18/12/2024
Myanma Cockfighters & Breeders
This group is dedicated to Myanma Cockfighters & Breeders as cockfighting is an ancient Myanmar trad
18/12/2024
22/08/2021
များများမနိုင်ဘူးဖူး ဝိုင်းကြီးမတိုက်ဖူးရင် ဒီပုံတွေဒီကြက်မျိုးတွေမထားထားဘူး၊ အများကြီးမရေးတော့ဘူး လာညင်းမှပြန်ပြောပေးမယ်။
😎😎😎
22/08/2021
ဒီကြက်ကိုသိရင် မြေးမတကောင်လက်ဆောင်ရမယ်။
22/08/2021
ဒီကြက်ကိုသိရင် မြေးတကောင်လက်ဆောင်ရမယ်။
22/08/2021
ဒီကြက်ကိုသိရင် သားတကောင်လက်ဆောင်ရမယ်။
30/01/2021
***** ဝိုင်းကန်းအတွက် ဆေးတစ်လက် *****
ကြက်တစ်ကောင်ဟာ တိုက်ဝိုင်းမှာ မျက်ထိပ်အခွပ်ခံရလို့
ဖြစ်ပါစေ . မျက်စပ်အခွပ်ခံရလို့ဖြစ်ပါစေ . မျက်ကြောကို
အခွပ်ခံရလို့ဖြစ်ပါစေ . ဝိုင်းအတွင်းမှာ အမြင်ပျောက်ပြီး
ကန်းသွားတက်ပါတယ် . မျက်လုံးကိုတည့်တည့်အခွပ်ခံရ
လျှင်တော့ တစ်လုံးပါ နှစ်လုံးပါလို့ဆိုလေ့ရှိကြပါတယ်
မျက်လုံးတည့်ပါသွားတဲ့ကြက်တွေကတော့
ပြန်လည်ကုသလို့မရနိုင်တော့ပါဘူး .
အကယ်၍ မျက်လုံးသွေးဝိုင်းမယ် ကာလာဝင်သွားမယ်
ဆိုရင်တော့ ကုသလို့ရပါတယ် . မျက်ကြောအခွပ်ခံရရလည်း
ကုသလို့ရနိုင်ပါသေးတယ် . လူကေတာ့ အထူးဂရုစိုက်ပေးဖို့
လိုအပ်ပါတယ်
အဲဒီတော့ ဝိုင်းကန်း၂မျိုးထဲက
သွေးဝိုင်းကာလာဝင်တာကို အရင်ပြောကြည့်တာပေါ့ဗျာ
အကယ်၍ မျက်လုံးကာလာဝင်သွားပြီးဝိုင်းကန်းဖြစ်ခဲ့မယ်
ဆိုရင် . ဝိုင်းပြီးလို့ ချွဲချပြီးတာနဲ့ ကာလာဝင်တဲ့ကြက်ကို
၁။ မြေကြီးပေါ် လုံးဝ မချသင့်တော့ပါ . မြေကြီးသည်
တည်တံ့ခိုင်မြဲစေသောသဘောရှိသလို လူတို့မမြင်နိုင်သော
မြေခိုးမြေငွေ့တို့သည် အမြဲထွက်ပေါ်လျှက်ရှိပါတယ်
မြေပေါ်ချမိပါက
ထိုကြက်မျက်လုံးဒါဏ်ရာကို မြေငွေ့ရိုက်ပြီး မှန်ထောင်ခြင်း
ဖားခံခြင်း တိမ်ကွယ်ခြင်း လုံးလုံးမမြင်တော့ခြင်း
အစရှိသည့်
နောက်ဆက်တွဲဆိုးကျိုးတို့ဖြစ်ပေါ်စေတက်ပါတယ်
မှန်ထောင်ခြင်းဆိုသည်မှာ
တိမ်ကွယ်ခြင်းတစ်မျိုးသာဖြစ်ပါတယ်
မှန်ထောင်နေသောကြက်၏မျက်လုံးကို နေရောင်၌
ထောင်ပြီးကြည့်ရှုပါလျှင် မွန္စ(တိမ္စ) တို့ကို
တွေ့မြင်နိုင်ပါတယ်
မှန်၏သဘောသည် အရှေ့အနောက် အမြင်ကိုပိုင်းခြားတက်
ပြီး အရှေ့မှန်ထောင်လျှင် အရှေ့ပိုင်းကိုမမြင်ရပါ
အနောက်မှန်ထောင်လျှင် အနောက်ဖက်ကိုမမြင်ရတော့ပါ
ဖားခံခြင်းသည် - ကြက်၏အမြင်ကို အပေါ်အောက်ပိုင်းခြား
ခြင်းသာဖြစ်ပါသည် . မျက်လုံးဒါဏ်ဖြစ်ဖြစ်ခြင်း အချိန်မှီ
စနစ်တကျမကုသခဲ့ပါက ဖားခံခြင်းကိုလည်း
ဖြစ်စေတက်ပါတယ် . အပေါ်ဖား အောက်ဖားဟု ခေါ်ဆိုလေ့
ရှိကြပြီး အပေါ်ဖားခံပါက အပေါ်ဖက်ကိုမမြင်နိုင်ပါ
ထို့အတူ အောက်ဖားခံပါကလည်း အောက်ဖက်ကိုမမြင်ပါ
ထိုမှတနည်း . ကြက်၏သူငယ်အိမ် ပေါက်ထွက်သွားခြင်း
မရှိသော်လည်း သူငယ်အိမ်ကျဉ်းသွားခြင်း
သူငယ်အိမ်ကျယ်သွားခြင်းတို့သည်လည်း
အမြင်အာရုံချို့ယွင်းသွားစေအပ်ပါတယ် .
ဘယ်လိုပဲဒါဏ်ရာရလာခဲ့သည်ဖြစ်ပါစေ
ညီအကိုတို့အနေနဲ့ မိမိတို့ပိုင်ဆိုင်တဲ့ တန်ဖိုးထားတဲ့
ကြက်ကလေးတွေကို အစွမ်းကုန်သိသလောက်
မှတ်သလောက် ကုသကြရစမြဲပါ
သတိမမူမိလို့ ပေါ့ပေါ့တန်တန်သဘောထားမိရင်တော့
ဆုံးရှုံးနစ်နာသွားနိုင်ပါတယ်
အဲဒီတော့ဗျာ .
ဘယ္လိုပဲ ဝိုင်းကန်းဖြစ်ပါစေ
၁။ ချွဲချပြီးတာနဲ့ မြေမချရတော့ပါ
၂ ။ ပါလာတဲ့ ပုဆိုး ပုဝါ တို့နှင့် မျက်လုံးကိုလုံအောင်
အုပ်ထားပေးရပါမယ် . ပြင်ပမှအလင်းတန်းများ မျက်လုံးကို
တိုက်ရိုက်မကျရောက်စေရန်ကာကွယ်ပေးထားပါ
၃ ။ မျက်လုံးဒါဏ်ကိုသက်သာပျောက်ကင်းစေမယ့် ဆေးဝါး
မ်ား ထည့်ပေးရပါမယ်
ဆေးဝါးဟုဆိုရာမှာလည်း . အင်္ဂလိပ်ဆေးဆိုင်မှာ
အလွယ်တကူဝယ်ယူလို့ရရှိနိုင်သည့်
( တက်ထရာဆိုက်ကလင်း BPI ) EYE OINMENT သည်
အထိရောက်ဆုံးသော မျက်လုံးဒါဏ်ကို သက်သာစေသော
ဆေးဝါးဖြစ်ပါတယ် . အဆိုပါဆေးကို မနက်တစ်ကြိမ်
ညတစ်ကြိမ်ခန့် မျက်လုံးအတွင်းသို့ ဝင်အောင်ထည့်ပေးပါ .
