11/12/2025
ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ထက် ဂိုးပိုသွင်းထားနိုင်တဲ့တဲအသင်း ၂ သင်းပဲရှိပါတယ်။
မန်စီးတီး ( 35 ) ဂိုး
အာဆင်နယ် ( 28 ) ဂိုး
မန်ချက်စတာယူနိုက်တက် ( 26 ) ဂိုး
ယူနိုက်တက်ရဲ့ တိုက်စစ်က ဒီရာသီမှာ အများကြီး တိုးတက်လာပါတယ်။
ဆက်စစ်ကိုသာ အထိုင်ကျသွားရင် ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းကိုမဆို ယှဥ်နိုင်စွမ်းရှိပါတယ်။
10/12/2025
မေဂျာလိဂ်ကလပ် နက်ရှ်ဗီးလ်အသင်းကတော့ လီယွန်နယ်မက်ဆီနဲ့ ဆုံပဲဆုံနိုင်လွန်းတယ်လို့ ငြီးတွားပြောဆိုနေမလားမသိပါဘူး ။ ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလအစပိုင်းမှာ နက်ရှ်ဗီးလ်အသင်းဟာ မက်ဆီပါဝင်တဲ့ အင်တာမိုင်ယာမီအသင်းနဲ့ ၄ ပွဲဆက်ကစားခဲ့ရပြီး မက်ဆီတယောက်တည်းက ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ် ။
အခုလာမယ့်ဘောလုံးရာသီမှာ ကစားမယ့် ကွန်ကာကပ်ဖ် ချန်ပီယံဖလား ( မြောက်အမေရိက ချန်ပီယံလိဂ် ) မှာလည်း နက်ရှ်ဗီးလ်အသင်းဟာ အိုတာဝါအသင်းနဲ့ ၃၂ သင်းအဆင့်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက ၁၆ သင်းအဆင့်မှာ စောင့်နေတဲ့ အင်တာမိုင်ယာမီနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ် ။
အင်တာမိုင်ယာမီ ၊ ဆီယက်တယ်ဆောင်းဒါးစ်အပါအဝင် အသင်း ၅ သင်းဟာ ၁၆ သင်းအဆင့်ကနေ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆွန်ဟောင်မင်တို့ရဲ့ LAFC ကတော့ ၃၂ သင်းအဆင့်ကနေ စတင်ကစားရမှာပါ ။ နက်ရှ်ဗီးလ်အသင်းအနေနဲ့ မက်ဆီနဲ့ ပြန်ဆုံတွေ့ပြီး ဂိုးတွေမပေးချင်ဘူးဆိုရင်တော့ အိုတာဝါအသင်းကို အရှုံးပေးပြီး အိမ်ပြန်လိုက်တဲ့နည်းလမ်းကို ရွေးချယ်ရတော့မှာပါ ။
09/12/2025
မေဂျာလိဂ်ဘောလုံးသမိုင်းတလျောက်မှာ ပီလီ ၊ လမ်းပတ် ၊ ကာကာ ၊ ဂျရတ် ၊ အွန်နရီ စတဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေအများကြီး လာရောက်ကစားခဲ့ကြဖူးပါတယ် ။ ဒါပေမယ့် ဒေးဗစ် ဘက်ခမ်းကို ခေါ်ယူနိုင်ခဲ့မှုလောက် ဘယ်အရာမှ အကျိုးမပြုနိုင်ခဲ့ပါဘူး ။
