24/02/2026
မန်ချက်စတာယူနိုက်တက်ကတော့ အဲဗာတန်ကို ရှက်ရှ်ခိုရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ရရှိပြီး အဆင့် ၄ ကို တက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ကစားတဲ့ အိမ်ရှင်အဲဗာတန်က ကစားအားပိုကောင်းပြီး အခွင့်အရေးတွေအများကြီးလည်း ရခဲ့ပါတယ်။ ဒါပေမယ့် MOTM ဆုရရှိခဲ့တဲ့ ဆန်နီ လန်မန်းကတော့ အကြိမ်ကြိမ်ကာကွယ်ပေးခဲ့ပါတယ်။ မိုက်ကယ်ကာရစ်ခ် လက်ထက် ယူနိုက်တက်ရဲ့ အနေအထား -
📈 6 ပွဲမှာ 5 ပွဲနိုင် 1 ပွဲသရေ
✅ မန်စီးတီး၊ အာဆင်နယ်နှင့် စပါးတို့ကို အနိုင်ရ
🏟️ ၆ ပွဲဆက် ရှုံးပွဲမရှိ
👀 အဆင့် ၄ သို့ရောက်ရှိ
01/02/2026
နည်းပြသစ် ကာရစ်ခ်လက်ထက်မှာ အသင်းကြီးတွေကို စိတ်မပူပေမယ့် အသင်းငယ်လေးတွေဆိုရင် စိုးရိမ်ရတာတွေရှိတယ်။ ခုတော့ ကက်စီမထုတ်သေးခင်အထိ လုံးဝကစားပုံကောင်းတယ်။ တိုက်စစ် ခံစစ်မျှတယ်။ ကက်စီထွက်သွားပြီးနောက်ပိုင်း tempo တွေမထိန်းနိုင်၊ ကွင်းလယ်တွေ မထိန်းချုပ်နိုင်ဖြစ်ရပြီး ပင်နယ်တီပြန်ပေးရတယ်။ blitz curler လှလှပပနဲ့ သရေဂိုးသွင်းသွားခဲ့တယ်။ သရေကျပြီးလို့ အများစုထင်နေကြပေမယ့် ယူနိုက်တက်ကတော့ ချက်ချင်းကို တုံ့ပြန်ခဲ့ပါတယ်။ ရှက်စ်ခိုကန်တာကလည်း တကယ်ကောင်းလွန်းတယ်။ ဂိုးပေါက်ကိုလည်းမမြင်ရဘူး။ ဘောလုံးနဲ့လည်း လူက ဟန်ချက်မှန်မနေဘူး။ ဒါပေမယ့် ဂိုးအဖြစ်ရအောင်သွင်းသွားခဲ့ပြီး အနိုင် သုံးမှတ်ရရှိခဲ့ပါတယ်။
01/02/2026
လီဗာပူးလ်အသင်းက နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ခံလူ ကူနာတေးက ဂိုးသွင်းယူအပြီး မျက်ရည်တွေမထိန်းနိုင်တော့ဘဲ ငိုချပြီး အောင်ပွဲခံသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ရက်က သူ့အဖေ ဆုံးပါးသွားခဲ့လို့ပဲဖြစ်ပါတယ်။ သူတို့မိသားစုလည်း ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 🥹💔
ကျော်ဖြတ်နိုင်ပါစေ ကူနာတေးရေ အဖေမရှိတဲ့ ဘဝဆိုတာ ကိုယ်တိုက်ခံစားရသူတွေပဲ သိတာမလို့ပါပဲ..🙏🇫🇷
31/01/2026
နည်းပြကိုတော့ မဖြစ်မနေချီးကျူးရမှာပါပဲ။ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရရှိထားသလို ဒီနေ့ပွဲမှာလည်း ပထမပိုင်းမှာ ညံ့နေတဲ့ ကစားသမား ၄ ယောက်လောက်အထိကို လူစားလဲမှု ပြုလုပ်တာ မှန်ကန်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂိုးတွေပြန်ရအောင်သွင်းပြီး come back ပြသွားတာပါ။ 2-2 သရေနဲ့ပြီးမယ့်အနေအထားကနေ ကိုင်စီဒိုက ဂျာအိုကို ထိုးပေး ဂျာအိုက မကန်ဘဲ ဂိုးရှေ့ထိုးပေးလိုက်ချိန် အန်ဇိုက အပိုင်ပိတ်သွင်းပြီး ကမ်းဘတ်ခဲ့တာပါ။ ပွဲပြီးခါနီးမှာ နှစ်ဖက်ကစားသမားကြား ရန်ဖြစ်ကြပြီး ပီဒရိုကို လည်ပင်းညှစ်သလိုဖြစ်တဲ့ တိုဘီဒို အနီကဒ်ထိသွားခဲ့ပါတယ်။
✅ 5-1 win v Charlton
❌ 2-3 loss v Arsenal
✅ 2-0 win v Brentford
✅ 1-0 win v Pafos
✅ 3-1 win v Crystal Palace
✅ 3-2 win v Napoli
✅ 3-2 win v West Ham
30/01/2026
🤯💣 𝟗𝟔𝟏 𝐂𝐀𝐑𝐄𝐄𝐑 𝐆𝐎𝐀𝐋!! 𝐈𝐌𝐏𝐎𝐒𝐒𝐈𝐁𝐈𝐋𝐄 𝐓𝐎 𝐒𝐓𝐎𝐏 𝐇𝐈𝐌!!
