20/09/2026
Hari Om
Kundalini Yoga Online အတန်းသစ်လေး 29th Sept ပြန်ဖွင့်ပါမယ်။ Kundalini Yoga အတန်းကိုတော့ ဖွင့်နေကြအတိုင်း မနက်စောစော မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ ဖွင့်မှာ ဖြစ်ပါတယ်။ တပတ် ၄ ရက်နဲ့ ၅ ပတ်တိတိ တက်ရမယ့်အတန်းပါ။ သင်တန်းချိန် အသေးစိတ်ကတော့ post က ပုံမှာ အသေးစိတ်ရေးပေးထားပါတယ်။
Kundalini Yoga ကိုတော့ ဘာလည်း အများကြီး မရှင်းပြတော့ပါဘူး။ မိမိရဲ့ Inner energy တွေနဲ့ ပြန်လည်ချိတ်ဆက်ပြီး ရုပ်ပိုင်း၊ စိတ်စွမ်းအင်ပိုင်းဆိုင်ရာ ကျင့်စဥ်ဖြစ်ပါတယ်။ Patanjali ရဲ့ 8 limbs of yoga ရဲ့ အင်္ဂါရပ်တွေအတိုင်း ကိုယ်၊ စိတ်၊ နှလုံး ပေါင်းစပ်လေ့ကျင့်ရမယ့် အိန္ဒိယရှေးဟောင်း ယောဂကျင့်စဥ်ဖြစ်ပါတယ်။ ယောဂသည် သဘာ၀တရားကြီးနဲ့ ပြန်လည်ချိတ်ဆက်နိုင်အောင် လေ့ကျင့်ရတာပါ။ ယောဂကျင့်စဥ်တွေနဲ့ မိမိကို မိမိ ပြန်လည်ရှာဖွေချင်ရင် တက်ရောက်သင့်တဲ့ အတန်းတခု ဖြစ်ပါတယ်။
မှတ်ချက်။
📌 Yoga အခြေခံ လေ့ကျင့်ဖူးသူဖြစ်ရပါမယ်။
📌 ကိုယ်၀န်ဆောင်များ လေ့ကျင့်လို့ မရပါ။
📌 ၆ လအတွင်း ခွဲစိတ်မှု ခံယူထားသူများ၊ နှလုံးရောဂါရှိသူများ လေ့ကျင့်လို့ မရပါ။ မိမိတို့ ဆရာ၀န်ထောက်ခံချက်လိုအပ်ပါတယ်။
📌 ရုပ်ပိုင်း၊ နာမ်ပိုင်းဆိုင်ရာ ကျင့်စဥ်တွေဖြစ်လို့ အချိန်မှန်မှန်၊ အတန်းမှန်မှန် တက်ဖို့တော့ လိုပါတယ်။
၀ါမကုန်ခင် တက်ရမယ့် အတန်းလေးဖြစ်လို့ စိတ်၀င်စားရင် Page ရဲ့ Messenger ကို ဆက်သွယ်စုံစမ်း စာရင်းသွင်းနိုင်ပါတယ်။
"Yogaś citta-vṛtti-nirodhaḥ" (Yoga Sutra 1.2)
Yoga is the cessation of the modifications, or fluctuations, of the mind.
Hazelle Kham
RYT 500, e-RYT 200, YACEP
YA ID: 392074
Hazelle Kham Wellness Hub
+95 9987034566