Royal Fitness Gym 1- East Dagon

Royal Fitness Gym 1- East Dagon

Share

Be Fit& Be healthy

05/10/2025

🪔🪔Happy Thadingyut Festival🪔🪔

တနင်္လာနေ့ (၆.၁၀.၂၀၂၅) သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါသောကြောင့် gym တစ်ရက်ပိတ်၍ အင်္ဂါနေ့ (၇.၁၀.၂၀၂၅) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သတိပေးအပ်ပါတယ်ခင်ဗျာ။

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် Royal Fitness ၏ တန်ဖိုးထားရသော မန်ဘာများနှင့် မြန်မာပြည်သူ ပြည်သားများ စီးပွားဥစ္စများ ဒီရေအလား တိုးတက်ပါစေကြောင်းနှင့် ကပ်ရောဂါဘေးအပေါင်းမှ ကင်း‌ဝေးပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာပျော်ရွှင်ပါစေကြောင်း Royal Fitness မိသားစုမှ ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်ခင်ဗျ။



18/05/2025

▪️Royal Fitness Gym ရဲ့ ဘယ် branches တွေမှာ ကစားခဲ့ဖူးကြလဲ 🙋‍♂️🙋‍♀️❔

အက်မင်တို့ Royal Fitness ဟာဆိုရင်
- မြောက်ဥက္ကလာ Branch
- အရှေ့ဒဂုံ Branch
- မြောက်ဒဂုံ Branch

ဆိုပြီး Gym 3 ခု ရှိခဲ့ပြီး အစဉ်အလာကောင်းနဲ့ နာမည်တစ်ခုကို ရရှိခဲ့တာ ယခုတိုင်ပါပဲ။

ဒီပေ့လေးကတော့ ဦးဝိစာရလမ်းပေါ်မှာ ရှိတဲ့ မြောက်ဒဂုံ Gym ရဲ့ ကိုယ်စားပြု ပေ့ချ်ဖြစ်ပြီးတော့

ကျယ်ဝန်းတဲ့ ဧရိယာ၊
ခေတ်မှီတဲ့ စက်တွေ ၊
ကျွမ်းကျင်တဲ့ Trainer တွေနဲ့အတူ
Member တွေအားလုံးကို ပြောင်းလဲပေးနိုင်ဖို့ Ability တွေ အပြည့်ရှိပါတယ်။

ကြီး/ ငယ် / ကျား/ မ မရွေး
ကောင်းမွန်တဲ့ Result တွေနဲ့အတူ
ကျန်းမာတဲ့ ခန္ဓာကိုယ်၊
တိကျသေသပ်တဲ့ body ကောက်ကြောင်း၊
ပေါ့ပါး လန်းဆန်းစေတဲ့ အချိန်တွေ ရရှိဖို့

Royal Fitness နဲ့ အတူ လက်တွဲလိုက်ကြပါစို့ 🤎🤎🤎

☎️ 📞09795440817,09795270525
📍🏠 အမှတ် (၁၁၉၆)ဦးဝိစာရလမ်းမကြီး(၄၂)ရပ်ကွက် ,ကတို့ဆိပ်မှတ်တိုင်အနီး,မြောက်ဒဂုံမြို့နယ်။


#အစဉ်အလာမပျက်royalfitness

18/05/2025

“ဆရာ သမီး Diet လုပ်နေတာ ၊ အခုဆို ထမင်းအစား ကန်စွန်းဥနဲ့ ဝဥ ကြာဇံတွေပဲ စားဖြစ်တယ်။”

Trainer : တော်လိုက်တာ တစ်နေ့ ဘယ်နှစ်ကယ်လိုရီလောက် စားဖြစ်လဲ ?

