BB Sports

BB Sports

Share

Sports

26/07/2026

အီတလီနာမည်ကျော် သတင်းထောက်တဦးဖြစ်တဲ့ Matteo Moretto က ရိုဒရီနဲ့ ရီးရဲလ်မက်ဒရစ်တို့ကြား ပုဂ္ဂိုလ်ရေး သဘောတူညီချက်ရရှိခဲ့ပြီလို့ ဖော်ပြလိုက်ပါတယ်။ ရိုဒရီဟာ မန်စီးတီးနဲ့ ရီးရဲလ်ကြား သဘောတူညီမှုရဖို့ကိုပဲ စောင့်ဆိုင့်နေပြီလို့ သူက ဆက်ရေးသားထားပါတယ်။

ကမ္ဘာ့ဖလားမှာ ထူးရှယ်ခြေစွမ်းပြခဲ့တဲ့ ရိုဒရီကို ရီးရဲလ်က စိတ်ဝင်စားတယ်လို့ သတင်းတွေ ခပ်သဲ့သဲ့ထွက်နေခဲ့တာတော့ ကြာပါပြီ။ အခုကတော့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ သဘောတူညီမှုပါ ရယူနိုင်တယ်လို့ သတင်းထပ်ထွက်လာခဲ့တာပါ။ အမှန်တကယ် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

တကယ်သာဆိုရင် မော်ရင်ဟိုအတွက်တော့ သူ့နည်းပြဘ၀မှာ အမြဲတမ်းလိုလို အရေးပါတဲ့ ကွင်းလယ်ခံစစ်နေရာအတွက် အရမ်းအားကိုးရပြီး ရှယ်မိုက်တဲ့ ကစားသမားတဦးကို ပိုင်ဆိုင်ခွင့်ရတော့မှာပါ။ အသင်းကို အောင်မြင်မှုရအောင် လုပ်ပေးဖို့ကိုပဲ သူ ပိုအားစိုက်ရတော့မှာလည်း ဖြစ်ပါတယ်။

26/07/2026

ကက်ဆီမီရိုကတော့ မေဂျာလိဂ်မှာ အင်တာမိုင်ယာမီအတွက် ပထမဆုံးပွဲကို ဝင်ကစားပေးပြီး နိုင်ပွဲရယူသွားခဲ့ပါတယ်။ မွန့်ရီယယ်လ်နဲ့ ကစားခဲ့တဲ့ ဒီမနက်ပွဲမှာ ဆွာရက်ဇ်ရဲ့ ပင်နယ်တီဂိုး တဂိုးတည်းနဲ့ အနိုင်ရခဲ့ပြီး ကက်ဆီမီရိုဟာ ပထမဆုံးပွဲမှာပဲ အသင်းနဲ့အတူ ပေးဂိုးမရှိနိုင်ပွဲကို ရရှိခဲ့တာပါ။

အင်တာမိုင်ယာမီကို ပြောင်းရွှေ့ပြီး ရက်ပိုင်းအကြာမှာပဲ သူက ပွဲဦးထွက်ပွဲကို ဝင်ကစားပေးခဲ့တာပါ။ မက်ဆီကတော့ အသင်းနဲ့ ပူးပေါင်းခြင်းမရှိသေးဘဲ အင်တာမိုင်ယာမီတိုက်စစ်ကို ဆွာရက်ဇ်ကို ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်လူ ကက်ဆီမီရိုအတွက်တော့ မေဂျာလိဂ်က အဖွင့်လှခဲ့ပါတယ်။ ပွဲချိန်ပြည့် ဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး နာကျင်အချိန်ပိုတွေနဲ့ပါ ပေါင်းလိုက်ရင် မိနစ်ပေါင်း ၁၀၀ ကျော်ကို သူ ကစားပေးခဲ့တာလည်း ဖြစ်ပါတယ်။

26/07/2026

ဒီရာသီ ပရီးမီးယားလိဂ် ရေပန်းစားမှုမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့က ထိပ်ဆုံးမှာ ရပ်တည်နေကြပေမဲ့ သမိုင်းဝင် ကိန်းဂဏန်းအချက်အလက်အချို့ကတော့ ယူနိုက်တက် ချန်ပီယံ ဖြစ်လာနိုင်ခြေကို ညွှန်ပြနေပါတယ် အားလုံးက ထိပ်သီးနှစ်သင်းရဲ့ အပြိုင်အဆိုင်ကိုပဲ အဓိက အာရုံစိုက်နေကြချိန်မှာ မထင်မှတ်ထားတဲ့ သမိုင်းတကျော့ပြန် အထောက်အထားတွေက ယူနိုက်တက်ဘက်ကို သာလွန်စေခဲ့တာပါ