ဘက်ခမ်းဟာ LA Galaxy နဲ့ အောင်မြင်ခဲ့ရုံမကပါဘူး ၊ အမျှော်အမြင်ကြီးမားမှုနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို အသုံးပြုပြီး လီယွန်နယ်မက်ဆီလို G.O.A.T တယောက်ကို အင်တာမိုင်ယာမီဆီ ခေါ်ဆောင်နိုင်ခဲ့ပါတယ် ။ မက်ဆီရောက်လာမှုကြောင့် ဆွာရက် ၊ ဘူးစကွက် ၊ အယ်လ်ဘာ ၊ ဒီပေါလ်တို့ဆိုတာ ဖြစ်လာခဲ့တာပါ ။
အခု အင်တာမိုင်ယာမီဟာ မေဂျာလိဂ်သမိုင်းမှာ MLS Cup ကို ရယူနိုင်တဲ့ ချန်ပီယံအသင်းဖြစ်လာခဲ့ပါပြီ ။ အသင်းက ကစားသမားအချို့ဟာလည်း လက်ရွေးစင်အသင်းတွေမှာ ပါဝင်လာခဲ့ကြသလို လူငယ်အကယ်ဒမီကလည်း အရှိန်အဟုန်နဲ့ တိုးတက်နေပါပြီ ။ ဒါတွေဟာ မက်ဆီ ရောက်ရှိလာမှုနောက်ပိုင်းမှာ ဖြစ်လာခဲ့တာပါ ။ မက်ဆီဟာ ဘက်ခမ်းကြောင့်သာ မဟုတ်ခဲ့ရင် အင်တာမိုင်ယာမီကို ရောက်လာမှာမဟုတ်ပါဘူး ။
ဒါကြောင့် မေဂျာလိဂ်ဘောလုံးသမိုင်းရဲ့ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်ကိုရွေးပါဆိုရင် ဆာ ဒေးဗစ် ဘက်ခမ်းဟာ နံပါတ် ၁ မဟုတ်ရင်တောင်မှ Top Three ထဲပါဝင်ဖို့ ထိုက်တန်တဲ့သူတယောက်ဖြစ်ပါတယ် ။
08/12/2025
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🚨🔴
အင်တာ ကို ယှဉ်ပြိုင်ဖို့ အီတလီကိုသွားမယ့် လီဗာပူးလ်လူစာရင်းကနေ တောင်ပံကစားသမား မိုဟာမက်ဆာလာကို ချန်ထားခဲ့ပြီဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ လီဗာပူးလ် ဘုတ်အဖွဲ့ နဲ့ နည်းပြ ဆလော့တို့က ပူးပေါင်းပြီး ချမှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
THE END??
[Fabrice Hawkins]🌕
16/10/2025
Mbeumo တယောက် ယူနိုက်တက်ကို ပြောင်းမယ်လုပ်တော့ သူ့ရဲ့ အစ်မဖြစ်တဲ့သူက '' နင် ယူနိုက်တက်ကို ပြောင်းတော့မယ်ဆို ၊ ဒီချိန်မှာ သူတို့က အခြေနေမကောင်းဘူး နော် '' လို့ သတိပေးခဲ့တော့....
Mbeumo က '' ယူနိုက်တက်ဆိုတာ အချိန်မရွေး ပြန်လာနိုင်စွမ်းရှိတဲ့ အသင်းပါ ၊ ပြီးတော့ သူတို့ရဲ့ ပလန်တွေကလည်း စိတ်ဝင်စားဖို့ကောင်းတယ် ၊ ငါ ပြောင်းမယ်လို့ ကတိပေးပြီးသားဖြစ်တဲ့အတွက် အဲဒီကတိအတိုင်းပဲ ယူနိုက်တက်ကို ပြောင်းတော့မယ် '' လို့ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။
ကျွန်တော်တို့တွေ သိကြတဲ့အတိုင်း ဒီရာသီ Transfer မှာ ခေါ်ယူထားတဲ့ကစားသမားတွေအားလုံးဟာ ဥရောပဝင်ခွင့်ရထားတဲ့အသင်းတွေကို ငြင်းပယ်ပြီးမှ ယူနိုက်တက်ကို လိုလိုလားလားနဲ့ ရွေးချယ်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။
