Special Olympics Myanmar

  • Home
  • Special Olympics Myanmar

Special Olympics Myanmar Let me win,But if I cannot win
Let me be brave,In the attempt.

ကျွန်ုပ်အား ၊ ပြိုင်ပွဲတွင် ယှဉ်ပြိုင်အနိုင်ယူခွင့်ပြုပါ၊
အနိုင်မရရှိပါကလည်း ၊ယှဉ်ပြိုင်ရာတွင် ကြိုးစား အားထုပ်မှုကို
၊ပြသခွင့်ပြုပါ။

03/11/2026

Special Olympics Myanmar Insein Centre နှင့် Shining Stars Mandalay တို့ရဲ့ Local Games နှင့် National Games တို့အတွက်လေ့ကျင့်မှုမှတ်တမ်း...

Special Olympics Myanmar Southern Shanမှ အားကစားသမားများ Local Games 2026အတွက်လေ့ကျင့်မှုမှတ်တမ်း
03/11/2026

Special Olympics Myanmar Southern Shanမှ အားကစားသမားများ Local Games 2026အတွက်လေ့ကျင့်မှုမှတ်တမ်း

Special Olympics Myanmar ရဲ့ Bowling အားကစားအဖွဲ့မှ အားကစားသမားများရဲ့ Local Games 2026 အား24.10.2026 စနေနေ့တွင် ရန်ကုန်...
03/11/2026

Special Olympics Myanmar ရဲ့ Bowling အားကစားအဖွဲ့မှ အားကစားသမားများရဲ့ Local Games 2026 အား24.10.2026 စနေနေ့တွင် ရန်ကုန်မြို့ Right Track Bowling Centre တွင် နံနက် 10နာရီတွင် ကျင်းပပြုလုပ်ခဲ့ပုံမှတ်တမ်းများအားဂုဏ်ာယူစွာမျှဝေလိုက်ပါသည်။

Special Olympic Myanmar (Mandalay )2026 Mandalay local gamesအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကျင်းပရေးဦးစီး ကော်မတီအစည်းအဝ...
03/11/2026

Special Olympic Myanmar (Mandalay )
2026 Mandalay local gamesအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကျင်းပရေးဦးစီး ကော်မတီအစည်းအဝေးကို ၃.၁၁.၂၆ရက်နေ့ နံနက် ၉နာရီတွင်မန္တလေးWKA SPORT CENTER တွင် SO Mandalay အဖွဲ့ဝင်များ၊ မန္တလေးမြို့အတွင်းရှိအထူးပညာရေးကျောင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကျင်းပဆွေးနွေးခဲ့ကြပါသည်။အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၊ဖိတ်ကြားရေး ၊ကြိုဆိုဧည့်ခံရေး ၊ပြိုင်ပွဲဝင်အားကစားသမားများ၊ပြိုင်ပွဲအမျိုးအစားများ၊စီစဥ်ကြိးကြပ်ဆောင်ရွက်ရေး၊ ဆုပေးရန်စီစဥ်ဆောင်ရွက်ရေး ၊အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များ၊ပြန်ကြားရေး ဘဏ္ဏာရေးကိစ္စများကိုတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

28/10/2026

Special Olympics Myanmar Coaching Training (2026) သင်တန်းဆင်းပွဲ

🏅 "တူယှဉ်တွဲလို့ အောင်ပွဲဆီ၊ လှမ်းချီစို့ အနာဂတ်ဆီ" 🏅

Special Olympics Myanmar မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့သော Coaching Training 2026 သင်တန်းကြီးသည် အောင်မြင်စွာဖြင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

(၃) ရက်တာကာလအတွင်း စိတ်ရောကိုယ်ပါ အပ်နှံကာ တက်ကြွစွာ သင်ကြားပြသပေးခဲ့ကြသော နည်းပြဆရာကြီး/ဆရာမကြီးများ၊ သင်တန်းကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးကြသော အလှူရှင် နှင့် မေတ္တာရှေ့ထားကာ အစားအသောက်များ စီစဉ်ဧည့်ခံပေးကြသူများ အားလုံးကို Special Olympics Myanmar မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း လှိုက်လှဲစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ယခုသင်တန်းမှ သင်ယူခဲ့ရတဲ့ အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံကောင်းများကို အခြေခံပြီး မိမိတို့ရဲ့ အားကစားအသင်းများဆီ ပြန်လည်မျှဝေပေးကြမည့် သင်တန်းသား/သူ တစ်ဦးချင်းစီတိုင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နောင်လာမည့် အနာဂတ်မှာ မိမိတို့ရဲ့ အားကစားအသင်းများနှင့် အားကစားသမားများအတွက် အကောင်းဆုံးနှင့် စံပြနည်းပြများ ဖြစ်လာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ဆက်လက်ပြီး Special Olympics Myanmar ရဲ့ လှုပ်ရှားမှုတွေကို ဝိုင်းဝန်းလက်တွဲ အားပေးကြပါဦးလို့ ဖိတ်ခေါ်အပ်ပါတယ်။

28/10/2026

🏆 Special Olympics Myanmar – Coaching Training (Day 3)

Special Olympics Myanmar မှ ဉာဏ်ရည်မသန်စွမ်းအားကစားသမားများ လေ့ကျင့်ရေးစွမ်းရည်များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပသော Coaching Training Day 3 သင်တန်းကို ရန်ကုန်မြို့ရှိ New Life Foundation ခန်းမ ၌ ၁၆.၁၀.၂၀၂၆ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

သင်တန်းတွင် Physical Development in sports prevention and management of sports injury, Unified Sports & Athletes Leader နှင့် SOIမှ ပေးအပ်သော Sports Assistant coach Training Level 1စာမေး ပွဲဖြေ ဆိုကြခြင်းများကို တက်ရောက်လာကြသောရန်ကုန်၊မန္တလေး၊ပဲခူး၊ပြည်၊တောင်ကြီး၊မော်လမြိုင်မြို့များမှ၊ ဆရာ/ဆရာမ၊ နည်းပြများက လက်တွေ့လေ့ကျင့်ရေးနည်းများကို တက်ကြွစွာ လေ့လာခဲ့ကြပါသည်။

27/10/2026

🏆 Special Olympics Myanmar – Coaching Training (Day 2)

Special Olympics Myanmar မှ ဉာဏ်ရည်မသန်စွမ်းအားကစားသမားများ လေ့ကျင့်ရေးစွမ်းရည်များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပသော Coaching Training Day 2 သင်တန်းကို ရန်ကုန်မြို့ရှိ New Life Foundation ခန်းမ ၌ ၁၅.၁၀.၂၀၂၆ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

သင်တန်းတွင် Special Olympics ၏ Track & Field၊ Bocee နှင့် Bowling အားကစားနည်းများကို တက်ရောက်လာကြသောရန်ကုန်၊မန္တလေး၊ပဲခူး၊ပြည်၊တောင်ကြီး၊မော်လမြိုင်မြို့များမှ၊ ဆရာ/ဆရာမ၊ နည်းပြများက လက်တွေ့လေ့ကျင့်ရေးနည်းများကို တက်ကြွစွာ လေ့လာဆွေးနွေးခဲ့ကြပါသည်။

Address

Ta U Ba Kyaw St တာမွေလေး ဂုံးတံတားအဆင်

Website

Alerts

Be the first to know and let us send you an email when Special Olympics Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed gym/sports facility?

Share

Nearby gyms & sports facilities