17/09/2023
ကမ္ဘာ့အလုရဆုံးဂြိုဟ်သားစက်
Just for knowledge
17/09/2023
ကမ္ဘာ့အလုရဆုံးဂြိုဟ်သားစက်
အသားတွေပါတုန်တယ်
20/08/2023
📌 လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူး
၁၀ ချက်
◾ကြွက်သားနှင့်အရိုးတွေကိုသန်မာစေတယ်။
◾စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်။
◾ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတယ်။
◾ပိုနှစ်ခြိုက်စွာအိပ်ပျော်စေတယ်။
◾အားရုံစူးစိုက်မှုပိုကောင်းစေတယ်။
◾အူမကြီး ရင်သား သားအိမ်နှင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်။
◾နှလုံးရောဂါ လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါ
ဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်။
◾သွေးဖိအားကိုလျှော့ချပေးတယ်။
◾ကိုယ်အလေးချိန်တက်နိုင်ချေကိုလျော့ချပေးတယ်။
◾ခွန်အားတိုးစေပြီး ပင်ပန်းနွမ်းနယ်မှုကိုေလျှာ့ချပေးပါတယ်။
&K
ရှည်ရှည်ဝေးဝေးမပြောတော့ဘူး
29/07/2023
ဂိမ်းလာဆော့တဲ့သူကရှိသေး
16/07/2023
ဝိတ်တင်နေတဲ့သူတစ်ယောက်အနေ နဲ့ ဘာတွေသိထားရမလဲ❓❓❓
📌 တစ်နေ့ကို အိပ်ချိန် ၇နာရီ ၈ နာရီလောက် အိပ်ပေးသင့်ပါတယ်။
📌 ဝိတ်တင်တဲ့အခါတစ်နေ့တာလိုအပ်တဲ့ calories ထက်ပိုစားရတာမှန်ပေမယ့် ဝိတ်တက်ပြီးရောဆိုပြီး လျှောက်မစားသင့်ပါ့ဘူး။
📌 တစ်ခါထဲအများကြီးစားတာမျိုးမလုပ်ပဲ အနပ်ငယ်လေး ၅/၆ နပ်လောက်ခွဲစားပေးပါ။
📌 အစာတစ်နပ်စီတိုင်းမှာ ပရိုတိန်း၊ကာဗိုဟိုက်ဒရိတ်၊အဆီ စတဲ့အာဟာရသုံးမျိုးပါဝင်အောင်စားပေးပါ။
📌 တစ်နေ့ကို ရေ ၃ လီတာ ၄ လီတာလောက်သောက်ပေးသင့်ပါတယ်။
📌 လေ့ကျင့်ခန်းကို အချိန်အကြာကြီးမကစားသင့်ပါဘူး။
📌 အလေးကိုမနိုင်ဝန်ထမ်းတာမျိုးမလုပ်ပဲ ကိုယ်နိုင်တဲ့အလေးပမာဏနဲ့ ပုံစံမှန်မှန်လေ့ကျင့်ပါ။
📌 ဝန်တိုးလေ့ကျင့်ပါ။ ဝန်တိုးလေ့ကျင့်တယ်ဆိုတာ အလေးတိုးတာအပြင် အကြိမ်တိုးတာ အကျော့တိုးတာ ကြွက်သားညှစ်ချိန်တိုးတာ တစ်ကျော့နဲ့တစ်ကျော့ကြားနားချိန်လျော့တာဖြစ်ဖြစ်လုပ်နိုင်ပါတယ်။
Online program ဝယ်ယူလိုပါက page messengerကနေဆက်သွယ်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz
&K
08/07/2023
မတက်တာဆိုလို့ bodyပဲရှိတော့တယ်
28/06/2023
◾ ကျန်းမာစွာအဆီချနိုင်မယ့်နည်းလမ်း
-အာဟာရ
ဝိတ်ချရင် တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏထက်လျော့စားရတာမှန်ပေမယ့် အလွန်အကျူးလျှော့စားတာမျိုးမလုပ်သင့်ပါဘူး။တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏထက် ၃၀၀ သို့မဟုတ် ၅၀၀ ကယ်လိုရီသာလျော့စားသင့်ပါတယ်။ တစ်ခါထဲအဝစားတာမျိုးမလုပ်ပဲ အနှပ်ငယ်လေး ၄ / ၅ နှပ်လောက်ခွဲစားပေးရပါမယ်။ စားတဲ့အနှပ်တိုင်းမှာ
ပရိုတိန်း ကာဗိုဟိုက်ဒရိတ် အဆီစတဲ့အာဟာရသုံးမျိုးကို မျှတစွာစားပေးရပါမယ်။ အချိုရည် ဆီကြော်မုန့်တွေကိုရေှာင်ပေးပါ။
-လေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ချမယ်ဆို ကျသွားတဲ့ဝိတ်တွေထဲမှာ ကြွက်သားတွေပါဆုံးရှုံးသွားမှာပါ။ကြွက်သားတွေဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဥ်နှေးကွေးသွားပြီး တစ်နေ့တာလိုအပ်တဲ့ကယ်လိုပမာဏလည်းလျော့နည်းလာတဲ့အတွက် စားသောက်ရတဲ့ပမာဏ နည်းသထက်နည်းလာမှာဖြစ်ပြီး အသားတွေတင်းတင်းရင်းရင်းရှိမှာမဟုတ်ေတာ့ပါဘူး။ ဘယ်သူမှအဲ့လိုဖြစ်ချင်မယ်မထင်ပါဘူး ကျစ်လစ်တဲ့ခန္ဓာကိုယ်မျိုးရချင်ရင် လေ့ကျင့်ခန်းမဖြစ်မနေလုပ်ပေးဖို့လိုအပ်ပါတယ်။