21/07/2025
ကစားသမားသစ် Bryan Mbeumo ၏ ရင်တွင်းစကားသံတစ်ချို့
"မန်ချက်စတာယူနိုက်တက်ကိုပြောင်းကစားနိုင်မယ့်အခွင့်အရေးမျိုးရှိတာကိုသိတာနဲ့ချက်ချင်းပဲ ဒီအခွင့်အရေးကိုအမိအရဆုပ်ကိုင်ခဲ့တယ်။ ဒီဂျာစီကိုပဲဝတ်ပြီးကြီးပြင်းလာခဲ့ရတဲ့ ကျနော့်အိပ်မက်တွေထဲကအသင်းကို ပြောင်းခွင့်ရမယ့်အခွင့်အရေးမျိုးပေါ့"
"မနေ့ကထက်အမြဲပိုကောင်းလာရမယ်။ ဒါကျနော့်စိတ်နေစိတ်ထားနဲ့ခံယူချက်။ နည်းပြ Amorim ဆီကနေလေ့လာရင်း၊ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့လည်းတွဲဆော့ရင်းနဲ့မှ ဒီထက်ပိုမြင့်တဲ့အဆင့်အတန်းတစ်ခုကိုရောက်နိုင်တဲ့ စိတ်ဓာတ်နဲ့ပင်ကိုယ်စရိုက်တွေကျနော့်မှာရှိတယ်ဆိုတာသိထားပါတယ်"
"လူတိုင်းက နွေးနွေးထွေးထွေးဖန်တီးထားတဲ့ဒီနေရာကရပ်ဝန်းလေးအကြောင်း ကျနော့်ပြောပြတယ်။ ပြီးတော့ အနာဂတ်အတွက်ချမှတ်ထားတဲ့အစီအစဥ်တွေ ဘယ်လောက်တောင်စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတဲ့အကြောင်းလည်းပါတာပေါ့။ ခန်းနားတဲ့ကစားကွင်း၊ အံ့ဩဖို့ကောင်းတဲ့ပရိသတ်တွေနဲ့ ယူနိုက်တက်က တကယ်ကိုကြီးကျယ်ခန်းနားတဲ့အသင်းတစ်သင်းပါ။ အကြီးမားဆုံးဆိုတဲ့အောင်မြင်မှုတွေအတွက်ပဲ ကျနော်တို့အားလုံးရည်ရွယ်ထားပါတယ်"
21/07/2025
ကျနော် အင်တာမီလန်အတွက် ကစားပေးနေချိန်မှာ ဒိုကြီးက အေစီမီလန်မှာ။ မီလန်ဒါဘီပွဲမှာ ပွဲမစခင် သူနဲ့အနီးကပ်မှာရှိနေပြီး သူ့ကို သေချာကြည့်နေခဲ့တာပါ၊ ဒီပွဲမှာ သူ့ကို ကျနော်က စိန်ခေါ်ချင်တယ်ဆိုတာကို သူ နားလည်မယ်လို့လည်း ထင်ခဲ့တယ်။
ဒါပေမယ့် သူက ကျနော့်ကို ပြန်ကြည့်ချိန်မှာ သူ့ရဲ့ နာမည်ကျော်အပြစ်ကင်းတဲ့ အပြုံးနဲ့ပါ။ ကျနော်နားလည်လိုက်တာက ငါ့ကို သူက ဘောလုံးမှာ ကလေးတယောက်လိုပဲ မြင်သေးတယ်ဆိုတာပါ။ ပြိုင်ဘက်တယောက်အနေနဲ့၊ သူနဲ့ တန်းတူမဟုတ်တဲ့သူအနေနဲ့ပါ။ ဒါကိုကလည်း ကျနော့်အတွက် ဂုဏ်ယူစရာပါ။ ကျနော်ဘောလုံးကို ချစ်မြတ်နိုးခဲ့တာ သူ့ကြောင့်လည်းပါတယ်။