ဒီလို မျှော်လင့်ချက်တွေ မြင့်တက်လာရတဲ့ အဓိက အကြောင်းအရာကတော့ အတိတ်က ထူးခြားတဲ့ ဖြစ်ရပ်ဆန်းတစ်ခု ပြန်လည် ဆုံစည်းလာမှုကြောင့် ဖြစ်ပါတယ် သမိုင်းကြောင်းကို ပြန်ကြည့်ရင် စပိန်အမျိုးသားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း ပရီးမီးယားလိဂ် ဖလားကြီးကို မန်ချက်စတာယူနိုက်တက်အသင်းကပဲ သိမ်းပိုက် ရယူနိုင်ခဲ့တာပါ

ဒီနှစ်မှာလည်း စပိန်အသင်းက ကမ္ဘာ့ဖလားကြီးကို ပြန်လည် ဆွတ်ခူးထားနိုင်ခဲ့တာကြောင့် သမိုင်းအစဉ်အလာ ဖြစ်ရပ်ဆန်းအတိုင်း ယူနိုက်တက်တို့ပဲ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ပြန်လည် သိမ်းပိုက်သွားနိုင်ခြေ ခိုင်မာနေပါတယ်

26/07/2026

လီဗာပူးအသင်းကတော့ ‌ရာသီအကြိုခြေစမ်းပွဲကိုအနိုင်ရလဒ်နဲ့ စတင်ဖွင့်လှစ်လိုက်ပါပြီ ။

ပထမပိုင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်နေပေမယ့် ဒုတိယပိုင်းမှာ ဆိုဘို့ဇ်စလိုင်း ခီယေဆာတို့ရဲ့သွင်းဂိုးတွေနဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ် ။

19/07/2026

ပြင်သစ်နဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ခဲ့တဲ့ တတိယနေရာလုပွဲဟာ ၁၉၆၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆိုဗီယက်ယူနီယံနဲ့ ကိုလံဘီယာတို့ ၄ ဂိုးစီ (၄-၄) သရေကျခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း နှစ်ပေါင်း ၆၄ နှစ်အတွင်း နှစ်ဖက်စလုံး ၄ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ကမ္ဘာ့ဖလားပွဲစဉ် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲဟာ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟန်ဂေရီအသင်းက အယ်လ်ဆာဗေးဒိုးအသင်းကို ၁၀ ဂိုး ၁ ဂိုး (၁၀-၁) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

19/07/2026

မက်ဆီကို အမ်ဘတ်ပေ ကျော်တက်သွားပါပြီ …

ဒုတိယပိုင်းမှာ အမ်ဘတ်ပေ တယောက် ပြင်သစ်အတွက် ၂ဂိုး သွင်းယူအပြီးမှာတော့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမား ဖြစ်လာပါတယ်။

19/07/2026

အင်္ဂလန်နဲ့ ပြင်သစ်တို့ရဲ့ ဂိုးသွင်းပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ပြင်သစ်တို့ စတုတ္ထနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပထမပိုင်းအပြီးမှာ ၄ ဂိုးပြတ် ဦးဆောင်ခံနေရတဲ့ ပြင်သစ်အသင်းက ဒုတိယပိုင်းမှာ ၄ ဂိုးအထိ ပြန်သွင်းယူနိုင်ခဲ့ပေမယ့်လည်း အင်္ဂလန်ကလည်း နောက်ထပ် ၂ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့လို့ တတိယနေရာနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားကို တူဟယ်ရဲ့အသင်းက ပိတ်သိမ်းနိုင်ခဲ့တာပါ။

Photos from BB Sports's post 16/07/2026

အသက် ၃၉ နှစ်ဆိုတဲ့ အချိန်ဟာ ကစားသမားအများစုအတွက် ကစားသမားဘဝကို အနားယူပြီး အတိတ်က အောင်မြင်မှုတွေကို ငေးမောရမယ့် အရွယ်ပေါ့။ ဒါပေမဲ့ "လီယွန်နယ် မက်ဆီ" အတွက်တော့ ဒါဟာ သမိုင်းအသစ်တွေကို ဆက်ပြီး ရေးထိုးဖို့ စာမျက်နှာသစ်တစ်ခုမျှသာ ဖြစ်ပါတယ်။