“ ကယ်လိုရီတော့ မတွက်ဖြစ်ဘူးဆရာ
မနေ့ကတော့ Gym ကအပြန် ဆာဆာနဲ့ စားလိုက်တာ ကန်စွန်းဥ ရှစ်ဆယ်သားလောက် ကုန်သွားတယ်။ ဝဥ ကြာဇံကတော့ ဒီနေ့မှ ကြာညို့လေးနဲ့ ကြော်စားမလို့ “

Trainer be like :

16/05/2025

🚨ရာသီလာတဲ့အချိန်မှာ Gym ကစားလို့ ရလား 🚨

ဒါကတော့ အမျိုးသမီးတွေ အမေးများတဲ့
မေးခွန်း ဖြစ်ပါတယ်။ 🩸

✅တကယ်ကတော့ Menstruation ကာလမှာလဲ Gym ကစားလို့ ရပါတယ်။

ဒါပေမဲ့ အလာများတဲ့ရက်နဲ့ နာကျင်မှုအပြင်းထန်ဆုံး ပထမရက်တွေမှာတော့
တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

ဆော့တဲ့အခါမှာလဲ Yoga , Walking , Stretching လို ကစားနည်းတွေ
ဆော့သင့်ပါတယ်။

အပြင်းအထန်ဆော့တာမျိုးကို ရှောင်ပေးပါ။

ရေဓာတ် ပြန်ပြန် ဖြည့်ပါ။
အဟာရပြည့်အောင် စားပါ။

▪️ဒါ့အပြင် Mensturation 🩸 လာတဲ့ အချိန်မှာ Gym ဆော့ရင် အခြားကောင်းကျိုးလေးတွေလဲ ရှိပါတယ်။

• သွေးလည်ပတ်မှု မြန်စေတယ်။

• မူးဝေခြင်းနဲ့ ရာသီခဲခြင်း လျော့နည်းစေတယ်။

• စိတ်ဖိစီးမှု ပျောက်ကင်းစေတယ်။

• Endorphins ထွက်ရှိတာမို့ စိတ်ကို သက် သောင့်သက်သာရှိစေတယ်။

ဒါကြောင့် Gym ကစားတဲ့အခါ ဘာတွေကို
ဆောင်ရမလဲ / ရှောင်ရမလဲ ရွေးချယ်နိုင်ပြီး
အမျိုးသမီးတို့ အနေဖြင့် ဗဟုသုတ ရမယ်လို့လဲ မျှော်လင့်ပါတယ်ရှင့် 🫶🤎

☎️ 📞09795440817,09795270525
📍🏠 အမှတ် (၁၁၉၆)ဦးဝိစာရလမ်းမကြီး(၄၂)ရပ်ကွက် ,ကတို့ဆိပ်မှတ်တိုင်အနီး,မြောက်ဒဂုံမြို့နယ်။


#အစဉ်အလာမပျက်royalfitness

06/04/2025

ငလျင်ဘေးအတွက်အကူညီများဆောင်ရွက်နိုင်ရေးအတွက်အလှူငွေများ လှူဒါန်းထားသော royal fitness gymနှင့်မန်ဘာများ၏ အလှူငွေ စာရင်းများမှာ …

Royal fitness gym founder
ဆရာပြည့်စုံကျော် - ၁,၀၀၀,၀၀၀/-

Royal fitness gym(1)