သူ့ဆီကို ကျနော်လျှောက်သွားခဲ့ပြီး နွေးနွေးထွေးထွေးနှုတ်ဆက်ခဲ့တယ်။ ‘ငါတို့ ဒီနေ့နိုင်မှာ ရော်နယ်ဒို” ဆိုပြီး ပြောခဲ့လိုက်တယ်။ သူက ဘာပြန်ပြောခဲ့လဲဆိုတော့ “ဇလာတန်၊ ငါ ကြံ့ခိုင်နေတယ်ဆိုရင် ပြောစရာတခုခုတော့ ရှိမှာပဲ၊ အခုကတော့ ငါ အရင်လိုမဟုတ်တော့ဘူး၊ ရုန်းကန်နေရတယ်၊ ဒဏ်ရာတွေက နှိပ်စက်နေတယ်” တဲ့။
တကယ်ပွဲကစားချိန်မှာ သူပြေးလွှားနေတာကိုကြည့်ပြီး ကျနော်မျက်လုံးပြူးခဲ့ရတယ်။ အရမ်းမိုက်တဲ့ ဂိုးကိုပါ သွင်းပြခဲ့ပြီး အန္တရာယ်ရှိတဲ့ အခွင့်အရေးတွေပါ လုပ်ပြသွားခဲ့တာပါ။ ဒါပေမယ့် သူ ဒုတိယပိုင်းကို ဆက်မကစားနိုင်ခဲ့ဘူး။ ဒဏ်ရာကြီးနဲ့ သူ ဝင်ကစားပေးခဲ့တယ်ဆိုတာကို ပွဲပြီးမှ ကျနော်သိလိုက်ရတယ်။ သူ့ဆီကို သွားစကားပြောခဲ့ပြီး ပိုလေးစားခဲ့ရတယ်။ အဲဒီနေ့တနေ့လုံး ကျနော်တွေးနေခဲ့တာက ဒီလောက်ထိ ဒဏ်ရာပြင်းထန်နေတာတောင် သူ ကစားသွားတာက တကယ့်အံ့ဖွယ်ပါလားဆိုတာပဲ။
20/07/2025
BREAKING:
Man United သည် Chelsea တိုက်စစ်မှူး Nicolas Jackson ၏ အေးဂျင့် Ali Barat နှင့် ကနဦး ဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်သည်။
[bbc]
20/07/2025
နေမာကတော့ တခြားနာမည်ကျော်ကစားသမားတွေနဲ့ သူ့ကို နှိုင်းယှဥ်ရွေးချယ်စေခဲ့ရာမှာ မက်ဆီနဲ့စီရိုနယ်ဒိုကလွဲပြီး သူ့ကိုယ်သူပဲ ရွေးချယ်သွားခဲ့ပါတယ်။
နေမာ vs ဆွာရက်ဇ် 🇺🇾 : နေမာ
နေမာ vs ဒီမာရီယာ 🇦🇷 : နေမာ
နေမာ vs အန်းဒရစ် 🇧🇷 : နေမာ
နေမာ vs ဆာလတ် 🇪🇬 : နေမာ
နေမာ vs ရီဗယ်ဒို 🇧🇷 : နေမာ
နေမာ vs အမ်ဘာပေ 🇫🇷 : နေမာ
နေမာ vs ဗင်နီးဆီးယတ်စ် 🇧🇷 : နေမာ
နေမာ vs စီရိုနယ်ဒို 🇵🇹 : စီရိုနယ်ဒို
နေမာ vs မက်ဆီ 🇦🇷 : မက်ဆီ
19/07/2025
လိဒ်ယူနိုက်တက် Vs မန်ချက်စတာယူနိုက်တက် ခြေစမ်းပွဲလူစာရင်း
18/07/2025
BREAKING:
Man United သည် Brentford တိုက်စစ်ကစားသမား Bryan Mbeumo (၂၆ နှစ်) အား ပေါင် ၆၅ သန်း + ၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ အပြောင်းအရွှေ့အား အသင်း ၂ ခုကြား အပြီးသတ်နေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးအား ၄ ကြိမ် ခွဲ၍ ပေးချေမည်ဖြစ်သည်။
[David Ornstein]
17/07/2025
BREAKING:
Man United သည် Brentford တိုက်စစ်ကစားသမား Bryan Mbeumo အတွက် ပေါင် ၆၅ သန်း + အပိုဆုကြေး ၅ သန်းဖြင့် ကမ်းလှမ်းလိုက်ပြီဖြစ်သည်။
[David Ornstein]