08/08/2026
ယနေ့ည မြန်မာစံတော်ချိန် ည ၇း၃၀ အချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းသည် ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် ရာဇမင်္ဂလာကွင်းတွင် အဝေးကွင်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။
မြန်မာ ဘောလုံးပရိသတ်များအနေဖြင့် မြန်မာ့လက်ရွေးစင် အသင်း၏ အုပ်စုတက်ရေး အရေးကြီးပွဲစဉ်ဖြစ်တဲ့ အဆိုပါ ပွဲစဉ်ကို Skynet Sports-3, MRTV HD နှင့် Channel 9 ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။
ထို့အပြင် ASEAN United FC Facebook စာမျက်နှာနှင့် Youtube Channel များတွင်လည်း ကြည့်ရှုအားပေးနိုင်မည် ဖြစ်ကြောင်း ထပ်မံ သတင်းကောင်းပါးအပ်ပါသည်။
08/08/2026
ASEAN HYUNDAI CUP™ 2026
……………………………………………………………..
MATCHDAY!
Thailand 🇹🇭 (Vs) 🇲🇲 Myanmar
📅 Date - 8 August 2026
⏱️ Time - 7:30 PM (MMT)
🏟️ Venue - Rajamangala National Stadium, Bangkok
▶️ HB Live - Skynet Sports-3, MRTV HD, Channel 9
🔴 Online - / facebook & YouTube
07/08/2026
မနက်ဖြန် ထိုင်းနဲ့ပွဲစဉ်မှာ 🇲🇲မြန်မာအသင်း ဝတ်ဆင်မယ့် ဂျာစီဖြစ်ပါတယ်။
⚪️White/⚪️White/⚪️White
07/08/2026
🇲🇲 Official Training Session for Tomorrow Match
07/08/2026
AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်ဖြစ်သည့် အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှ ဖြေကြားချက်များ
🇲🇲
“မနက်ဖြန်ပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ပါ။ အသင်းအနေနဲ့ တစ်ပွဲပြီး တစ်ပွဲ ပိုပြီးကောင်းလာတာကို ပြီးခဲ့တဲ့ ပွဲတွေမှာ တွေ့ရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရှေ့တန်းကစားသမားဖြစ်ခဲ့တော့ တိုက်စစ်ဦးစားပေးတဲ့ ကစားဟန်ကို ပိုပြီးနှစ်သက်ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တာဝန်ယူခဲ့သမျှ အသင်းတွေမှာ တိုက်စစ်ဦးစားပေး နည်းဗျူဟာအတိုင်း ကျင့်သုံးပါတယ်။ တစ်ပွဲပြီးတစ်ပွဲ၊ လေ့ကျင့်ရေး တစ်ချိန်ပြီးတစ်ချိန် ကြိုးစားခဲ့သလို ရတဲ့ အချိန်အတွင်းမှာ ကစားသမားတွေ လိုက်လုပ်နိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော် ဝမ်းသာရပါတယ်။ထိုင်းအသင်း အကြောင်းသိဖို့ကိုလည်း နည်းစနစ်သုံးသပ်မှုတွေ လုပ်ပြီးသားပါ။ ကျွန်တော် ဟောင်ကောင်အသင်းကို တာဝန်ယူခဲ့စဉ်ကလည်း ဒီမှာလာကစားခဲ့ဖူးတာမို့ သိသင့်သမျှ သိထားပါတယ်။ မနက်ဖြန်ပွဲအတွက် အားလုံး အစွမ်းကုန်ကြိုးစားမှာပါ။“
✅Jørn Andersen
(နည်းပြချုပ်၊ 🇲🇲မြန်မာ့လက်ရွေးစင်အသင်း)
“အားလုံးသိပြီးသား ဖြစ်တဲ့အတိုင်း ထိုင်းက လက်ရှိအုပ်စုမှာ အင်အားကြီးအသင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဂရုစိုက်မနေပါဘူး။ ကျွန်တော်တို့ အသင်းကိုပဲ ပိုပြီးကောင်းလာဖို့ ကြိုးစားမှာပါ။ ဖိအားဆိုတာလား။ ကျွန်တော်တို့မှာ ဖိအားတစ်ခုမှ မရှိပါဘူး။ ဒီမှာ ကျွန်တော်တို့နိုင်ငံသားတွေအများကြီး ရှိနေလို့ ကျွန်တော်တို့ အိမ်ကွင်းလိုပဲ သဘောထားပါတယ်။ ကျွန်တော့် အသင်းဖော်တွေ အားလုံးကို ယုံကြည်မှု အပြည့်ရှိပြီးသားဖြစ်လို့ သိပ်အများကြီး ပြောနေစရာ မရှိပါဘူး။ ကျွန်တော်တို့ ပရိသတ်အတွက်အစွမ်းကုန် ကြိုးစားပေးဖို့ အသင့်ပါ။”
✅ကျော်မင်းဦး (🇲🇲မြန်မာ့လက်ရွေးစင် ကွင်းလယ် ကစားသမား)
Thailand 🇹🇭 Vs 🇲🇲 Myanmar
8 AUGUST 2026 ( 7:30 PM, MMT)
Rajamangala National Stadium
07/08/2026
Shopee Cup Play-off နှစ်ကျော့စလုံးကို သုဝဏ္ဏကွင်းတွင် ကစားရမည့် ရှမ်းယူနိုက်တက်
————