Trainer ဆရာအောင်ဇင်ဖြိုး-၂၀,၀၀၀/-
Trainer သူရိန်ပိုင်-၂၀,၀၀၀/-
အိန့်သင်ဇာကောင်း--၂၀,၀၀၀/-
နန့်ကေခိုင်-၅၀,၀၀၀/-
ဦးထမ်းမာန်-၂၀,၀၀၀/-
ဒေါ်နုလင်း-၃၀,၀၀၀/-
ကိုတင်ဝင်း-၁၀,၀၀၀/
စည်သူထွန်း-၁၀,၀၀၀/-
မခင်အေးချို-၁၀,၀၀၀/-
မမဆောင်း-၁၀၀,၀၀၀/-
ဇင်ကိုလှိုင်-၁၀,၀၀၀/-
ကိုသော်ဇင်-၁၀,၀၀၀/-
မနှင်းအိမွန်အေး-၁၀,၀၀၀/-
နန်းလောင်ခမ်း-၁၀၀,၀၀၀/-
ကိုပိုင်ဆက်ဦး-၂၀,၀၀၀/-
မဆုသင်ဇာဖူး-၁၅,၀၀၀/-
ကိုကြည်ရွှင်-၁၀,၀၀၀/-
ကိုအောင်ချမ်းမြေ့ပိုင်-၂၀,၀၀၀/-
ကိုလင်းသစ်ဦး-၅၀၀၀/-
မအိအိမွန်-၁၀,၀၀၀/-
ကိုကြည်ဖြူ-၂၀,၀၀၀/-
ကိုဝေလင်းလှိုင်-၂၅,၀၀၀/-
ကိုချမ်းမြေ့-၁၅,၀၀၀/-
ကိုမြတ်မင်းသူ-၁၀,၀၀၀/-
ကိုဇင်ကိုကိုထက်-၁၀,၀၀၀/-
ကိုဘီးကျဲ-၂၀,၀၀၀/-
ကိုသုတဟိန်း-၁၀,၀၀၀/-
မအိဖြိုးလှိုင်-၂၀,၀၀၀/-
ဦးခင်ဇော်-၂၀,၀၀၀/-
ကိုအောင်ဌေးဦး-၁၅,၀၀၀/-
ကိုမြင့်မြတ်မောင်-၁၁,၀၀၀/-
ကိုပြည်တိုင်းကျော်-၃၀,၀၀၀/-
ကိုဟိန်းထက်အောင်-၂၀,၀၀၀/-
ကိုမင်းသန့်နိုင်-၁၀,၀၀၀/-
မဇာနည်-၅၀၀၀/-
ဆရာမ-၁၀,၀၀၀/-
မလှိုင်လှိုင်ဝေ-၅၀၀၀/-
မခင်နှင်းလွင်-၃၀,၀၀၀/-
ဒေါ်ငွေခဲ-၂၀,၀၀၀/-
မဖြူ-၁၀,၀၀၀/-
ကိုစစ်ညီအောင်-၂၀,၀၀၀/-
ကိုကျော်မင်းထွန်း-၅၀,၀၀၀/-
ကိုဇဗ္ဗူကျော်-၁၀,၀၀၀/-
ကိုမင်းသူ-၂၀,၀၀၀/-
ကိုညာဏ်မင်းထက်-၁၀,၀၀၀/-
ကိုမင်းထက်-၁၀,၀၀၀/-

Gym (2)အလှူငွေ-၆၀၀,၀၀၀/-

Gym(3)အလှူငွေ-၁,၅၆၀,၀၀၀/-

စုစုပေါင်းအလှူငွေ(၄,၁၁၆,၀၀၀)ကျပ်တိတိပါခင်ဗျာ

လှူဒါန်းပေးကြသောမန်ဘာများ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ...ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ...ကပ်ကြီးသုံးပါးမှလဲကျော်လွှားလွတ်မြောက်နိုင်ပါစေ...🙏🙏🙏🙏🙏


03/04/2025

"ငလျင်ဘေးအတွက် နိုင်သမျှ စုပေါင်းပါဝင် လှူဒါန်းကြပါစို့"

ယခုအခါမှာ ပြင်းထန်လှတဲ့ ငလျင်ဘေးကြောင့် မန္တလေး၊ စစ်ကိုင်း၊ အင်းလေးဒေသနှင့် အချို့သောမြို့တွေမှာ ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ များပြားလွန်းတဲ့ ဆုံးရှုံးမှုတွေ၊ ပြိုလဲပျက်စီးသွားရတဲ့ အသက်အိုးအိမ်ပေါင်းများစွာအတွက် အနည်းငယ်ဖြစ်စေ သက်သာရာရစေဖို့အတွက် ကျွန်တော့်တို့ Royal fitness gym branch(1,2&3) မှမန်ဘာများအနေဖြင့်
ကျွန်တော်တို့နဲ့ပါဝင်ပြီးတတ်နိုင်သမျှ ပါဝင်လှူဒါန်းကြဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Royal fitness gym founder ဆရာပြည့်စုံကျော်မှ ငွေကျပ် ၁၀ သိန်း မတည်လှူဒါန်းပေးထားပါတယ်ခင်ဗျ🙏🙏🙏