ဆေးဝယ်ယူရခက်သောဒေသတို့တွင် ကြက်မောက်မြစ်ကို
ဆားတစ်ပွင့် နှစ်ပွင့်ခန့်ရောပြီး ရေဖြင့်သွေးပြီး ခပ်ပေးပါ
မျက်လုံးပါတ်လည်နေရာတို့ကို လိမ်းပေးပါကွင်းပေးပါ .
အထူးမှာချင်တာက
မျက်လုံးအရောင်ပုံမှန်ပြန်မဖြစ်မချင်း မြေကြီးပေါ်သို့
မချသင့်သလို . ပြင်ပမှအလင်းတန်းများ မျက်လုံးကို
တိုက်ရိုက်မထိအောင် အမှောင်ချထားပေးပါ .
ဆေးကုသနေချိန်အတွင်းမှာ အစာကျွေးလျှင်တောင်
မနက်နေမထွကိမီကျွေးပါ ( သို့မဟုတ် ) ညဖက်ကျွေးလျှင်
မီးချောင်း မီးလုံးတို့၏အလင်းတိုက်ရိုက်မကျရောက်စေရန်
အလင်းကို လူနှင့်ကွယ်ပြီးမှကျွေးပေးပါ
အဆိုပါ နည်းစနစ်တကျ ကုသေပးပါက ၃ရက်အတွင်း
မူလအတိုင်းပြန်လည်ကောင်းမွန်လာမှာဖြစ်သည့်အပြင်
မျက်လုံးဒါဏ်ဖြစ်မှာကိုလည်း မစိုးရိမ်ရတော့ပါ
အကြောကန်းဆိုသည်မှာ
ကြက်တစ်ကောင်၏ မျက်စိကြားနားကြား မျက်ထိပ်တို့ကို
အခွပ်ခံရပါလျှင် အကြောကန်းဖြစ်တက်ပါတယ် .
အကြောကန်းသည် မျက်လုံးအိမ်၌လည်းကာလာမဝင်
သွေးမဝိုင်း သူငယ်အိမ်ကလည်း အကျဉ်းအကျယ်မဖြစ်ပါပဲ
မျက်လုံးက ပုံမှန်အတိုင်းဖြစ်ပြီး ကြောင်တောင်ကန်းနေခြင်း
ဖြစ်ပါတယ် .
အဆိုပါ အကြောကန်းဖြစ်ခဲ့ပါလျှင် မျက်ကြောကိုအခွပ်ခံ
ရပါလျှင် . ဖြစ်လျှင်ဖြစ်ခြင်းကုသပါလျှင် ရနိုင်ပါတယ်
အင်္ဂလိပ်ဆေးဆိုင်မှာ နူရိုဘီယံဟုခေါ်သော
အာရုံကြောဆေးကိုဝယ်ယူပြီး မနက်အစာကျွေးပြီးတိုငိး
တစ်ခြမ်း . ညအစာကျွေးပြီးတိုင်း တစ်ခြမ်းတိုက်ပေးပါ
အကြောလိမ်းဆေးတစ်မျိုးမျိုးကို ကြက်၏
မျက်လုံအနောက် နားအပေါ်ကြောတို့ကို ဖြေးဖြေးချင်း
လိမ်းပေးပါ. လည်ပင်းတောက်လျှောက်ကို လိမ်းပေးပါ
တဖြည်းဖြည်းနှင့် အမြင်အာရုံပြန်ရလာပါလိမ့်မယ်
အထူးဂရုစိုက်ရမှာ ဖြစ်ဖြစ်ချင်း ကုသပေးရမှာဖြစ်သလို
မြေကြီးပေါ်လုံးဝမချသင့်ပါ .
မြေဓါတ်သည် တည်တံ့ခိုင်မြဲသည့်သဘောရှိသည်ကို
လုံးဝမမေ့ပါနှင့်
သူငယ်အိမ် မပေါက်ထွက်ပေမဲ့
သူငယ်အိမ်ကျဉ်းသွားခဲ့ပါမူ . ငါးရံ့သည်းခြေ (သို့) ကျီးကန်း
သည်းခြေတို့ကို ဖြစ်လျှင်ဖြစ်ခြင်းထည့်ပေးခပ်ပေးပါက
သူငယ်အိမ်ပြန်လည်ကျယ်လာပြီး ပျောက်ကင်းစေနိုင်
ပါတယ် .
သူငယ်အိမ်ကျယ်သွားသောကြက်တို့အတွက်တော့
ကုထုံးအားရှာဖွေနေဆဲပါ . ကျွန်တော်မကုတက်ပါ
အထူးမှာကြားချင်တာက .
မျက်လုံးအမြင်ပျောက်ပြီဟေ့ဆိုသည်နှင့်
ဘာကြောင့်ဆိုတာကို သေချာခွဲခြမ်းစိတ်ဖြာနိုင်အောင်
ကြိုးစားပါ . သူများပျောက်တယ် ကိုယ္မေပ်ာက္ဘူးဆိုတာ
အမြင်ပျောက်တဲ့ဖြစ်စဉ်ခြင်း မတူညီကြလို့ပါ .
အထူးသဖြင့် . ငါးရံ့သည်းခြေသည်
အရာရာတိုင်းအတွက်မကောင်းနိုင်ပါ .
