Smart Fitness

Smart Fitness

Share

Fitness Center

23/01/2025

Smart Fitness တွင် တာဝန်ထမ်းဆောင်ရန် Gym trainer (၂) ဦးအလိုရှိပါသည်။

- ခန္ဓာကိုယ်အချိုးအစားပြေပြစ်တောင့်တင်းသူ။
- လူမှုဆက်ဆံရေးကောင်းမွန်ပြီး member များအပေါ်သေချာစွာဂရုစိုက်ပေးသူ၊စိတ်ရှည်စွာ နည်းပြပေးသူ ဖြစ်ရပါမည်။
- တာဝန်ယူလိုစိတ်ရှိပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရပါမည်။
- စည်းကမ်းလိုက်နာနိုင်သူ ဖြစ်ရပါမည်။
- လုပ်ငန်းအတွေ့အကြုံ (၂)နှစ်အထက်ရှိရပါမည်။
-အသက် (၃၀) နှစ်အောက်ဖြစ်ရမည်။
-Gym နှင့်အနီးပတ်ဝန်းကျင်မြို့နယ်များတွင် နေထိုင်သူကို ဦးစားပေးမည်။

အလုပ်ချိန်နှင့်လစာ - ညှိနှိုင်း

Sunday ၁ ရက် နားရက်ရှိပါမည်။

အလုပ်လျှောက်ထားလိုသူများသည်
0943193456,09691105777 သို့ Viber ကနေ Cv form နှင့်အတူ လက်ရှိ body ကိုယ်လုံး‌ပေါ် ဓာတ်ပုံကို ပေးပို့လျှောက်ထားနိုင်ပါသည်။

16/07/2024

July 20 ရက်နေ့ (ဝါဆိုလပြည့်နေ့) Gym ပိတ်ပါသည်

11/02/2024

12.2.2024 (ပြည်ထောင်စုနေ့) Gym ဖွင့်ပါသည်။

10/01/2024

မနက်ဖြန် Gym ဖွင့်ပါသည်

03/01/2024

January 4 ရက်နေ့ (လွတ်လပ်ရေးနေ့) Gym ပိတ်ပါသည်

18/02/2023

“ စိတ်ရောကိုယ်ပါ ကျန်းမာလှပပြီး စိတ်ဖိစီးမှုကင်းဝေးသော ဘဝရဲ့အရသာကို SMART Fitness ရဲ့ Yoga Class လေး Join ရင်းရှာဖွေလိုက်ပါ… ’’

Yoga သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ကောင်းမွန်စေသည့် အိန္ဒိယဒဿနကို အခြေခံထားသည့် ရှေးခေတ်အလေ့အကျင့်တစ်ခုဖြစ်ကြောင်းလေ့လာမှတ်သားရပါတယ်။

Yoga လေ့ကျင့်ခြင်းဖြင့်

- နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
- ကိုယ်တွင်းသွေးလည်ပတ်မှု ကောင်းစေပြီး ခန္တာကိုယ်မှာ ရှိတဲ့အဆီပိုတွေကိုလည်း လျော့ကျစေတယ်
- စိတ်ဖိစီးမှုတွေ စိုးရိမ့်ကြောင့်ကျမှုတွေနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ပြေပျောက်စေတယ်
- ကိုယ်အလေးချိန်လျှော့ချရာတွင်လည်း အထောက်အကူဖြစ်တယ်

Yoga ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ပိုပြီးကျန်းမာသန်စွမ်းလာမယ်၊ ကိုယ်ဟန်အနေအထား လှပကျော့ရှင်းမယ်၊ တစ်နေ့တာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး Happy Mood တွေကို ရရှိဖို့အတွက်

SMART Fitness ကအသစ်ဖွင့်လှစ်လိုက်တဲ့ Yoga Class မှာ Teacher Phyu နဲ့အတူ စတင်လိုက်ပါ။

အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့တိုင်း
ညနေ (၃)နာရီ မှ (၄) နာရီ အထိ
သင်တန်းကြေး
စအပ်သည့်နေ့မှ (၄)ပတ်အတွင်း ၄၅၀၀၀ ကျပ်
(SMART Fitness က အသစ်ဖွင့်လှစ်ထားသည့် Brand New Studio တွင် ဆော့ကစားနိုင်မည် ဖြစ်ပါသည်။)

07/02/2023

Good morning ပါ smarties တို့ရေ
သတင်းကောင်းလေး ဝေမျှချင်လို့ပါ

စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ အားလုံးစောင့်မျှော်နေတဲ့ အခြေခံယောဂသင်တန်းလေး လာပါပြီ။

-အကြောတွေတင်းပြီး ပျော့ပျောင်းချင်တာလား။
-အာရုံစူးစိုက်မှုကောင်းပြီး စိတ်ငြိမ်ချင်တာလား။
-ခန္ဓာကိုယ်ကျစ်လစ်ပြီး အဆီကျချင်တာလား။
-Yogaကို Gymနဲ့တွဲပြီး ကစားချင်တာလား။
-Yoga pose လှလှလေးတွေ လုပ်နိုင်ချင်တာလား။

ဒါဆိုရင်တော့ အခြေခံယောဂသင်တန်းလေးကို စတင် joinဖို့ ဖိတ်ခေါ်ချင်ပါတယ်။

သင်တန်းအချိန်
စနေ၊တနင်္ဂနွေ- ညနေ ၃-၄နာရီ

သင်တန်းကြေး-၄၅၀၀၀
(စအပ်သည့်နေ့မှ ၄ပတ်အတွင်း)

25/01/2023

လုပ်ငန်းအတွေ့အကြုံရှိပီး ကျွမ်းကျင်သော ယောဂ ဆရာမ တစ်ဦး အလိုရှိပါသည်။

01/11/2022

Hello hello 👋🏻 👋🏻
Announcement လေးလုပ်ချင်လို့ပါ smarties တို့ရေ…
7.11.2022 နေ့ တန်ဆောင်မုန်း လပြည့်နေ့ မှာ gym တစ်ရက်ပိတ်ပါမယ်နော်…
ပျော်ရွှင်စရာ တန်ဆောင်တိုင်ဖြစ်ပါစေလို့ Smart Fitness မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

17/08/2022

ရာသီဥတု အခြေအနေကြောင့် ယနေ့ (၁၇/၀၈/၂၀၂၂) gym တစ်ရက်ပိတ်မည် ဖြစ်ကြောင်း smarties တို့ကို အကြောင်းကြားအပ်ပါတယ်နော်
ဒီနေ့အတွက် အစားထိုးတစ်ရက် ပြန်လည်ပေးအပ်သွားပါ့မယ်ရှင့်
အားလုံးပဲ နွေးနွေးထွေးထွေးနေကြနော်
Take care
See you soon

09/06/2022

အခုလိုအချိန်မျိုးမှာ အရေးအကြောင်း Self-Defense အတွက် Boxing Class လေးလည်း Join သင့်ပါတယ်နော်….
Smart Fitness ရဲ့မိုးရာသီအထူးအစီအစဉ်အနေဖြင့် (၁၆.၆.၂၀၂၂) မှ စတင်၍
အပတ်စဉ် ကြာသပတေးနေ့တိုင်း
ညနေ (၅:၃၀) မှ (၆:၃၀) အထိ
Boxing Class ပြန်လည်ဖွင့်လှစ်ပေးတော့မယ်ဆိုတော့ အမြန်ဆုံးလာရောက်ဆော့ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်

09/06/2022

Smart Fitness မှ ဝမ်းမြောက်စရာသတင်းကောင်းလေးတစ်ခုပေးပါရစေ….
မိုးရာသီအထူးအစီအစဉ်အနေဖြင့် (၁၄.၆.၂၀၂၂) မှ စတင်၍
အပတ်စဉ် အင်္ဂါနေ့တိုင်း
ညနေ (၅:၃၀) မှ (၆:၃၀) အထိ
Zumba Class ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No (13/14) Kyaik Waing Pagoda Reoad, Mayangone Township
Yangon
11062

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00