30/03/2025

ဖုန်းအားသွင်းရန် အခက်ခဲဖြစ်သူများ မည်သူမဆို

Royal Fitness gym တွင် Gym ဖွင့်ရက်
တနင်္လာမှ စနေ့နေအထိ gym ပိတ်ရက်တနင်္ဂနွေနေ့မှလွဲ၍

မနက် ၆ နာရီမှ နေ့လည် ၁၀ နာရီအတွင်း
ညနေ ၄ နာရီမှ ည ၈နာရီအတွင်း

အခမဲ့လာရောက်ဖုန်းအားသွင်းနိုင်ကြပါတယ်ခင်ဗျ….

Gym1- အမှတ် (၆) တပင်ရွှေထီးလမ်းမကြီး, ဗိုလ်စောနောင်မှတ်တိုင်အနီး ,အရှေ့ဒဂုံမြို့နယ်
Gym 2- အမှတ် (၃၁၅) မေဓာဝီလမ်းမကြီး ,သုနန္ဒာလမ်းဆုံအနီး,မြောက်ဥက္ကလာပမြို့နယ်
Gym3- အမှတ် (၁၁၉၆)ဦးဝိစာရလမ်းမကြီး(၄၂)ရပ်ကွက် ,ကတို့ဆိပ်မှတ်တိုင်အနီး,မြောက်ဒဂုံမြို့နယ်

Contact ph....09795440817,09795270525

,2&3

29/01/2025

ကဲ ... gymmer တို့ရေ
Royal Fitness Gym မှာတော့
New Year New Price နဲ့ ဈေးနှုန်းလေးများ ပြောင်းလဲထားပါတယ် ခင်ဗျာ
1.2.2025 ရက်နေ့မှစ ပြောင်းလဲလိုက်သော update price , အကောင်းဆုံး promotion တွေနဲ့
အတူ ၃ လ free ရနိုင်တဲ့ Plan တွေပါ ဝယ်ယူပြီး Join နိုင်ပါပြီ
Update Member fees
📍 Daily - 10,000 Ks
📍 1 month - 40,000 Ks
📍 3 months -108,000 Ks -(10%)
📍 6 months -240,000 Ks (1 month free)
📍 1 year - 480,000 Ks (3 months free)
Royal Fitness gym-1 : တပင်ရွှေထီးလမ်း, (၁၁)ရပ်ကွက်, မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့ ။
Royal Fitness gym-2 : အမှတ် 315, မေဒါဝီလမ်း, မြောက် ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။
Phone : 09795440817,09795270525

15/10/2024

We’re Hiring…💸💸💸

Royal fitness gym (1)နှင့်လက်တွဲလုပ်ဆောင်ရန်

-အမျိုးသား ကျွမ်းကျင် Trainer (1) post နှင့်

Royal fitness gym(2)နှင့်လက်တွဲလုပ်ဆောင်ရန်

-အမျိုးသားAssistant Trainer(1) post

အားအမြန်ဆုံး ခေါ်ယူလျက်ရှိပါသည်။

⏱⏱⏱အလုပ်ချိန်- Full time ⏱⏱⏱

💸💸💸လစာ- ညှိနှိုင်း

-Trainerရှိအပ်သည့် knowledge &skill များရှိရပါမည်။
-Teamwork ဖြင့်အဆင်ပြေစွာလုပ်ကိုင်နိုင်ရမည်။လူမှုဆက်ဆံရေးကောင်းမွန်ပြီး မန်ဘာများအပေါ်ဂရုတစိုက်နှင့်စိတ်ရှည်စွာ နည်းပြပေးသူဖြစ်ရပါမည်။

-Royal Fitness မှချမှတ်ထားသောစည်းကမ်းများကိုတိကျစွာ လိုက်နာနိုင်သူဖြစ်ရပါမည်။

အလုပ်လျှောက်ထားလိုသူများသည်
Royal Fitness Gym (သို့ )လူကိုယ်တိုင်လာရောက်ပြီး လျောက်ထားနိုင်ပါသည်။