သူငယ်အိမ်ကျဉ်းသွားခြင်းမှလွဲ၍ တျခားအရာမ်ားကို
ဘေးထွက်ဆိုးကျိုးအများကြီးဖြစ်စေနိုင်ပါတယ်
ကျွန်တော်က ဆေးနည်းထက် ရောဂါဖြစ်စဉ်ကို
သေသေချာချာသိရှိနိုင်အောင် ရေးသားပေးခြင်းဖြစ်ပါတယ်
တစ်ချို့ဆရာတို့သည် မျက်လုံးဒါဏ်ဖြစ်ဖြစ်ချင်း
ဆန်မပါသောနနွင်းစစ်စစ်ကို သိပ်ပေး၍ ပျောက်ကင်း
ချမ်းသာရာရောက်ခဲ့ကြောင်းကို တွေ့ရပါတယ်
အနာသိလျှင် - ဆေးသည်မခက်တော့ပါ ။
Credit; ဦးကြပ်ကြီး
27/01/2021
#လမ်းချိန်တိုက်နည်း
===============
🐓 ကြက်သမားကြီးတစ်ယောက်သင်ပြမျှဝေခဲ့တဲ့နည်းပါ။🇲🇲
🔰 ခေါင်းထားကောင်းပြီ
ကြက်ထောင်မတ်တပ်တွေကို
အပျော့အောက်မေးတွဲရရင်လဲးတ
ယ်အပျော့ကြိုက်တဲ့ကြက်နဲ့တိုက်ပါ။
🔰 အောက်ခေါက်ဝင်တဲ့ကြက်တွေကို
ဗွေ အမောက်တိုင် ကိုက်ခွပ်ရရင်လဲးတဲ့ကြက်နဲ့တိုက်ပါ။
🔰 ဗလာကောင်း ကြက်ပစ်သန်တဲ့ကြက်တွေကို ကြက်ပိ တ် ကြက်ဖျက်
ကြက်မြှောက်ကောင်းအရိုက်ကောင်းတဲ့ ကြက်နဲ့တိုက်ပါ။
🔰 ကြက်မြှောက်ကောင်းအဆိုင်အမကောင်းတဲ့ ကြက်တွေကို
ကြက်ခြောက်ပြီ အမှားစားခွပ်တဲ့
ကြက်နဲ့တိုက်ပါ(ကြက်ခြောက်ဆိုတာ
ပုတ်မယ်ဟန်ပြီး ခြေလေအရှေ့နင်ခြောက်ဟန်ပြုတစ်ဖတ်ကြက်က ပုတ်မယ်ထင် ထခုန်တဲ့ခါ ဗလာထိုးပစ်တာကိုပြောတာပါ။
🔰 ကြက်ချွတ်ကောင်း ကြက်ဖတ်ကောင်းတဲ့ ကြက်တွေကို နုတ်ထောက်ခြေရောက် ကြက်တွေနဲ့တိုက်ပါ။
🔰ငုတ်ကျ ခြင်တူရင် မျက်ထိပ်..
နား စန်း မျက်လုံး လည်ဆစ် အုတ်စပ်
ဒဏ်ရာပေးတိကျကျ ဒဏ်ရာပေး
မှန်တဲ့ကြက်ကိူယူပါ။
🔰 အတတ်အနတ်အများစု
အဆိပ်ရှိတယ်သူစူးမိရင်
ချက်ခြင်းယောင်ယမ်းလာသလို
ကြက်စိတ်ပျောက်တတ်ကြတယ်။
🔰 ခြေသည်းအနက် ငှက်ခြေခေါ်တယ်
သူကမာကြောတယ် အဲလိုကြက်မျိုးတွေ ကြက်ကောင်းတာများပါတယ်။
🔰 ခြေသည်းတွေမှာ အဖြူးအဆင်းလေးများပါရင် ကြက်ပညာကို ညွန်ပြတယ်။
ဘယ်လိုခွပ်ရရင်ဘယ်ရမယ်ဆိုတဲ့အသိမျိုးရှိကြတယ်။
မူရင်းပိုင်ရှင်းအား Credit ပေးပါသည်။
***** အညှော် *****
'
ဝိုင်းတိုက်ပြီးသားကြက်တစ်ကောင်ရဲ့
အဓိကအန္တရာယ်ဟာ ……
"" အညှော်မိခြင်းပါ ""
ကြက်တစ်ကောင်ကိုတိုက်ပြီးရင်
ဆေးမထိုး ဆေးမတိုက် ဆေးမလိမ်းပဲ
ကြပ်ထုပ်မထိုးပဲ
နေမယ်ဆိုရင်နေလို့ရပါတယ် …
ကိုယ်ချင်းမစာတက်ရင်ပေါ့လေ
အညှော်မိတော့ မခံစေလိုပါ ။
မိုင်ကျွံသွားတဲ့ကြက်စိမ်းတွေကိုတော့
နှစ်နာရီခြားတစ်ခါလောက် ရေတိုက်ပေးသင့်ပါတယ်
အဲဒီလောက်လေး ဂရုစိုက်ပေးရင်ပဲ
အချိန်တန်ရင် နလန်ပြန်ထလာမှာပါ ။
အညှော်မိတဲ့ကြက်ရဲ့လက္ခဏာ ဟာ
တခြားကြက်ဖတွေမရှိပါပဲ …
စောင်းမွှေးတွေထောင်ထလာပါမယ်
ဒါဏ်ရာတွေရင်းလာ ရောင်လာပါမယ်
တဖြည်းဖြည်းကုတ်လာပါမယ်
လမ်းလျှောက်ရင် ဒရွတ်ဆွဲပြီး ချိလာပါမယ်
နောက်ဆုံးမှာ အသက်ဆုံးတဲ့အထိ
အညှော်ဒါဏ်ကို ခံစားသွားရတက်ပါတယ် …
ခြံနဲ့ဝင်းနဲ့မွေးမြူကြတဲ့ Farmတွေရယ်
တက်နိုင်သူတွေအတွက်ရယ်က အညှော်ကို
ဂရုစိုက်စရာ သိတ်မလိုပေမဲ့ …
အများနေတဲ့ရပ်ကွက်ထဲမှာမွေးမြူရင်း
ကြက်တိုက်နေကြရတဲ့
ဘဝတူညီအကိုတွေအတွက်တော့
အညှော်ဟာ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု
ဖြစ်စေနိုင်လို့ လိုအပ်မယ်ထင်ပြီး
တကူးတက ရေးပေးခြင်းပါ … …
အညှော်တွေထဲမှာမှ …
ကြက်သွန်ဖြူအညှော်ရယ်
ငရုပ်သီးညှော်ရယ်ဟာ
အပြင်းဆုံးနဲ့အန္တရယ်အရှိဆုံးပါ …
တခြားညှော်တွေမိရင်လည်း
အနည်းနဲ့အများတော့ ထိခိုက်စေပါတယ်
အညှော်တိုက်ရိုက်မိတာမဆိုထားနဲ့
လေဝေ့လို့ အညှော်ငွေ့မိရင်တောင်မှ
နောက်တစ်ဖတိုက်တဲ့အခါမှာ
ခြေထုတ်မခွပ်နိုင်သလို …
ရေဦးရေဖျားမှာ မသိသာပေမဲ့
ရေထဲမိုးထဲ အင်အားအကုန်ထုတ်သုံးလာချိန်မှာတော့
အညှော်ကြောဟာပေါ်လာတက်ပြီး
ခြေတွေကုတ်လာရင်း အရှုံးပေးသွားရတက်ပါတယ်
