် ။
ဒီမှာ ကျွန်တော် ဖော်ပြတာ က Influence Methods
2 မျိုးပဲ ရှိပါသေးတယ် ။
ဒီနှစ်ချက် ကိုသုံးရင် တောင် လူတစ်ယောက်ရဲ့ စိတ်
ထဲမှာ သင်က ဘာဆိုတာ နဲ့ ဘာလိုချင်တယ်
ဆိုတဲ့ ရုပ်လုံးက ကောင်းကောင်း ပေါ်နေပါပြီ ။
အခြားအချက်တွေကတော့ Next Content တွေမှာ
စီစဉ်ပေးပါ့မယ် ။ ဒီညမှာ ကျွန်တော် Mind Shield သင်တန်း Intro လေးလာပါ့မယ် ။
22/06/2024
စကားလုံးလေးတွေက ခင်ဗျားထင်ထားတာထက်ကို ကြောက်ဖို့ကောင်းပါတယ် ။
ကိုယ် ငယ်ဘ၀က ပန်းချီတစ်ပုံ ၊ နှစ်ပုံ ကို ခဲတံနဲ့လျှောက်ခြစ်ဆွဲ လိုက်တာ ကို လူတွေက ဘယ်လို တုံပြန်မလဲ ?
ဒီ တုံပြန်မှုပေါ်မူတည်ပြီး ခင်ဗျား ပန်းချီဆရာတစ်ယောက်ထိ ဖြစ်သွား နိုင်သလို ပန်းချီမဆွဲတတ်တဲ့ ကောင်လေးတစ်ယောက်လည်း ဖြစ်သွားနိုင်ပါတယ် ။
ဥပမာ , ခင်ဗျား မိဘတွေက ခင်ဗျားဆွဲထားတဲ့ပန်းချီကို လျှစ်လျှူရှူ ၊ အပြစ်ပြော လှောင်ကြည့်ပါလား ?
ခင်ဗျား ကျောင်းတက်ရင် ခင်ဗျားရဲ့ စွမ်းရည်ကို လူတွေရှေ့ ချပြရဲ့ပါအုံးမလား ?
ကိုယ်အယုံကြည်ရပြီး အနီးစပ်ဆုံး လူတွေရဲ့ စကားက ကျန်တဲ့ လူတွေရဲ့စကားထက် ပိုအရေးကြီးပါတယ် ။
ဒါကြောင့် လူတစ်ယောက်ရဲ့ အကျင့် တွေ ၊ စရိုက်တွေကို ခင်ဗျားပြောင်းလဲချင်ရင် ကျွန်တော်တို့ သုံးနေတဲ့ စကားတွေ ၊ ဆက်ဆံနေတဲ့ ပုံစံလေးတွေကို ပြောင်းလဲ တတ်ဖို့လိုပါတယ် ။
ကျွန်တော်တို့ မွေးကတည်းက ကြီးအထိ အဖေ ၊ အမေ ဗီဇတွေကြောင့် ဒီလိုပုံမျိုးဖြစ်လာတာမဟုတ်ပါဘူး ၊ ခင်ဗျားကြီးပြင်းလာခဲ့တဲ့ ပတ်၀န်းကျင် ကြောင့်ခင်ဗျားအကျင့်တွေ ပြောင်းလာတာပါ ။
21/06/2024
အကျင့်ဆိုးတွေ ကို ပြောင်းလဲချင်ရင် အရင်ဆုံးကိုယ်ရဲ့ စိတ်ကို ပြောင်းလဲပစ်ဖို့လိုတယ်။
ဖြစ်နိုင်ရင်း " Restart " ချသင့်ရင်ချရမှာပဲ ။
ငွေကြေး နဲ့ ပက်သက်ပြီး ထားထားတဲ့ အယူမှားတွေ ၊ လူကျင့်၀တ် တွေနဲ့ ပက်သက်ပြီး မှားနေတဲ့ ခံယူချက် တွေ ၊ ဒီလိုမျိုး ကိုယ်ရဲ့ မကောင်းတဲ့ Version ကို ပြောင်းချင်ရင် အရင်ဆုံး ကိုယ်ကို နားလည်ဖို့လိုတယ် ။
ကိုယ် ဒီလို ဖြစ်လာတာက ကိုယ် မိဘတွေကြောင့် ဆိုတာ ထက် ပတ်၀န်းကျင်က အစပျိုးလိုက်တဲ့မီးကို ကိုယ်က ပိုတောက်လောင်အောက် လုပ်လိုက်တာနဲ့အတူတူပါပဲ ။
ဥပမာ ။
သူငယ်ချင်းက ဆေးလိပ်တစ်လိပ် စမ်းသောက်ခိုင်းကြည့်တာကနေ ကိုယ်တိုင် နေ့တိုင်း သောက်လာတာမျိုး !
လိုင်းပေါ်မှာ အခြားလူတွေတွေ ကောင်မလေးတွေ နဲ့ တအားကောင်းတဲ့ သူတို့ရဲ့ ချစ်သူဘ၀ကို Social မှာချပြတာတွေ့ရင် ရည်းစား စရှာလာတာမျိုး ။
ပြဿနာတွေရဲ့အစ က ကိုယ်စီက စတာမဟုတ်ရင်တောင် ပြဿနာကို ပိုကြီးအောင် လုပ်တာက ကိုယ်ကိုတိုင်ပါပဲ ။
ဒီတော့ ပြဿနာရဲ့ အဖြေက လည်း ကိုယ်ပဲဖြစ်ပါလေ့မယ် ။
အဓိက ကိုယ်အနေနဲ့ ကိုယ်ကို ပိုလေ့လာတတ်ဖို့ လိုပါတယ် ၊ ကိုယ်ရဲ့ စိတ်ကို ပိုလေ့လာ ၊ ကိုယ် ရဲ့အမူအကျင့်တွေလေ့လာပြီးတော့ ဒီမှာတွေ့လာတဲ့ မကောင်းတဲ့ Habit တွေကို တိုက်ထုတ်မယ် အဖြေကို ကိုယ်ဟာကို ရှာ ။
အဖြေက Motivational Speaker တွေစီမှာရှိနေတာမဟုတ်ဘူး ၊ ကိုယ်စီမှာရှိနေတာ ။