ပြိုင်ဘက်က ဘယ်လောက်ပဲ သန်မာထက်မြက်တဲ့ အင်္ဂလန်အသင်း ဖြစ်နေပါစေ... သူ ကွင်းထဲ ခြေချလိုက်တာနဲ့ ကစားကွင်းတစ်ခုလုံးက သူ့ရဲ့ စောင်းကြိုးတစ်မျှ ငြိမ့်ညောင်းသွားရစမြဲ။
၃၉ နှစ်ဆိုတဲ့ သက်တမ်းမှာ Rating ၉.၀ နဲ့အတူ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြလိုက်တဲ့ မြင်ကွင်းက ရင်သပ်ရှုမောစရာပါ။ အတောင်ပံတွေ ခတ်နေဆဲ ဧရာမ သိန်းငှက်ကြီးတစ်ကောင်လို ကွင်းလယ်မှာ စုန်ဆန်ပျံသန်းရင်း သူဟာ ဘောလုံးလောကရဲ့ ပြိုင်ဘက်
ကင်း နတ်ဘုရားဖြစ်ကြောင်း ထပ်ပြီး သက်သေပြခဲ့ပြန်ပါပြီ။
တကယ်တော့ "ဂုတ်ကြီး (GOAT)" ဆိုတဲ့ ဂုဏ်ပုဒ်က သူ့နောက်ကို လိုက်နေရတာပါ။ ဘောလုံးသမိုင်းတစ်လျှောက်မှာ ဘယ်သူကများ သူပြသခဲ့တဲ့ မှော်ဆန်မှုမျိုးကို ထပ်တူ ပြုလုပ်နိုင်ဦးမှာလဲ...။

16/07/2026

အသက် ၃၉ နှစ်ဆိုတဲ့ အချိန်ဟာ ကစားသမားအများစုအတွက် ကစားသမားဘဝကို အနားယူပြီး အတိတ်က အောင်မြင်မှုတွေကို ငေးမောရမယ့် အရွယ်ပေါ့။ ဒါပေမဲ့ "လီယွန်နယ် မက်ဆီ" အတွက်တော့ ဒါဟာ သမိုင်းအသစ်တွေကို ဆက်ပြီး ရေးထိုးဖို့ စာမျက်နှာသစ်တစ်ခုမျှသာ ဖြစ်ပါတယ်။

ပြိုင်ဘက်က ဘယ်လောက်ပဲ သန်မာထက်မြက်တဲ့ အင်္ဂလန်အသင်း ဖြစ်နေပါစေ... သူ ကွင်းထဲ ခြေချလိုက်တာနဲ့ ကစားကွင်းတစ်ခုလုံးက သူ့ရဲ့ စောင်းကြိုးတစ်မျှ ငြိမ့်ညောင်းသွားရစမြဲ။
၃၉ နှစ်ဆိုတဲ့ သက်တမ်းမှာ Rating ၉.၀ နဲ့အတူ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြလိုက်တဲ့ မြင်ကွင်းက ရင်သပ်ရှုမောစရာပါ။ အတောင်ပံတွေ ခတ်နေဆဲ ဧရာမ သိန်းငှက်ကြီးတစ်ကောင်လို ကွင်းလယ်မှာ စုန်ဆန်ပျံသန်းရင်း သူဟာ ဘောလုံးလောကရဲ့ ပြိုင်ဘက်
ကင်း နတ်ဘုရားဖြစ်ကြောင်း ထပ်ပြီး သက်သေပြခဲ့ပြန်ပါပြီ။
တကယ်တော့ "ဂုတ်ကြီး (GOAT)" ဆိုတဲ့ ဂုဏ်ပုဒ်က သူ့နောက်ကို လိုက်နေရတာပါ။ ဘောလုံးသမိုင်းတစ်လျှောက်မှာ ဘယ်သူကများ သူပြသခဲ့တဲ့ မှော်ဆန်မှုမျိုးကို ထပ်တူ ပြုလုပ်နိုင်ဦးမှာလဲ...။

16/07/2026

မက်ဆီရဲ့ ပွဲပြီး အင်တာဗျူး 🗣️

"ကျွန်တော် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကိုယ့်ကိုယ်ကိုပြင်ဆင်ခဲ့တာ တစ်နှစ်ရှိပါပြီ။ နေ့ရောညပါ လေ့ကျင့်ခဲ့သလို၊ ဒီကမ္ဘာ့ဖလားမှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်လိမ့်မယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။'"

ရော်နယ်ဒိုမှ မဟုတ်ပါဘူး။ မက်ဆီလည်း ကြိုးစားရတာပါပဲ။ ဂုတ်တစ်ပါးဖြစ်ဖို့ ပါရမီတစ်ခုတည်းနဲ့လည်း မလုံလောက်ပါပဲ။ 🐐🇦🇷

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon
11011