အဲဒီတော့ဗျာ … …
အညှော်မမိအောင် မွေးမြူသင့်သလို
အညှော်မဝင်အောင်လည်း …
အနည်းဆုံးတော့ မောရိယမန်းဆေးလေး
၂တောင့် ၃တောင့်လောက် ကြက်တိုက်ပြီးရင်
ကြိုတိုက်ထားသင့်ပါတယ် …
မောရိယမန်းဆေးကို လူပဲသောက်သောက်
ကြက်ပဲတိုက်တိုက် ဝမ်းချုပ်တက်တဲ့
ဘေးထွက်ဆိုးကျိုးတော့ ခံစားရတက်ပါတယ်
ဆေးမတိုက်ချင်ရင်လည်း …
ဗူးသီးရဲ့ အစေ့ ( ဗူးစေ့ ) ကို
၎-၅ စေ့လောက် ဝါးပြီးခွံ့ပေးရင်လည်း
တော်ယုံအညှော်ဒါဏ်ကို ခံနိုင်ပါတယ် ။
ဒါဆိုရင် မေးစရာရှိလာပါလိမ့်မယ် …
အညှော်မိခဲ့ရင်ရော ဘာလုပ်ရမလဲလို့ပေါ့
ကြက်တစ်ကောင်အညှော်မိခဲ့ရင်တော့
အညှော်ပြန်ထုတ်ပေးရပါမယ် … …
အရက်ဦးရေထဲမှာ … မောရိယမန်းဆေးရယ်
ဆေးတို့ပတ်ကြီးရယ်ကို ဆတူရောပြီး
ခပ်ပျစ်ပျစ်ဖျော်ပါ …
ကြက်ရဲ့အမောက်ဖျားကနေ ခြေဖျားအအထိ
ဆေးစိမ့်ဝင်သွားအောင် လိမ်းကျံပေးရပါမယ်
တစ်နေ့ကိုအနည်းဆုံး၂ကြိမ်လိမ်းပါ …
အရက်ဦးရေ မရနိုင်ရင်တော့ …
ကွမ်းရွက်၁၀ရွက်လောက်ကို
၃ခွက်မှာ၁ခွက်ပဲတင်အောင် ရေနဲ့ပြုတ်ပါ
အဲဒီကွမ်းရွက်ပြုတ်ရည်နဲ့ဆေးနဲ့ရောပြီး
လိမ်းပေးရပါမယ် …
အညှော်မိတဲ့ကြက်ကို ရေရိုးရိုးတိုက်တာထက်
ကွမ်းရွက်ပြုတ်ရည်ကိုပဲ တိုက်ပေးသင့်ပါတယ် …
ကျွန်တော်ဖော်ပြသလို …
မသွေမတိမ်းပဲ ကုသမယ်ဆိုရင် …
အညှော်မိလာတဲ့ကြက်တွေ…
ဆေးမှီခဲမယ်ဆိုရင်ပေါ့လေ …
သက်သာပျောက်ကင်းချမ်းသာရာရကြမှာ
ဧကန်မလွဲပါဘူးဗျာ … …crd ဆရာကြပ်
31/12/2020
ကွန်မန့်တစ်ခုရဲ့ ပညာပေးပါ
copy ပါ
=====
အမွှေးအကြောင်း
ကြက်အင်္ဂါအဖက်ဖက်က ဘယ်လောက်ပဲ ပြည့်စုံပါစေ....
အမွှေးစိုနေရင် ရေကြိတ်မိုးကြိတ်ညံ့တက်တယ်
လည်ဆံဆိုရင် ထူနေရမယ်
ကြက်တကောင် လည်ဆံထူနေရင်
တဖက်ကြက်ခွပ်တာကို ခံနိုင်တယ်
ဒါကြောင့် လည်ဆံထူတဲ့ ကြက်ကို ရွေးပါ။
အတောင်
အတောင်ကိုကြည့်ရွေးမယ်ဆိုရင်
အတောင်စ တိုတဲ့ ကြက်တွေဟာ ကြက်မိုက်တွေဖြစ်ပြီး
အတောင်စ ရှည်တဲ့ကြက်တွေဟာ
အလိမ္မာတွေ အဖြစ်များတက်ပါတယ်
ခါးဆံ
ကြက်တစ်ကောင်ရဲ့ ခါးဆံကို ကြည့်ရွေးမယ်ဆိုရင်
အမိုက်ကြိုက်သူများ ခါးဆံတိုတာကို ရွေးပါ
ခါးဆံတိုတဲ့ ကြက်တွေဟာ ခွပ်မယ် ကိုက်မယ်
ဆွဲမယ် တီးမယ် ဆိုတဲ့ ကြက်မျိုးပါ
အလိမ္မာကြိုက်တဲ့သူတွေက
ခါးဆံရှည်တာကို ရွေးပါ
ခါးဆံရှည်တဲ့ ကြက်တွေဟာ
လမ်းသို့မဟုတ် အလိမ္မာကြက်တွေပါ
ခါးဆံရှည်တဲ့အတွက် စိတ်ရှည်ကြပါတယ်
ကြက်တစ်ကောင်ကို သူတို့ခွပ်မရ မချင်း
ဘယ်တော့မှ အတင်းဝင်မခွပ်ဘူး
သူတို့ခွပ်ရတဲ့ အချိန်ထိ စိတ်ရှည်ရှည်နဲ့
စောင့်ဆိုင်းပြီးမှ ခွပ်တက်ကျပါတယ်
အမြှီးကို ကြည့်ရွေးမယ်ဆိုရင်
အမြှီးဆံနွယ် များများကြက်တွေကို ရွေးပါ
အမြှီးဆံနွယ် များလေလေ ဗလာပေါလေလေပါပဲ
အမြှီးဆံနွယ်တွေဟာ အောက်ကို မကျပဲ
နောက်ကိုပဲ ရှည်ထွက်ပြီး
ခါးဆံနားမှာပဲ ကပ်ပြီး အနည်းငယ်သာ ကျတဲ့ကြက်တွေဟာ
ချိန်ပုတ်တဲ့ဗလာတွေမှာ တိတိကျကျရှိတက်ပါတယ်
အမြှီးတွေဟာ အရမ်းလည်းမရှည်ပဲ
တိုတိုနဲ့ ဆံနွယ်များတဲ့ ကြက်တွေဟာ
အလိမ္မာ ဘက်ကို အရောက်များတာ တွေ့ရပါတယ်
ဒါပေမဲ့ အမြှီးတိုတို ဝိုင်းဝိုင်းကြက်တွေကိုတော့ ရှောင်ပါ
ဒီလိုကြက်တွေဟာ ဆုတ်ခံ ပက်လက်တွေ ဖြစ်တာများတက်ပါတယ်...။
====================
ကြက်ပုံသဏ္ဍာန် ကျရမယ်...
အမွှေးအဆံ သေးပြီး ထူထပ်ရမယ်
ဂွမ်းမွေးမပါရဘူး လည်ဆံနဲ့ခါးဆံ အရောင် တူနေရမယ် ခါးဆံမွေးများသေးသွယ်ပြီး အသားနဲ့ကပ်နေရမယ် ဖွာမနေရဘူး...
မှီးဖုတ် အုံကောင်းပြီး ရှည်ရမယ်...
ခြေဖက် ရှင်းနေရမယ်...
အလျားအဆံကောင်းပြီး ဦးခေါင်းက
ဆင်ခေါင်းလို ခွင်ကျယ်နေရမယ်...
မောက်တံလေး သေသပ်နေရမယ်...
ရင်ဘက်မွှေးက မမွှေးသပ်နေရမယ်...