မြန်မာနေရှင်နယ်လိဂ် ကလပ် ရှမ်းယူနိုက်တက် အသင်းသည် အရှေ့တောင်အာရှ ကလပ်အသင်းများ ချန်ပီယံရှစ် ပြိုင်ပွဲ (ASEAN Club Championship Shopee Cup™ 2026/27) ခြေစစ်ပွဲ Play-off အဆင့်တွင် လာအိုကလပ် Ezra FC အသင်းနှင့် ယှဉ်ပြိုင်ရမည့် နှစ်ကျော့ စလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၌ ကစားရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက် အသင်းနှင့် Ezra FC အသင်းတို့၏ ပထမကျော့ ပွဲစဉ်ကို စက်တင်ဘာ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယကျော့ ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ် နှစ်ပွဲစလုံးကို မြန်မာစံတော်ချိန် ညနေ ၆ နာရီ၌ စတင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။
ရှမ်းယူနိုက်တက် အသင်းသည် Ezra FC အသင်းကို ကျော်ဖြတ်နိုင်ပါက Shopee Cup 2026/27 အုပ်စု (B) သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ထိုအုပ်စုတွင် ထိုင်းကလပ် Port FC၊ မလေးရှားကလပ် Johor Darul Ta’zim၊ စင်ကာပူကလပ် Lion City Sailors၊ ဗီယက်နမ်ကလပ် Công An Hà Nội၊ အင်ဒိုနီးရှားကလပ် Persib နှင့် ကမ္ဘောဒီးယားကလပ် Preah Khan Reach Svay Rieng တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ASEAN Club Championship Shopee Cup™ ပြိုင်ပွဲ၏ အုပ်စုအဆင့်ကို အောက်တိုဘာလအတွင်း စတင်ကျင်းပမည်ဖြစ်သည်။
ရှမ်းယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီ ASEAN Club Championship ပြိုင်ပွဲ၏ ခြေစစ်ပွဲ Play-off အဆင့်တွင်လည်း Ezra FC အသင်းနှင့် တွေ့ဆုံခဲ့ဖူးပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၁ ဂိုးဖြင့် အနိုင်ရကာ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
06/08/2026
တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
————
အားကစားလောက၏ အနာဂတ်မျိုးဆက်သစ်များအတွက် အရေးပါသည့် တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ (ဩဂုတ် ၆ ရက်)နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို အာရှအားကစားပြိုင်ပွဲ အပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် သန့်ရှင်းစင်ကြယ်ပြီး တရားမျှတသည့် ယှဉ်ပြိုင်မှုများ ပိုမိုဖြစ်ထွန်းလာစေရန်နှင့် တားမြစ်ဆေးဝါးအသုံးပြုမှု၏ အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ဟောပြောပွဲသို့ မြန်မာအမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများ၊ လက်ရွေးစင် ကစားသမားများ၊ နည်းပြများနှင့် အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးအဖွဲ့ (MADO) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသန်းဌေးနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦးတို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက် တားမြစ်ဆေးဝါးသုံးစွဲမှု စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဝဏ္ဏ၊ တားမြစ်ဆေးဝါးသုံးစွဲမှု စစ်ဆေးရေး အရာရှိ ဒေါက်တာဝင်းသန်းနိုင်၊ တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး ပညာပေးအဖွဲ့ဝင် ဒေါက်တာယုနန္ဒာထွန်းတို့က တားမြစ်ဆေးဝါးအသုံးပြုခြင်း၏ ဆိုးကျိုးများ၊ ဆေးစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အားကစားသမားများ သိရှိထားသင့်သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် ရှင်းလင်းဟောပြော ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် လူငယ်အားကစားသမားများအတွက် အသိပညာများ မျှဝေပေးခဲ့ကြသည့် သင်တန်းပို့ချသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များနှင့် ကျေးဇူးတင်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
05/08/2026
၂၀၂၆ အာဆီယံ ချန်ပီယံရှစ် AFF Hyundai Cup 2026 အုပ်စု နောက်ဆုံး ပွဲစဉ်အတွက် ထိုင်းလက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မြန်မာ့လက်ရွေးစင် အသင်းက ဒီနေ့ညပိုင်းမှာ ပထမ အသုတ် အနေနဲ့ ဘန်ကောက်ကို စတင်ထွက်ခွါပါပြီ။ မနက်ဖြန် မနက်ပိုင်းမှာ ဒုတိယ အဖွဲ့ကဆက်လက်ထွက်ခွါမှာပဲ ဖြစ်ပါတယ်။