(1)CV formအပြည့်အစုံ

(2)Body အပြည့်ဓာတ်ပုံ 2ပုံ

အင်တာဗျူးဖြေရန်သင့်တော်သူများကိုရွေးချယ်ပြီး ပြန်လည်ဆက်သွယ်ပါမည်။အင်တာဗျူးဖြေဆိုအောင်မြင်သူများသည်ချက်ချင်းအလုပ်ဝင်နိုင်ရပါမည်။

gymတွင်နေထိုင်နိုင်သူများအား ဦးစားပေးခန့်ပါမည်။

အရှေ့ဒဂုံနှင့် မြောက်ဥက္ကာအတွင်းနေထိုင်သူများအား ဦးစားပေးခန့်ပါမည်။

fitness gym
our team
09795440817,09795270525

31/05/2024

Royal fitness memberများရှင်(1.6.2024)မှ စပြီး member fees များပြောင်းလဲသတ်မှတ်လိုက်ကြောင်း အသိပေးအပ်ပါတယ်ရှင်...🙏🙏🙏

24/05/2024

မနက်ဖြန် 25,5,2024ရက်နေ့ Gym(1)ရက်ပိတ်ပါမယ်ခင်ဗျGym သန့်ရှင်းရေးပိုင်းဆိုင်ရာနှင့်စက်ပစ္စည်းများကိုပိုးသတ်သန့်ရှင်းရေးလုပ်မည်ဖြစ်ပါသောကြောင့်ပါ ချစ်ရသောmemberများကျန်းမာရေးအတွက်သန့်ရှင်းမူ့ပိုင်းအတွက်ပါခင်ဗျ
memberများအားလုံးရုပ်ရောနာမ်ရောကျန်းမာရွှင်လန်းကြပါစေလို့ကျနော်တို့ Royal Fitness Gym- 1 North Dagon Familyမှမေတ္တာပို့ဆုတောင်းပေးပါတယ်နော်😘😘😘😘

15/05/2024

We’re Hiring…💸💸💸Royal fitness gym 2&3

-အမျိုးသား ကျွမ်းကျင် Trainer (2) posts
-အမျိုးသား Assistant Trainer (1)post

နှင့် အမျိုးသမီး Trainer (2) posts

အားအမြန်ဆုံး ခေါ်ယူလျက်ရှိပါသည်။

⏱⏱⏱အလုပ်ချိန်- Full time ⏱⏱⏱

💸💸💸လစာ- ညှိနှိုင်း

-Trainerရှိအပ်သည့် knowledge &skill များရှိရပါမည်။
-Teamwork ဖြင့်အဆင်ပြေစွာလုပ်ကိုင်နိုင်ရမည်။လူမှုဆက်ဆံရေးကောင်းမွန်ပြီး မန်ဘာများအပေါ်ဂရုတစိုက်နှင့်စိတ်ရှည်စွာ နည်းပြပေးသူဖြစ်ရပါမည်။

-Royal Fitness မှချမှတ်ထားသောစည်းကမ်းများကိုတိကျစွာ လိုက်နာနိုင်သူဖြစ်ရပါမည်။

မြောက်ဒဂုံအနီးတဝိုက်နေထိုင်သူနှင့် အမျိုးသား trainer သည် gymတွင်နေထိုင်နိုင်သူအား ဦးစားပေး ခေါ်ပါမည်.

အလုပ်လျှောက်ထားလိုသူများသည်
Royal Fitness Gym (သို့ )လူကိုယ်တိုင်လာရောက်ပြီး လျောက်ထားနိုင်ပါသည်။

(1)CV formအပြည့်အစုံ

(2)Body အပြည့်ဓာတ်ပုံ 2ပုံ

အင်တာဗျူးဖြေရန်သင့်တော်သူများကိုရွေးချယ်ပြီး ပြန်လည်ဆက်သွယ်ပါမည်။အင်တာဗျူးဖြေဆိုအောင်မြင်သူများသည်ချက်ချင်းအလုပ်ဝင်နိုင်ရပါမည်။

fitness gym
our team
09795440817,09795270525

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Tabinshwehti Street, 11 Quarter, North Dagon
Yangon

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00