မျက်နှာအနေထား ထူနေရမယ် ပါးနေရင်
အသဲမကောင်းဘူး မျက်အိမ်ကျဉ်းရမယ်...
တောင်ပံကရှည်နေရမယ်...
ကြက်အုံးတီး မှီးဖုတ်တိုဆိုရင် မမွေးနဲ့
ကြက်တွန်သံ ကျယ်ပြီး ပျက်နေရမယ်...
ဖြေဖက် အရောင်က ရင့်နေရမယ်...
အမွှေးအဆံခြောက်ပြီး ကြမ်းနေရမယ်...
ပြပေးထားတဲ့ကြက်ကိုသာ နမူနာကြည့်ပါ...။
(အဆင်ပြေပါစေဗျာ)
တစ်ကျောင်းတဂါထာ တစ်ရွာတပုဒ်ဆန်း
🇲🇲မြန်မာ့ရိုးရာ🇲🇲
🐓ကြက်ဆေးကုနည်း🐓
🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣
၁။ ။ အအေးဖမ်းနှာစီးပြီး အသက်ရှုမဝ
ချွဲသံလိုကြားနေရပြီဆိုရင်တော့
ဗူးရွက်တရွက် နဲ့ ပူစီနံ ဒါမှမဟုက်
ဇီရာ (သို့) ပင်စိမ်းရွက် လေးငါးရွက်ရောပြီး
လက်ဝါးထဲထည့်ခြေပြီး
ထွက်လာတဲ့အရည်ကို
ကြက်ပါးစပ်ထဲညှစ်ထည့်ပေးပါ
အရည်ညှစ်ပြီးသားအဖတ်တွေကိုလည်း
ခွံ့ကျွေးပေးပါ ။
ကျန်အရွက်တွေရှာမရရင်
ဗူးရွက်တမျိုးထဲလည်းအစဉ်ပြေပါတယ်
ချွဲခြောက်ကပ်နေတဲ့ကြက်တွေလည်း
ဒီနည်းနဲ့အစဉ်ပြေပါတယ်ဗျာ။(သုံးစွဲပြီး)
၂။ ။ ပထမ(၁)အဆင့်ထက်ကျော်လွန်လာပြီး
ကြက်ဟာ🐔🐔🐔
လည်တိုပြီးကုတ်ချောင်းချောင်းနဲ့
စိတ်ပါကျလာပြီဆိုရင်တော့
စပါးလင်ပင်တပင်ကိုရှာပြီးငြုပ်ဆုံထဲထည့်
ထုထောင်းပြီးအရည် ထမင်းစားဇွန်းနဲ့ထည့်ပြီး
ကြက်ကိုတိုက်ပေးပါ
ရလာတဲ့အဖတ်တွေကိုလက်မရဲ့
လက်တဆစ်လောက်ခွံ့ပေးပါ ။
ပြီးနောက်အုပ်ဆောင်းနဲ့နာရီဝက်
တနာရီ လောက်အုပ်ထားပေးပါ
ပြီးမှရေခွက်လေးထဲရေထည့်ပြီး
အနားမှာချပေးလိုက်ပါ
ကြက်ကရေထသောက်လာပြီဆိုရင်
ဆေးဦးပါပြီ
တရက်ခြားလောက်ဆက်တိုက်ပေးပါ ။
ကြက်က ရေထသောက်တာမတွေ့ရင်တော့
အခြားဆေးနည်းတခုနဲ့ပြောင်းပြီးတော့ကုပါ။
(သုံးစွဲပြီး)
၃။ ။အဆင့်(၁)နဲ့(၂) မဖြစ်ခင်
ကိုယ့်ပတ်ဝန်းကျင်မှာကြက်နာကျတဲ့
အသံကြားရင်တော့ ကာကွယ်တဲ့အနေနဲ့
ရေဖလား ခွက်တလုံးရဲ့
သုံးချိုးနှစ်ချိုးလောက်ရေထည့်ပြီး
စပါးလင်၂ ပင်လောက်
ထုထောင်းရောနှောကာ
ဆနွင်းမှုံ့ထမင်းစားဇွန်း
တဇွန်းလောက်ထည့်မွှေပြီး
ကြက်အကြီး အလတ်တွေကိုထမင်းစားတဇွန်း
အငယ်တွေကိုတော့
တဇွန်းကိုလေးကောင်နှုန်းလောက်နဲ့
တပတ်ကို တကြိမ်လောက်
တိုက်ပေးထားလိုက်ပါ
(၃)ကြိမ်(၄) ကြိမ်လောက်တိုက်ရပါတယ်
(a)နောက်တနည်းကတော့
စမုံစပါး ကို ကျွေးနေကျ
အစာနဲ့ရောကျွေးပါ (သို့)
လက်ဖက်စားဇွန်းနဲ့တဇွန်းစာလောက် ကျွေးပါ။
(b)နောက်တခုကတော့ ရှားလိမ့်မယ်ထင်ပါတယ်
ဆင်ရဲ့ မစင်ကို ကြက်သောက်မယ့်ရေခွက်ထဲ
ထည့်ပေးထားရတာပါ အစိုပဲဖြစ်ဖြစ်
အခြောက်ပဲဖြစ်ဖြစ်ရပါတယ်
(အရင်သစ်ထုတ်လုပ်ရေးအဖွဲ့နဲ့
တောလည်သွား ရင်း ကရင်ရွာက
သိခဲ့တဲ့နည်းပါ)
အခုကာကွယ်နည်းလေးတွေက
နိုင်ငံခြားဆေးတွေမထွန်းကားခင်အချိန်က
ရာသီကူးချိန် ကျေးရွာတွေမှာသုံးခဲ့တဲ့
နည်းလမ်းလေးတွေပါ။ ။
(၄) ကြက်တွေ ကျောက်ပေါက်ရင်
( တချို့အရပ်ကတော့နှင်းသီးတယ်
ပြောကျပါတယ်)
အိမ်သုံးဆားကို
မန်ကျည်းစေ့လောက် လက်ဝါးထဲထည့်ပြီး
ကျန်လက်ညှိုးလက်မနဲ့ညှစ်ခြေလိုက်ပြီး
အမှုန့်ရအောင်ပြုလုပ်ထားပါ။
နောက်တခုကလမ်းဘေးမှာ
အလေ့ကျပေါက်တဲ့ပိန်းအရိုးနီ (ညို မဲ)
အရိုးဖြတ်ယူလိုက်လျှင်ထွက်လာတဲ့အစေးနဲ့
ဆားအမှုန့်ရောပြီးကျောက်ပေါက်တဲ့နေရာအနှံ့
သွေးစို့လာတဲ့အထိဖိပွတ်ပေးပြီး
နှီးပြားလေးနဲ့ခြစ်ချပေးလိုက်ပါ ။
မျက်လုံးထဲမဝင်အောင်တော့ဂရုစိုက်ပေးပါ။
တခါလောက်လုပ်ပေးတာနဲ့အစဉ်ပြေပါတယ်။
(၅) မိမိရဲ့ကြက် ညကအစာ
မနက်အထိကျန်နေသေးရင်
အစာမကျေဖူးဆိုရင်
ကြက်သွန်နှစ်တက်လောက်ကို