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်ခိုလွတ်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့ပြီး ကစားသမားဘဝ သွင်းဂိုး 961 ဂိုးအထိရှိလာပြီပဲဖြစ်ပါတယ်။ ဂိုး 1000 ပြည့်ဖို့ 39 ဂိုးသာလိုတော့ပြီး 2026 ခုနှစ်အတွင်းမှာ ပြည့်များသွားမလား???
ပြီးခဲ့တဲ့ပွဲတွေတုန်းက အယ်ဟီလယ်က သရေကျသွားတာကြောင့် ၃ မှတ်သာကွာဟပါတော့တယ်။ မာနေးလည်း ပြန်ပါလာပြီဆိုတော့ တိုက်စစ်က ပြန်အရှိန်ကောင်းလာပြီ။ ပြီးတော့ ဒီနေ့ပွဲမှာ ရော်နယ်ဒိုက ပင်နယ်တီရခဲ့ပေမယ့်လည်း သူမကန်ဘဲ ကိုးမန်းကို ပေးကန်လိုက်ပါတယ်။ ကိုယ်ကောင်းဆန်တဲ့ပြောနေတဲ့လူတွေ ဘယ်ပျောက်နေလဲတောင် မသိပါဘူး။⏰👀
30/01/2026
𝐑𝐎𝐀𝐃 𝐓𝐎 𝐁𝐔𝐃𝐀𝐏𝐄𝐒𝐓 ✨
🚨 UEFA ချန်ပီယံလိဂ် Play Off ပွဲစဉ်များ မဲခွဲပြီးရလဒ်ဖြစ်ပါတယ်။ ဘင်ဖီကာကတော့ Phase 1 မှာ 4-2 နဲ့ အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပြန်တွေ့ရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က လက်စားပြန်ချေသွားနိုင်မလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
🇫🇷 Monaco vs PSG 🇫🇷
🇵🇹 Benfica vs Real Madrid 🇪🇸
🇦🇿 Qarabag vs Newcastle 🏴
🇹🇷 Galatasaray vs Juventus 🇮🇹
🇩🇪 B. Dortmund vs Atalanta 🇮🇹
🇧🇪 Club Brugge vs Atletico Madrid 🇪🇸
🇳🇴 Bodø/Glimt vs Inter 🇮🇹
🇬🇷 Olympiacos vs Bayer Leverkusen 🇩🇪
29/01/2026
ဘင်ဖီကာအသင်းဟာ ဒီပွဲနိုင်မှ နောက်တဆင့်ကို တက်နိုင်မှဖြစ်တဲ့အတွက် လိုအပ်တဲ့ အနိုင်သုံးမှတ်ကို ရယူသွားခဲ့ပါတယ်။ စပါယ်ရှယ်ဝမ်းလို့ အသိများတဲ့ မော်ရင်ညိုကတော့ အိမ်ကွင်းမှာ နှစ်ယောက်ထွက် ရီးရဲလ်အသင်းကို 4-2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိပြီး နောက်တဆင့် တက်သွားခဲ့ပါတယ်။ ဒါပေမယ့် ချီးကျူးစရာကောင်းတာက 3-2 နဲ့နိုင်နေချိန်မှာ ပြစ်ဒဏ်ဘောရသွားတယ်။ မော်ရင်ညိုက ဂိုးသမား ထရူဘင်ကို ပြစ်ဒဏ်ဘော ခေါင်းတက်တိုက်ဖို့ မှာကြားခဲ့ပါတယ်။ အဲတာနဲ့ ထရူဘင်လည်း နိုင်နေချိန်မှာ ခေါင်းတက်တိုက်ရင်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးချိန်မှာ ဘင်ဖီကာကစားသမားတွေကအစ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်ကအစ ထရူဘင်ကို ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။
ယူကရိန်းသား ထရူဘင်ဟာ ချန်ပီယံလိဂ်သမိုင်းတလျောက် ၅ ယောက်မြောက် ဂိုးသွင်းနိုင်တဲ့ ဂိုးသမားဖြစ်လာခဲ့ပါတယ်။
25/01/2026
အိမ်ကွင်းရှံးပွဲမရှိသေးတဲ့ အာဆင်နယ်ကို မိုက်ကယ်ကာရစ်လက်ထက်မှာ အဝေးကွင်းမှာ အနိုင်ယူပြပြီး စံချိန်ကို ရပ်တန့်စေခဲ့ပါတယ်။ မိုက်ကယ်ကာရစ်က အာတီတာနဲ့ တွေ့ဆုံတဲ့ နှစ်ကြိမ်မှာ နှစ်ကြိမ်လုံးအနိုင်ရရှိခဲ့ပါတယ်။ 💪🔴
အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ အိမ်ကွင်း ၁၆ ပွဲမှာ ၁၄ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိထားတာဖြစ်ပါတယ်။ ဒါကို မိုက်ကယ်ကာရစ်ခ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်က နိုင်မှာသေချာနေတာကို အနိုင်လိုစိတ်နဲ့ဆော့ရမှာပေမယ့် ယူနိုက်တက်က သူ့ DNA အတိုင်း နိုင်လိုစိတ်တွေနဲ့ ဆော့ကစားပြီး mid block အလုပ်ဖြစ်သွားခဲ့ပါတယ်။ ဦးဆောင်ဂိုးရသွားတာကလည်း ကစားချင်တဲ့ transition ကနေ ကောင်တာဖောက်ဖို့အတွက် အတော်ကို အဆင်ပြေသွားခဲ့ပါတယ်။
22/01/2026
🚨🇧🇷 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 | အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကက်စီမီရိုဟာ ရာသီကုန်လျှင် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။ 👋
ကက်စီမီရိုဟာ
📊 146 ပွဲကစား
⚽ 21 ဂိုးသွင်း
🎯 13 ကြိမ်ဖန်တီး
🏆 FA ဖလား
🏆 ကာရာဘောင်ဖလား တို့ကို ရရှိထားသူဖြစ်ပါတယ်။
🗣️ကက်စီမီရို : "မန်ချက်စတာယူနိုက်တက်ကို ကျွန်တော့် ဘဝတစ်လျောက်လုံး သယ်ဆောင်သွားမှာပါ။ ခမ်းနားလွန်းတဲ့ ဒီကွင်းကြီးထဲကို လျှောက်ဝင်လာတဲ့ ပထမဆုံးနေ့ကစပြီး အိုးထရက်ဖို့ဒ်ရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်တော်ခံစားခဲ့ရပါတယ်။ နှုတ်ဆက်ဖို့အချိန်မကျသေးပါဘူး။ လက်ကျန် ၄ လထဲ အမှတ်တရတွေအများကြီးဖန်တီးယူလို့ရပါသေးတယ်။ ကျွန်တော်တို့ အတူတူတိုက်ပွဲဝင်ရမှာတွေ အများကြီးကျန်သေးတယ်။ ဒါပေမယ့် ကျွန်တော်အမြဲတစိုက်မတ်မတ်လုပ်နေတာကတော့ အသင်းအောင်မြင်ဖို့ ကျွန်တော်မှာရှိတာ အကုန်ပေးဆပ်ကစားသွားဖို့ပါပဲ။ ယူနိုက်တက်နဲ့အတူဖြတ်သန်းခဲ့ရတဲ့အခိုက်အတန့်ကို ခမ်းခမ်းနားနားဖြစ်စေခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အသင်းပရိသတ်တွေပါ။ ကျွန်တော် ခင်ဗျားတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ မန်ချက်စတာယူနိုက်တက် ပရိသတ်တစ်ယောက်အဖြစ် အမြဲရှိနေမှာပါ။ အင်္ဂလန်မှာဆိုရင်တော့ ကျွန်တော်ကအနီရောင်ပေါ့။ နောက်ဆုံးထွက်သက်အထိ ကျွန်တော်က မန်ချက်စတာယူနိုက်တက်ပါပဲ" ❤️ 😢👋
22/01/2026
🚨BREAKING NEWS: ကိုးလ်ပါမာဟာ သူ့ရဲ့ ငယ်ဘဝ အားပေးခဲ့တဲ့အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ လန်ဒန်မှာ အထီးကျန်နေပြီး အိမ်လွမ်းနာကျနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူ့စာချုပ်က 2033 ခုနှစ်အထိ ချဲလ်ဆီးအသင်းနှင့် ချုပ်ဆိုထားတာဖြစ်ပါတယ်။