-အိပ်ချိန်
အိပ်ချိန်ပြည့်ဝအောင်အိပ်ပေးပါ။အိပ်ချိန်မပြည့်ပါကလည်း အဆီေတွကိုထိန်းသိမ်းပေးပြီး ကြွက်သားတေကိုဆုံးရှုံးစေပါတယ်။တစ်ညကိုအိပ်ချိန်အနည်းဆုံး ၇နာရီ ၈နာရီလောက်အိပ်ပေးဖို့လိုအပ်ပါတယ်။
Online program ဝယ်ယူလိုပါက page messengerကနေဆက်သွယ်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz
&K
18/06/2023
ဟဲဟဲ
10/06/2023
🔰 Weight gain ဆော့တဲ့အခါသိထားသင့်တဲ့အခြေခံအချက်
◾ အိပ်ချိန်တစ်နေ့ကို အိပ်ချိန်ကအရေးကြီးပါတယ်။၇နာရီ ၈နာရီလောက် အိပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကြောင့်ပျက်စီးသွားတဲ့ကြွက်သားမျှင်တွေကို အိပ်တဲ့အချိန်မှာ ပြန်လည်ပြုပြင်ပေးတာပါ။အိပ်ချိန်မပြည့်ဝတဲ့အခါ အဆီတွေကိုထိန်းသိမ်းပေးပြီး ကြွက်သားတွေကိုဆုံးရှုံးစေပါတယ်။
◾ ဝိတ်တင်တဲ့အခါတစ်နေ့တာလိုအပ်တဲ့ calories ထက်ပိုစားရတာမှန်ပေမယ့် ဝိတ်တက်ပြီးရောဆိုပြီး တွေ့ကရာမစားပါနဲ့။ နားလည်တတ်ကျွမ်းတဲ့ ဆရာတွေရဲ့အကူအညီရယူပါ။
◾ တစ်နေ့ကို ရေ ၂ လီတာ ၃ လီတာလောက်သောက်ပေးသင့်ပါတယ်။
◾ တစ်ခါထဲအများကြီးစားတာမျိုးမလုပ်ပဲ အနပ်ငယ်လေး ၄/၅ နပ်လောက်ခွဲစားပေးပါ။တစ်နပ်နဲ့တစ်နပ်ကြား ၃ နာရီြခားပြီးစားပေးပါ။
◾ စားတဲ့အနပ်တိုင်းမှာ ပရိုတိန်း ကာဗိုဟိုက်ဒရိတ် အဆီ စတဲ့အာဟာရသုံးမျိုးပါဝင်အောင်စားပေးပါ။
◾ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်တင်မယ်ဆို တက်လာတဲ့ဝိတ်တွေ အဆီတွေပဲဖြစ်နေမာပါ။ဘယ်သူမှ အဆီမတက်ချင်ပါဘူး။ ဒါကြောင့် ဝိတ်တင်တဲ့အခါ ကြွက်သားပမာဏတိုးပွားလာဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။
Online program ဝယ်ယူလိုပါက page messengerကနေဆက်သွယ်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz
&K
03/06/2023
စိတ်မကောင်းဘူး
28/05/2023
💢 အဆီကျတာနဲ့ ဝိတ်ကျတာ 💢
◾ အဆီကျတယ်ဆိုတာ ခန္ဓာကိုယ်အတွင်းအဆီပမာဏလျော့ကျသွားတာဖြစ်ပါတယ်။
◾ ဝိတ်ကျတယ်ဆိုတာ အဆီအပြင်ကြွက်သားပမာဏတွေပါဆုံးရှုံးသွားပြီး ကိုယ်အလေးချိန်လျော့ကျသွားတာဖြစ်ပါတယ်။ကြွက်သားပမာဏဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဥ်တွေနှေးကွေးသွားပြီး တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏလည်းလျော့ကျလာတဲ့အတွက် စားသောက်ရတဲ့ပမာဏအရမ်းနည်းသွားမယ် အဆီမကျေတာ့တဲ့အပြင် ရောဂါတွေပါဝင်လာနိုင်ပါတယ်။အခုလိုအခြေအနေမျိုးဖြစ်ရတာဟာအလွန်အကျူးေလျှာ့စားလို့ဖြစ်ပါတယ်။အဆီတစ်ပေါင်မှာ ကယ်လိုရီ ၃၅၀၀ ရှိတဲ့အတွက် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီထက် ၅၀၀ ကယ်ရီလောက်လျှော့စားမယ်ဆို တစ်ပတ်ကို တစ်ပေါင်ကျသွားမာပါ တစ်လဆိုရင် ၄ ပေါင်လောက်ကျန်းမာစွာအဆီချနိုင်မှာပါ။
အဆီကျချင်တယ်ဆိုရင်
-အိပ်ချိန်ပြည့်အောင်အိပ်ပါ။
-ကယ်လိုရီလျှော့စားပြီး အသားဓာတ်ကိုပြည့်ဝအောင်စားပေးပါ။
-အလေးမလေ့ကျင့်ခန်းနှင့်ကာဒီရိုလေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဖြင့် ကျန်းမာစွာအဆီချနိုင်မှာပါ။
Online programဝယ်ယူလိုပါက Page messenger ကနေဆက်သွယ်နိုင်ပါတယ်
https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz
&K