ဓားပြားရိုက်ပျားရည်နဲ့နယ်ပြီးကျွေးပါ။
( ၆) မိမိရဲ့ကြက်မှာပွေးစွဲ
ပွေးကပ်နေပြီဆိုရင်တော့
သံပုရာသီး အပင်ရဲ့ အမြစ်ကို
ဆားအနည်းငယ်နဲ့ရောပြီးသွေးလိမ်းပေးပါ။
(၇) တိုက်ဝိုင်းမှာဖြစ်ဖြစ်
ခွပ်လက်ခြေစမ်းရင်းဖြစ်ဖြစ်အတက်စူးမိရင်
ငှက်ပျောပင်ရဲ့ထွက်ခါစ
အရွက်လိပ် အနုကို
အရည်ညှစ်ထည့်ရသလို
အနာပေါက်ထဲကိုချေပြီးထည့်ရပါတယ်
အနာဖြစ်တဲ့အချိန်ထည့်ထားပေးပါက
အဆွေးတည်ခဲ့ရင်တောင်
အထဲထိလှိုက်မစားပဲ အနာဝတင်အခဲဖြစ်ပြီး
လက်နဲ့ညှစ်ထုတ်ရင်တောင်သစ်ဆွေးက
ထွက်နိုင်တဲ့အနေမှာပဲဖြစ်တတ်ပါတယ်
အနာကိုတော့ရေစင်အောင်ဆေးပေးရပါတယ်။
(၈) ဒူးကွဲနာ ဖြစ်ရင်တော့
ဒူးအထိ ရေစိမ်ပေးကြပါတယ်ဗျာ
(ကျနော်အခုပြောပြခဲ့တဲ့နည်းလေးတွေက
တချိန်က ကျေးလက်ဒေသတခုရဲ့အသုံးချနေခဲ့တဲ့နည်းလမ်းလေးတွေပါ
ကျနော်ကိုယ်တိုင်လည်းအသုံးပြုခဲ့ပြီး
လက်ရှိလည်းအသုံးပြုတဲ့နည်းလေးပါ
ခုချိန်မှာလည်လိမ်မျက်စဉ်းဆေးလို
နိုင်ငံခြားဆေးနဲ့လည်းကာကွယ်ပါတယ်
မှားယွင်းမှု့ရှိခဲ့ရင် ကျနော်ရဲ့ချွတ်ချော်မှု့သာ
ဖြစ်ပြီး
အကျိုးပြုမှု့တခုခုရခဲ့ပါရင် သင်ဆရာ မြင်ဆရာ ကြားဆရာ များရဲ့ ကျေးဇူးဂုဏ်သာဖြစ်ပါတယ်ဗျာ)
Credit .ko ya &original uploader
#ကြက်ကုကြက်ဆွဲပညာအခြေခံသိထားဖို့
#ကြက်ကပ်ခြင်းကြည့်ခြင်း
မိမိကြက်က အခြားကြက်ထက် ခွင်ဂွကျယ်ရမယ် ခိုင်ရမယ်
အလျားသာရမယ်လည်တိုင်မြင့်ရမယ်
ချွန်းလိမ် ကြက်ကို ရှောင် မရှောင်နိုင်လျှင်
အောက်ခြေ
#ျအစီးကိုသာယူပါ
ချွန်လိမ်ကြက်သည် အတက်အချွန်ဆို မတိုက်ပဲရှောင်ပါ
မိမိကြက်ကအောက်ပိုင်းအရင်ဖြိုသည့်ကြက်ဖြစ်လျှင် ကိုယ်လုံးကိုယ်ထည် အသာစီးရအောင်ယူပါ
ကြက်သက် အစီးယူပါ
ခွပ်သားခံသားအစီးယူပါ
အလေးချိန်အစီးယူပါ
ကြက်ပြန်ထေပေးရတဲ့အခါ ပတ်လည်စီးမပေးမိပါစေနှင့်
အမြဲ မိမိကြက်က(ခွပ်လမ်းကလွဲလို့ )အခြားအစီးနည်းတဲ့အရာတွေထုတ်ပြောပါ😁😁😁😁ဘယ်တော့မှဝိုင်းမှာ ကိုယ်ကြက်ကိုမကြွားပါနှင့်
မိမိတိုက်မည်တဖက်ကြက်ကိုအထင်မသေးပါနှင့်
မိမိကြက် ခြေသန်းမကျိုးအောင်ပလာစတာပက်တိုက်လျှင်ပိုကောင်းသည်
#အတက်မခိုင်လျှင် ပလာစတာအလယ်ကို အပေါက်သေးဖောက်ပြီးအတက်ထိုးစွပ်က ခြေသလုံးကိုပတ်ပါ အာ့ဆိုအတက်ခြေရင်းခိုင်မည်
စူပါဂလူးမသုံးပါနှင့် စူပါဂလူသုံးလျှင် တဖက်ကြက်ကို အသာစီးရနိုင်တာမှန်ပေမဲ့ ကိုယ်ကြက်အတက်က တခါသုံးဘဝရောက်ပြီး အတက်ကန်းနိုင်သည်
ရေပုံး ပဝါ ထမင်း ကြက်တောင် တခါထဲ ရှာထားအသင့်ပြင်ထားပါ
#ကြက်ဝိုင်းဥပဒေကို သိထားပါ
တခါထည်းဘယ်ဥပဒေထုံးစံကိုသုံးမယ်ဆိုတာ အတည်ပြုညှိထားပြီးမှတိုက်ပွဲစပါ
#ကြက်ရှူံးးကြက်နိင်တိုက်ခြင်း
ကြက်စိတ်ကုန် လူစိတ်ကုန်မှသာကြက်ရှုံးအဖြစ်သက်မှတ်ခြင်း
#မရဲရဲရာကောက်ခြင်း
ကြက်နစ်ကောင်မခွပ်နိုင်တောဘဲရပ်သည်အခါ
ကြက်ကောက်ကုပြီးပြန်တည်လွှတ်ခြင်း
#ကြက်လဲမထူကြက်မွေးမယူမကူရ
ခွပ်ချိန်တုံးလုံးပလက်လဲလျှင်မထူပေးရခြင်း
ခွပ်ချိန် နူတ်သီးအမွှေးရှိနေခြင်းဖယ်မပေးရခြင်း
ကြက်ခွပ်စဉ်ရေဖျန်းရေမှူတ်မပြုရခြင်း
#အကန်းအရှူံးး
မျက်လုံးကန်းခြင်းဖြစ်သည်အခါ
တစ်ဖက်လားနစ်ဖက်လား တခါထဲ အရှင်းပြောညှိထားပါ
ကြက်တည်စီးမှာရောက်နေပါ ။
#နဂါးခေါင်းလှည့်ရာအရပ်ကိုရှောင်ပြီးချပါ
နဂါးခံဝင်းဝင်မိလျှင်မိမိကြက်ကန်းတက်သည်
သင့်လက်ထဲက လက်ကိုင်ပုဝါကို ပုခုံးပေါ်တင်လိုက်ပြီး
ကြက်ကို #ကြေးပြပါ။
#ရေမှူတ်ဖွားပါ ကိုယ်ကြက်ကိုစိတ်ကြွထားပါ
လွှတ်ဘို့စည်းတည်မိပြီဆိုတာနဲ့ ( ဇလုံထဲကရေသန့်နေချိန် ) ပုဝါရေယူပြီး ကြက်မျက်နှာရေမှုတ်ဖွှားပါ ခြေရေဖွှားပါ မျက်လုံးမျက်ဆံနမ်းပါ စည်းပြန်တည်ပြီး ဘယ်လက်က ကြက်၏ဘယ်တောင်ထိပ်ကိုကိုင် ညာလက်က ကြက်၏မြီးအုံအောက်မှ လက်မ က တဖက်ထား လက်လေးချောင်းကတဖက်ထားထိန်းထားပြီး တဖက်ကြက်ဆွဲမျက်နှာနှင့်ပါးစပ်ကိုကြည့်ရင်းမိမိကြက်ကို ရုန်းစေရန်ပြင်ထားလိုက်ပါ တဖက်ကြက်ဆွဲက လွှတ်လို့ပါးစပ်ပြင်ရုံမျာတင် ကိုယ်ကလက်လွှတ်မြန်ရပါတယ်။
#ရေစက်ချ
ကြက်နှစ်ကောင်ဝိုင်းထဲခွပ်နေပြီ နှစ်ကောင်တည်ကြည့်နေချိန်မှာ ပုဝါရေယူထားပြီးခြေကိုရေထိုးပါ ဘို့ကို ရေနှစ်စက်လောက်ချပါ ကြက်အမောပြေစေရန်။
ယခုလူတွေက ထိုအချိန်မှာကြက်ခေါင်းကိုရေမှုတ်ကြပါတယ် ကျနော်တို့မလုပ်ပါ ။
သူကြက်အနောက်ကနေ မှူတ်လိုက်လို့ ကိုယ်ကြက်မျက်နှာကိုလာစင်ပြီး ကိုယ်ကြက်ငေါင်တက်ပြီး အမာနေရာတွေအငိုက်မိအခွပ်ခံရနိုင်ပါတယ် သတိထားပါ (အဲ့မှူတ်နည်းက
လေတားရေတားလို့ ခေါပါတယ်)
#အားမလျော့အောင်ရေတောက်
ဘေးရောက် ကောက်ချိန်မရောက်တာကြာနေလျှင် ဘယ်လက်မှ ပုဝါရေကို ညာလက်ထဲညှစ်ချပြီး ကြက်မျက်နှာဘယ်ညာတောက်ပေးပါ ။
#အာတောက်ချ
ဘေးရောက်ကောက်ကုချိန်မှာ ရောက်သည့်နေရာမှာကြက်ကို ပေါင်ကြားကန့်လန့်တင် ကြက်ခြေဖျားကိုမြေမျာထိစေပါ ရေတိုက်ပါ ပုဝါေ၇ညှစ်လိုက်ပြီး ပုဝါကိုအာငွေ့နှင့်လင်းပေးပါ ပေါင်မှာပြန်တင် အမောက်တိုင်ရင်းကိုလက်မ ခံပြီး အာတောက်ချပါ ရေပြန်တိုက်ပါ
#အမောထိန်း
စည်းဆီသို့တွန်းကြောင်းရင်း လက်ပူနှင့်ပေါင် ဖြည့် တောင်ထိပ် မ ပေးရင်းကြောင်းသွားပါ မလွှတ်ခင် ရင့်ညွန့်ကို ပါးစပ်ဖြင့် ဟားတိုက်ပေးလိုက်လျှင် ကြက်အမောကိုထိန်းလိုက်နိုင်ပါတယ် ရေထဲရောက်နေချိန်မှာပုဝါကိုကန်တော့ထိုး အာထဲ ချူပါ စည်းတည်ချိန်မှာေ၇သန့်ဖြင့် ကြက်ခြေကိုရေမွှားပါ အထက်ပြောခဲ့သလို ကြက်ကိုတည်ပြီးတဖက်လူ အခြေအကဲကိုကြည့်လွှတ်ပါ။
#အမာခွပ်ခံရလျှင် အမာနေရာဖြေ ဟားတိုက်
မိမိကြက်မျက်ထိပ်ခွပ်ခံလိုက်ရလျှင် ပြန်ကောက်ရချိန်မှာ ဘယ်လက်ဖနောင့်ကို ရေ နည်းနည်းဖြင့်ထိပြီး ညာလက်ဖက်လက်မ ဖြင့်ပူစေပြီးဖိပေး၇တယ် နားခွပ်ခံလိုက်ရလျှင် ဘယ်နားဆိုလျှင် ကြက်ကိုမြေမှာတည်ပြီး ညာတောင်ထိပ်ကိုအာငွေ့ဖြင့် ဟာတိုက်ပေးရမယ် ဇက်ကိုခွပ်ခံနေရလျှင် ဇက်ကို ကောက်ရတိုင်း အာငွေ့ဖြင့် ဟား တိုက်ပါ
#အပျောနေရာခွပ်ခံရလျှင်
လည်ကိုခွပ်ခံရလျှင်လည်း အာဖြင့် ဟားတိုက်ပါ ။
ကြက်က ရေဘောင်ကျလာတယ်ထင်လာလျှင် ပေါင်တွေကို ဟားတိုက်ပါ တွန်းကြောင်းရင်း လက်ပူဖြင့် ပေါင်ကိုဖြည့်ရင်း ဘယ်တောင်ညာတောင်ကိုလက်ပူဖြင့် မ ပေးပါ ။
မိမိကြက်ကို ခွပ်ခံရလို့ မျက်စေ့ထဲ ဘေး အပေါ်ကသွေးဝင်လျှင် မျက်စေ့ထဲရေသန့်ခပ်ပေးပြီးမှုတ်ထုတ်ရတယ် ။
#ရေထဲမိုးထဲကြက်တက်စေရန်
ဘယ်လက်က ပုဝါရေကို ညာလက်ထဲညှစ်ချပြီး မျက်နှာကို ဘယ်ညာ ရေတောက်ပေး
ညာဖက်ကနေပြီး ဘယ်တောင်ကြွအောင်လေမှုတ်တင်
ဘယ်ဖက်ကနေပြီး ညာတောင်ကြွအောင်မှုတင်ပေးရတယ် ။
မြင်ဆရာများအားလေးစားလျက်🙏🙏🙏🙏🙏
25/12/2020
{ကြက်တိုက်ခြင်း}
မွေးသန္ဓေ သေမှဖျောက်မယ်ဆိုတဲ့စကား ကြားဖူးကြမှာပေါ့ မျိုးရိုးဂုဏ်အရ ဆင်းသက်လာတဲ့ တိုက်ကြက်ဆိုတာ တွန်သံကြားတာနဲ့ သွေးသားတွေဆူပွက် တိုက်ခိုက်လိုတဲ့စိတ်က ပြင်းထန်လာစမြဲ တိရစ္ဆာန်ဖြစ်တဲ့အတွက် အရွယ်တူတာတွေ မတူတာတွေ နားမလည်ဘူး ဘယ်ကောင်မှ ဗိုလ်မထား ချေမှုန်းလိုတဲ့ စိတ်က တိုက်ကြက်တိုင်းမှာရှိတယ် အဲတော့ ကြက်ခြင်းမြင်ရင် ခွပ်လိုက်ရမှ ကျေနပ်တာ နာပစေ ကန်းပစေ နောက်ဆုံးသေကာမှ အရှုံးပေးမယ်ဆိုတာ တိုက်ကြက်တွေရဲ့ ဇွဲ သတ္တိအမှန်
အဲတော့ ကျုပ်တို့လို ကြက်သမားတွေသာ မရှိရင် သူတို့(တိုက်ကြက်)တွေခမြာ ခြုံကြိုခြုံကြား မြောက်းကြိုမြောင်းကြား လူမသိသူမသိ ခွပ်နေကြရင် အတောင်တွေစုတ်ပြတ် နောက်ဆုံး သေကုန်ကြရမှာ
အကျွေးအမွေး အကိုင်အတွယ် လက်သား မရှိထားရင် ခွပ်ချင်တိုင်းလည်း စိတ်သွားတိုင်း ကိုယ်ပါ ကြမှာမဟုတ်ဘူး ကန်းလိုကန်း သေလိုသေနဲ့ သူတို့ဘဝတွေ မရှုမလှ ဇာတ်သိမ်းကြရမှာ နောက်ဆုံး မျိုးရိုးတွေပါ တိမ်ကော ပျောက်ကွယ်ကုန်ကြရမှာ
အဲလိုတွေမဖြစ်ရလေအောင် ကျုပ်တို့ကြက်သမားဆိုသူတွေက သေခြာဂရုတစိုက်မွေးမြူ ကျွေးမွေးကိုင်တွယ် လေ့ကျင့်ပြီးမှ အရွယ်တူ အတန်းတူတဲ့ ဘက်ခြင်း ရှာပြီး သူတို့စိတ်တိုင်းကျ တိုက်ကြရတာ ကျုပ်တို့ကြက်သမားတွေ မတိုက်လည်း ဒီကောင်တွေက ခွပ်နေမှာဘဲ မျိုးရိုးကိုက တိုက်ကြက်လေ
အဲတော့ မေးလိုက်ချင်တယ်
(တိရစ္ဆာန်ညှင်းပန်းနှိပ်စက်တယ်)လို့ ခေါင်းစဉ်တပ်တဲ့သူတွေ
(ကြက်တိုက်တာငရဲကြီးတယ်)လို့ တယူသန်ဝါဒီတွေ
ခင်ဗျားတို့ မြင်နေတဲ့ တဖက်ပိတ်အမြင်တွေကို ခဝါချပြီး ကြက်သမားတိုင်းရဲ့ ရင်ထဲကို ဝင်ကြည့်ဖြစ်လားလို့
(တကယ့်ကြက်သမားစစ်စစ်ဆိုတာ ကိုယ့်ကြက်ကို သား/သမီးနဲ့မခြား ဂရုစိုက်တယ်ဆိုတာ) ခင်ဗျားတို့ သိစေချင်လိုက်တာ
သာဘာဝတရားကိုက ခွပ်ဖို့ တိုက်ခိုက်ဖို့ မွေးလာတဲ့ တိုက်ကြက်ဗျ ကိုယ်မတိုက်လည်း သူတို့ကဆော်နေမှာဘဲ
အဲတော့ ဂရုတစိုက်နဲ့ စည်းစနစ်တကျ တည့်မတ်ပေးနေတဲ့ ကျုပ်တို့ကြက်သမားတွေက ဘယ်လို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်ရာ ရောက်လဲ?
(ဖြေစမ်း).........?
အသိဥာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေတောင် နပန်းတွေ လက်ဝှေ့တွေ ဘောင်ဆင်တွေ ဆော်နေကြသေးတာဘဲ
သူတို့(တိုက်ကြက်)တွေလည်း ကြက်ခြင်းမြင် ခွပ်ချင်မှာပေါ့ ဒါကို ကျုပ်တို့ကြက်သမားတွေက သူတို့ဆန္ဒတွေ ပြည့်ဝအောင် ဖြည့်စည်းပေးတာ အဲဒါငရဲကြီးတယ်ဆိုရင်လည်း ကျုပ်တို့ကြက်သမားတွေ ရဲရဲကြီး အဝီစိ ဆင်းဖို့ အဆင်သင့်ဘဲ
(လောင်းကြေး)ကိစ္စလား? ပြောအုန်းမယ်
လက်ဝှေ့ပွဲ နပန်းပွဲတွေ ရေရှည်ရပ်တည်နိုင်နေတာ အဲဒီ့ဆုကြေး(လောင်းကြေး) ဆိုတာကြီး ရှိနေလို့ဘဲ နို့မို့ ပပျောက်ကုန်တာ ကြာပေါ့
ကျုပ်တို့ ကြက်ဝိုင်းတွေလည်း ရေရှည်ရပ်တည်နိုင်အောင် တထောင့်တနေရာကနေ ကျားကန်ထားရတာပေါ့ ဒါမှ ထိန်းသိမ်းလို့ရမှာလေ
အဲဒါကို(လောင်းကစား)လို့အမည်တပ်ပြီး ပုဒ်မအမျိုးမျိုးနဲ့ အရေးယူနေတာတွေလည်း (ပြောင်းလဲချိန်တန်ပြီ)လို့ ဆန္ဒပြုလိုက်ချင်ပါတယ်
ကိစ္စတော့ သိပ်မရှိပါ ကြက်သမားဆိုတာ ဟိုနားဖမ်းလည်း ဒီနားတိုက်ရဲတဲ့ သတ္တိ အပြည့်ရှိသူတွေပါ
အချုပ်အားဖြင့် ပြောချင်တာက ကိုယ်မတိုက်လည်း သူတို့ဖာသာ ရှာကြံခွပ်မယ့် တိုက်ကြက်ဆိုတဲ့ကောင်တွေကို အလေအလွင့်မရှိရလေအောင် စည်းစနစ်တကျ ကျွေးမွေး ပြုပြင်ပြီး တိုက်ဝိုင်းအတွင်း သယ်ဆောင်ခွင့်ရနေတဲ့ ကြက်သမားဖြစ်ရတာ (ကြက်တိုက်ရတာ) ဝမ်းသာဂုဏ်ယူ မိပါတယ်
ဘယ်သူ ကန့်ကွက်ကန့်ကွက် ဒီpostကို ရွှေဘတို့လို ကြက်သမားတွေ အားလုံးက အပြည့်အဝ ထောက်ခံကြမယ်ဆိုတာ အသေအခြာယုံကြည်လျှက်
#ကြက်သမားမို့ကြက်အကြောင်းရေးသည်
crd:ရွှေဘ(SB)
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
1 A, Pyay Road
Yangon
11061